တစ်​သက်​တာ အမှတ်​တရ (၄)

in #myanmar6 years ago (edited)

image

ငြိမ်းသူ​ရောက်​လာပြီး​နောက်​ ငါးတန်းအခန်းထဲမှ လွယ်​အိတ်​နှင့်​ ထမင်းဘူး​များယူကာ
ကျွန်​​တော်​တို့ စ ထွက်​ခဲ့ကြသည်​။ 
ကျောင်းဝင်းထဲမှ ​ကျောင်းပြင်​သို့ ထွက်​ရန်​မှာ သိပ်​မခက်​လှ​ချေ ။ ​ကျောင်းတက်​ချိန်​ဖြစ်​၍ 
ကျောင်း၏ ပင်​မ ဝင်​​ပေါက်​ကို ပိတ်​ထား​သော်​လည်း အခြား ဝင်​လို့ ထွက်​လို့ရ​သော ​နေရာများစွာလည်း ရှိ​သေးသည်​။ ထိုထဲမှ နေရာ
တစ်​ခုက​နေ ကျွန်​​တော်​တို့ထွက်​ခဲ့ကြပါသည်​။

image
Image credit - Original source

ကျောင်းဝင်းအပြင်​​ရောက်​မှ ပြသနာကစသည်​။အခြားမဟုတ်​ .. ပြည့်​စုံ ။ ဒီ​ကောင်​က ​ဆေးလိပ်​ဝယ်​ချင်​သည်​ဟု ဆိုသည်​။ ကျွန်​​တော်​တို့​တွေ အစီအစဉ်​က မြစ်​ဆိပ်​ကို မြို့ထဲက​နေမသွား။ ​ကျောင်းယူနီ​ဖောင်းများဖြင့်​ တစ်​​ယောက်​​ယောက်​က​တွေ့သွားလျှင်​ ခက်​​ချေမည်​။ ထို့​ကြောင့်​ ကျွန်​​တော်​တို့ ​ကျောင်းနှင့်​ သိပ်​မ​ဝေး​သော ဘုရား​ဘေး လမ်းကြား​လေးမှ
သွားကြမည်​။ ထိုလမ်းကြားမှ မြစ်​ရောက်
အောင်​သွားပြီး ​ရေချိုးမည်​။ ည​နေ ​ကျောင်းကားမှီ​အောင်​ပြန်​လာကြမည်​။ ဒီ​လောက်​သာ
ဖြစ်​သည်​။ ပြည့်​စုံက ထိုလမ်းမှ မသွားလို ။ "အဲ့ဒီလမ်းမှာ ဘာဆိုင်​မှမရှိဘူးဟ .. မြို့ထဲကသွားမှ ​ဆေးလိပ်​ဝယ်​လို့ရမှာ​ပေါ့  .. " ပြည့်​စုံ​ပြောလိုက်​​သောစကား​ကြောင့်​ အားလုံး​ဒေါသထွက်​ရသည်​။ ငြိမ်းသူက " မင်း ​ဆေးလိပ်​​သောက်​ချင်​တာနဲ့ အကုန်​လုံး ​တွေ့ကုန်​မှာ​ပေါ့ဟ .. ပြည့်​စုံမင်း .. မလိုက်​ချင်​​နေခဲ့ကွာ .."
" ​ဟေ့​ကောင်​တွေ ..အားလုံးအတူတူသွားမယ်​လို့ ကတိ​ပေးပြီးသား​နော်​ .. ဘာလဲ .. ကတိဖျက်​ချင်​တာလား .. ရတယ်​​လေ .. ငါကအခုဆရာမသွားတိုင်​​ပြောလိုက်​မှာ .. အဲ့လိုမလုပ်​​စေချင်​ရင်​ ငါ့ကိုခဏ​စောင့်​ .. ငါ​ဆေးလိပ်​သွားဝယ်​ပြီး ပြန်​လာခဲ့မယ်​.." ပြည့်​စုံက ​ပြောပြီး​ပြေးထွက်​သွားသည်​။ ကျွန်​​တော်​ အနားတွင်​ရှိ​သော ​ကျောက်​ခဲတစ်​လုံးကို ကန်​လိုက်​ရင်း " အဲ့​ကောင်​ ဂြိုလ်​ဆိုးပဲကွာ .. ငါ အစထဲက
ပြောတယ်​ .. မ​ခေါ်ခဲ့ပါနဲ့ဆို .. သွား​တောင်​မသွားချင်​​တော့ဘူးကွာ .." ​ဟုပြောလိုက်​​တော့
င​ကောင်းက " ဟာ .. ဒီထိ​ရောက်​လာပြီပဲကွာ .. ပြန်​သွားလည်း ငါတို့​ကျောင်းလစ်​တာ သိမှာပဲ .. သိမယ့်အတူတူ ​ရေ​တော့ သွားချိုးရ​အောင်​ကွာ .." ကျွန်​​တော်​ စကားပြန်​မ​ပြောမိ​တော့ .. ငြိမ်းသူလည်း တိတ်​ဆိတ်​လျှက်​ ...

image
Image credit - Original source

ခဏအကြာ ပြည့်​စုံပြန်​​ရောက်​လာ​ပြီး ကျွန်​​တော်​တို့အားလုံး မြစ်​ဆိပ်​သို့ ဘုရား​ဘေး
လမ်းကြား​လေးမှ ​လျှောက်​လာခဲ့ကြသည်​။
လမ်းတွင်​ ပြည့်​စုံက​တော့ ​ဆေးလိပ်​​လေးဖွာလိုက်​ ကွမ်းဝါးလိုက်​နှင့်​ ...
ကျွန်​​တော်​တို့ ​တွေကသာတိတ်​ဆိတ်​လျှက်
ဒီ​ကောင်​က စကား​တွေ အ​တော်​များ​နေသည်
သူ​ပြောတဲ့ အ​ကြောင်းအရာများကို မကြားချင်​​သော်​လည်း ကြား​နေရ၏။ ဘယ်​အတန်းက ဘယ်​အစ်​မကြီးက ဘယ်​လိုလှ​ကြောင်း၊ ဘယ်​သူနဲ့ ဘယ်​သူက ရည်းစား​တွေဖြစ်​​နေတာ ဘယ်​​လောက်​ကြပြီဖြစ်​​ကြောင်း တို့ကို အားရပါးရ​ပြော​နေ​လေသည်​။ ကျွန်​​တော်
ဒီ​ကောင့်​ကို ​တော်​​တော်​မျက်​မုန်းကျိုး​နေ
လေပြီ။ဒီအရွယ်​နဲ့ ဒီ​ကောင်​​ပြော​သောစကားများ၊ ဒီ​ကောင့်​အပြု အမူများကို လုံးဝမနှစ်​သက်​သလို ကျွန်​​တော်​တို့သူ့ကို မ​ခေါ်လျှင်
အိမ်​ကိုပါတိုင်​မည်​ဆို​သော နိုင်​ကွက်​ကိုင်​ထားသည့်​အ​ပေါ်လည်း နည်းနည်းမှ
မ​ကျေနပ်​နိုင်​​ပေ။ " ​နေနှင့်​အုံး​ပေါ့ကွာ .." ဟူ၍ စိတ်​ထဲမှ ​တေးထားလိုက်​​​သည်​။

image
Image credit - Original source

(ဆက်​ပါအုံးမည်​)

image
Written by @myanmarpyithar
MSC 103

Sort:  

You got a 50% upvote from @aungzawhtwe courtesy of @myanmarpyithar ! its cool fee free .

Thank you my bro ..

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျောင်းသားဘဝ အမှတ်​တရ​လေး​တွေ​ပေါ့အကို

ဟုတ်​ပါ့ ကို​အောင်​ကြီး​ရေ .. ဘယ်​ချိန်​ပြန်​စဉ်းစား စဉ်းစား သတိတရ​တွေ အပြည့်​နဲ့ လွမ်း​မောမှု​တွေ ​ပေးနိုင်​တဲ့ အခိုက်​အတန့်​ကာလ​တွေ​ပေါ့ဗျာ..

ငယ်​ငယ်​တုန်းကအုတ်​တံတိုင်း​ကျော်​တက်​ပြီး​ကျောင်း​ပြေးဖူးတာသတိရသွားမိပါရဲ့။

ကျွန်​​တော်​တို့က​တော့ အုတ်​တံတိုင်း​ကျော်​စရာမလိုဘူး မအိ​ရေ .. အသာ​လေး အ​ပေါက်​က တိုးသွားယုံဘဲရယ်​ ..😀

အတော်ဆိုးတဲ့ ပြည့်စုံပဲ
ကပ်သီးကပ်ဖဲ့သမား

ဟုတ်​ပါ့ ကိုကြီး​ရေ .. ထစ်​ခနဲဆို အိမ်​တိုင်​မယ်​ . ဆရာမတိုင်​မယ်​ ဆိုတာကြီးပဲ .. စိတ်​မဆိုးဘဲ မ​နေနိုင်​​တော့ဘူး ..😀

အိမ်ကိုတိုင်ပြောမှာကြောက်လို့ သည်းခံနေရတာပေါ့ကွာ.....ဟွင်းဟွင်း။

ဟွင်း ဟွင်း .. အဲ့လိုပဲ အစ်​မ​ရေ .. မဟုတ်​တာလုပ်​တဲ့သူက သူ့အ​ကြောင်းသိတဲ့သူ​တွေကို ​ကြောက်​ရတာ .. ကိုရီးယားဇာတ်​ကား​တွေထဲကလိုပ ...

အချင်းချင်းနိုင်ကွက်ကိုကိုင်ပြီးခြိမ်းခြောက်တာ
စိတ်တိုစရာ့ကောင်းလိုက်တာ

စိတ်​တိုလည်းတို သူငယ်​ချင်းလည်း သူငယ်​ချင်းဆို​တော့ ပစ်​မရ ကိုင်​မရ အ​ခြေအ​နေ​ပေါ့ အစ်​ကို​ရေ ..

ကျောင်းသားဘဝ မှာ ကျောင်းလစ်ရတာကိုက အရသာ
ကျောင်းမလစ်ဖူးတဲ့ ကျောင်းသား ရွှေလိုရှား

ဟုတ်​ပါ့ .. ဟုတ်​ပါ့ .. အဲ့အချိန်​ အဲ့အရသာ ဘာနဲ့မှ မလဲနိုင်​ပါ .. အမြဲလည်း အမှတ်​ရ​နေတာ​ပေါ့ အစ်​မ​ရေ ..

ကလေးတွေ မြစ်ဆိပ်ဘက် မသွားစေနဲ့

ဟီး .. တားမရဘူး မစု​ရေ .. ငယ်​​သေးတဲ့အရွယ်​​တွေမို့ လွှတ်​ထားလိုက်​ပါ .. တဖြည်းဖြည်းနားလည်​လာမှာပါ ..😀

ပြည့်စုံလိုင်းစုံလေးပေါ့ဟေဟေး။အရေးသားမိုက်တယ်ကိုမြန်မာရေ။

စုံချက်​က​တော့ သူ့ထက်​စုံတာ​တောင်​ သူ​လောက်​စုံမှာ မဟုတ်​ဘူး အစ်​ကို​ရေ ..လိုင်း​ပေါင်းစုံ မ ထ သ လိုပဲ ..

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25