သမီးကညာအခါမလင့်ရလေအောင်

in #myanmar6 years ago

သမီးကညာ အခါမလင့်ရလေအောင်

image credit-[original image] (https://www.thutazone.net/2017/11/27/မြန်မာ့ရိုးရာ-လက်ထပ်ခြင/)
သက်ရှိလူ့လောကတွင် ယောကျာ်းနှင့်မိန်းမဟူသည့် လူ့အခေါ်အဝေါ် နှစ်မျိုးသာရှိပါသည်။ အိမ်ထောင်ရှင် မိသားစုတစ်စုတွင် သားယောကျာ်းနှင့် သမီးမိန်းကလေးများ မွေးကြပါသည်။ သားရှင် သမီးရှင် မွေးထားကြသော မိဘများသည်လည်း ကံကောင်းသောသားသမီးနှင့် ကံဆိုးသော သားသမီးများ ရရှိကြပါသည်။
သားသမီး ကံကောင်းခြင်း ကံဆိုးခြင်းသည် အတိတ်ဘ၀ ကုသိုလ်ကံပေါ်တွင် မူတည်နေပါသည်ဟု ယူဆမိပါသည်။ သားသမီးများသည်လည်း မိဘများ၏မိသားစုတွင် လူလာဖြစ်ရခြင်းသည် ဘ၀ရေစက်ပေါင်းများစွာ ဖြစ်တည်လာရသော လူ့ဘ၀ ဆက်နွယ်မှုပင် ဖြစ်ပါသည်။
သားရှင် သမီးရှင် ရှိသောမိသားစုများတွင် အားဖြစ်သော သားများရှိသလို အားမရသော သားများလည်း ရှိခဲ့ပါသည်။ သမီးရှင်ရှိသော မိသားစုများတွင်လည်း ထီးကလေးဖြစ်စေသော သမီးမိန်းကလေးများရှိသလို မီးဖြစ်စေသော သမီးများနှင့်လည်း ဆုံနိုင်ပါသည်။
ထီးကလေးဖြစ်စေသော သမီးနှင့် မီးကလေးဖြစ်စေသော သမီးကညာအကြောင်း ပြောချင်ပါသည်။
သမီးမွေးထားသော မိဘများသည်လည်း တစ်ထစ်ချလမ်းစဉ်နှင့် ပုံသွင်းခြင်းကို ရှောင်ရှားစေချင်ပါသည်။ မိခင်သည် သမီးမိန်းကလေးနှင့် အနီးစပ်ဆုံးရှိသော ဆွေးနွေးဖော်ဖြစ်ပါသည်။ တိုးတိုးတိတ်တိတ် တိုင်ပင်ဖော်လည်း ဖြစ်စေပါသည်။ မိခင်သည် သမီးကို ဆုံးမသွန်သင်တော့အခါ လမ်းမှားမရောက်စေရန် ပြောဆိုလမ်းပြရပါတော့မည်။ သမီးများကို အမှန်အတိုင်း ပြောရအောင် လမ်းပြသင့်ပါသည်။ သမီးများသည်လည်း မိခင်ကို အမှန်အတိုင်း ပြန်ပြောစေချင်ပါသည်။ ယခု ဖြစ်တည်နေသော ဖြစ်စဉ်ပုံစံများကို ပြောပြချင်ပါသေးသည်။
မိခင်က သတင်းတစ်ခု ပြင်ပကကြားလာလျှင် နားတစ်ဖက်နှင့် နားထောင်ထားသင့်ပါသည်။ ကျန်တစ်ဖက်ကို သမီးပြောလာမည့်စကားကို နားထောင်သင့်ပါသည်။ နှစ်ဖက်စလုံး နားထောင်ပြီးမှသာလျှင် မျှတစွာ တွေးပေးလာနိုင်လိမ့်မည်။ တကယ်လို့များ မိခင်များက မစဉ်းစားဘဲ တစ်ခုခုကြားလာလျှင် ဒေါသထွက်လာပြီး သမီးကို လိုရာဆွဲပြီး မမေးတတ်ဘဲ ပြစ်ဒဏ်ပေးချင်တဲ့ အကျင့်နှင့် မေးလိုက်သောအခါ သမီးများက ကြောက်လန့်ပြီး အမှန်အတိုင်း မပြောရဲတော့ပါ။ အမှန်အတိုင်း ပြောမိလျှင် ဒေါသနှင့်ယမ်းမီးပုံ တစ်ထပ်တည်း ကျလာပါတော့မည်။ ထိုအခါ မဖြစ်ချင်ပေမဲ့ မဖြစ်သင့်သောအရာ လင်နောက်လိုက်ခိုးပြေးကြပါတော့မည်။
ဖခင်များသည်လည်း သမီးများကို လိမ္မာပါးနပ်စွာ ဆုံးမလမ်းညွှန်သင့်ပါသည်။ ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် လိုရာပုံဆွဲသွင်းသင့်ပါသည်။ အဲဒီလို မဟုတ်ဘဲ ဒေါသကြီးစွာ မိမိစိတ်ဆန္ဒတစ်ခုတည်းသာ ကြည့်ခဲ့မယ်ဆိုလျှင် သမီးတွေက ဖခင်ကို ကြောက်နေရတာနဲ့ မလုပ်သင့်တာ လုပ်မိသွားပါလိမ့်မည်။ ပြေလည်စွာ စည်းရုံးသိမ်းသွင်းတတ်ခဲ့လျှင် နားဝင်အောင် သမီးများကို ပြောနိုင်ခဲ့ပါလျှင် လိမ္မာသော သမီးများကို ရရှိစေမှာပါ။
image credit-[original image] (http://www.apannpyay.com/2016/11/blog-post_778.html?m=1)
သမီးရှင်ရှိသော မိခင်ဖခင်များ အမှန်တရားကို အေးဆေးတည်ငြိမ်စွာ လက်ခံနိုင်အောင် ကြိုးစားကြရပါမည်။ အေးချမ်းစွာ ရှိနေသော သမီးများကိုလည်း ထိမ်းမြားခြင်း ၀တ်ငါးအင်ကို ၀တ္တရားကျေပွန်စွာ ပြုလုပ်ပေးသင့်ပါသည်။
လူ့ဘ၀တွင် စိတ်အပူရဆုံး စိုးရိမ်အရဆုံး အရာများတွင် အရွယ်လွန်သော သမီးများ သူများအိမ်ယာကို မကျူးကျော်မိအောင် သတိရှိရပါမည်။ စိုးရိမ်စိတ်ထားရပါမည်။ လူတိုင်းဖြစ်နေသည်ဟုလည်း မဆိုလိုပါ။
ဖြစ်တည်သော သဘာဝအရ သမီးတိုင်းလည်း မဆိုးပါ။ မိခင်ဖခင်တိုင်းလည်း မမှားကြပါ။ ဒါပေမဲ့ သမီးမိန်းကလေးရှိသော မိဘတိုင်းကို သတိပေးချင်ပါသည်။ သမီးကညာ အခါမလင့်ရလေအောင် ထိမ်းမြားခြင်းကို ပြုလုပ်ပေးနိုင်လျှင် ပိုကောင်းပါမည်။
လောက၀တ္တရားအရ လက်ခံသင့်သောအရာများကို လက်ခံနိုင်အောင် ကြိုးစားရပါမည်။ ကောင်းမွန်သောအရာများ အားလုံးနှင့်လည်း ဆုံစည်းစေချင်ပါသည်။ သမီးရှင်များအားလုံး စိတ်ချမ်းသာကြပါစေ။

                            ဆန္ဒမွန်ဖြင့်                                                                   
                                မိုးဝေ
Sort:  

အရမ်း​ကောင်းပါတယ်​၊ ဒီလို​ဆောင်းပါးမျိုး ​နောက်​လည်း များများ​ရေးတင်​​ပေးပါ​နော်

ကျေးဇူးပါကြိုးစားပီးရေးပါ့မယ်

သိပ်ကောင်းပါတယ် သူငယ်ချင်း

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99