အိမ်ရှေ့က ကောင်လေးများ(၃)(သိမ်း)

in #myanmar5 years ago (edited)

image

Image Source

နောက်တစ်ကောင်ရဲ့ အမည်ကတော့ သက်ပြင်းဟုခေါ်သည်။ငယ်စဉ်က အခက်အခဲ ဒုက္ခရောက်ရသည့်အဖြစ်များနှင့်ကြုံပြီး အသက်ရှင်သန်ကြီးပြင်းခဲ့ရ၍ သက်ပြင်း ဟု ပိုင်ရှင်များက ခေါ်ပုံရသည်။ထိုခွေး ပေါက်စအရွယ်လောက်က မြောင်းထဲ ပြုတ်ကျခဲ့ဖူးသည်ဟု ကြားဖူးသည်။ထို့အပြင် ပြီးခဲ့တဲ့ တစ်နှစ်လောက်ကလည်း ဒီကောင်တော်တော်ဒုက္ခရောက်ခဲ့ရသည်။ဖြစ်ပုံကတော့ ဒီလိုဖြစ်သည်။ထိုအချိန်က လမ်းထဲက ခွေးများကို မေ့ဆေးထိုးကာ သားကြောဖြတ်ခြင်း ကိစ္စများ လုပ်ဆောင်နေသည့် အချိန်ဖြစ်သည်။ထိုနေ့က ခွေးများကို မေ့ဆေးထိုးကာ လမ်းကြားတစ်ခုထဲစုခေါ်ထားပြီး သားကြောဖြတ်သည့် ကိစ္စဝိစ္စများ လုပ်ဆောင်ကြသည်။ပြီးလျှင်တော့ ပိုင်ရှင်များက မိမိတို့ပိုင်ဆိုင်ရာ ခွေးအသီးသီးအား ပြန်လည် ခေါ်ဆောင်နိုင်သည်။ထို့သို့ခေါ်ယူရာတွင် ကံဆိုးသူသက်ပြင်းခမျာ ခွေးခြင်းမှားကာ ခေါ်ယူခြင်းမခံရဘဲ မြောင်းထဲပြုတ်ကျကျန်နေခဲ့သည်။ဖြစ်ချင်တော့ သက်ပြင်း မေ့နေသော အချိန်လည်း ဖြစ်နေပြန်ရာ သက်ပြင်းခန္ဓာကိုယ်ကြီးမှာ မြောင်းထဲမှာ ပြုတ်ကျပြီး အချိန်ကြာမြင့်စွာ ဒီတိုင်းဖြစ်နေခဲ့သည်။ဘေးအိမ်က အဒေါ်ကြီးကလည်း သူခိုင်းလိုက်သောလူငယ်များ ယူလာသောခွေးကို အစက သက်ပြင်းဟုထင်နေသည်။ညကျမှ အဒေါ်ကြီးသည် ယူလာသောခွေးအား သက်ပြင်းမဟုတ်ဟု သံသဃဝင်လာကာ လူငယ်များအား လမ်းကြားထဲထပ်သွားခိုင်းကာ သက်ပြင်းအား ထပ်ရှာစေသည်။ထိုအခါကျမှ ထိုလူငယ်များသည် မြောင်းထဲပြုတ်ကျနေသော သက်ပြင်းအားတွေ့ကာ အိမ်သို့ခေါ်ဆောင်လာနိုင်တော့သည်။ပိုင်ရှင်အဒေါ်ကြီးလည်း မေ့မျောကာမြောင်းထဲအတော်ကြာ ပြုတ်ကျနေသော သက်ပြင်း၏ဖြစ်ရပ်အား အတော်စိတ်မကောင်း ဖြစ်သွားပုံရသည်။ထိုညက အချိန်အတန်ကြာ "အမေ မသိလို့ပါသားရယ်" "စိတ်မကောငိးလိုက်တာ" စသဖြင့် မိမိတိုအိမ်ရှေ့မှာလာထားထားသောသက်ပြင်းအား စိတ်မကောင်းဖြစ်ကာ ချော့မော့နှစ်သိမ့်နေသော စကားများ အချိန်အတန်ကြာ ကြားခဲ့ရသည်။

သို့သော် တစ်ခါတစ်ရံ ကံဆိုးမှု့တွေကလည်း သွယ်ဝှိက်စွာဖြင့် ကံကောင်းခြင်းများဆောင်ကျဉ်းပေးတတ်ပုံရသည်။ဘေးအိမ်က အဒေါ်ကြီးမှာ သက်ပြင်းအား အထက်မှာရေးသားခဲ့သော ဖြစ်ရပ်များကြောင့် အသနားပို ချစ်ခင်ခဲ့ပုံပေါ်သည်။တစ်နေ့ အဒေါ်ကြီးမှာ ထိန်းသိမ်းစောင့်ရှောက်ရသော ခွေးများ များနေ၍ ခွေးအချို့အား ခွေးဂေဟာပို့မည် ဟု ဆုံးဖြတ်လိုက်သောခွေးများ စာရင်းတွင် သက်ပြင်းမပါဘဲ ကျန်ခဲ့သည်။ထို့ကြောင့် သက်ပြင်းမှာ ကောင်းမွန်သောအစာနှင့် ကောင်းမွန်နွေးထွေးသော သခင်၏စောင့်ရှောက်မှု့အောက်မှာ လုံခြုံနွေးထွေးစွာ ဆက်လက်နေခွင့်ရခဲ့လေသည်။သက်ပြင်း၏ အမေကြီး ဖြူမမှာတော့ ခွေးဂေဟာ ပို့ခြင်း ခံလိုက်ရလေသည်။ဖြူမသည်လည်း အိမ်ရှေ့မှာ လာအိပ်တတ်သော ခွေးတစ်ကောင်ဖြစ်၍ ဖြူမကိုလည်း တစ်ခါတစ်ရံ အထူး သတိရမိလေသည်။ဖြူမကြီး...နေမှကောင်းပါလေစ...။

Author-myothuzar,MSC-033

Sort:  

ကောင်လေးက မျက်စိမှိတ်ပြနေ

Posted using Partiko Android

ဟီး..

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you.

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63464.16
ETH 3111.33
USDT 1.00
SBD 3.98