တစ်​သက်​တာ အမှတ်​တရ

in #myanmar6 years ago (edited)

image

" မင်း လိုက်​မှာ လား .. မလိုက်​ဘူးလား "
ငြိမ်းသူ အ​မေးကို ကျွန်​​တော်​ရုတ်​တရက်​ မ​ဖြေနိုင်​ပါ။ အိမ်​ကလူကြီး​တွေ ဆရာ ဆရာမ​တွေသိသွားရင်​ အားလုံး အသတ်​ခံရမည့်​ကိန်း။
" မင်း လိုက်​မှာဆို ​ဘောင်းဘီ အပိုထည့်​ခဲ့ "
င​ကောင်း က ကြားဖြတ်​​ပြောလိုက်​ပြီး သူတို့​တွေ ပြန်​ကြရန်​ပြင်​သည်​။ ကျွန်​​တော်​က
" ​အေးပါ .. လိုက်​ခဲ့မယ်​ကွာ .. ဒါ​ပေမယ့်​ ငါတို့ သုံး​ယောက်​ပဲ​နော်​ .. ဟိုကောင်​ ပြည့်​စုံကို မ​ခေါ်ခဲ့နဲ့​ " ကျွန်​​တော့်​စကားအဆုံး နှစ်​​ယောက်​သား ​" ​အေးပါ ​အေးပါ " ​ပြောပြီး ပြန်​သွားကြသည်​။ ထို့​နောက်​ အ​ဖေနှင့်​ အ​မေရဲ့ အရိပ်​အ​ခြေကို ကြည့်​ကာ အိပ်​ရာဝင်​ခဲ့သည်​။မနက်​ဖြန်​အတွက်​ ကြိုတင်​ရင်​ခုန်​ရင်း နာရီကို ကြည့်​မိ​တော့ ​ကိုးနာရီ ထိုးသွား​ပေပြီ .....

image

မနက်​ မိုးလင်း​တော့ မျက်​နှာသစ်​ သနပ်​ခါးလိမ်းကာ အ​မေကိုလှမ်းကြည့်​လိုက်​​မိသည်​။ မီးဖို​ချောင်​ထဲတွင်​ ကျွန်​​တော့်​အတွက်
ထမင်းချိုင့်​ ထည့်​​ပေးရန်​ ​ချက်​ပြုတ်​​နေ​သည်​ကို ​တွေ့ရ၏ ။ ငါ .. လုပ်​သင့်​ပါ့မလားဟူ​သော အ​တွေးအချို့ ​ခေါင်းထဲ​ရောက်​လာ​သေးသည်​။ ​ခေါင်းကို ခါရမ်းလိုက်​ပြီး သက်​ပြင်းနဲ့အတူ ထိုအ​တွေးတို့ကို မှုတ်​ထုတ်​လိုက်​သည်​။ " တစ်​ခါ တစ်​ရံပဲ​လေ .. ဘယ်​သူမှ မသိ​လောက်​ပါဘူး " ကိုယ့်​အ​တွေးနဲ့ကိုယ်​ အားတင်းရင်း အ​မေထည့်​ ​ပေးလိုက်​​သော ထမင်းချိုင့်​​လေးကို ​သေချာကိုင်​လျှက်​ ​ကျောင်းကားရပ်​မည့်​ ရွာအ​လယ်​ပိုင်းဆီ ထွက်​လာခဲ့လိုက်​သည်​။ အ​မေ​​ပြောနေ​သော ​ကျောင်းကားကို ​အမိုး​ပေါ်မှ မစီးရန်​ ​မြစ်​ထဲတွင်​ရေတိုးချိန်​ဖြစ်​၍ ​ရေသွားမ​ဆော့ကြရန်​ 
ပြော​နေသည်​များကို မကြားတစ်​ချက်
ကြားတစ်​ချက်​သာ .....

ကျွန်​​တော်​တို့ရွာက မူလတန်းထိသာရှိသည်​။ အလယ်​တန်းနှင့်​ အထက်​တန်းကို ရွာနှင့်​ ရှစ်​မိုင်​ ကိုးမိုင်​ခန့်​​ဝေး​သော မြို့​ကျောင်းသို့ ​ကျောင်းကားဖြင့်​ သွားတက်​ရခြင်းဖြစ်​၏။ ​ကျောင်းကားကလည်း ရွာထဲတွင်​ တစ်​​နေရာတွင်​သာစုရပ်​ သတ်​မှတ်​ကာ တစ်​ခါသာ ရပ်​​ပေး၏။ ​ထို့​ကြောင့်​ ​ကျောင်းကားမ​ရောက်​မီ စုရပ်​သို့
ကြိုတင်​​ရောက်​​နေ၍ ​ကား​စောင့်​ရခြင်းဖြစ်​သည်​။

image

ကျောင်းကားရပ်​မည့်​ ဆုံရပ်​ကို ကျွန်​​တော်​​ရောက်​​တော့ ဟို​ကောင်​​တွေ ​ရောက်​​နေ
ပေပြီ။ငြိမ်းသူ၊ င​ကောင်းအပြင်​ ပြည့်​စုံ ကိုပါ ​တွေ့ရ၏။ အခြား​ ကိုးတန်း ဆယ်​တန်းကျောင်းသားကြီး​တွေလည်း ရှိ​နေ၍ ထို​နေရာတွင်​စကား​ပြောလို့ သိပ်​အဆင်​မ​ပြေ။ ကျွန်​​တော်​တို့နဲ့ အရွယ်​တူ ရှစ်​တန်း ​ကျောင်းသူ ​ကျောင်း
သားများလည်း ရှိ​သေး၏။ သူတို့နဲ့လည်း မဖြစ်​​သေး​ချေ။ ကျွန်​​တော်​တို့ ​ပြောတာကြားသွားပါက အခန့်​မသင့်​လျှင်​ အတန်းပိုင်​​ဆရာမ နား ​ရောက်​သွား​ပေလိမ့်​မည်​။ ကျွန်​​တော်​ ​နေရာလွတ်​တစ်​ခုကို မျက်​စပစ်​ပြလိုက်​ပြီး အရင်​သွားနှင့်​လိုက်​သည်​။ ကျွန်​​တော့်​​နောက်​မှ ငြိမ်းသူနဲ့ င​ကောင်းက ​ယောင်​လည်​​ယောင်​လည်​ဟန်​ဖြင့်​ လိုက်​ပါလာရင်း ​ကျောင်း​ရောက်​လျှင်​ လုပ်​မည့်​ အစီအစဉ်​များကို ဆွဲရင်းတီးတိုးတိုင်​ပင်​ကြ၏။ ပြည့်​စုံက​တော့ ​ကျောင်းသားကြီး​တွေနဲ့ စ​ကား​ကောင်း​နေသဖြင့်​ ကျွန်​​တော်​တို့ကို သတိမပြုမိ​ပေ ..ထိုစဉ်
" ပွမ်​ ... ပွမ်​ ..." ဟွန်းတီးသံနှင့်​အတူ
ကျောင်းကား​ရောက်​လာ​လေပြီ ..

image

( ဆက်​ပါအုံးမည်​ )

image
Photo Credit - Pixabay Image
Written by @myanmarpyithar
MSC 103

Sort:  

ဆက်ပါခင်ဗျာ ။

ဟုတ်​ အစ်​မ​ရေ .. အား​ပေးပါအုံးလို့ ​နော့်​ ..

တစ်ခါတရံ မှသည် ……………

အမှတ်​တမဲ့မှ အမှတ်​တရများသို့ ...
အမှတ်​တရမှ ​မေ့မရခြင်းများသို့ ..

ဇာတ်လမ်းတွဲလေးတွေ ဖတ်ရတော့မယ်ထင်တယ်ကွယ် စောင့်မျှော်လျှက်ပါရှင့်

ဟုတ်​ မစု​ရေ .. စဉ်းစားထားတာ အရမ်း အရှည်​ကြီး​တော့ ဟုတ်​ဘူးရယ်​ .. 😀

G4 က ဇာတ်လမ်းတွဲအရေးကောင်းသူပေါချက်

ဟီး .. ၁၀ တန်း​ဖြေတုန်းက မ​မေ့နိုင်​​သောတစ်​​နေ့တာ ဆိုတဲ့ စာစီစာကုံး​လေး ပြန်​​တွေးရင်း
ရေးချင်​စိတ်​ ​ပေါက်​လာလို့ ကိုကြီး​ရေ ..

အရမ်းကောင်းတဲ့ဇာတ်လမ်းတွဲများ G4တွင်ရှိသည်

ကြိုးစား​ရေး​နေပါတယ်​ အစ်ကို​​ရေ...အစ်​ကို့ ခရီးသွားမှတ်​တမ်း​တွေက ပိုပြီး ဗဟုသုတ ရပါတယ်​ဗျာ ..

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျောင်းတတ်တုန်းကဆိုဘယ်တော့မှကားခမပေးဘူး စပါယ်ယာလုပ်ပေးလိုက်တယ်ဂိတ်ကနေကျောင်းအထိ နားအေးရောဟိဟိ။

ပေါ်ပီ .. ​ပေါ်ပီ .. ငယ်င​ယ်​က အကျင့်​​တွေ ​ပေါ်လာပြီ .. 😂😂

ကျောင်းသား ဘဝ ဇာတ်လမ်းရှည်လေး ရေးလို့ ရတာပေါ့ ကောင်းပါတယ်

ဟုတ်​တယ်​ အစ်​ကို​ရေ .. ခု​တော့ နည်းနည်းပဲ ​ရေးထားအုံးမယ်​ဗျာ ..

ကျောင်းကြရင်​ ဘာ​တွေလုပ်​ဖို့တိုင်​ပင်​​နေကြနာလည်း 😂

ဟီး .. မဟုတ်​တာမလုပ်​ပါဝူးဂျာ ... ခုမှ ရှစ်​တန်းအရွယ်​ က​လေးပဲ ရှိ​သေးတာကို ဦးကလည်း ..😂

Nice content. Lot of hard work.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63525.26
ETH 2583.76
USDT 1.00
SBD 2.80