ငဖဲမြို့သွား ခရီးလမ်း မှတ်တမ်း...

in #myanmar5 years ago (edited)

နံနက်မိုးသောက်သောအခါ ကိုရင်ဝတ်မည့် ကလေးများကို ဘုန်းကြီးကျောင်းသို့ ပို့ထားရလေသည်။ ဘုန်းတော်ကြီးမှ သင်္ကန်းတောင်း သင်ကာ သင်္ကန်းဝတ်စဉ်အတွင်း လိုက်နာရမည်တို့ကို သင်ကြားပေးလေသည်။ နောက်တစ်နေ့တွင် အလှူလှည့်ခြင်းစတင်လေသည်။ အလှူလှည့်ရာတွင်လည်း စနစ်ကျနစွာဖြင့် လှည့်လည်ကျပါသည်။ ရှင်လောင်းမိဘများမှာ သင်္ကန်းနှင့် သပိတ်ကိုပိုက်၍ မောင်ရှင်လာင်းလေးမှာ မြင်းကြီးစီး၍ တစ်ပျော်တစ်ပါးကြီး အလှူလှည့်ကျပါသည်။ ထိုမြင်ကွင်းသည် မြင်ရသူအပေါင်းအတွက် ကြည်နှုးစရာ ပီတိဖြစ်စရာ ကောင်းလှပါသည်။ မင်းညီမင်းသား ဝတ်စုံလေးဖြင့် သားမောင်ရှင်လောင်းလေးကို မြင်ရသည်မှာ ပျော်ရွှင်ကြည်နှုးဖွယ် ကောင်းလှပါသည်။

image
photo by me

အလှူလှည့်ပြီးသည်နှင့် ညနေပိုင်းတွင် မောင်ရှင်လောင်းအဝတ်ကိုချွတ်ကာ ဆံချပြီး သကာလ မြင့်မြတ်လှသည့် ရှင်သာမဏေဘဝကို ခံယူကျရလေသည်။ နောက်တစ်ရက် (၉-၃-၂၀၁၉)ရက်နေ့တွင် အလှူထမင်းဟင်းများကို ကျွေးမွေးပါသည်။ ထိုဒေသ၏ အစဉ်အလာ ဒုံးကျော်ဖြင့် တည်ခင်းဧည့်ခင်းပါသည်။ လာရင်းကိစ္စအဝဝတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီးနောက် ပြန်ရမည့်ရက် နီးလာသောအခါ ကိုရင်လေးကို လူထွက်စေပြီး ပြန်ရန်ပြင်ကျရလေသည်။ ထို့နောက် ကျမတို့ သားအမိသည် လာလမ်းအတိုင်း ပြန်ခဲ့ကျပြီး မန္တလေးမြို့တွင် ၂ရက်ခန့် စိတ်အပန်းဖြေကျလေသည်။

image
photo by me

ငယ်သူငယ်ချင်း၏ အိမ်တွင်တည်းခိုကာ လယ်ပတ်ရေး ကိစ္စ အစီအစဉ်ဆွဲပြီး သကာလ ၆မိုင် ရေလှိုင်းကမ္ဘာတွင် ပျော်ရွှင်စွာ လှိုင်းစီးဆော့ကစားကျလေသည်။ ညနေပိုင်းတွင် မန္တလေးသို့ အကြိမ်ကြိမ်ရောက် ဖြစ်သော်လည်း ဝင်ရောက်ဖူးမြှော်ခွင့် မကြုံခဲ့သည့် ကုသိုလ်တော် ဘုရားကို သွားရောက်ဖူးမြှော်လေ့လာခဲ့လေသည်။ ထို့နောက် သားတော်မောင်အကြိုက် ကလေးကစားကွင်းလိုက်ပို့ပေးခြင်းနှင့် Oshinစင်တာတွင် ပစ္စည်းများဝယ်ကာ ပြန်ခဲ့ကျလေသည်။ နောက်ရက်တွင်မတော့ ဗန်းမော်မြို့သို့ ပြန်လည်ထွက်ခွာလာကာ ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့လေသည်။

@suhlaing
msc 175

Sort:  

@suhlaing, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကုသိုလ်တော်ဘုရားပဲလား ကျောက်တော်ကြီးဘုရားရော ဝင်ဖူးကြလား

မိုးချုပ်သွားလို့ မဝင်ခဲ့ရဘူး ဘထွေး

ပြန်လာသေးဘူးလား ငဖဲက

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Congratulations @suhlaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 20000 upvotes. Your next target is to reach 25000 upvotes.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steem users. Learn how here!

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60023.73
ETH 3191.15
USDT 1.00
SBD 2.45