မိုးသည်း...(အပိုင်း-၂)
အပိုင်း (၁) အားဤနေရာအားနှိပ်ပြီးဖတ်ရန်
မိုးသည်း...(အပိုင်း-၂)
.
မေလ (၁) ရက်နေ့ ၂၀၁၀ခုနှစ်။
" မေမြို့ သို့မဟုတ် ပြင်ဦးလွင် ၊
တိမ်ခိုးလေးများ ရစ်သိုင်းပါလို့အစဉ်...
ပန်းကမ္ဘာမျော်စင် စခန်းသာပေါ်ဝယ်၊
မြွေလိမ်မြွေကောက်လမ်းကလေးများ ဖြတ်ကာကျော်ခဲ့ရင်...
မြေပြင်ချိုင့်ဝှမ်း မန္တလေး အဝေးကမှုန်ဝါးမြင်... "
မြဝတီရုပ်မြင်သံကြားအစီစဉ်မှ ပြင်ဦးလွင်မြို့အကြောင်း စီစဉ်တင်ဆက်သောအခါ၌ နားဝင်ချိုချို နောက်ခံတေးသီချင်းလေးက ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်ဖြစ်သော
ညီထွဋ်ခေါင် ၏ နှလုံးသားကို
သိမ်းကြုံးယူလိုက်၏။ မြူခိုးများအစဉ်ဖုံးလွှမ်းနေသော
ထိုတောင်ပေါ်မြို့လေး၌ ပန်းပေါင်းစုံတို့ ခညောင်းရုံသာမက
ချယ်ရီပန်းတို့ကလည်း တစ်တောလုံးတစ်တောင်လုံး ဖုံးလွှမ်းကာ ပန်းနုရောင်ခြယ်သထားကြပေအုံးမည် ။ ထိုကဲ့သို့
အေးချမ်းသာယာမှုတို့ ပေးစွမ်းနိုင်စွမ်းရှိသော
တောမကျမြို့မကျ ထိုတောင်ပေါ်မြို့ငယ်လေးမှာ နေထိုင်ချင်မိသော သူ၏စိတ်ဆန္ဒပြင်းပြမှုသည်လည်း
လွန်အံ့မည်မထင်ပေ။
ပြော၍မကုန် ဖွဲ့၍မကုန် ထိုတောင်ပေါ်မြို့လေးသည်
သဘောကျစရာနာမည်များကလည်းစုံလို့ -
" ပြင်ဦးလွင် ၊ မေမြို့၊
ပန်းမြို့တော်၊ ချယ်ရီမြို့တော်၊
တောင်လှေကားမြို့တော် "
ယခုတော့ ညီထွဋ်ခေါင် ဆန္ဒပြည့်ခဲ့ပြီ။ ညီထွဋ် တို့မိသားစုသည် ဖခင်၏ အစီစဉ်ဖြင့်မန္တလေး မှ ပြင်ဦးလွင် သို့ပြောင်းရွေ့ခဲ့ကြ၏။ ပြင်ဦးလွင် သို့ ပြောင်းရွေ့နေထိုင်ရတော့မည်ဆိုသော သတင်းကြားခဲ့စဉ်က ညီထွဋ် သည် အပျော်လုံးစို့ကာ ထို့ညတစ်ညလုံး
အိပ်၍မပျော်နိုင်အောင်ဖြစ်ခဲ့၏။ မနှစ်က နွေရာသီကျောင်းပိတ်ချိန်၌ ညီထွဋ် တို့မိသားစု ၃ ယောက် ပြင်ဦးလွင်မြို့လေးသို့
အပန်းဖြေခရီးထွက်ခဲ့ကြကာ ထိုစဉ်ကတည်း ညီထွဋ် သည်
ပြင်ဦးလွင်မြို့တွင် နေထိုင်ချင်ကြောင်း မိခင်ကိုပူဆာခဲ့ဖူး၏။
ညီထွဋ် သည် တစ်ဦးတည်းသော သားဖြစ်ကာ မိဘများက
လည်း အလိုလိုက်ကာ ချစ်ကြသည်။ ထိုကဲ့သို့ လိုလေးသေးမရှိ ဖြစ်ချင်သမျှအကုန်ဖြစ်ခဲ့ရသော သူသည် ဆိုးသွမ်းခြင်းမရှိပဲ
လိမ္မာရေးခြားရှိ၍ မိဘများကအချစ်ပိုကြ၏။ ယခုနှစ် ၂၀၁၀
ခုနှစ်တွင် ညီထွဋ် သည် ၁၀ တန်းတက်ရမည်ဖြစ်သည်။
ဖခင်၏ စိတ်ကူးစိတ်သန်း ကောင်းခြင်းကြောင့် ညီထွဋ် တို့
အိမ်ကလေးသည် ပြင်ဦးလွင်မြို့နယ် အနီးစခန်း တောင်ကျွန်း ကျေးရွာလေး၏ အစွန်ဖြစ်သော တောင်ကုန်းလေးပေါ်တွင်
တည်ရှိ၏ အတော်အသင့်ကျယ်သော ခြံဝန်းဖြစ်ပြီး နှင်းဆီ နှင့် သစ်ခွပန်း အနည်းငယ် စိုက်ပျိုးထားသော ဥယဉ်ငယ်လေးတစ်ခုပင်ပါရှိသေး၏။ တောင်ကုန်းပေါ်မှာဖြစ်၍ ပတ်ဝန်းကျင်ရှူခင်းများကလည်းသာယာ၏။ ညီထွဋ် တို့အိမ်တောင်ကုန်းလေးပေါ်မှ ဆင်ခြေလျှော ကတ္တရာ လမ်းလေးအတိုင်းဆင်းလာခဲ့ပြီးလျှင် ထင်ရှူးတောတန်းကို
ဖြတ်ရ၏။ထိုထင်ရှူးတောတန်းလေးကို ဖြတ်ကျော်ပြီးလျှင် လမ်းဆုံရှိ၏။ ထိုလမ်းဆုံမှ တောင်ဘက်သို့သွားသောလမ်းလေးကိုချိုးကွေ့သွားလိုက်လျှင် အနီးစခန်း အ. ထ. က အမှက်(၅) အထက်တန်းကျောင်းသို့ရောက်ရှိမည်ဖြစ်သည်။ ညီထွဋ် ၏
ဖခင်က ကျောင်းသွားကျောင်းပြန်စီးဖို့ ယိုဒယားစက်ဘီးလေးတစ်စီး ဝယ်ပေးထားသည်။
Image credit >>>
ဒီနေ့သည် ညီထွဋ် အတွက် ကျောင်းတော်သစ်ကြီးဆီသို့
ပထမဆုံး ကျောင်းစတက်ရမည့်နေ့ဖြစ်သည်။ အဖေနှင့်အမေကိုနှုတ်ဆက်ကာ အသင့်ပြင်ပေးထားသော ထမင်းချိုင့်နှင့် မိုးကာအင်္ကျီကိုယူပြီး ကျောင်းသို့ထွက်လာခဲ့သည်။ မိုးဆဲပြီ
ဖြစ်သော်လည်း တစ်ညလုံးရွာသွန်းခဲ့သော မိုးရေများကြောင့် ကတ္တရာလမ်း လေးနှင့် လမ်းဘေးရှိသစ်ပင်ခြုံနွယ်များသည် စိုစွတ်လျှက်ရှိနေသေး၏။ အတန်ကြာအောင် ကုန်းဆင်းအတိုင်းစက်ဘီးလေးစီးပြီးနောက် ထင်းရှူးတောတန်းလေးကို
ဖြတ်လိုက်ရချိန်တွင် အမျိုးမည်မသိသော အနံ့သင်းသင်းလေးက နှခေါင်းထဲသို့ဝင်ရောက်လာ၏။ ဘာနံ့မှန်းမသိပေမဲ့
ဒီအနံ့လေးကို သူကြိုက်၍ တဝကြီးရှူရှိုက်လိုက် လေသည်။ ယခုမှသတိထားမိသည် ထင်းရှူးတောအတွင်းပိုင်းကို လုံးဝ
မမြင်နိုင်အောင် မြူခိုးများက ဖုံးအုပ်လျှက်ရှိသည်။ ဤမြင်ကွင်းမျိုးကို သူနှစ်သက်၏ သဘောကျ၏။ ညီထွဋ် အငေးကောင်းကာ လမ်းဆုံသို့အရောက် ဘဲမတီးပဲ ရုတ်တရက် မြောက်ဘက်လမ်းမှ ပေါ်လာသောစက်ဘီးကြောင့် ညီထွဋ် တစ်ကိုယ်လုံးပူထူသွားပြီး စက်ဘီးလက်ကိုက်အားကွေ့ရှောင်လိုက်ရာ အရှိန်မထိမ်းနိုင်ဘဲ လှဲကျသွားလေတော့၏။ လှဲကျနေရာမှ ထိုစက်ဘီးရှင်အား လှမ်းကြည့်မိလိုက်ရာ မိန်းခလေးဖြစ်နေမှန်းသိလိုက်ရသည်။ သူမမှာ ဘာမှမဖြစ်ပဲ စက်ဘီးကိုဘရိတ်အုတ်ရပ်ကာ ညီထွဋ် အား သမင်လည်ပြန်လှမ်းကြည့်၏။ ဘာဖြစ်သွားလဲဆိုသည့်သဘော။ သူမအကြည့်သည် တည်ကြည်၏။ မိန်းခလေးတို့သဘာဝ တစ်ခုခုဖြစ်လျှင် စိတ်လှုပ်ရှားတက်သော အမူရာကိုစိုးစေ့မျှမတွေ့ရပေ။ ထူးဆန်း၏။ ညီထွဋ်လည်း လှဲကျရာမှ ထောက်မိ၍နာနေသောလက်ကိုပွတ်ကာ ကုန်းရုန်းထလိုက်သည်။ ထို့နောက်လှဲနေသော စက်ဘီးကို ပြန်ထောင်ပြီး ဒေါက်ထောက်လိုက်သည်။ မိမိဆီသို့ ထိုစက်ဘီးရှင် မိန်းခလေး လာမှာပဲဟု။ စိတ်ထင်ကာ လှမ်းကြည့်မိလိုက်၏။
ဒေါသငွေ့များ တထောင်းထောင်းထသွားလေ၏။ အကြောင်းမှာ ထိုမိန်းခလေးကို အရိပ်ယောင်တောင် မမြင်ရတော့ခြင်း
ကြောင့်ဖြစ်သည်။ တကယ်ဆို ကိုယ်မမှားရင်တောင် တစ်ဖက်လူဘာဖြစ်သွားသေးလည်း မေးဖို့ကေင်းသည်မဟုတ်လား။
" တော်တော်လူမှုရေးမသိတက်သော မိန်းခလေးပဲ " ဟုစိတ်ထဲက တွေးလိုက်ပြီး တောက်တစ်ချက်ခေါက်မိသွား၏။
" တောက် "
အပိုင်း - ၃ ဆက်ရန်>>>
ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko
ဇာတ်လမ်းတော့ စနေပြီ ... ဆက်လက်ဖြစ်ပျက်တာတွေကို ပိတ်ကားပေါ်မှာ မျှော်နေပါ့မယ်
ဟုတ်ကိုစော အစွမ်းကုန်ကြိုးစားပြီး ဖွင့်ချပါတော့မယ်ဗျ
Upvote this for me please? https://steemit.com/christianity/@bible.com/verse-of-the-day-hebrews-4-16-nlt
အပိုင်းဆက်လေ ဖတ်ရတော့မှာပေါ့
ဟုတ် ကျေးဇူးပါ ကိုမြင့်
ဇာတ်လမ်းလေးအားစောင့်မျှော်နေပါကြောင်း။
ကျေးဇူးပါဗျ မအိ
ပြင်ဦးလွင်မှာနေချင်နေတာနော်
ဟုတ် လာလယ်ဖို့လည်း ဖိတ်ခေါ်ပါတယ် ကိုဒိုရေ
ဖတ်ရှုခဲ့ပါသည်
ကျေးဇူးပါ အကိုရေ
" တောက် " ခေါက်၍ ပြန်လာခဲ့ပါမည်ပေါ့။
တောက် ကနေပဲ ဇာတ်လမ်းစတော့မည်ဗျို့
ဆက်ဖတ်ပါမည်
ဟုတ် ကျေးဇူးပါဗျ
အဲဒိမှာ စတွေ့တော့မယ်ထင်တယ်နော် hee hee
ဟုတ်ကဲ့ဗျ စတွေ့ပါပြီဗျ...
မေမြို့သိုမဟုတ် ပြင်ဦးလွင်
နေချင်ပါလို့ အရူးထချင်
အပန်းဖြေခရီးထွက်ဖို့ အရမ်းကောင်းတဲ့မြို့လေးပါဗျ ကိုဟိန်း