မိုးသည်း(အပိုင်း - ၁)

in #myanmar6 years ago

boots-footwear-pink-34519.jpg

မိုးသည်း (အပိုင်း - ၁)

.
.
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️

မိုး

သို့…. မိုး

မိုးတဲ့လေ …. ၊ ကြားယုံနဲ့တင် လူတွေကအားလုံးရဲ့
အသည်းကို ကိုင်လှုပ်နိုင်လေရဲ့။
မျှော်ပုံခြင်းမတူကြပေမဲ့ မျှော်နေတာခြင်းကတော့
တူကြမှာပါလေ…။
ကလေးတွေကတော့ ဆော့ကစားဖို့မိုးကိုမျှော်၏ ။
တောင်သူဦးကြီးတွေကတော့ ရာသီ သီးနှံနှင့် စပါးစိုက်ကြဖို့
မိုးကိုမျှော်၏ ။
ကဗျာဆရာများကလည်း မိုး၏အလှကို ခံစားရေးဖွဲ့ဖို့
မိုးကိုမျှော်၏ ။
သစ်ပင်၊ ပန်းမန်တောတောင်တွေကလည်း စိမ်းလန်းစိုပြေ
လှပဖို့ မိုးကိုမျှော်၏ ။
ကိုယ်လည်း မိုးကိုမျှော်၏…။ မိုးကိုမျှော်၏ ။

attractive-beautiful-blurred-background-789296.jpg

ဟော…. ဟိုးမှာ အနောက်ဘက်တောင်တန်းတွေကို
ဖြတ်ကျော်ကာ မိုးတိမ်တွေ အလိပ်လိုက်
တက်လာကြပြီ။ မိုးက အရောင်တောက်တောက်မကြိုက်တက် ဒါကြောင့် ကောင်းကင်ပြာပြာကိုချက်ခြင်း
မီးခိုရောင်ပြောင်းလိုက်၏။ မှိုင်းမှိုင်း ညို့ညို့ နှင့် ရင်ထဲက
အပူတွေကိုအသာထား အပြင်က မျက်စိကို
အရင်ဆုံးအေးစေပြီ။ ငြိမ်းစေပြီ….။
မိုးလာပြီ လို့ဆိုလိုက်တာနဲ့ လူတွေအားလုံး
ပြာယာခက်ကုန်ကြ၏။
ဆော့ကစားဖို့ အင်္ကျီချွတ်ပြီး
တာဆူနေတဲ့ ကလေးငယ်တွေ….
နေလှန်းထားသော အ၀တ်စားတွေကို အပြေးလွှား
ရုတ်သိမ်းနေသော အိမ်ရှင်မတွေ….
ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ပီတိဖြစ်နေသော
တောင်သူလယ်သမားတွေ….
အဖြူရောင်ဗလာစရွတ်ပေါ်တွင် အလုပ်ရှူပ်နေသော ကဗျာဆရာရဲ့လက်တွေ….
အားလုံး… အားလုံး… ပြာယာခက်ကုန်ကြ၏ ။

alone-cold-foggy-25763.jpg

ဒီလိုပါပဲမိုးရေ…
ပြတင်းပေါက်နားမှာထိုင်ပြီး မိုးရေထဲက မသည်းမကွဲတဲ့
အရာတွေကိုကြည့်ရင်း ငေးမောနေတက်တဲ့
ကိုယ်လိုအဘိုးကြီး(အလွမ်းသမား) တွေရဲ့ ရင်ထဲမှာရော
ဘယ်လောက်တောင်ပြာယာခက်နေလိုက်မလဲ….
ခေါင်းမိုးစွန်းမှာတွယ်ကပ်နေတဲ့ မိုးရေတွေလို
ကိုယ့်ရဲ့စိတ်အလျှင်မှာ အကြိမ်ကြိမ်ခြောက်လှန့်နေတဲ့
အတိတ်ဆိုးတွေက ကိုယ့်နှလုံးသားမှာ ခိုကပ်နေကြဆဲပါ…
မိုးချင်းတူရင်တောင် ကိုယ်အနားမှာရွာတဲ့မိုးက
ပိုပြီးသည်းလိမ့်မယ်ထင်ပါတယ်…. မိုးရယ်….။

ညီထွဋ်

❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️

antique-book-glasses-33085.jpg

ဟောင်းနွမ်းနေတဲ့ စာအုပ်ခပ်ထူထူ၊ အနားတစ်ချို့
တွန့်ကြေနေတာကလွဲလို့ သပ်သပ်ရပ်ရပ်ရှိနေတာကို
ကြည့်ခြင်းအားဖြင့် ဒီစာအုပ်လေးကို ဦးညီထွဋ်ခေါင် တန်ဖိုးထားမှန်ပေါ်လွင်၏ ။ ထိုစာအုပ်လေးထဲကို ဦးညီထွဋ်ခေါင်
သူရဲ့ခံစားချက်တွေကို ကဗျာလိုလို စာလိုလို ရေးသားနေခြင်း
ဖြစ်၏။ ဦးညီထွဋ်ခေါင်မှာ အသက်၅၀ ကျော်ရှိပြီ။
ဇရာကြောင့် အသားအရေတို့ကလည်း တွန့်ကြေနေကြ၏။
မျက်ခုံးမွေး၊ နှုတ်ခမ်းမွေး နှင့် ဆံပင်တို့မှာလည်း
အဖြူတစ်ဝက် အနက်တစ်ဝက်ဖြစ်နေ၏။ ဘ၀ဆိုတာ
မီးတောက်ငယ်တစ်ခုလိုပင် မီးစာနှင့် ဆီရှိနေသ၍
ထွန်းလင်းနိုင်၏ သို့သော် ထိုမီးစာနှင့် ဆီ မရှိတော့လျှင်
ချုပ်ငြိမ်းသွားရ၏။ ဤကဲ့သို့ပင် ဦးညီထွဋ်ခေါင်မှာ
မီးစာလည်းကုန်လုပြီ ဆီးလည်းခမ်းလုပြီ။ သူမသေခင်မှာ
သူ့ရင်ထဲက ဆန္ဒတစ်ခုကိုပြည့်သွားချင်၏။
မိုးရေတွေကို အတန်ကြာ ငေးကြည့်နေရာမှ
သတိကပ်လာဟန်တူ၏။ ထို့နောက် အင်အားချိနဲ့နေပြီဖြစ်
သော အကြောတွေထင်ထင်ကြီးမြင်နေရသော လက်ဖြင့်
ရေးလက်စ ဒိုင်ယာရီ စာအုပ်၏ ပထမဆုံး စာမျက်နှာအား
ဖြေးညင်းစွာလှန်လိုက်ပြီး မှုန်နေပြီဖြစ်သော မျက်လုံးများကို အစွမ်းကုန် အားထုတ်ကာ
ဖတ်နေလေတော့၏… ဖတ်နေလေတော့ ၏ ။

အပိုင်း - ၂ ဆက်ရန် >>>

Image credit >>>pexel free photos

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko

MSC no. 118

Sort:  

မိုးဆိုရင်​ကို လန့်​​နေပြီ
ကိုမိုးဟန်​​ရေ😂😂

ဟုတ်ပ ကိုအောင်ကြီး ရေ...
ကျနော့်မိုးကလည်းကြမ်းမှာဗျ

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

စကားလုံးသုံးထားတာ​လေး​ကောင်းပါတယ်​ရှင်​။

ဟုတ် ကျေးဇူးပါ မအိရေ
ဆက်လက်ပြီး ကြိုးစားသွားပါ့မယ့်ဗျာ

ကျောင်းသားတုန်းက မိုးရွာရင် ပျော်ခဲ့တယ်

မိုးရွာရင် ကျောင်းမသွားဘူးဆိုတာက ထုံးစံဗျ😂😂😂

ဖတ်လို့ကောင်းပါသည်

ကျေးဇူးပါဗျ

မိုးများလို့ရေကြီးတယ်ဗျ။ မိုးက ပုံမှန် တော်ရုံတန်ရုံလေးပဲ ရွာကောင်းတာ။ များရင်မကောင်းတော့ဘူး။ တန်ဆေး လွန်ဘေးလိုပဲပေါ့ဗျာ။

ဟုပ်ပေါ့ဗျာ ကိုရွှေမိုးက လည်း အငြိုးနဲ့ရွာမယ်ဆိုတာချည်းပဲ

" မိုးကိုချစ်သည် ဒါပေမဲ့မုန်းသည် " ကျွန်တော် ဗညားအောင်ဇော်ထွေး ပါ အဟီး။

ဟုပ်ကဲ့ တွေ့ဆုံပွဲကျ အော်တိုလေးရေးပေးပါဗျ

ဪ...ဒိုင်ယာရီရေးနေတုန်းရှိသေးတာကိုး😁
ဆ်က်လက်ဖက်နေပါအုံးမည်.....ဖတ်နေပါအုံးမည်ဗျ😁😁

ဟုတ် အခုမှအစပဲရှိသေးတာဗျ
အားပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။ ကျေးဇူးတင်ပါတယ်ဗျ။ 😍

မိုးအကြောင်းဖတ်ရတာရေကြီးနေလို့သတိထားနေရတယ်

ဟုပ်ပေါ့ အကိုရေ...
မိုးကလည်းကောင်းတယ်ဗျာ

အ​ရေးအသားကလည်း​ကောင်း ကုန်​ကြမ်းကလည်း ​ပေါလို့ဖြစ်​မယ်​ အရမ်းအားကျတယ်​ဗျာ

ဟုတ်ကဲ့ အချစ်ဦးမှာ အသည်းကွဲခဲ့တော့ ပြန်ဖီးပြီးရေးနေရတာဗျ😀

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58083.18
ETH 2578.52
USDT 1.00
SBD 2.42