မိုးသည်း (အပိုင်း-၃)
မိုးသည်း (အပိုင်း-၃)
အပိုင်း (၁) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း (၂) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
2010 ခုနှစ် ၊ ဇူလှိုင်လ (၁) ရက်နေ့
ဒီနေ့ဟာ ကျောင်းတက်တာ ၁ လပြည့်ခဲ့ပြီ။ နေရာဒေသသစ်၊ ကျောင်းတော်ကြီးသစ်မှာ ပညာသင်ကြားရင်းနှင့်
ညီထွဋ်ခေါင် တစ်ယောက် သူငယ်ချင်းသစ်များနှင့် ရင်းနှီး
သိကျွမ်းလာသောကြောင့် အရာအားလုံးဟာ အစိမ်း
သက်သက်မဟုတ်တော့ပေ။ သူတို့ သူငယ်ချင်း ၄ ယောက်
တွင် အစအနှောက်သန်သူက သန့်စင်ဖြစ်၏။
သန့်စင်သည်မည်မျှအစနှောက်သန်သည်မသိ ပျင်းနေလျှင်
ကိုယ့်ကိုယ်ကို ကလိယားထိုးပြီးရယ်မည့်သူမျိုး
ဖြစ်သည်။ နောက်တစ်ယောက်က နော်ဂျာ ဖြစ်ပြီး ကချင်တိုင်းရင်းသားလူမျိုးဖြစ်သည်။ အေးတိအေးစက်နေ
တက်ပြီး စကားပင်လေလုံးကွဲအောင်မပြောတက်ပေ။
နောက်တစ်ယောက်ကတော့ ဝေယံဖြစ်၏ သူကတော့
၃ ယောက်လုံးထဲတွင် ရုပ်ရည်အသန့်ဆုံးဖြစ်ပြီး မိန်းခလေး
ကိစ္စ ပွေရှူပ်သူဖြစ်၏။ သူတို့လေးယောက်လုံးက
အမူအကျင့်တစ်ယာက်တစ်မျိုးစီဆိုပေမဲ့ အနားလည်မှုရှိရှိနှင့် ပေါင်းသင်းလာခဲ့ကြသည်။
Image credit >>>pexel free photos
နေ့လည်ခင်းထမင်းစားကျောင်းဆင်းချိန်ဖြစ်၏။
သုံးယောက်သား ထမင်းစားပြီး၍ ကျောင်းအလယ်ရှိ အရိပ်
ကောင်းသော စိန်ပန်းပင်ကြီးအောက်မှ ခုံတန်းလေးပေါ်တွင် အနားယူနေကြ၏။
" ဟေ့ယောင်… သန့်စင် နေခင်းသချာင်္ဆရာမ ဒေါ်ခင်သဇင်ဦး အချိန်ပါတယ်နော်။ ဟိုနေ့က အိမ်စာတွေပေးထားတာ
လုပ်ပြီးပလား…။"(ညီထွဋ်က ဝေယံအားမေးလိုက်ခြင်းဖြစ်၏)
"မပြီးပဲဘယ်နေမလဲကွ ။ ဆရာမခင်သဇင်ဦးက ဒီလောက်
အရိုက်ကြမ်းတာ ပြီးအောင်လုပ်ခဲ့တယ်။"
"ဘယ်သိမလဲကွာ မင်းကရည်းစားစာတွေနဲ့ပဲ နဗန်းလုံးနေတာလားလို့ ။"
"ရည်းစားကရည်းစား။ စာကစာ ငါခွဲတက်ပါတယ်ကွ။"
"အေး..အဲ့ဒီလိုအပြောကြီးလို့ မနှစ်က ကိုးတန်းတုန်းက
အသည်းကွဲခဲ့တာရော မှတ်မိသေးသလား ဟားဟား
( သန့်စင်က၀င်နှောက်သည်)"
သန့်စင်နှင့် ဝေယံမှာ အနီးစခန်းကျောင်းတွင် သူငယ်တန်း ကတည်းက ခင်မင်လာကြရာ ပြောမနာဆိုမနာဖြစ်ကြ၏။
"အဲဒီကိစ္စ မပြောစမ်းပါနဲ့ကွာ … ရင်နာလွန်းလို့ အသည်းစားဘီလူးမကိုမှ သွားကြိုက်ခဲ့မိတာကိုးကွ။"
"အဲ့တုန်းက ငါတားခဲ့သေးတာပဲ … မင်းဟာမင်းမွန်နေပြီးတော့"
"ဟေ့ယောင်… မြွေတွေ… မြွေတွေ…"
(ရုတ်တရက် နော်ဂျာက ထပြောတော့ အားလုံးလန့်ကာ
ထခုန်ကြ၏)
အမလေး… မြွေတဲ့ ဘယ်မှာလည်းဟ။ ( သန့်စင်က ထခုန်ပြီးပြောသည်။ )
"ဟာ… ဘယ်ကမြွေရမှာလည်း မိုးသည်း လို့ပြောတာ ။
ဟောဟိုမှာ တွေ့လား။"
"မင်းကလည်း စကားကိုဘယ်တော့မှ ပီအောင်မပြောနိုင်ဘူး ။
မြွေတွေနဲ့ မိုးသည်း ဘာမှမဆိုင်ဘူး။"
(ညီထွဋ်က ဒေါသထွက်ထွက်နှင့် ပြောလိုက်သည်။ နော်ဂျာသည် တိုင်းရင်းသားဖြစ်ပြီး စကားက ဘယ်တော့မှမသည်းကွဲ။)
ပြီးနောက် နော်ဂျာညွန်ပြရာသို့ သုံးယောက်သား တစ်ပြိုင်တည်း
ကြည့်မိကြသည်။ ဝေယံကတော့ တီကောင်ဆားနှင့်
ပက်လိုက်သလို ရှုံ့တွသွားသည်။ တစ်ခုခုကို သတိရ
လွမ်းဆွတ်သွားသည့်ပုံမျိုး။
"အဲ့တာ … ဝေယံကို အသည်းခွဲခဲ့တဲ့ ဆော်ပဲကွ ညီထွဋ်ရ"
( သန့်စင်က ပြောပြသည်။)
"မပြောပါနဲ့ ကွာ သူ့နာမည်ကြားတာနဲ့ ငါ့စိတ်တွေမခိုင်ခဲ့ဘူး ။
အခုလို အရှင်လတ်လတ် မြင်လိုက်ရတော့ ငါ့အသည်းတွေ
တစ်စစီကွဲကြေကုန်ပါပြီကွာ… ။"
( ဝေယံက သူ့ခံစားချက်ကို လူစုံတုန်း ဖောက်သည်ချလိုက်၏)
သူတို့ပြောနေသော "မိုးသည်း"ဆိုသော မိန်းခလေးသည် တဖြေးဖြေး ရုပ်လုံးပေါ်ကာ အနားမလှမ်းမကမ်းသို့ ရောက်ရှိလာသည်။
ညီထွဋ်" တောက် "ခေါက်လိုက်၏။ ထို့နောက် ဒင်းနဲ့ငါ တွေ့ပြီဆိုကာ ထိုမိန်းကလေးဆီသို့ သွားကာ ရှေ့တွင်ပိတ်ရပ်လိုက်သည်။ ကျန်သူငယ်ချင်းသုံးယောက်လုံးက ညီထွဋ် ၏ လုပ်ရပ်ကို
နားမလည်နိုင်စွာဖြင့် ကြောင်ပြီးကြည့်နေကြ၏။
"ဒီမယ် မင်းငါ့ကို မှတ်မိလားး"
ညီထွဋ် အသံခပ်မာမာဖြင့် မေးလိုက်သောကြောင့် မိုးသည်ဟုခေါ်သော ထိုမိန်းကလေးမှာ ရုတ်တရက်ကြောင်သွားပြီး နောက်မှ အခြေနေကို ရိတ်မိသွားဟန်ရှိသည်။
"အော်…. နင်ကိုး။"
"ဟုတ်တယ် အဲ့ဒီနင်ပဲ။ စက်ဘီးချင်း ချိတ်မိတာတောင် ဘာဖြစ်သွားသေးလဲ လာမေးဖော်မရပဲ ကြက်ပျောက် ငှက်ပျောက် ပြေးသွားတာ ။ "
"မဟုတ်ပါဘူးဟာ … အဲ့ဒီနေ့က သူငယ်ချင်းဆီ အရးတကြီးသွားစရာရှိလို့ပါ။ တမင် လုပ်ခဲ့တာမဟုတ်ပါဘူး။ ကိုယ့်ကြောင့် ဒဏ်ရာ ရသွားတာကို မမေးရလောက်အောင် ငါ မရိုင်းဘာဘူး။ ဒါနဲ့ နင်ဒဏ်ရာတွေရသွားသေးလား။ ငါတကယ်တောင်းပန်ပါတယ်။"
ယခုတော့ ဒီမိန်းကလေးသည် ထိုနေ့က ညီထွဋ်အား စက်ဘီးနှင့် တိုက်ခဲ့သော မိန်းကလေးပုံစံမျိုးမဟုတ်တော့ ။ ထို့နေကလိုမျိုး တည်ကြည်သောမျက်နှာ အေးစက်စက် အကြည့်များမတွေ့ရတော့ပဲ ။ အရမ်းကိုနူးညံ့ကြင်နာတက်သော မျက်နှာဘေးနှင့် ချိုသာသော အပြုံးလှလှလေးတွေကို တန်ဆာဆင်ထား၏။
သူမဘက်က စကားကို ပြေရာပြေကြောင်း ပြောနေတော့ ကိုယ့်ဘက်က ဆက်တင်း၍ မသင့်တော်သောကြောင့် ညီထွဋ်ဒေါသကို ပြန်ထိမ်းလိုက်သည်။
"ဘာမှမဖြစ်တော့ပါဘူး လက်ပဲနာသွားတာ ။ အခုတော့ သက်သာသွားပါပြီ။"
" ဟုတ်လား… ပြစမ်းပါဦး ဘယ်နားခိုက်မိသွားတာလဲ။"
ရုတ်တရက် ညီထွဋ်လက်အား လှမ်းကိုင်၍သူမကဂရုတစိုက်ကြည့်၏။ ညီထွဋ်သည် သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းမသိ ။ တစ်ကိုယ်လုံးအေးစက်သွားသည့် ခံစားမှုမျိုးခံစားလိုက်ရသည်။ သူ့တစ်သက် ဘယ်မိန်းခလေးတစ်ယောက်၏လက်နှင့်မှ မထိခဲ့ဖူး။ အငြို့ခံနေရသော လူတစ်ယောက်လို ငြိမ်သက်ကာ ကျောက်ရုပ်လို ရပ်နေမိ၏။
"အော် .. သက်သာသွားပြီပဲ ။ အဲ့နေ့က ဖြစ်ခဲ့တဲ့ကိစ္စအတွက်
တကယ်တောင်းပန်နော်။ "
( ညီထွဋ် ဘာမှပြန်မပြောနိုင်ပဲ ငူငူကြီးရပ်နေသည်)
"ဟိတ်ဟိတ် .. ။"
( ထိုမိန်းခလေးက အသံပြုလိုက်မှ ညီထွဋ်သတိပြန်ကပ်လာသည်။)
"အော်… ဟုတ်ရပါတယ်။ အခုလို အကျိုးသင့်အကြောင်းသင့်
သိလိုက်ရတော့ နားလည်းပေးရမှာပေါ့"
"ငါ့နာမည်က မိုးသည်းပါ။ နင်တို့ အိမ်နဲ့သိပ်မဝေးဘူး။
တောင်ကျွန်းမြောက်ပိုင်းကပါ။ နင်တို့အိမ်က
အနောက်ပိုင်းကမို့လား ။"
"ဟုတ်တယ် … င့ါနာမည်က ….။"
"နင့်နာမည်က ညီထွဋ်ခေါင်မို့လား။"
"ဟင်…" (ညီထွဋ် အံ့သြသွားသည်။)
"ဟုတ်ခွင့်ပြုပါဦးနော်…။"
သူမသည် ယဉ်ယဉ်ကျေးကျေး ခေါင်းလေးတစ်ချက်ငြိမ့်ပြီး
အပြုံးလေးတစ်ပွင့်ချွေကာ ထွက်ခွာသွား၏။ သူမ၏ကျောပြင်ကိုငေးကာ ညီထွဋ်တစ်ယောက် တွေးပေါင်းစုံတို့ဖြင့် ကျန်ခဲ့၏။
သူ့ရင်ထဲတွင် မြားတစ်စင်း စူးစူးနစ်နစ် စိုက်ဝင်သွားမှန်း
သူသိလိုက်၏။ ဘာမြှားဖြစ်မလဲ ။ အချစ်မြှားတော့ မဖြစ်ပါစေနဲ့။
အော်… မိုးသည်းရေ … မင်းဟာ မိုးစက်တွေလိုပဲ
ကိုယ့်ရင်ထဲကို ငြင်သာစွာ ခုန်ဝင်ခဲ့ပြီကွယ်။ ခုန်ဝင်ခဲ့ပြီ။
အပိုင်း - ၄ ဆက်ရန်>>>
.......................................................
ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko
ဘာမြှားဖြစ်လေမလဲ
အချစ်မြှား ဆိုရင်တော့ ပူလောင်တော့မှာသေချာတယ်
အပိုင်းလေးကို မျှော်နေသည်
ဟုတ် ကျေးဇူးပါဗျ
မောင်ညီထွဋ်ကတော့ အချစ်ပန်းတွေ ပွင့်တော့မယ်
ထင်တယ် စောင့်မျှော်နေအုံးမှပဲ
အချစ်ပန်းလှလှလေးတွေ ပွင့်လာတော့မှာပါဗျ
နံမည်လေးပေးတတ်လိုက်တာ မိုးသည်းတဲ့။
ဟုတ် မိုးရွာထဲ မွေးခဲ့လို့နေမယ် 😁😁😁
အားပေးနေပါတယ်ခင်ဗျာ.. ဖက်လို့လည်း ကောင်းပါတယ်
ဟုတ် ကျေးဇူးပါ ကိုလင်း
ချစ်မိုးကြီး ရွာတော့လေမလား
နှလုံးသားတစ်ဝိုက်မိုးသည်းတော့မယ်ဗျာ
မိုးသည်းတဲ့.. နာမည်ပေးတတ်တယ်ဗျာ😉😉😉
ဟုတ် မိုးရွာရင်း ဇာတ်လမ်းရေးမိသွားတာ မိုးသည်းလို့ပဲ
နာမည်ပေးလိုက်တာ
နောက်တစ်ပိုင်းကို စောင့်ရုံပဲ ရှိတော့တယ်ဗျာ
ဟုတ် ကျေးဇူးပါကိုစောရေ
ချစ်မိုး ဘယ်တော့ရွာမှာလည်း
ရွာပြီးရင်တော့ စွေမှာပဲ စိုးတယ်
ဆက်လက်စောင့်မျှော်ဖတ်ရူနေပါကြာင်း။
ကျေးဇူးပါ မအိရေ