စီးပွားရေး စီမံချက်ရေးဆွဲခြင်းတွင်တွေ့ရတတ်သော အမှားများ

in #myanmar6 years ago (edited)

စီးပွားရေး စီမံချက်ရေးဆွဲခြင်းတွင်တွေ့ရတတ်သော အမှားများ

စီးပွားရေး စီမံချက်တစ်ခုဆိုတာ ဟင်းခတ်အမွှေးအကြိုင်များနဲ့ အနံ့ရသာ ပြည့်စုံသော ဟင်းတခွက်နဲ့ လိုပါဘဲ။ ဟင်းကောင်းတစ်ခွက်ဖြစ်ရန် အချိန်၊ စိတ်ရှည်စောင့်စားနိုင်မှုနဲ့ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ အဆင့်ဆင့်ပြန် လည် ပြင်ဆင်ခြင်းလိုအပ်သလို စီးပွားရေး စီမံချက်သည်လည်း ထိုနည်းလည်းကောင်းပါဘဲ။ တစ်ခါတစ်ရံ စိတ်လော ပီး စီးပွားရေး စီမံချက်တခုလုံးကို ဥပေက္ခာပြုပီး စီးပွားရေးလုပ်ငန်းတခုကို အလောတကြီး တည်ထောင်မယ်ဆိုရင်
ကမောက်ကမ ဖြစ်တတ်ပါတယ်။ ဒီတော့ စီးပွားရေး စီမံချက်နဲ့ပတ်သက်ပီး မှားတတ်သော အမှားများကို ဖော်ပြ ပေးလိုက်ပါတယ်။

  • ၁. ကိုယ့်လုပ်ငန်း၏ ဖောက်သည် (Customers) အမျိုးအစား တိတိကျကျ မရှိခြင်း

ဥပမာ - သင်အထည်ဆိုင် တဆိုင်ဖွင့်မည်ဆိုပါစို့ သင်သည် ဘယ်လိုလူမျိုးတွေကို Target ထားပီး အဓိက ရောင်း မလည်းဆိုတာရှင်းရှင်းလင်းလင်းသိထားသင့်ပါတယ်။လူငယ်ကြိုက်လား၊လူကြီးကြိုက်လား Casual လား၊ Street Wears လား စသည်ဖြင့်ပေါ့။ အဲ့လို သိခြင်းအားဖြင့် ကိုယ့်ဆိုင်အတွက် အကောင်းဆုံး Plan များရေးဆွဲနိုင်မည် ဖြစ်သည်။

  • ၂. လွန်လွန်ကဲကဲ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ခြင်း

လူတိုင်းလူတိုင်းကတော့ ကိုယ့်ရဲ့ Business Idea ကို အရမ်းကောင်းတယ်၊ သူများမတူ တမူထူးခြားတယ်လို့ ထင်ကြတာပါဘဲ။ သို့သော် ကိုယ့်ရဲ့ Idea တကယ်ကောင်းမကောင်း အခိုင်အမာ သိနေရပါမည်။ ကိုယ့်ရဲ့ အထက်လူကြီးများ၊ရင်းနှီးမြုပ်နှံသူများကို ရှင်းပြတဲ့အချိန်တွင် ကိုယ့် Business Idea ဘယ်လောက်ကောင်း ကြောင်း (ကိုယ့်ငါးချဉ်ကိုယ်ချဉ်ကြောင်း) အတင်းကြီးပြောနေမဲ့ အစား ကိုယ့်ရဲ Business Idea ကို တိတိ ကျကျသုတေသနလုပ်ပီး Financial Plan များကို ချပြခြင်းအားဖြင့် သူတို့၏ အံ့သြခြင်းကို ရယူလိုက်ပါ။

  • ၃. လေ့လာစူးစမ်းမှု/ သုတေသန အားနည်းခြင်း (Bad Research)

ကိုယ့်ရဲ့ Business Idea ကို အကောင်အထည်မဖော်ခင်မှာ သေသေချာချာ သုတေသနလုပ်သင့်ပါတယ်။ ဥပမာ - ကုန်ကြမ်းတွေ ရာသီမရွေးရနိုင်မရနိုင်၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ ပြိုင်ဘက်တွေ၊ ဈေးကွက်ဝေစု/ Market Share အကြောင်းတွေ သုတေသန လုပ်ရာတွင်လည်း သတင်းအချက်အလက်တွေ ခေတ်နောက် ကျနေသလား၊မှန်သလား၊မှားသလားသေချာစီစစ်သင့်သည်။
Bad Research = Bad Business

  • ၄. ပြိုင်ဘက်များကို လစ်လျူရှု့ခြင်း

သင်၏ Business idea ကြီးသည် အရမ်းကိုထူးခြားပီး ကိုယ်လုပ်ငန်းနဲ့ ပုံစံတူများ မရှိနိုင်ဟု ထင်ကောင်း ထင်နေလိမ့်မည်။စီးပွားရေးလောကတွင်ပြိုင်ဘက်မရှိဘူးဆိုတာမရှိပါဘူး။ကိုယ့်ရဲ့အားသာချက် တွေ၊ထူးခြားချက် တွေ၊ပြိုင်ဘက်တွေထက်သာလွန်သော ဝန်ဆောင်မှုများ အပေါ်တွင် အာရုံစိုက်ပါ။ ဈေးကွက်ဝေစု၊ ဈေးကွက် အခြေအနေ ကို အမြဲစောင့်ကြည့်ပါ။

  • ၅. အားနည်းချက်များကို ဖုံးကွယ်ခြင်း

ကိုယ့်လုပ်ငန်းရဲ့ အားနည်းချက်ကို ဖုံးကွယ်ရန်မကြိုးစားပါနဲ့၊ သို့သော် ခနခန မီးမောင်းထိုးပြခြင်းကို ရှောင်ကြဉ်ပါ။ လုပ်ငန်းတိုင်းတွင် အားနည်းချက်ဆိုတာရှိစမြဲပါ။ ဒါပေမဲ့ အားနည်းချက်ကို အသည်းအသန်လိုက် ဖုံးကွယ်တာ၊ မီးမောင်းခနခနထိုးပြခြင်းကိုရှောင်ပါ။အားနည်းချက်တွေ အတွက် တိတိကျကျ အသေးစိတ်နည်းဗျူဟာများရေးဆွဲ ထားပီး အတတ်နိုင်ဆုံးဖြေရှင်းပါ။

  • ၆. Idea ဖောင်းပွမှု

Idea ၏အရေးပါမှုကို လွန်လွန်ကဲကဲ အထင်ကြီးမနေပါနဲ့။ ဒါအခု လူငယ်အတော်များများမှာတွေ့ရတဲ့ အချက်ပါ။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့အတွက် အရမ်းခမ်းနားတဲ့ Idea စိတ်ကူးတွေ မလိုအပ်ပါဘူး။ တကယ်လိုတာက အချိန်၊ ငွေ၊ ဇွဲ နှင့် လူတိုင်းလိုက်နိုင်တဲ့ Idea ဖြစ်ဖို့ပဲ လိုအပ်ပါတယ်။ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အနည်းစုသာလျှင် လုံးဝ အတွေးအခေါ် Idea အသစ်အဆန်း တွေအပေါ်အခြေခံထားတယ်ဆိုတာ မမေ့ပါနဲ့။ လူတိုင်းလိုက်နိုင်တဲ့ Idea လို့ ဘာကြောင့် ပြောရသလဲဆိုတော့ အသစ်အဆန်းတစ်ခုဟာ ရှိပြီးသား အရာ တွေထက် ရောင်းရခက်ပါတယ်။ ကိုယ့် Idea ကို လူတွေက အခုနားမလည်သေးပေမယ့်၊ မကြာခင်နားလည်ပါ လိမ့်မယ်ဆိုတဲ့ တွက်ဆမှုဟာ စီးပွားရေးမှာ အလွန်အန္တရာယ်များပါတယ်။

-၇. ကိုယ့် Product အတွက် ဖြန့်ချီရေး လမ်းကြောင်းများ (Distribution Channels) ကို မသိခြင်း

လုပ်ငန်းမစတင်ခင်ကတည်းက ကိုယ့်ရဲ့ဝန်ဆောင်မှုကို ဘယ်လိုပေးမယ်၊ကိုယ့်ရဲ့ ကုန်ပစ္စည်းများကို ဘယ်လို နည်းနဲ့ ဖြန့်ချီမလဲ ဆိုတဲ့ Plan ရှိရပါမယ်။ ဖြန့်ချီရေးလမ်းကြောင်းများ ရှာတဲ့အခါမှာ လမ်းကြောင်း များများ ရှာနိုင်ခြင်းက အဓိက မကျပါဘူး။ မှန်ကန်သော ဖြန့်ချီရေးလမ်းကြောင်း ရှိရန်လိုသလို ကိုယ် Target ထားတဲ့ ဈေးကွက်ကို မြန်ဆန်စွာ ရောက်ရှိဖို့လည်း လိုပါတယ်။ လုပ်ငန်းတစ်ခု၏ အသက်သည် ကိုယ်ရဲ့ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု ဖောက်သည်ဆီသို့ မှန်ကန်မြန်ဆန်စွာ ရောက်ရှိခြင်းအပေါ် မူတည်ပါတယ်။ ကျွန်တော်ဆီမှာ တွေ့ရတာက လုပ်ငန်းရှင်အချို့ဟာ Distribution ကို ကိုယ်တိုင်လုပ်မှ ထိရောက်တယ်ထင်ကြတယ်။ ဒီလိုလုပ် တာဟာ ကိုယ့်အနေနဲ့ ကိုယ့်ပစ္စည်းတင်ရောင်းရမယ့် ဆိုင်နေရာတွေ၊ ဖောက်သည်ဖြစ်နိုင်တဲ့သူတွေ စုနေတဲ့နေရာ တွေကို သိနေရင်၊ ကိုယ့်ရဲ့ Distribution Area က နယ်မြို့လို ကားမကြပ်ပဲ သွားလာရလွယ်ကူနေရင် ပြဿနာမရှိပါဘူး။ ရန်ကုန်လို မြို့ကြီးမှာကြ ကိုယ်တိုင် Distribution လုပ်မယ့်အစား Distribution Company တွေနဲ့ ချိတ်ဆက်လုပ်ကိုင်တာ ကိုယ့်အတွက် အမြတ်နည်းသွားပေမယ့် ပိုအဆင်ပြေတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကားကြပ်ပြီး ဖောက်သည်တွေဆီမရောက်နိုင်ပဲ ဆီကုန် အချိန်ကုန်ဒဏ်ကို ကျော်လွှား နိုင်ရုံမက၊ ဒီ Distribution Company တွေဟာ ဆိုင်တော်တော်များများနဲ့ ချိတ်ဆက်ထားပြီးသားဖြစ်သလို ဆိုင်တွေရဲ့ ရောင်းအားကိုလည်း သိပြီးသားဖြစ်လို့ ကိုယ့်ပစ္စည်းဟာ ဖောက်သည်တွေဆီ အလွယ်တကူ ရောက် နိုင်ပါတယ်။

  • ၈. အချက်အလက်ပေါင်း မြောက်များစွာထည့်ထားခြင်း

ခင်များသာ ရင်းနှီးမြှုပ်နှံသူ (Investor) တစ်ယောက် ဖြစ်မယ်ဆိုရင် စာမျက်နှာပေါင်း ၃၀၀ ခန့်ရှိတဲ့ Business Plan ကြီးကို ဖတ်ချင်ပါသလားBusiness Plan ၏ ရည်ရွယ်ချက်မှာ ကိုယ်ဘယ်လောက် တတ်တယ်ဆိုတာ ပြဖို့မဟုတ်ဘဲ ကိုယ့်လုပ်ငန်း၏ အဓိကကျသော အချက်အလက်များကို ပြသရန်ဖြစ်သည်။ လိုရင်းတိုရှင်းရေးခြင်း သည် အကောင်းဆုံးဖြစ်ပါတယ်။ အချက်အလက်တိုင်းကို အသေးစိတ်ဖော်ပြပေးနေစရာမလိုပါဘူး။ အကုန်ဖော် ပြထားရင် ဘယ်ဟာအရေးအကြီးဆုံးလဲဆိုတာ ဖတ်ရင်းပျောက်သွားပါလိမ့်မယ်။ ဥပမာ - Business Plan ထဲမှာ Marketing Plan ထည့်တဲ့အခါ အရေးကြီးဆုံးဖြစ်တဲ့ Marketing မဟာဗျူဟာပါရင် ပြီးပါပြီ၊ Marketing ကို ဘယ်နေ့ ဘယ်ရက် ဘယ်နေရာ ဘယ်သူက လုပ်မယ် စသဖြင့် အကုန်ထည့်နေစရာမလိုပါဘူး။ ထပ်ထည့်ချင်တဲ့ အချက်အလက်များကို နောက်တက်တွဲဖိုင် တစ်ခုလုပ်ပီး ထည့်နိုင်ပါတယ်။

  • ၉ အချက်အလက်ကိုးကားများ သဟဇတ မဖြစ်ခြင်း

ဈေးကွက်ဝေစု များ တွက်ဆခြင်း၊ ကိန်းဂဏန်းအချက်အလက်များ ကိုးကားခြင်း၊ Business Plan အတွက် မဟာဗျူဟာများချမှတ်ခြင်း တို့ဟာ လုပ်ငန်းနှင့် ဈေးကွက် အတွက် အလွန်အရေးကြီးသည်။ Business Plan ရေးရာတွင် ပါဝင်သော အချက်အလက်များသည်လည်း အရမ်းကြီး ခေတ်နောက်မကျစေရန်၊ အချက်အလက် အမှားများ မပါစေရန် ဂရုစိုက်ရပါမည်။ ကိုယ်ရဲ့ Business Plan ကို ဘယ်သူ့ဆီမှ မတင်ပြခင် တစ်ပိုင်းချင်းစီ အချိန်ယူပီး ပြန်လည်ဆန်းစစ်ရပါမည်။ ကိုယ်ရဲ့ Business Plan ကို လုပ်ဖော်ကိုင်ဘက်များ၊ မိတ်ဆွေများကို ဖတ်ခိုင်းပါ၊ ဒီအပိုင်းမှာ ကျွမ်းကျင်သူများနဲ့တိုင်ပင်ပါ။ ဘာလို့လည်းဆိုတော့ ကိုယ်က ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး အတွက်ကြီးတွက် ရေးထားတာဖြစ်နိုင်တဲ့အတွက် ကိုယ့်အစီအစဉ်ဟာ တကယ် Viable ဖြစ်မဖြစ်ကို ဘေးလူ ပြောမှ သိနိုင်မှာဖြစ်ပါတယ်။ လူများများကို ကိုယ်ရဲ့ Business Plan ကိုဖတ်ခိုင်းခြင်းဖြင့် သူတို့၏ထင်မြင် ချက်များကိုလည်း သိရှိနိုင်ပြီး Business Plan ကို မတင်ပြခင် ကိုယ့်စိတ်ကြိုက်ပြင်ဆင်နိုင်မှာလည်း ဖြစ်ပါတယ်။

  • ၁၀. Business Plan ရေးတဲ့အခါ ကိုယ့်ကိုယ်ကို ဗဟိုပြုရေးပါ

သင့်ရဲ့ Business Plan ဟာ ဖောက်သည်တွေအတွက် ဘယ်လိုအကျိုးရှိမှာ ဘာညာ ဆိုတာကို အခြေခံ ရေးမယ့်အစား.... သင်ကိုယ်တိုင်ဟာ ဒီ Business Plan အောင်မြင်ဖို့ တကယ်အစွမ်းအစရှိလားဆိုတာက ပိုပြီး ခရာကြပါတယ်။ Business Plan တစ်ခုမှာပါတဲ့ Idea ဟာ ကိုယ့်တကယ်ကျွမ်းကျင်တဲ့ Skill တစ်ခုပေါ်မှာ အခြေခံထားတာဖြစ်သင့်ပါတယ်။ ဥပမာ - သင်ဟာ အစားအသောက်ပြင်ဆင်တဲ့ အပိုင်းမှာ မကျွမ်းကျင်ပဲ သိပ် ကောင်းတဲ့၊ လူတိုင်းကြိုက်နိုင်မယ့် စားသောက်ကုန်တစ်ခုကို ထုတ်လုပ်ဖို့မစဉ်းစားပါနဲ့၊ သင့်အနေနဲ့ တွေး ကောင်း တွေးမှာပေါ့ ကျွမ်းကျင်တဲ့သူတွေ ငှားလို့ရတာပဲဆိုပြီး၊ ဒါဟာ ကိုယ့်ရဲ့အရေးပါမှုလျော့နည်းလာပြီး ရေရှည်အတွက် ခက်ခဲနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ရင်းနှီးမြုပ်နှံတဲ့သူ Investor တွေကလည်း သင့်ရဲ့ Idea အပေါ်မှာ ရင်းနှီးမြုပ်နှံတာထက်သင့်အပေါ်မှာရင်းနှီးမြုပ်နှံတယ်ဆိုတာမမေ့ပါနဲ့။

Sort:  

Congratulations @minsoenaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
SteemitBoard to support the german speaking community meetups
Vote for @Steemitboard as a witness to get one more award and increased upvotes!

Hi, @minsoenaing!

You just got a 0.16% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

စီမံချက်တော့ရေးနိုင်ပါဘူး ဟိုကွေ့ရောက် ဟိုတက်နဲ့လှော် ဒီကွေ့ရောက်တော့လည်း ဒီတက်နဲ့လှော်နေရတာပဲဆာ

မြန်မာ့နည်းမြန်မာ့ဟန်ပေါ့

Posted using Partiko Android

ဟုတ်တယ်အကိုရေ။စီးပွားရေးအကြောင်းလည်း ရတယ်နော်အကို

ကြုံသလိုရေး တွေ့တာရေး စိတ်ထဲရောက်တာရေးနေတာ

Posted using Partiko Android

Coin Marketplace

STEEM 0.13
TRX 0.33
JST 0.034
BTC 110723.01
ETH 4299.76
USDT 1.00
SBD 0.83