ကျွန်မအကြောင်း တစ်စေ့တစ်စောင်း
အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာကြပါစေ။
ဒီတစ်ခေါက်တင်ပြချင်တာကတော့ ကျွန်မအကြောင်း တစ်စေ့တစ်စောင်း လို့အမည်ပေးထားပါတယ်။ကျွန်မငယ်ကတည်းက အခုချိန်ထိ အမှတ်တရရှိခဲ့တာလေးတွေ ပြောပြမှာပါရှင့်။ကျွန်မငယ်ငယ်ကအကြောင်းတွေ အများကြီးမမှတ်မိပေမယ့် မှတ်မှတ်ရရရှိနေတာလေးတွေတော့ ရှိပါတယ်။ငယ်ငယ်ကဆို အပြေးအရမ်းသန်တဲ့သူ၊ပြိုင်ပွဲဝင်တိုင်း ပထမရတဲ့သူ၊ကစားတိုင်းလည်း အနိုင်ရတဲ့သူပါ။ကစားဖို့ ဆိုရင်လည်း ထမင်းမေ့ဟင်းမေ့အောင် ကစားတဲ့သူပေါ့။ကစားလွန်းလို့ အရိုက်ခံရတာလည်း ခဏခဏပါပဲ။ကစားနည်းပေါင်းစုံကစားဖူးတယ်။ဘယ်ကစားဝိုင်းမဆို ပါလေရာသူကြီးက ကျွန်မပါ။တခါကဆို ဖိနပ်နဲ့ စည်းဝိုင်းအပြင်ဘက်ကို ထွက်သွားတဲ့သူတွေကို စည်းဝိုင်းအတွင်းကနေ လှမ်းပစ်ရတဲ့ ကစားနည်းတစ်ခုကို မှတ်ရမိတယ်။အဲ့တုန်းကဆို ကျွန်မပစ်လိုက်တဲ့ ဖိနပ်က အခန်းထဲထိုင်နေတဲ့ ဆရာ့ရဲ့ မျက်နှာရှေ့က ဖြတ်သွားလို့ ဝတ်ထားတဲ့ စကပ် တောင်ကျွတ်ဖူးတယ်။ဘေးနားကဆရာမကတောင် သနားလို့ လာဖြေသိမ့်ပေးရတဲ့အထိ ကစားခဲ့ဖူးတယ်။
ကစားရတယ်ဆိုပေမယ့် အလုပ်ကလည်း လုပ်ရသေးတယ်။နွားစာကျွေဖို့ မြက်ရိပ်ကတယ်၊မြေပဲခင်းစောင့်ရတယ်၊ပြောင်းဖူးခင်းစောင့်ရတယ်။အိမ်အလုပ်တွေမှာလည်း ပါလေရာသူကြီး ပါ။နွားစာအခြောက်တွေဆို ဖုန်တွေမပါအောင် ဆန်ကာနဲ့ ချရတယ်။အဲ့အလုပ်က ဖုန်အရမ်းမွန်လို့ မလုပ်ချင်ပဲ ခဏခဏ ညည်းခဲ့ဖူးတယ်။ငြင်းလည်းမရဘူး။တခါမလုပ်ချင်လို့ငြင်းပြီး ထွက်ပြေးတာ အကိုက နောက်ကနေအတင်းလိုက်ပြီး ရိုက်ခံခဲ့ရဖူးတယ်။ကလေးဘဝဆိုတော့ ရှက်ရမှန်းလည်း မသိတော့ လမ်းပေါ်မှာ မျက်ရည်တွေနဲ့ လူးလှိမ့်ဖူးတယ်။ကျွန်မနဲ့ရွယ်တူတွေနဲ့ အိမ်နီးချင်းမဟုတ်တော့ ကျောင်းမှာပဲသူတို့နဲ့ကစားတယ်။အိမ်ရောက်ရင် ကလေးတွေနဲ့ ကစားတယ်။အရင်တုန်းကဆို သူတို့ကြားမှာ ဆရာမကြီးပေါ့။သူတို့တွေက ပုံပြင်တွေကြိုက်တယ်။ကျွန်မက ဥာဏ်မှီသလောက် လျှောက်ပြောပြတယ်။အိမ်က လှည်းပေါ်မှာ ပုဆိုးကိုယ်စီ ခြုံပြီး လသာသာမှာ ကျွန်မတို့ကလေးတွေ ပျော်ဖူးခဲ့တယ်။ကျွန်မရဲ့ပုံပြင်တွေ ဆွဲဆောင်မှု ရှိတယ်နဲ့တူပါတယ်။မိုးချုပ်ပြီဆို လူကအလိုလို စုပြိီးသားဖြစ်နေကြတယ်။ အဲ့အချိန်တွေကို တွေးကြည့်ရင် ပျော်တယ်။ကလေးဘဝလေးကို ပိုင်ဆိုင်ချင်တယ်။အဖြစ်ပျက်လေးတွေ တွေးပြီ အခုချိန်မှာ ဟာသ ဇာတ်လမ်းလေး ကြည့်နေရသလို တွေးတွေးပြီး ရယ်နေရတာ အမှန်ပါ။
Image source
အရင်တုန်းက ရွာကျောင်းက ၇တန်းထိပဲဖွင့်နိုင်သေးတာ။အခုတော့ အထက်တန်းဖြစ်နေပါပြီ။တိုးတက်နေပြီကိုနော။၈တန်းတက်ဖို့ အခြားရွာကိုစက်ဘီးနဲ့ အပြန်အသွားတက်ရတယ်။၂မိုင်လောက်တော့ ဝေးမယ်ထင်တယ်။မမောနိုင်မပန်းနိုင် စက်ဘီးကိုယ်စီ နဲ့ ခရီးနှင်ခဲ့ကြတဲ့သူငယ်ချင်းတွေကို အခုထိ သတိရနေဆဲပါ။အဲ့တုန်းက ပုံရိပ်တွေ တရိပ်ရိပ် ပေါ်နေမိတာ အမှန်ပါ။နွေဆို လေဆန်ပြီး စီးရတယ်။မစီးနိုင်တဲ့အဆုံး ဆင်းတွန်းကြတယ်။မိုးဆို လုံးဝကို စီးလို့မရဘူး။တွန်းလို့လည်း မရဘူး။မြေက အစေးဆိုတော့ ရွံ့ ကပ်မိရင် အချိန်တော်ကြာ ပြန်ခွာပြီးမှ တွန်းလို့ရတာ။အဲ့တော့ စက်ဘီးတွေ ထမ်းရတယ်။ခက်ခက်ခဲခဲ ပညာသင်ခဲ့ကြတယ်လို့ပဲ ဂုဏ်ပြုရတော့မယ်။စက်ဘီးလည်းရစရာမရှိ၊လူလည်း ရစရာမရှိအောင် ပေတူးနေတာ။အခုတော့ အဲ့ဒီအဖြစ်အပျက်တွေ က သေတဲ့အထိ အမှတ်ရစေမယ့် တချိန်က အမှတ်တရတွေဖြစ်နေပါပြီ။
အခုတော့ ဒီလောက်ပါပဲ။အားလုံးကို ကျေးဇူးတင်ပါတယ်။
@thithisann
ဘယ်ရွာမို့ လိုလဲကွယ် အဲ့လောက်တောင်လား
အခုတော့ လမ်းတွေကောင်းသွားပါပြီ
ပြန်ယူမရသောအမှတ်တရငယ်ဘဝအရွယ်
ပြန်ယူလို့မရတော့ဘူး
ရေးစရာတွေကျန်မယ်ထင်တယ်။ကလေးဘဝပဲရှိသေးတော့ ခုအသက်နဲ့ဆိုလေ
ကျန်သေးတယ် အကို့
Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.