Myanmar Thinking 1
ကဲဒီတစ်ခါက အတွေးထဲက ပေါ်လာတဲ့အရာတစ်ခုလောက်ရေးချင်လို့ပါ။ လူတိုင်းက မွေးလာပြီးရင် သေရမဲ့တစ်နေ့ကသတ်မှတ်ပြီးထားပါ။ ဘုရားဟော ထားသလိုမျိုးပဲပေါ့။ မွေးလာပြီးကတည်းက ခံစားချက်တွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ပျော်ရွှမှုတွေ ဝမ်းနည်းမှုတွေ ပူပင်မှုတွေ သောကတွေနဲ့ ဖြတ်ကျော်လာခဲ့ကြပါတယ်။
လူတိုင်းက မိခင်ဗိုက်ထဲကနေ မွေးဖွားလာပြီဆိုကတည်းက ဝေဒနာတွေစတင်ခံစားရပါတယ်။ တစ်ချို့ကျတော့လဲ မိခင်ဗိုက်ထဲမှာပင် သေသွားရရှာတယ်။ဘယ်ဘဝရဲ့ ၀ဋ်တွေလဲပေါ့နော်။ မိဘတွေလဲ ၀မ်းနည်းပူဆွေးရ လောကကြီးထဲကိုတောင် ရောက်မလာပဲ မိခင်ဗိုက်ထဲမှာပင်သေဆုံးသွားတဲ့ကလေးငယ်ကလဲ ဘယ်လောက်ခံစားလိုက်ရမလဲဗျာ။ မိခင်ဗိုက်ထဲကနေမွေးလာတဲ့ကလေးတွေကျတော့လဲ ဘုရားမှတစ်ပါး လူသားအားလုံးကငိုယိုနေကြတာပဲလေ။ ဘယ်လောက်ထိ ခံစားရခက်တဲ့ဖြစ်ရပ်တွေလဲဗျာ လူလဲပင်ပန်းစိတ်လဲပင်ပန်းတာပေါ့ဗျာ။ ကဲအဲ့ကလေးတွေကကော ဘယ်လိုမိဘတွေမှာ မွေးဖွားခဲ့တာလဲ ။ ကုသိုလ်ကောင်းမှုတွေများပြားခဲ့တဲ့ကလေးတွေကြတော့လဲ မိဘတွေကအစ အရာရာပြည့်စုံတဲ့အပြင် သူတို့ကိုယ်တိုင်လဲ ကုသိုလ်ကောင်းမှုတွေနဲ့ပြည့်နှက်နေတဲ့သူတွေပဲလေ။ ကဲ ကုသိုလ်ကောင်းမှုတွေနည်းတဲ့ကလေး ကုသိုလ်ကောင်းမှုတော့လုပ်တယ် လှူ လဲလှူ တယ် ဒါပေမဲ့သဒါတရားကျတော့်လဲ အနည်းငယ်ပဲထက်သန်ခဲ့တဲ့ကလေးတွေကျတော့လဲ အလယ်လတ်တန်းစားမိဘတွေဆီမှာ မွေးဖွားခဲ့ကြတယ်။ ကဲနောက်ဆုံးကတော့ အရင်အရင်ဘဝတွေထဲက ကုသိုလ်လဲမလုပ် လှူ လဲအလှူ သူတစ်ပါးအလှူတွေကိုလဲ ပိတ်ပင်ခဲ့တဲ့သူတွေကျတော့လဲ မွဲတေဆင်းရဲပြီး လူတစ်ကာရဲ့ဥပက္ခာပြုခြင်းခံရတဲ့မိဘတွေဆီမှာ မွေးဖွားလာကြတယ်။
အော်ဘဝဘဝ မွေးလာကတည်းကပင် အရာရာခံစားမှုတွေပြည့်နှက်နေပါလား။ မွေးကင်းစကလေးဆိုပင်မဲ့ ချမ်းသာတဲ့မိသားစုကလေးတွေကျတော့ ချစ်လိုက်ကြတာ ။ဆင်းရဲတဲ့မိသားစုကလေးတွေကျတော့ ဥပက္ခာတွေပြုလိုက်ကြတာ။
စာဖက်သူတို့အားလေးစားရင်း။
@smileking
Thank you smileking for making a transfer to me for an upvote of 0.80% on this post!
Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!
The other half helps holders of Steem power earn about 60% APR on a delegation to me!
For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?
To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?