အကြောင်းစုံသောအခါ

in #myanmar6 years ago

ဒီနေ့ အလယ်တန်းမှ အထက်တန်းအထိပေါင်းလာ ခဲ့သော ငယ်သူငယ်ချင်းမတစ်ယောက် ကျမဆီ
အလည်လာသည်။ မတွေ့ရတာကြာပြီဖြစ်သော
သူငယ်ချင်းနှင့်ပြန်ဆုံတွေ့ရတော့ အလွန်ပျော်
သည်။ ကျောင်းတုန်းကအကြောင်းတွေပြန်ပြောကြရင်း ငယ်စိတ်တွေ ပြန်ဝင်လာသည်။

image

ကျမတွင် အတန်းဖော်သူငယ်ချင်းများရှိသော်လည်း
စတိတ်ကျောင်းသူဘဝတုန်းက စွဲစွဲမြဲမြဲပေါင်းခဲ့
သည်မှာ မွန်၊ မျိုးနှင့် စိုးဟူ၍ သူငယ်ချင်း
သုံးယောက်သာ ရှိသည်။ တစ်ယောက်နှင့်
တစ်ယောက် အလွန်ချစ်ကြသည်။

image

ဆရာမများက ကျောင်းသူဘဝသည် ဖြူစင်သည်။ လုပ်ငန်းခွင်ထဲရောက်လျှင် ယခုကဲ့သိုသော ဖြူစင်
သည့် ခင်မင်မှုမရနိုင်တော့ကြောင်း ပြောပြစဉ်က
ကျမတို့ကြီးလာလျှင် ယခုကဲ့သို့ဆက်ခင်မည်။
ဘယ်နေရာရောက်ရောက် စာချင်းအဆက်အသွယ်
မပြတ်စေရဟု ကတိတွေထားခဲ့ဖူးသည်။ ထိုကတိ
သည် ဘယ်အချိန်ကပျက်သွားမှန်းမသိ။ ကျောင်း
ပြီးစကတော့ အဆက်အသွယ် ရှိသေးပေမယ့် နောင် အလုပ်ထဲရောက်တော့ အားလုံးကိုယ်စီ မေ့သွား
သည်။ လက်ရှိဘဝတွင်သာ ကျင်လည်ပျော်ပါးနေ
ကြသည်။

image

ကျမကသာ အစိုးရဝန်ထမ်းဖြစ်နေပေမယ့် မျိုးက
ကတော့ ကုမ္ပဏီဝန်ထမ်း၊ စိုးက နိုင်ငံခြားထွက်၊ မွန်က အင်ဂျင်နီယာလုပ်ရင်း ရန်ကုန်တွင် အိမ်ထောင်ကျနေသည်။ ယခုအလည်လာသူက မျိုးဖြစ်သည်။
ကျမနှင့် စကားတွေ အများကြီးပြောပြီးမှ သူယခု လာသည်က ကျမကို ကျေးဇူးပြုချင်လို့ လာတာဟု ပြောသည်။

image

image

ကျမလဲအံ့သြသွားသည်။ ”မျိုးရယ် နင်ငါ့ကို
ကျေးဇူးတင်ရလောက်အောင် ငါလဲဘာမှလုပ်မပေးထားပါဘူး” လို့ ပြောတော့ သူက ”နင်ဘယ်မှတ်မိ
မလဲ၊ ငါတို့ရှစ်တန်းနှစ်က နင်ကငါတို့ကို ဂါထာ
တစ်ပုဒ်သင်ပေးဖူးတယ်လေ။ ဇ ရှစ်ချက်ဂါထာ
လေ။ ခုကုမ္ပဏီမှာ ကားကံစမ်းမဲဖောက်တော့ ငါက အဲ့ဂါထာရွတ်ပြီးမဲနှိုက်တာ။ ခုငါ ကားပေါက်တယ်။ အဲ့ဒါကြောင့် နင့်ကိုသတိရပြီး ကျေးဇူးလာဆပ်တာ” လို့ပြောပြီး လက်ထဲကို စာအိတ်တစ်အိတ် ထည့်ပေး ပြီး ပြန်သွားသည်။

ကိုယ့်သူငယ်ချင်းက ကားမဲပေါက်တယ်ဆိုတော့
ကျမလဲဝမ်းသာတာပေါ့။ ဘာပဲပြောပြော လူ
အများကြီးထဲကမှ သူငယ်ချင်းကမဲပေါက်တယ်
ဆိုတော့ ကံကောင်းသည်ဟုပြောရပေမည်။

ကျမလဲ မျိုးပေးသွားသည့် စာအိတ်လေးကိုကိုင်ရင်း စဉ်းစားကြည့်မိသည်။ ဆုတောင်းနေယုံနှင့် ဆန္ဒတွေ
ပြည့်လာမှာမဟုတ်။ ဤဂါထာ၏အစွမ်း၊ သူမ
အတိတ်ကံနှင့် သူမအလုပ်လုပ်စဉ် ကံစမ်းမဲ
ဖောက်ပေးချိန်တို့ အကြောင်းညီညွတ်သွားအခါ ကားပိုင်ဆိုင်ခွင့်ရလာခြင်းအကြောင်းဖြစ်လာရ
သည်။ ကျမတို့လဲ အနာဂတ်ဘဝတွင် အတိတ်ကံ
ကောင်းသည်ဟုပြောနိုင်စေရန် ပစ္စုပ္ပန်အချိန်တွင်
ဘုရားဟောနှင့်အညီ နေထိုင်သွားရမည်ဟု မိမိ
ဖာသာတွေးတောရင်း Steemit မိတ်ဆွေများလဲ
သိပါစေရန် ဒီစာစုလေးကို ရေးသားလိုက်ရပါတယ်။

image

image

Author @nweoomon
Photo @nweoomon
3-5-2018

Sort:  

Authentic post! glad to know there are creators like you here. If you wanna see similar post, check my post as well.

အရင်ကတော့ ရွတ်ဖူးတယ်ဗျ

ဟုတ်တယ် အခုနောက်ပိုင်း မရွတ်ဖြစ်တော့ဘူး

You got a 4.26% upvote from @oceanwhale With 35+ Bonus Upvotes courtesy of @nweoomon! Delegate us Steem Power & get 100%daily rewards Payout! 20 SP, 50, 75, 100, 150, 200, 300, 500,1000 or Fill in any amount of SP Earn 1.25 SBD Per 1000 SP | Discord server

ဘုရားစာရော သူ့ ရဲ့ုသိုလ်ကံရောစုံသွားတာပ
ဒါနဲ့  စာအိတ်ထဲက ဘာတွေများလဲ 😁

ပက်ချံ

You got a 50% upvote from @aungzawhtwe courtesy of @nweoomon ! its cool fee free .

Thank ko aungzawhtwe

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 64122.04
ETH 2745.21
USDT 1.00
SBD 2.66