ဇာတိ​မြေသို့တစ်​​ခေါက်​ (၁)

in #myanmar6 years ago

ဒေါင်​..​ဒေါင်​..​ဒေါင်

အေးစက်​သည့်​ မနက်​ခင်းအတွင်း ဘုန်း​တော်​ကြီး​ကျောင်းမှ ၃နာရီ ​မောင်း​ခေါက်​သံ။ထိုအသံကိုမကြားရသည်​မှာကြာခဲ့ပြီ။ငယ်​စဉ်​က မြို့မှာအလုပ်​လုပ်​ပြီး ကြီးပြင်းလာခဲ့သည့်​ ကျွန်​​တော်​ ​မွေးရပ်​​မြေဇာတိကို ပြန်​​ရောက်​လာခဲ့ခြင်းပဲဖြစ်​ပါသည်​။မြို့မှာက မွန်းကျပ်​လွန်းသည်​ထင်​ရသည်​။မိမိ​တောဓ​လေ့ကိုသာ နှစ်​ခြိုက်​သည်​။တောမှာ​မွေး၍ကြီးပြင်းလာခဲ့သည့်​ ကျွန်​​တော့့်​အဖို့မြို့တွင်​ မ​ပျော်​နိုင်​ရှာပါ။ပျော်​ရာမှာ မ​နေရ ​တော်​ရာမှာ​နေရဆိုသလို မိမိဝမ်းစာအတွက်​ရုန်းကန်​လှုပ်​ရှားရ​သေးသည်​မဟုတ်​လား။village-in-ukraine-1024x768.jpg


မြို့တွင်​​တော့ ​တောနှင့်​တခြားစီ။တ​နေကုန်​ အလုပ်​နှင့်​ အချိန်​ကုန်​​နေရသည်​။လူ​ပေါင်းစုံနှင့်​လည်း ကြုံ​တွေ့ရသည်​။အသံ​ပေါင်းစုံလည်းကြားရသည်​။နေ့စဉ်​နှင့်​အမျှ စိတ်​ချမ်းသာသည်​ဟု၍မရှိ။လက်​ဆတ်​​သော ​လေ​ကောင်း​လေသန့့်​တို့ကို ရှူရိုက်​ခွင့်​လည်းမရ။စိတ်​လွတ်​လပ်​မှုဆိုတာ ကျွန်​​တော်​နှင့်​ကင်းကွာခဲ့သည်​လည်းကြာခဲ့​လေပြီ။တစ်​​နေ့ တစ်​​နေ့ မိမိဇာတိဖြစ်​​သော ​တောရွှာ​လေးကို ပြန်​ချင်​မိ​သည့်​ စိတ်​မှာလည်း အကြိမ်​ကြိမ်​အခါခါပင်​။သို့​သော်​ ကြံသမျှ အရာမထင်​​သော​ကြောင့်​ အချည်းအနှီးသာဖြစ်​ခဲ့ရသည်​။ယခုတွင်​​တော့ မကုန်​ဆုံးနိုင်​​သော အလုပ်​များကို ​ခေတ္တာပစ်​ထား၍ မိမိဇာတိရွှာ​လေးသို့ ထွက်​ခွာခဲ့​တော့သည်​။

ရွှာ၏ အ​နေအထားမှာလည်း ယခင်​ကနှင့်​မတူ တမူထူးခြား​ပြောင်းလဲခဲ့သည်​။အရင်​ဆို ​နွေဦး​ရောက်​ရင်​ ရွှာလမ်းမကြီးက ဖုန်​​တွေတ​ထောင်း​ထောင်းနှင့်​။ယခု​တော့ ​ကျောက်​စရစ်​လမ်း​လေးနှင့်​ ခန့်​ညားလို့။ကိုယ်​ပိုင်​ ကား​လေးဖြင့်​လည်း ကြီးပွား​နေကြသည်​။မိမိ​တော့မ​ရောက်​တာကြာပြီဖြစ်​၍ အထူးအဆန်းဖြစ်​​နေမိသည်​။ငယ်​​ပေါင်းသူငယ်​ချင်းများမှာလည်း က​လေး​တွေ ​ခွေးနှင့်​သာ။မိမိသာ ယခုထက်​ထိ လူပျိုကြီးဘဝကမကျွတ်​လွတ်​နိုင်​​သေး။(ကြုံတုန်း​ကြော်​ငြာဝင်​တာ😄😄)ရွှာနှင့်​လည်းကင်းကွာ​နေသည်​မှာ ကြာပြီဖြစ်​၍ ​ကြောင်​​တောင်​​တောင်​တော့​ဖြစ်​မိသည်​။ကျွန်​​တော်​​ရောက်​သွား​သောအချိန်​မှာ ​နေဝင်​ရိုးရီအချိန်​ဖြစ်​၍ ​တောင်​သူအလုပ်​သမားများ အလုပ်​တက်​​သောအချိန်​နှင့်​တိုက်​ဆိုင်​​နေခဲ့သည်​။တောင်​သူဦးကြီးများလည်း သူတို့၏တစ်​​နေ့တာ အလုပ်​ချိန်​များကုန်​ဆုံး၍သီချင်းတ​ကြော်​​ကြော်​ဖြင့်​ အိမ်​သို့ ပြန်​လာ​ချေပြီ။ထိုမြင်​ကွင်းမျိုး မမြင်​ရသည်​မှာကြာပြီဖြစ်​၍ စိတ်​ထဲ ကြည်​နူးမိသည်​။Burma-Nancy-King-Oxen.jpg
တချို့ကျ နွားလှည်းများဖြင့်​ပြန်​လာကြသည်​။ကျွန်​​တော်​လည်း​လျှောက်​ရင်း​လျှောက်​ရင်းဖြင့်​  အိမ်​သို့​ရောက်​လာခဲ့သည်​။

ငယ်​စဉ်​ကအိမ်​​ရှေ့က ပိ​တောက်​ပင်​ငယ်​​လေးလည်း ​တော်​​တော်​ကြီး​နေပြီ။အိမ်​​ရောက်​၍ မိဘများက ဝမ်းပန်းတသာ ကြိုဆိုကြသည်​။မ​တွေ့ရသည်​မှာကြာသည်​ဖြင့်​၍ မျက်​ရည်​များပင်​ကျမတက်​။သြော်​ ​မိဘ​မေတ္တာ မိဘ​မေတ္တာ။ထို့​နောက်​​ကျွန်​​တော်​လည်း​ရေမိုးချိုး ထမင်းစားပြီး အိပ်​ယာ​စော​စောဝင်​ခဲ့ပါ​တော့သည်​။yw_nway oo.jpg


ဒေါင်​..​ဒေါင်​..​ဒေါင်

အနည်းငယ်​​အေးစက်​​သည့်​ မနက်​ခင်းအတွင်း ဘုန်း​တော်​ကြီး​ကျောင်းမှ ၃နာရီ ​မောင်း​ခေါက်​သံ။အဆက်​မပြတ်​ဆိုသလို အုန်း​မောင်း​ခေါက်​သံလည်း ဆက်​ကြားရ​တော့သည်​။ထိုအသံကြား၍လားမသိ အ​မေလည်းနံနက်​စာချက်​ပြုတ်​ရန်​ နိုးထသံကိုလည်းကြား​နေရသည်​။ အင်း ​တောဓ​လေ့ ​တောသဘာဝ၏နံနက်​ခင်းကား ကျက်​သ​ရေရှိလွန်းပါဘိ။အာရုဏ်​မိုး​သောက်​​တော့မှ ကျွန်​​တော်​လည်းအိပ်​ယာမှနိုးခဲ့​တော့သည်​။အိပ်​ယာထ မျက်​နှာသစ်​ ဘာညာ ပြုလုပ်​ပြီးအ​မေပြင်​​ပေး​သော ထမင်းဆီဆမ်းနှင့်​ပဲပြုတ်​ကိုအားပါးတရ ကြိတ်​လိုက်​သည်​။မစားရတာကြာပြီဖြစ်​​သော အ​မေ့၏ထမင်းဆီဆမ်းနှင့်​ပဲပြုတ်​မှာ အရသာရှိလွန်းသည်​ထင်​ရသည်​။ထမင်းစားပြီး အပျင်း​​ပြေရွှာရိုးကိုး​ပေါက်​​လျှောက်​ရန်​ ထွက်​ခဲ့​တော့သည်​။

နေမင်းကြီးက သူ၏တာဝန်​ထမ်း​ဆောင်​ရန်​ အ​ရှေ့ဘက်​မှ ပြူထွက်​လာခဲ့​တော့သည်​။မြူများအနည်းငယ်​ရစ်​ဆိုင်း​နေ​သေး​သော ​နွေဦးရာသီ​လေးမှာ သာယာလွန်း​နေသည်​။ထို့​နောက်​ ကြည်​နူးဖွယ်​​ကောင်း​သောမြင်​ကွင်းကို ကျွန်​​တော်​အမှတ်​မထင်​မြင်​​တွေ့ခဲ့​တော့သည်​။536305_386594558047354_262179460488865_1097988_343319715_n.jpg
ထိုမြင်ကွင်းကား​​ရွှာဦး​ကျောင်းမှ သံဃာ​တော်​များနှင့်​ ကိုရင်​ငယ်​​လေးများ တသီတတန်းဖြင့်​ ဆွမ်းခံကြွလာ​သောမြင်​ကွင်းပင်​။အရင်​ဆို အလုပ်​ထဲနစ်​​နေ​သော ကျွန်​​တော်​အဖို့ ယခုလိုမျိုး ကြည်​ညိုဖွယ်​ ရဟန်းသံဃာတို့အား ဖူး​မြော်​ခွင့်​မရခဲ့။ရုတ်​တရက်​ ကျွန်​​တော်​လည်း ဖိနပ်​ချွတ်​ကာ လက်​စုံမိုး၍ရှိခိုးဦးချလိုက်​​တော့သည်​။စိတ်​ထဲ အရမ်းပိတိဖြစ်​လွန်းခဲ့သည်​။ရွှာသူရွှာသားများမှာလည်း မိမိတို့အိမ်​​ပေါက်​ဝတွင်​ ကိုယ်​စီကိုယ်​ငှါ ဆွမ်း​လောင်းလှူ​နေကြသည်​။မရှိလို့မလှူ မလှူ လို့မရှိဆိုကြသလို မိမိတို့ရှိသာ​လေးနှင့်​ ကုသိုလ်​ဒါနပြုလုပ်​​နေကြသည်​မှာလည်း အလွန်​ပင်​ ဝမ်းသာပီတိဖြစ်​မိပါသည်​။မြို့ကြီးပြကြီးတွင်​ မည်​သို့ပင်​ခမ်းနား​စေကာမူ​ရိုးသားလှ​သော​တောသဘာဝ၏အ​ငွေ့အသက်​ကို​တော့ မှီနိုင်​မည်​မထင်​ပါ။တောသူ​တောင်​သားဆိုသည်​ ဟန်​​ဆောင်​ခြင်းကင်းမဲ့ပြီးရိုသားလွန်းကြသည်​။အရှိကိုအရှိတိုင်းသာ ဖွင့်​​ပြောကြသည်​။မာယာကြွယ်​​သော မြို့ကြီးပြကြီးနှင့်​ဆန့်​ကျင်​ဘက်​ပင်​။ကျွန်​​တော်​လည်း ဆွမ်းခံကြွလာ​သော ရဟန်းသံဃာတသီတတန်းကြီးမြင်​ကွင်းမှကွယ်​​ပျောက်​သွားမှ​ရှေ့သို့ဆက်​ခဲ့ပြန်​​တော့သည်​။

 ဆက်​လက်​​ရေးသားပါမည်​ခင်​ဗျာ။အအ~2.jpg


Author by @nandasai(MSC.076)

Photos by Google image

Sort:  

ဖတ်လို့ကောင်းပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါ

ရွာကိုလွမ်းမိတယ်ဗျား

ဟုတ်​တယ်​ဗျာ

Thank you nandasai for making a transfer to me for an upvote of 1.39% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

This post has received a 1.67 % upvote from @morwhale thanks to: @nandasai.

အရမ်းကောင်းပါတယ်

ကျေးဇူးပါဗျာ

သတိရတယ်

ဟုတ်​ပါ့ဗျာ

ရွာနာမည်လေးတောင် တစ်ချက်မပြောခဲ့ဘူး

တောင်​ငူမြို့အနီး ​ညောင်​ပင်​လှရွှာပါဗျ

အမေနှင့်ရွာကို သားမောင်လွမ်းပေမယ့် ဘဝအရေးတွေးလို့သာပဲ အဝေးမှာပဲ နေရဆဲမို့....

ဟုတ်​ပါ့ ကိုဟိန်း​ရေ

ရွာပြန်ချင်စိတ်တောင်ပေါက်လာတယ်

လွမ်း​နေတဲ့စိတ်​ထိန်းမရ​တော့ဘူး​လေ

သာယာကြည်နူးဖွယ်ရာ နံနက်ခင်းလေးတစ်ခုကို ပြေးမြင်မိပါသည်ဗျာ

ဟုတ်​ကဲ့ပါဗျာ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63630.78
ETH 3406.29
USDT 1.00
SBD 2.55