SPG1 Supporting Plan - Contest #13

in #myanmar6 years ago


မင်္ဂလာပါ မိတ်ဆွေတို့


@steempowergroup1 ၏ contest#12 တွင် ယှဉ်ပြိုင်သူ (3) ဦးရှိခဲ့ပါတယ်။ အရင်တစ်ပတ်က@thithisann မှာ သတ်မှတ်အချိန်ထက် ကျော်လွန်ပြီးမှ ပြိုင်ပွဲဝင်လာသောကြောင့် #contest12 တွင်သာ ထည့်သွင်းပေးပါမည် ဟုဆိုပြီး ထပ်မံယှဉ်ပြိုင်ဖို့ mentတွင် reply အသိပေးခဲ့ပေမယ့် #contest12တွင် ထပ်မံပါဝင်လာခဲ့ခြင်းမရှိတဲ့အတွက်ချန်ထားခဲ့ရပါတယ်။ နောက်ထပ် #contestများတွင် ပါဝင်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်း ကြိုဆိုပါတယ်ခင်ဗျာ။


ယခုယှဉ်ပြိုင်ကြသော ....
@zarmanizawlin ကတော့ ကြွက်သေတစ်ခုအရင်းပြုဆိုတဲ့ စာသားအတိုင်း ဘာမှမရှိပေမယ့်လဲ ကြိုစားရင်ဖြစ်တယ်ဆိုတာကိုပေါ်လွင်အောင်ရေးသားထားပါတယ်။လူတစ်ယောက်ဟာ ဘာမှမရှိပေမယ့်လဲ အားပျက်စိတ်မလျှော့ဘဲ ကိုယ်ရဲ့ အသိဥာဏ်၊၀ီရိယနဲ့ ဇွဲတို့ကိုအသုံးချရင်း ကြီးပွားလာနိုင်တဲ့အကြောင်း၊နောက်ပြီး ကိုယ့်အပေါ်မှာ ပြုခဲ့ဖူးတဲ့ ကျေးဇူးကိုလဲ မမေ့သင့်တဲ့အကြောင်း၊မိမိမှာရရှိလာသောအခွင့်အရေးကိုလဲ ပိုင်နိုင်စွာ အသုံးချရန်ဆိုတဲ့ သင်ခန်းစာများကို ကြွက်သေတစ်ခုအရင်းပြုဆိုတဲ့ ဇာတ်လမ်းလေးဖြင့် စာဖတ်သူများအသိပညာများရရှိရန် ပေါ်လွင်အောင်ရေးသားထားပါတယ်။

@nweoomoon ကတော့ သံသရာတစ်ပတ် ၀ဋ်လည်ပုံများကို ယနေ့လူပတ်ဝန်းကျင်တွင်ဖြစ်နေကြသော အကြွေးပေးခြင်း ယူခြင်းများမှ ဖြစ်ပျက်ပုံများကို ဥပမာပေး၍ တင်ပြထားပုံမှာကောင်းမွန်သော်လည်း တစ်ဖန်ဝဋ်လည်ပုံကိုဒီထက်ပေါ်လွင်အောင် ရေးသာနိုင်လျှင်ကောင်းမည်ဟုထင်ပါသည်။

@moewaikamawet ကတော့ လောကတွင် အဆင့်တန်းမြင့်သောလူတန်းစားနှင့် အဆင့်နိမ့်သောလူတန်းစားရှိလင့်ကစား အဆင့်အတန်းဂုဏ်တွေ ဘယ်လောက်ပင်မတူကွဲပြားခြားနားပါစေ အချိန်တန်လျှင် မလွန်ဆန်နိုင်သော သေခြင်းတရားနှင့်ကြုံလာပါက နောက်ဆုံးပြာအဖြစ်သို့ရောက်ရပုံ သံဝေဂတရားရရန်ရေးသားထားပေသည်။စာပိုဒ်များကို သင့်လျော်အောင်ဖြတ်တောက်နိုင်လျှင် ဖတ်ရသူအတွက်ပိုအဆင်ပြေစေပါမည်။ပုံများကို Credit ပေးရာတွင်လည်း သေချာစွာဂရုစိုက်ပေးစေချင်ပါသည်။


အခြားယှဉ်ပြိုင်ဘက်မရှိသည့်အတွက် ၄င်းတို့ (၃)ဦးကို winner အဖြစ် ရွေးချယ်လိုက်ပါသည်။


@steempowergroup1 ၏ post တိုင်းတွင် ပြောနေကျဖြစ်သည့် စကားကို အခြေခံပြီး ထပ်မံပြောကြားလိုပါသည်။

  • ယခု ပြိုင်ပွဲများသည် မြန်မာများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးနေခြင်းဖြစ်ပါသည်။

  • ထို့ကြောင့် မည်သည့် မြန်မာမဆို မိမိတို့၏ အရည်အချင်းကို ယုံကြည်စိတ်ချပါက ၀င်ရောက်ယှဉ်ပြိုင်ဖို့ တိုက်တွန်းပါရစေ ...

  • MSC မှ leader ကိုဟင်၏ upvote ပေးခြင်းမှာလည်း newbies များကို support ပေးသည့် အစီအစဉ်ကို အထောက်အပံ့ပေးခြင်းသာ ဖြစ်ပါသည်။

  • @steempowergroup1 သည် မိမိတို့အဖွဲ့ဝင်များ၏ share များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် မည်သည့်အဖွဲ့အစည်းလက်အောက်ခံမှ မဟုတ်ပါ။

  • @steempoergroup1 တွင် လာရောက်ယှဉ်ပြိုင်စေခြင်းမှာလည်း မိမိတို့အဖွဲ့သားများ လက်ရှိဝင်ရောက်နေသော MSC သို့ ပါဝင်စေရန် မက်လုံးပေး ခေါ်ဆောင်ခြင်းလည်း မဟုတ်ပါ။

  • Newbies များကို support ပေးချင်သူများ၏ ဆန္ဒများအရ မိမိတတ်နိုင်သည့် အင်အားကို စုစည်းလုပ်ဆောင်ခြင်းသာ ဖြစ်ပါသည်။

  • ထို့ကြောင့် မည်သည့်အဖွဲ့ဝင်ဖြစ်ပါစေ ... စတီးမစ်လမ်းတွင် မှန်ကန်စွာ စတင်လျှောက်လှမ်းပုံခြင်း တူညီသူများ အနေနဲ့ မိမိတို့၏အရည်အသွေးကို လာရောက်အကဲဖြတ်နိုင်ပါသည်။

  • သင်တို့ ရေးသားထားသော contents များနှင့် ထိုက်တန်သော reward ကို ကျွန်ပ်တို့ဘက်မှ တတ်နိုင်သလောက် ပေးနေပါမည် ...

  • သင့်ဘက်ကသာ မိမိရေးသားသော စာကို သတ်မှတ်စည်းကမ်းနှင့်အညီ comment တွင် လာရောက် တင်ဖို့သာ လိုအပ်ပါသည်။


ယနေ့ #contest 13 အတွက် ပြိုင်ပွဲဝင် post များကို ယခု post အောက်တွင် ည (၉)နာရီ မတိုင်ခင် လာရောက်မန့်ပေးရပါမည်။

လာရောက်ယှဉ်ပြိုင်သူများအထဲမှ ( ၃ ) ဦးကို winner အဖြစ် ရွေးချယ်ပြီး result ကို (၁၈. ၀၆ . ၂၀၁၈ ) ရက်တွင် ထုတ်ပြန်ပေးသွားပါမည်။


@steempowergroup1 ဖြစ်လာအောင် ကူညီပံ့ပိုးပေးသူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါသည်။



@steempowergroup1

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59007.49
ETH 2658.92
USDT 1.00
SBD 2.44