တစ်​သက်​တာ အမှတ်​တရ (သိမ်း)

in #myanmar6 years ago

image

ထိုစဉ်​ ပြည့်​စုံက " ​ဟေ့​ကောင်​​တွေ .. ​ရှေ့ဆက်​မသွား​တော့နဲ့ ..အဲ့​နေရာမှာ
ချိုင့်​အကြီးကြီးရှိတယ်​ .. အရင်​က ကမ်းက အဲ့ချိုင့်​ကြီး​အောက်​ဘက်​နားမှာ .. ခုက ​ရေတိုးလို့ ဒီအထိတက်​လာတာ .. 
ရှေ့ဆက်​မတိုးနဲ့​တော့ .. "

င​ကောင်းနှင့်​ ငြိမ်းသူတို့ ပြည့်​စုံစကား​ကြောင့်
နောက်​သို့ တွန့်​သွားကြ​လေသည်​။
ကျွန်​​တော်​ ပြည့်​စုံစကားကို ဂရုမစိုက်​ပါ ..
ဒီ​ကောင်​က ​နေရာတကာ ဆရာကြီးလုပ်​ရမှ ​ကျေနပ်​သူ။ သူ​ပြောသည့်​အတိုင်း ​ရှေ့ဆက်​မသွားပါက အလိုလို​နေရင်း
သူစကားနား​ထောင်​သူများ ဖြစ်​သွား​​ပေ
လိမ့်​မည်​။ ကျွန်​​တော်​ ထို့သို့ ဘယ်​​တော့မှ
အဖြစ်​မခံနိုင်​ပါ။ အရင်​ကတည်းက ပြည့်​စုံအ​ပေါ် အမြင်​မကြည်​​သော ဓာတ်​ခံကလည်းရှိထားသည်​။ ယခု လူသိလူတတ်​ကြီးပုံစံနှင့်​ ဆရာလုပ်​တာကိုလည်း နည်းနည်းမှ
မ​ကျေနပ်​နိုင်​။ ကျွန်​​တော်​ ​ရှေ့ဆက်​တိုးလိုက်​သည်​။ တစ်​လှမ်း .. နှစ်​လမ်း .. သုံးလှမ်း .. ဘာချိုင့်​ ဘာကျင်းမှ ရှိမ​နေပါ ။ ကျွန်​​တော်​ ပြည့်​စုံကို ​လှောင်​ပြုံး ပြုံး ပြလိုက်​ရင်း ​နောက်​တစ်​လှမ်းထပ်​တိုးလိုက်​သည်​။

image
Credit Original source

ဟာ ....
ကျွန်​​တော်​​ခြေ​ထောက်​​အောက်​တွင်​ ​အောက်​ခံ​မြေသားရှိမ​နေပါ ။ လုံးဝ ​နေရာအလွတ်​ကြီးထဲကို ​ခြေ​ ထောက်​လိုက်​သလိုခံစားရပြီး ရင်​ထဲ ဟာ ခနဲ ဖြစ်​သွား၏။ ရင်​ထဲ လှိုက်​ခနဲ ခံစားမှုနဲ့အတူ လူက ​ရေ​အောက်​ပါသွားသည်​။
ရေ​အောက်​​ရောက်​သွား​သော်​လည်း ​အောက်​ခံ​မြေသားနှင့်​ ​ခြေ​ထောက်​မထိ​သေး​ချေ ။ အ​ပေါ်ပြန်​တက်​ရန်​ ကျွန်​​တော်​ ​ခြေ​ထောက်​များကိုလှုပ်​ပြီး လက်​များကို ပြာယာခတ်​စွာ
ယမ်းလျှက်​ ကူးခတ်​ကြည့်​မိသည်​။ မရ .. ဘယ်​လိုမှ ​အ​ပေါ်ပြန်​တက်​လို့မရ ။ ထိုစဉ်​ ​အသက်​​အောင့်​ထား​သော နှာ​ခေါင်းဆီမှ ​လေကို အငမ်းမရ ရှူချင်​​နေမိပြီ။ ရှူလို့မရ​သေးဘူး ဆိုတာ သိ​ပေမယ့်​ လုံးဝ ​အောင့်​နိုင်​စွမ်းမရှိ​တော့​ချေ ။ သွားပြီ .. ငါ​ရေနစ်​​သေ​တော့မှာပါလား​ဆို​သော အ​တွေးတို့က ​ခြောက်​လှန့်​လျှက်​။ အသက်​​အောင့်​ထားတာကြာ၍ နှလုံးက ပုံမှန်​ထက်​ နှစ်​ဆခန့်​အခုန်​မြန်​လာကာ နှလုံးခုန်​သံ တဒုန်းဒုန်းအသံကို ပြန်​ကြား​နေရ
ပြီး ဦး​ခေါင်းတစ်​ခုလုံး မူးမိုက်​​နေပြီ။ နားထင်​နားဆီမှ တဒိုင်းဒိုင်းခုန်​​နေ​သော ​သွေး​ကြောတို့က ​ပေါက်​ထွက်​​တော့မည့်​အလား ခံစား
နေရသည်​။ ကျွန်​​တော်​ဘယ်​လိုမှ ထိန်းချုပ်​နိုင်​စွမ်းမရှိ​တော့ပဲ ပါးစပ်​​ရော နှာ​ခေါင်း​ဆီမှပါ အသက်​ရှူ လိုက်​မိသည်​။ နှာ​ခေါင်းနှင့်​ ပါးစပ်​ထဲသို့ ​ရေ​တွေ အလုံးအရင်းဝင်​​ရောက်​လာသည်​။ ​မျက်​လုံး​တွေစပ်​ဖျဉ်းကာ အ​မှောင်​ထု တစ်​ခုထဲသို့ တဖြည်းဖြည်း တဖြည်းဖြည်း ကျွန်​​တော်​တိုးဝင်​သွား​နေသလို ခံစား​နေမိသည်​။

image
Credit Original source

တစ်​စုံတစ်​​ယောက်​ ကျွန်​​တော့်​ကို ထမ်း​ပြေး​နေသလိုခံစားရသည်​။ ကျွန်​​တော်​ ဝမ်းဗိုက်​ထဲမှ ​ရေများ အလုံးအရင်းနှင့်​ နှာ​ခေါင်းဆီသို့ ပါးစပ်​ဆီသို့ ...
နောက်​ပြီး ကျွန်​​တော်​ ပါးစပ်​ဆီမှ ​လေများ ဝင်​လာသည်​။ ရင်​ဘတ်​ထဲ ဝင်​လာ​သော​လေတို့​ကြောင့်​ တင်းခနဲဖြစ်​သွားသည်​ ..တစ်​ခါ နှစ်​ခါ သုံးခါ .. ကျွန်​​တော့်​ ရင်​ဘတ်​ကို တစ်​ခုခုဖိထား၏ ။
ဖိလိုက်​ .. ကြွလိုက်​ .. ဖိလိုက်​... ကြွလိုက်​ ...
ကျွန်​​တော့်​​ရှေ့မှာရှိတဲ့ အ​မှောင်​ထုသည်​ တဖြည်းဖြည်းပါးလားက မှုံ ပြပြ အလင်း​ရောင်​​လေး ​တွေ့လိုက်​သည်​။ ​သေ​သေချာချာ အားယူပြီး ကြည့်လိုက်​မိသည်​။ အလင်း​ရောင်​ မှုံဝါးဝါး​လေးမှ တဖြည်းဖြည်း လင်းလာ​ပေပြီ ....

ထိုစဉ်​ .. အသံတစ်​သံ ကြားလိုက်​ရသည်​ ..
" သတိရလာပြီ .. ​ဟေ့​ရောင်​​တွေ ဒီ​ကောင်​သတိရလာပြီဟ .." ဒီအသံကို ကျွန်​​တော်
ကောင်း​ကောင်းမှတ်​မိတာ​ပေါ့ ..
ပြည့်​စုံအသံမှန်း ​ကောင်း​ကောင်းသိ​နေပြီမို့ ဖြည်းဖြည်းခြင်း မျက်​လုံးဖွင့်​ကြည့်​မိ၏။ မှုံဝါးဝါး
မြင်​ကွင်းမှ ပီပီပြင်​ပြင်​ မြင်​လာရ​ပေပြီ ။

င​ကောင်း ... ငြိမ်းသူ ... ကျွန်​​နော်​ကို ငုံ့ကြည့်​​နေကြသည်​။ ​နောက်​ပြီး ... ပြည့်​စုံ ...
မြင်​လိုက်​ရ​သော မြင်​ကွင်းက ကျွန်​​တော့်​ကို အံ့အားသင့်​​ကာ မှင်​သက်သွား​စေသည်​။
ပြည့်​စုံ မျက်​လုံးမှာ မျက်​ရည်​စ​တွေနဲ့​လေ ...

နောက်​ပြီး ... ​နောက်​ပြီး ..

" ​သတိ ပြန်​ရလာတာ တော်​​သေးတာ​ပေါ့ကွာ .. ဒီလို​တွေ​တွေဖြစ်​မှာစိုးလို့ ငါအတန်​တန်​တား​နေတာ .. ​ရှေ့ဆက်​မတိုးပါနဲ့ ​ရှေ့ဆက်​မတိုးပါနဲ့ ဆိုပြီး .. မင်းငါ့စကား နားမ​ထောင်​ဘူးကွာ .. ငါက မင်းတို့ကို ဆရာလုပ်​တာမဟုတ်​ဘူးဟ .. စိုးရိမ်​တာ ..စိုးရိမ်​တာ
မင်းတို့​ကောင်​​တွေ ငါ့ကို အမြင်​ကတ်​​နေမှာမှန်းလည်း ငါသိတယ်​ .. ငါ့ကိုမ​ခေါ်ရင်​ အိမ်​နဲ့တိုင်​မယ်​ဆိုလို့ မင်းတို့ငါ့ကို စိတ်​ဆိုး​နေမယ်​မှန်းလည်းသိတယ်​ .. ဒါ​ပေမယ့်​ မတတ်​နိုင်​ဘူးကွာ ..​ရေမကူးတတ်​တဲ့ ငါ့သူငယ်​ချင်း​တွေကို ငါမပါဘဲ​တော့ ဘယ်​လိုမှ မြစ်​ဆိပ်​ဖက်
အသွားမခံနိုင်​ဘူးကွာ .... "

ကျွန်​​တော်​ အ​ခြေအ​နေကို သ​ဘော​ပေါက်​သွားသည်​ .. ဘာစကားမှ မ​ပြောနိုင်​​အောင်​လည်း စွံ့အ သွားခဲ့သည်​။ ကျွန်​​တော်​အမြင်​ကတ်​​နေ​သော ၊ ကျွန်​​တော်​စိတ်​ဆိုးခဲ့​သော ပြည့်​စုံက သူငယ်​ချင်း​ကောင်းပီသစွာ ကျွန်​​တော့ကို ကယ်​ခဲ့ခြင်းပါ ။

ကျွန်​​တော်​ကသာ ...

ကျွန်​​တော့်​ ဘက်​ကသာ ... သူ့အ​ပေါ် ....

ကျွန်​​တော်​ ဘာစကားမှ မဆိုနိုင်​ဘဲ ပြည့်​စုံကို
တင်းကြပ်​စွာဖတ်​ထားလိုက်​မိပါ​တော့သည်​ ..

နှစ်​​ယောက်​စလုံး
မျက်​ရည်​စ​တွေကိုယ်​စီ နဲ့​ပေါ့ ...
ဝမ်းသာလို့ ကျတာလား ၊ ဝမ်းနည်းလို့လား
ကျွန်​​တော်​မသိ​တော့ပါ ...
သိဖို့လည်း ဘယ်​​တော့မှမကြိုးစား​တော့ပါ ....

image
Credit Original source

(ပြီးပါပြီ)

အပိုင်း ၁ ဖတ်​ရန်

အပိုင်း ၂ ဖတ်​ရန်

အပိုင်း ၃ ဖတ်​ရန်

အပိုင်း ၄ ဖတ်​ရန်

အပိုင်း ၅ ဖတ်​ရန်

Written by @myanmarpyithar
MSC 103

Sort:  

ကျီးကန်းလိုပေါ့ အပြင်မဲနေပေမယ့် အတွင်းဖြူနေတဲ့ပြည့်စုံကြီးပေါ့ဗျာ။ဇာတ်သိမ်းကောင်း ဇာတ်လမ်းကောင်းပဲကိုမြန်မာရေ။

ကျေးဇူးပါ အစ်​ကို​ရေ .. လူတစ်​​ယောက်​ရဲ့ စိတ်​ရင်းကို သူ့အပြုအမူ သူ့သွင်​ပြင်​ကိုကြည့်​ပြီး ဆုံးဖြတ်​မ​စောကြ​စေလိုတဲ့ ရည်​ရွယ်​ချက်​​လေးပါဗျ ..

မ​သေလို့ပဲ​တော်​လှပြီ။

မ​သေလို့ ​ဝမ်းသာရသလို သူငယ်​ချင်းရဲ့ စိတ်​ရင်းကိုလည်း သိလိုက်​ရလို့ ​ပျော်​ရပါတယ်​ မအိ​ရေ ..

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

တော်သေးတာပေါ့အေ မသေကောင်း မပျောက်ကောင်း

တော်​​သေးတယ်​ ​ပြောရမှာပဲ မစု​ရေ .. နို့မို့ဆို မ​တွေးဝံ့စရာ​တွေ ဖြစ်​​တော့မှာ ..

သေကံမရောက် သက်မပျောက်ဆိုတာမျနူးပေါ့

အမှန်​ပါပဲ အစ်​မ​ရေ .. တစ်​ခါတစ်​​လေ အ​ပျော်​အတွက်​ ဘဝကို စွန့်​လွတ်​သွားကြရတဲ့ အဖြစ်​အပျက်​​တွေ မြင်​​နေရ ကြား​နေ​ရ လို့ပါ အစ်​မ​ရေ ..

Good တော်ချက် မြန်မာပြည်သားကြီး
ဇာတ်သိမ်းလေးက good

ဟီး .. ​ကျေးဇူးပါ ကိုကြီး​ရေ .. ဆက်​လက်​ကြိုးစားပါ့မယ်​ဗျ .. အား​ပေးပါအုံးဗျာ ..

ဇာတ်သိမ်းကောင်းတယ်ဗျာ goodပဲ

မနည်းဖျစ်​ညှစ်​ပြီး ​ရေးထားရတာ အစ်​ကို​ရေ .. ​ခုလို အားေ​ပး​တော့ ​ပျော်​ပြီဗျာ .. ​ကျေးဇူးပါဗျ ..

သူင်​ချင်း​ကောင်းPသတဲ့ပြည့်​စုံဘဲ

တကယ်​ပါပဲဗျာ .. သူ့လို သူငယ်​ချင်း ပိုင်​ဆိုင်​သူများ များများ ချစ်​​ပေးကြပါဗျာ ..

တော်​​သေးတယ်​​နော်​ ပြည့်​စုံကယ်​လို့

ဟုတ်​ပါ့ ကို​အောင်​ကြီး​ရေ .. သူ မကယ်​ ​သေဖွယ်​ပဲရှိ​တော့တဲ့ ဘဝပါဗျာ ..

ကျွန်တော်တို့လဲရေမကူးတတ်တော့ တစ်ခါတစ်ခါအခက်တွေ့တယ်

ရေကူး​လေး​တော့ သင်​ထားသင့်​တယ်​ဗျို့ .. အ​ရေးကြုံရင်​ သုံးလို့ရတာ​ပေါ့ဗျာ ..

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63792.82
ETH 2563.50
USDT 1.00
SBD 2.66