အောက်ကျို့ခြင်း အနုပညာ
ကျွန်မတို့လူတိုင်းလူတိုင်း တဦးတယောက်ချင်းစီတိုင်းတွင် မာနဟူသည် ရှိကြစမြဲပါ။ ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝသူသည် ယင်းအပေါ် မာနစိတ်ရှိကြသလို၊ ပညာတတ်သည်လည်း ပညာတတ်မာန၊ မရှိဆင်းရဲသည့်သူတွင်လည်း မရှိမာန စသဖြင့် ကိုယ်စီကိုယ်ငှရှိကြပါတယ်။ အတိုင်းအတာအခုအထိ သူများအပေါ်တွင်သည်းခံနိုင်ကြသည်ဆိုသော်လည်း မိမိတို့၏မာနကို ထိခိုက်လာလျှင်မှု သူသူကိုယ်ကိုယ်တုန့်ပြန်တတ်ကြတာ လူ့သဘာဝပေါ့နော်။ ဒီမာနတွေကိုအခြေခံထားတဲ့ ကျွန်မတို့လူသားတွေဟာ သူတပါးကိုအောက်ကျို့ရမှာ အင်မတန် ဝန်လေးကြသူများပါ။ ကျွန်မအပါအဝင် လူတော်တော်များများဟာဆိုလျှင် အောက်ကျို့ပြီးတောင်းဆိုမလား စွန့်လွှတ်အဆုံးရှုံးခံမလားဆိုလျှင် အဆုံးရှုံးခံကြမည့်သူများပိုများပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်လဲ အင်မတန် မာနကြီးပါတယ်။ အောက်မကျို့ချင်သူဆိုလဲ မမှားဘူးပေါ့နော်။ သူများကိုလဲ ဘာမပြောဘူး အမှားလဲမလုပ်ဘူး ကိုယ့်လဲလာမလုပ်နဲ့ဆိုတဲ့ လူစားမျိုးပါ။ အောက်ကျို့ရမှာ အင်မတန်ဝန်လေးခဲ့သူပါ။ ဒါပေမယ့် ကျွန်မအမေက ကျွန်မကိုပြောခဲ့ပါတယ်။ သမီးလူ့အောက်ကျို့ရလို့ သေမသွားဘူးတဲ့။ ကိုယ်လိုချင်တာရဖို့အတွက်ဆို လူအောက်ကျို့သင့်ရင်ကျို့ရမှာပဲတဲ့။ ဒီလိုကိုယ်အောက်ကျို့လိုက်ရပေမယ့် ကိုယ့်အနေနဲ့ ကိုယ်ဖြစ်ချင်တာဖြစ်ခွင့်ရသလို သူများအနေနဲ့လဲ ကျေနပ်သွားတယ်။ ဒါပေမယ့် တကယ်ကတော့ အောက်ကျို့လိုက်ရတဲ့ အမေတို့ကအနိုင်ရတာပါတဲ့။ ကိုယ်ကပုခုံးတဖက်နိမ့်ပေးလိုက်လို့ သူပျော်သွားပေမယ့် ကိုယ်တကယ်နှိမ့်ကျမသွားဘူးပေါ့ရှင်။ ကျွန်မကိုယ်တိုင်လည်း ငယ်ရွယ်စဉ်က အောက်ကျို့ခြင်းအနုပညာကို သိပ်နားမလည်ခဲ့ပါဘူး။
အသက်အရွယ်ကြီးလာတာနဲ့အမျှ လုပ်ငန်းခွင်ဝင်တဲ့အရွယ်ကိုရောက်လာမှပဲ ဒီအဓိပ္ပါယ်ကို ကောင်းကောင်းကြီးသိရှိနားလည်ခဲ့ပါတယ်ရှင်။ ကိုယ့်လုပ်ငန်းအဆင်ပြေဖို့ ကိုယ့်ထက်အဆင့်အတန်းမြင့်တဲ့သူကိုလဲ အောက်ကျို့ရသလို ကိုယ့်ထက်အစစအရာရာနိမ့်ကျတဲ့သူကိုလဲ အောက်ကျို့သင့်ရင် ကျို့ရတော့တာပေါ့ရှင်။ ကိုယ်ကကိုယ့်လုပ်ငန်းအဆင်ပြေချင်တာကိုး။
ဟိုတနေ့က နာမည်ကြီး beauty Bloggerတယောက်ရဲ့အမေ ပြောသွားတာလေးကိုသဘောကျမိပါတယ်။ အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတော့ အောက်ကျို့ခြင်းပဲတဲ့။ ဒီနေ့မြန်မာနိုင်ငံမှာအောင်မြင်နေတဲ့လူ ထိပ်တန်းသူဌေးဆယ်ဦးကိုကြည့်လိုက်တဲ့။ ဘယ်သူမှ အောက်မကျို့ပဲတက်လာခဲ့တဲ့သူမပါဘူးတဲ့။ မိဘအဆက်ဆက် ချမ်းသာလာခဲ့ရင်တော့မပြောတတ်ဘူးတဲ့။ သူပြောသွားတာလေးကျွန်မသဘောကျလိုက်တာ။ ခွန်အားဖြစ်လိုက်တာ။ ဒါပေါ့ ကျွန်မတို့ ကိုယ့်ကိုကိုယ်နှိမ့်ချဆက်ဆံသင့်ရင် ဆက်ဆံရမှာပေါ့။ အောက်ကျို့ရမှာပေါ့။ ဒါပေမယ့် ဒါဟာ ကိုယ်ရှုံးလိုက်တာမဟုတ်ပါဘူး။ ကိုယ်အနိုင်ရလိုက်တာပါ။ ကိုယ်ဖြစ်ချင်တာ ကိုယ်မျှော်လင့်ထားတဲ့အရာတွေ အောင်မြင်ဖို့အတွက် ဒီအနုပညာကို ပညာသားပါပါ သုံးလိုက်ရတာပါလို့ အမြဲစိတ်နှလုံးသွင်း ခံယူမိပါတော့တယ်။
Author @phukhetnaing
That is the main point we missing.
Thank for Sharing.
Thank you so much 😊
Congratulations! This post has been upvoted from the communal account, @minnowsupport, by chindwinthar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
အရေးအသားကောင်းပါ့ဗျာ
Congratulations @phukhetnaing! You received a personal award!
Click here to view your Board
Do not miss the last post from @steemitboard:
Congratulations @phukhetnaing! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!