ကဗျာဆိုတာလက်ဖြစ်တွေပါ
ကျွန်တော်တို့ ငယ်ငယ်ကျောင်းသားဘဝက သူငယ်ချင်းတွေစုပြီး ကဗျာဝိုင်းလေးထူထောင်ခဲ့ကြပါတယ်။ ဒီတုန်းကတော့ ကဗျာတစ်ပုဒ်ရဖို့ အသည်းအသန်ပေါ့။ ခုတော့လည်း ဟောတစ်ပုဒ်ဟောတစ်ပုတ်ထွက်လာခဲ့ပါပြီ။
ရင်ဘတ်တစ်ခုရဲ့ စစ်မြေပြင်
ရင်ဘတ်တစ်ခုကိုတူးဆွရတာ
ကမ္ဘာမြေကိုတူးဆွရသလိုပဲ ခက်တယ်
ပြောသလောက်လွယ်တဲ့ အလုပ်မရှိဘူး
အလုပ်တိုင်းအဓိပ္ပယ်နဲ့ ပြည့်လို့
စီးဆင်းခဲ့တဲ့ မြစ်ဟာ ကွေ့ကောက်ကြတာပဲ
ကွေ့ကောက်ခြင်းမှာ ဘဝဟာကဗျာဆန်ခဲ့
စီးဆင်းတာကိုက ဘဝပီသခြင်းတစ်ခုလေ
အခု ငါ့ရင်ဘတ်ကြီးစီဆင်းပြီ
ငါ့ရင်ဘတ်စီးတာတောင် ဘယ်လိုစီးနေတာလဲ မေးကြ
ဒါ ငါနဲ့မဆိုင်တဲ့ ငါ့ရင်ဘတ်တစ်ခုလေ
ငါ့ရင်ဘတ်က တူးစွဖို့ဘယ်လောက်များ
ခက်နေလေမလဲ
ငါ့ကိုယ် ငါဘယ်လိုပြန်တူးပေးရမလဲ
တူးတိုင်းနက်မယ်ဆိုရင်
ငါပဲ ပြန်တူးခဲ့မှာပေါ့
တူးကြည့်လေ
ရှားရှားပါးပါးငါ့ နှလုံးသားခက်ထန်နေမလား
ငါ့အချစ်တွေ ပြာနှမ်းနေလေမလား
ငါ့ဝိဥာဉ် မတော်မရ်ာတွယ်ကပ်နေလေမလား
ငါ့ရင်ဘတ် ဘယ်တော့မှကြိုက်ဈေးမရနိုင်ဘူး
ဘယ်တော့မှ အဆိပ်လူးမြှားတွေမဆိုက်ခဲ့ဘူး
ဘယ်တော့မှ ကြွက်ချေးအရောမခံခဲ့ဘူး
ဘုတ်မဟုတ်ဘူး
ကျီးမဟုတ်ဘူး
ကမ္ဘာမြေလိုအကြုံ့အကြွဆန်ပေမဲ့
နေလိုမပူခိုင်းဘူး
နေလိုပဲ လင်းတယ်
လလိုကွယ်မသွားဘူး
လလိုပဲ သာခိုင်းတယ်
ထုသားပေသားကျနေတဲ့ ငါ့ရင်ဘတ်ဟာ
တူးဆွရခက်ပေါ့
အမှန်တရားကြီးရေ
အချိန်ရထားကိုခိုးစီးပါ
ငါ့အတွက် အဲဒီအမှန်တရားနဲနဲနဲ့
လူဖြစ်ခဲ့ရပေါ့
ဂုဏ်သိက္ခာတရားတွေရဲ့ပြက်လုံးတစ်ခုမှာ
ဘယ်တော့မှ ခေါင်းမော့မရယ်ခဲ့လေဘူး
ငါ့ရင်ဘတ်တစ်ခုလုံး
ဖားကန့် မြေစာပုံကြီးဖြစ်ခဲ့ပေါ့
@minsoenaing
ဒါတောင် လူမင်းကားမကြည့်ရသေးဘူး
Posted using Partiko Android
Congratulations @pyonepan! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!
Congratulations @pyonepan! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Do not miss the last post from @steemitboard:
Vote for @Steemitboard as a witness to get one more award and increased upvotes!