ပြာ

in #myanmar6 years ago

ပြာ
image credit [original image] (https://www.google.com/search?biw=360&bih=305&tbm=isch&sa=1&ei=LQ8iW5mKM4e_rQHUm7vgAQ&q=သဘာဝတရား&oq=သဘာဝတရား&gs_l=mobile-gws-wiz-img.12...11295.18801..19941...1....149.1272.0j10......0....1.......3..0j35i39j0i67.rkn8VFgHzPo%3D#imgrc=YmZgXmXSi3XtnM:)

    လောကကြီးတွင် အဆင်မြင့်သည်ဟု ထင်မှတ်နေသော လူသားမိသားစုနှင့် ရုန်းကန်လှုပ်ရှားနေရသော အဆင့်နိမ့်သည်ဟု ထင်ရသော လူသားမိသားစုများ ရှိနေကြသည်ဟု ထင်မှတ်ရပါသည်။ 
     အဆင့်မြင့် ချမ်းသာသော လူများသည် ကျောင်းနေအရွယ် ကလေးများကို အဆင့်မြင့်ပြီး အကုန်အကျများသော ကျောင်းကို ထားကြပါမည်။ အပြိုင်အဆိုင် ကားကြီးကားငယ်နှင့် သားသမီးများကို ကျောင်းကြိုပို့ ကြပါသည်။ စာပြသော ဆရာဆရာမများကိုလည်း အပြိုင်အဆိုင် ခေါ်ယူကြပါမည်။ 
  အဆင့်မြင့်သည်ဟု ထင်နေကြသော မိသားစုများသည် ဘ၀ပေးကုသိုလ်ကံ ကောင်းသည့်အလျောက် ငွေကြေး ပြည့်စုံကြပါသည်။ ငွေကြေးပြည့်စုံသောအခါ ကြယ်နဲ့လကိုသာ ၀ယ်ယူလို့ မရတာကို သိနေကြပါမည်။ ကျန်တော့ အရာများအားလုံးကို စိတ်ကြိုက်ဖြစ်နိုင်အောင် ဖန်ဆင်းချင်ကြပါသည်။ 
  သူတကာများကိုလည်း အပေါ်စီးမှ ဆက်ဆံချင်ကြပါသည်။ လိုချင်သော အရာများကို ငွေနှင့် ဖြေရှင်းတတ်ကြပါသည်။ ရောဂါဖြစ်လာလျှင် ပျောက်ကင်းအောင် အကောင်းဆုံးသမားတော်နှင့် ကုသကြပါမည်။ အလှူအတန်း လုပ်ရာတွင်လည်း သူများထက်သာအောင် လုပ်ဆောင်ကြပါမည်။ ကိစ္စတော်တော်များများကို မာနတရားဖြင့် ရှေ့တန်းတင် အနိုင်ယူကြပါမည်။ 

image credit [original image] (http://kanyotanseezar.blogspot.com/2011/12/blog-post_9905.html?m=1)
ဘ၀မြင့်သော လူများသည် ကိုယ့်အကြောင်းကို ဆန်းစစ်သင့်ပါသည်။ သူများကို အနိုင်ယူဖို့ရာကိုသာ သိပြီး ကိုယ့်အကြောင်းကို မသိခဲ့လျှင် ဘ၀သည် အဆင့်မြင့်မည်လား အဆင့်နိမ့်မည်လား ဆိုတာ မသိရတော့ပါ။
ရုန်းကန်လှုပ်ရှားနေရသော သာမာန်မိသားစုဝင်များသည် ဘ၀အရေး ပြေလည်ရန်အတွက်သာ ကြိုးစားနေကြရပါသည်။ တခြားအရာများကို ပြိုင်ဆိုင်ရန် အချိန်မရှိကြပါ။ ဒါပေမဲ့ သာမာန်မိသားစုများသည် ကာယအားနှင့် အများအကျိုးကို ဆောင်ရွက်နိုင်ကြသာ များပါသည်။
လူဖြစ်လာရသော ဘ၀သည်ကောင်းသောဘ၀ကိုဖြစ်စေပါသည်။ လူသားဘ၀တွင် အဆင့်နိမ့်သည်ဖြစ်စေ အဆင့်မြင့်သည်ဖြစ်စေ ဘုရားရှိခိုးရမည့်အခွင့်အရေး တရားမှတ်ရမည့်အခွင့်အရေး သီလကုသိုလ်ယူရမည့် အခွင့်အရေးများ ရှိပါသည်။ လူပုဂ္ဂိုလ်သာ ကောင်းမြတ်သော အလုပ်ကို လုပ်ခွင့်ရပါသည်။
ကောင်းမြတ်သောကုသိုလ်ထူးကို လုပ်ခွင့်ရသော လူ့ဘ၀တွင်တောင်မှ အဆင့်မြင့်သည်ဟု ထင်ရသောလူတချို့သည်လည်း နေရာတကာတွင် ငွေအားနှင့်အနိုင်ယူချင်ကြမည်။ ကိစ္စကြီးငယ် တစ်ခုခုတွင်လည်း ရှေ့မှနေ၍ မျက်နှာမော်ကြပါမည်။ ဘယ်လောက်ပင် အရှေ့ကို အရင်ရောက်ချင်ပါစေ အစိုးမရသော ခန္ဓာကိုယ်ကို အနိုင်ယူ၍ မရပါ။
လောကတွင် ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ အထင်ကြီးနေပါစေ သေသွားသောအခါ ဖိနပ်ပြတ်တစ်ရံလောက်တောင် တန်ဖိုးမရှိပါ။ ဖိနပ်ပြတ်သွားတာတောင် ပြန်ဖာချုပ်ပြီး စီးလို့ရပါသေးသည်။ ငါးပုဇွန် သေလောက်တောင် တန်ဖိုးမရှိတော့ပါ။ ငါးပုဇွန် သေရင်တောင် သိမ်းဆည်းပြီး စားစရာလုပ်လို့ ရပါသေးသည်။ လူ့ဘ၀က တကယ်တော့ သံဝေဂရစရာပါ။
အဆင့်မြင့်သည်ဟု ထင်ရတော့ ချမ်းသာသည့် လူများသည်လည်း မီးသဂြိုလ်မည့် နေရာကို ရောက်ရပါမည်။ အဆင့်နိမ့်သည်ဟု ယူဆရသည့် လူသားများသည်လည်း မီးသဂြိုလ်မည့် နေရာသို့ သွားရပါမည်။
အဆင့်မြင့်သော လူသားများ အဆင့်နိမ့်သောလူသားများအားလုံးသည် အလုအယက်အပြိုင်အဆိုင် အနိုင်ယူချင်ကြပေမဲ့ နောက်ဆုံးမီးသဂြိုလ်ခံရပြီး ပြာဘ၀သို့ ရောက်ရှိသွားရမှာ အတူတူပင် ဖြစ်ပါတော့သည်။
လူသားများအားလုံး ပြာဘ၀သို့ရောက်ရှိမည်ကို သံဝေဂ ရရှိစေချင်ပါသည်။

                                                                            ဆန္ဒမွန်ဖြင့်
                                                                                                                                              
                                                                              မိုးဝေ
Sort:  

how can i join that content

ပြာချင်းအတူတူ မာနတွေထူနေကြတာ သံဝေဂရစရာပါ

Congratulations @moewaikamawet! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulation ပါ @moewaikamawet
spg1 contest #12 မှာ winner ဖြစ်သွားပါပြီ ...
အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်
https://steemit.com/myanmar/@steempowergroup1/spg1-supporting-plan-contest-13

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.031
BTC 86273.50
ETH 3305.14
USDT 1.00
SBD 2.81