လိမ်ပြောတိုင်းမုသားဝါဒကံထိုက်သလား

in #myanmar6 years ago (edited)

လိမ်ပြောတိုင်းမုသားဝါဒကံထိုက်သလား
image
ဘာသာရေးနဲ့အကြောင်းပြု၍ အငြင်းပွားမှုများမဖြစ်စေလိုသော်လည်း အမှန်တရားကို သိနိုင်ဖို့ တွေးခေါ် ကြည့်သည် စူးစမ်းကြည့်သည်။တွေးမိသမျှကိုရေးသားမိသောအခါ အငြင်းပွားစရာကလေးများမလွဲမရှောင်သာပါရှိ လာတတ်သည်။ တစ်ချို့က အငြင်းပွားမှုများကိုရှောင်ရှားလိုကြသည်။ အချို့မူ ကြိုဆိုသည်။ စီမံကိန်းတစ်ခုကို မိမိတို့ဌာနမှတာဝန်ယူဆောင်ရွက်စဉ်ကဆိုလျှင် နေ့တိုင်းလိုလို ဟိုလိုဖြစ်ရမယ်သည်လိုဖြစ်ရမယ်နှင့် အငြင်းပွားကြ သည်။တင်းတင်းမာမာပင် ငြင်းခုံမိကြ၏။ ထိုစဉ်က ညွှန်မှူးဟောင်းကြီးတစ်ယောက်မှလာရောက် အကူအညီပေး နေသည့်အချိန်လည်းဖြစ်ရာ ထိုညွှန်မှူးဟောင်းကြီးက မိမိတို့ငြင်းခုံနေသည့် နေရာသို့ရောက်လာသည်။ ဆူညံနေ ကြ၍ အဆူခံထိတော့မည်ထင်မိသော်လည်း ထိုညွှန်မှူးဟောင်းကြီးကသူသဘောကျကြောင်းလာ ပြောခြင်းဖြစ် သည်။
“လူငယ်တွေဆိုတာအဲသလို ငြင်းကြခုံကြအဖြေရှာနေကြတာသဘာဝကျတယ်” ဟုလာပြောခြင်းဖြစ်သည်။ ဒီလိုမျိုးဆရာသမားရှိနေသေးသဖြင့် ဝမ်းသာကြည်နူးမိရပါသည်။
မနေ့က ဒါရိုက်တာ ခရစ္စတီးနားခီ၏ “ဥပါယ်တံမျဉ်”ဆိုသော ရုပ်ရှင်ဇတ်လမ်းကို Oceam Center မှာသွား ရောက်ကြည့်ရှုဖြစ်သည်။မင်းထက်ဆိုသော မင်းသား၏ချမ်းသာကြွယ်ဝမှုကို သိရှိထားသူများက ပိပိရိရိပညာသား ပါပါလိမ်ညာသွားပုံများကို ပြသည်။ ပြီးတော့ စုပေါင်းလိမ်ညာကြသူများကို ဥပါယ်တံမျဉ် သုံး၍ ဖမ်းဆီးသည်။ အတိုပြောရလျှင် မကောင်းမှုကျူးလွန်သူများက လိမ်ညာသည်။ လူကောင်းများက ဥပါယ်တံမျဉ်သုံးသည်။ တကယ်တော့ လိမ်ညာလှည့်စားမှုများကို ကောင်းမှုနှင့်မကောင်းမှုအပေါ်မူတည်ပြီး စကားအသုံးအနှုန်းခွဲခြားထား ခြင်းသာဖြစ်သည်။
ရုပ်မြင်သကြားတွင် အခန်းဆက်ပြသခဲ့သော ပြည်သူ့တရားရှင် ပေါင်ချိန် ဇတ်လမ်းတစ်ခုတွင် ပြစ်မှုကျူး လွန်သူက အပြစ်ကို ဝန်မခံပဲ နည်းလမ်းမျိုးစုံဖြင့်ငြင်းဆိုနေသောအခါ ပေါင်ချိန်က ထောင်ကို ငရဲခန်းအသွင် ဖန် တီးကာ သူသတ်ထားခဲ့သူများနှင့်တွေ့ပေးသယောင်ပြုလုပ်၍ ဝန်ခံခိုင်းသည်။တရားခံကဝန်ခံတော့မှ မီးများအား လုံးဖွင့်ကာ ပေါင်ချိန်ပေါ်လာသည်။သည်တော့ တရားခံကမိမိဝန်ခံထားမိနေသဖြင့် ပေါင်ချိနိကိုဒေါသထွက်သွား သည်။“ဟေ့ကောင်ပေါင်ချိန်မင်းကလိန်ကကျစ်ကျတယ်ဟုစွတ်စွဲသည်။ ထိုအချိန်တွင်ပေါင်ချိန်ပြေသောစကားကို အမြဲမှတ်မိနေခဲ့သည်။ “မင်းတို့လိုလူယုတ်မာတွေအတွက် ပရိယာယ်ဆိုတာသုံးရတယ်ကွ” ဟုပေါင်ချိန်ကပြောခဲ့ သည်။ဤနေရာတွင်လည်းတရားခံက အမှန်အတိုင်းထွက်ဆိုလာရန်လိမ်ညာလှည့်စားခဲ့ရမှုကို “ပရိယာယ်”ဟုသုံး ပြန်သည်။
ဂျပန်ခေတ်တွင် ဂျပန်လူရမ်းကားများက မြန်မာသမီးပျိုများကို အတင်းအဓမ္မ ဆွဲလားရမ်းလားလုပ်၍ မုဒိန်း ကျင့်တတ်သည်။ တစ်နေ့ ဂျပန်ငပုတွေက မိန်းကလေးတစ်ယောက်ကိုအတင်းလိုက်နေသည်။ မိန်းကလေးသည် အားကုန်ထွက်ပြေးရင်း ဘုန်းကြီးကျောင်းတစ်ခုရောက်လာသည်။ ဘုန်းကြီးကျောင်းအတွင်းပြေးဝင်သွားသည်။ ဘုန်းတော်ကြီးကလည်းမြင်လိုက်၏။ခဏကြာတော့ ဂျပန်ငပုတွေရောက်လာသည်။ မိန်းကလေးတစ်ယောက်ဒီကို ရောက်လာသလားမေးကြသည်။ဘုန်းတော်ကြီးကမမြင်မိကြောင်းပြောသည်။ ဆိုတော့ လိမ်လိုက်သည်။
အထက်ပါဖြစ်ရပ်များကိုစဉ်းစားကြည့်သောအခါ မကောင်းမှုကျုးလွန်ရန် လိမ်လည်လှည့်ဖျားခြင်းနှင့် မကောင်းမှုကိုကာကွယ်တားဆီးရန် လိမ်လည်လှည့်ဖျားခြင်းနှစ်မျိုးကို ထင်ရှားစွာမြင်ရပါမည်။ထိုနှစ်ဘက်အတွက် စေတနာကိုထည့်သွင်းစဉ်းစားကြည့်ပါက “စေတနာနံကမ္မံဘိက္ခဝေ” စေတနာကိုသာကံဟုယူသဖြင့် မကောင်း သောစေတနာကြောင့်မကောင်းခံကိုရရှိမည်ဖြစ်ပြီး၊ကောင်းသောစေတနာကြောင့် ကောင်းသောကံကိုသာရရှိမည် ဖြစ်လေသည်။
ဤသို့စဉ်စားကြည့်လိုက်သောအခါ လိမ်ပြောတိုင်း မုသာဝါဒကံမဖြစ်ကြောင်းသိမြင်လာရပါသည်။

ရေးသားသူ - မင်းစိုးနိုင်
MSC 010

Sort:  

မဖြစ်မနေ ပြောလိုက်ရတဲ့မုသားဖြူဖြူလေးတွေကတော့ ကံမမြောက်လောက်ပါဘူး အကိုရယ်။

မုသားကဖြူဖြူလေးလား

ကိုယ့်ရဲ့မုသားကြောင့် ကောင်းကျိုးများသာဖြစ်ထွန်းပါစေသားး 🙏

မဖြစ်မနေပြောရတော့မယ်ဆိုရင်တော့လိမ်ညာသည့်စကားမဟုတ်သော
နည်းပရိယာယ်စကားကိုပြောဆိုသင့်ကြောင်းပါခင်ဗျာ……
မှန်ကန်စွာထုတ်သုံးလိုက်သောပရိယာယ်စကားသည်ကမုသာဝါဒမဟုတ်ပါဟူ၍သာယူဆထားမိပါတယ်အစ်ကိုရေ
မုသာဆိုတာကလိမ်လည်ခြင်းပါ
ပရိယာယ်စကားသည်က အကောင်းဆုံးဖြစ်အောင်ပြောဆိုထုတ်သုံးလိုက်တာပါ
ဒါကြောင့်ကောင်းအောင်ပြောဆိုသောပရိယာယ်သုံးစကားသည်ကမုသာဝါဒမထိုက်ပေ
စာကိုဖတ်ရှုခွင့်ရလို့ကျေးဇူးတင်မိပါတယ်ခင်ဗျာ………သူရ

You got a 1.08% upvote from @buildawhale courtesy of @minsoenaing!
If you believe this post is spam or abuse, please report it to our Discord #abuse channel.

If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.

Thank you minsoenaing for making a transfer to me for an upvote of 1.27% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

ကြိုးကြာငှက်နဲ့ ပတ္တမြားပုံပြင်ထဲက ရဟန်းဇာတ်လမ်းရှိတယ်၊ မုသားထိုက်ဖို့ အကြောင်းရင်း(၄)ချက်ပြည့်စုံရတယ်၊ တစ်ချက်ပျက်ရင် မုသားမထိုက်ပါဘူး။ ငါးပါးသီလမှာ တပါးပါးကျိုးပေါက်ဖို့အတွက် အကြောင်းတိုင်းမှာ ကျိုးပေါက်စေသောအင်္ဂါ(၄)ရပ်စီပါတယ်၊ အဲဒီအင်္ဂါတွေမပြည့်စုံရင် ကံမမြောက်ဘူးပေါ့၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရေးသားခဲ့တဲ့ ကိုယ်ကျင့်အဘီဓမ္မာစာအုပ်မှာ အသေးစိတ်ဖေါ်ပြထားပါတယ်ဗျာ။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 62177.56
ETH 2918.14
USDT 1.00
SBD 3.66