အတိတ်ဘဝကကောင်

in #myanmar7 years ago (edited)

image
လွန်ခဲ့သော ၈ နှစ်ခန့်က မိုးများသည်းသည်းမည်းမည်းရွာသွန်းနေသည်။ လေပြင်းတစ်ချို့လည်းတိုက်ခတ်နေ၏။ ဝန်ထမ်းအိမ်ယာနေကြသူများမို့ မှန်တခါးတွေအလုံပိတ်လိုက်သောအခါ မိုးသံတွေမကြားရတော့၊ လေပြင်းသံသဲ့သဲ့ လေး တော့ ဝှီကနဲ ဝှီကနဲ ကြားနေရသည်။သို့သော် TV ကြည့်နေသည်ကိုအနှောက်အယှက်ပြုနိုင်လောက်အောင်တော့ အသံကကျယ်မလာ။ ဆိုတော့ အေးအေးဆေးဆေး လင်မယားနှစ်ယောက် ၉ နာရီခွဲဇာတ်လမ်းကြည့်နေကြသည်။ ဇာတ်လမ်းက ကိုရီးယားဇတ်လမ်း၊ ကားနာမည်မမှတ်မိတော့ပေမယ့် နန်းတွင်းကား သမားတော်လားဘာလားတော့ မသေချာတော့ ဇာတ်ရှိန်ကမြင့်နေသဖြင့် နှစ်ယောက်သားဇာတ်လမ်းထဲမျောပါနေခိုက် ဒုန်းဒုန်း ဒုန်းဒုန်း ဆိုသောအခန်းရှေ့ တခါးမကြီးကိုထုနေသည့်အသံတစ်ခုထွက်ပေါ်လာသည်။
ဇာတ်လမ်းကို စိတ်ဝင်စားနေခိုက်မို့ လင်မယားနှစ်ယောက်လန့်သွားမိသည်။ ပြီးတော့မှတခါးသွားဖွင့်လိုက်တော့ မိန်းမတို့ဈေးထဲက အလယ်ဆိုင်မှ
ဒေါ်အေးဆေးနဲ့ ကိုသေးကွေးတို့လင်မယားကို သူတို့ကလေးလေးပွေ့ချီလျက်တွေ့ရ သည်။
ဟင် သေးကွေးတို့လင်မယားပါလား ဘယ်လိုဖြစ်လာကြတာလည်း
ဒီမှာလေ ခလေးကဘယ်လိုမှမနေဘူး အော်ငိုနေလို့
အင်းလေ မိုးထဲလေထဲ အဝေးကြီးပြန်ကြရဦးမှာဆိုတော့ ဒီမှာပဲ ဝင်နေကြဦးပေါ့ မိုးတိတ်မှပြန်လည်းရတယ်မို့လာ။
ဟုတ်တယ် မိုးတိတ်မှပြန်တော့မယ် ဒီမှာ ဒေါ်သွယ့်ကိုကလေးက မင်နေတာလည်းပါတယ်။ ဒေါ်သွယ့်လက်ထဲရောက်ရင်တိတ်တာပဲ။
ဟုတ်တော့ဟုတ်သည် ကလေးကိုကျွန်တော့မိန်းမက ပွေ့ချီလိုက်သောအခါ ကလေးကသူ့လက် ထဲမှတင် အိပ်ပျော် သွားသည်။မိုးဆဲသောအခါမှ ခလေးကိုအသာပွေ့ချီ၍ အိမ်ပြန်ကြရသည်။အမှန်တော့ ကျွန်တော်တို့လင်မယားသည် ကလေး ချစ်တတ်ပြီးကလေးမရသော လင်မယားဖြစ်သည်။ သူရော ကျွန်တော်ပါကလေးချစ်တတ်သော်လည်း ပြောရလျှင် ကျွန်တော်ကနည်းနည်းပိုသည်။ ကိုယ့်ကလေးဟုတ်ဟုတ်မဟုတ်ဟုတ် ကလေးမှန်သမျှ အသိပညာ၊ အတတ်ပညာ တွေရစေချင်သည်။ပျော်ရွှင်သောမိသားစုဘဝများမှာနေစေချင်သည်။ ကလေးတွေက အရွယ်နှင့်မမျှ ဒုက္ခရောက်နေကြတာ မျိုးကိုမတွေ့လည်းမတွေ့လို၊ မမြင်လည်းမမြင်လိုပါ။ သို့သော် ဆန္ဒဆိုသည်မှာ ဘဝနှင့်ထပ်တူကျခဲပါဘိခြင်း။ မမြင်လိုသော် လည်းမြင်နေရ၊ မကြားလိုသော်လည်း ကြားနေရသည် မတတ်နိုင်ပါ။ အစိုးရမင်းများပင်မတတ်နိုင်သည့်ကိစ္စ မိမိဘာတတ် နိုင်မည်နည်း။ သို့သော် တတ်နိုင်သမျှ ကလေးများကိုပုံပြင်လေးများပြောပြ၏။ စာသင်လိုသောကလေးများကို စာသင်ပေး၏ ။ မုန့်သာစားချင်သေးသည့်အရွယ် ကလေးငယ်များကို မုန့်များဝယ်ကျွေးတတ်သည်။ ကလေးများကလည်း ကျွန်တော့ကို ချစ်ကြသည်။ တစ်ချို့ကလေးများဆိုလျှင် အသက်တွေရလာကြသည့်တိုင် သူတို့ငယ်ငယ်က ကျွန်တော်ပြောပြခဲ့သည့်ပုံပြင် များကိုစွဲလမ်း၍ ကျွန်တော့ကို ခင်မင်နေကြဆဲ သတိယနေကြဆဲဖြစ်သည်။ ခုလည်း ကလေးတစ်ယောက်သည် ကျွန်တော်တို့လင်မယားနှစ်ယောက်ထံ မမျှော်လင့်ပဲ ရောက်ရှိလာခဲ့လေသည်။
ဤကလေးကို ကျွန်တော့မိန်းမက ချစ်စနိုးဖြင့် ရှမ်းပဲပုတ်ကလေးဟုခေါ်သည်။ ရှမ်းပဲပုတ်ကလေးသည် မကြာ မကြာဆိုသလို သူ့မိဘများက အိမ်ကိုလိုက်ပို့ပေးကြသည်။သူတို့အိမ်မှာ ငိုငိုနေသဖြင့် ကျွန်တော်တို့အိမ်ခေါ်လာသည်။ အိမ် ရောက်တော့အငိုတိတ်သည်။ ကလေးအိပ်သွားပြီး ၉ နာရီ ၁၀ နာရီ ကြာတော့မှ သူတို့အိမ်ပြန်ကြရသည်။ ကျွန်တော့မိန်းမကလည်းအသနားပိုလာသည်။ တစ်နေ့ ထုံးစံအတိုင်း ကလေးငိုနေသဖြင့်ဆိုကာ ဒေါ်အေးဆေးနဲ့ ကိုသေးကွေးတို့ လင် မယားက ရှမ်းပဲပုတ်ကလေးကိုလာပို့ကြသည်။ အဲဒီနေ့က ကျွန်တော်စောစောအိပ်ယာဝင်ခဲ့သည်။ကျွန်တော့မိန်းမကတော့ ဧည်သည်များနှင့် TV ကြည့်ရင်းနေသည်။ ရှမ်းပဲပုတ်တို့ သားအမိတွေပြန်သွားမှ သူ့ဘာသာသူ လာအိပ်လိမ့်မည်ပေါ့။သူ့ကို ထားခဲ့ပြီးကျွန်တော် အိပ်ယာဝင်သည်။ ခဏကြတော့ အိပ်ပျော်သွားသည်။ တစ်ရေးနိုးတော့ မိန်းမကိုစမ်းကြည့်ရာ ပျော့စိစိခပ်လုံးလုံးအရာကို စမ်းမိသည်။ တကယ်တော့ ကျွန်တော့မိန်းမက တုတ်တုတ်ခိုင်ခိုင်ထွားထွားကြိုင်းကြိုင်း သည် အရာကခပ်သေးသေး မွေလား၊ ကျွန်တော်အလွန်အမင်းလန့်အော်သည်။ `မိန်းမဒီမှာဘာကြီးလဲ’ ကျွန်တော့မိန်းမလည်း လန့်သွားသည်။ ဒါပေမယ့်သူကရယ်နေသည်။ တော်ကလည်းလန့်လိုက်တာ ရှမ်းပဲပုတ်ကလေးပါ၊ ဒီနေ့ည သူ့မိဘတွေ ပြန်ခေါ်မသွားဘူး၊ ဒီမှာသိပ်ထားခဲ့တာ။အမလေး လန့်လိုက်တာမိန်းမရယ်။ ဒီနေရာမှာအမြဲရှိမနေသည့်အရာဝတ္တု တစ်ခု ရုတ်တရက်တွေ့လိုက်ရသည့်အခါ လူ့သဘာဝအရတုန့်ပြန်မှုအဖြစ် ထိတ်လန့်သွားမိခြင်းဖြစ်သည်။ ထိုကတည်းက ရုမ်းပဲပုတ်ကို ချစ်ခင်သော ကျွန်တော့စိတ်များသည် ဘာကြောင့်မှန်းမသိကုန်ခန်းလာသည်။ မိန်းမကတော့ မကြာခဏခေါ် သိပ်လေ့ရှိပြီး သံယောဇဉ်တွေပိုလာသည်။ ၆ လသားမှ တစ်နှစ်သား၊တစ်နှစ်သားမှ နှစ်နှစ်သား၊ ခုတော့ ၈ နှစ်သား ပင်ဖြစ်လာခဲ့ပြီ ဖြစ်ပြီး ကျွန်တော်၏ လင်မယားဘဝလွတ်လပ်မှုကုန်ဆုံးသွားခဲ့သည်မှာလည်း ၈ နှစ်နီးပါးကြမြင့်ခဲ့ပါပြီ။ သူ့ကို တခြားအခန်းများသို့ပြောင်းသိပ်ကြည့်သော်လည်း ၅ မိနစ်မကြာမီ အမေအမေ သူ့ကိုခွဲထားသည်ဆိုပြီးငိုလေသည်။ သူ့မှာ အိပ်မောကျသွားပြီဟူသော သဘောဘယ်သောအခါမျှမရှိ ။ ဘယ်အချိန်မဆို အမေအမေခေါ်ပြီး ထထလိုက်လာတတ်သည်။
ဤ ကလေးသည် ထူးဆန်းစွာ ကျွန်တော့အိမ်သို့ရောက်ရှိလာခဲ့ပါသည်။ အတိတ်ဘဝက သွေးသား တော်စပ်သူ ပေလား။ အတိတ်ဘဝက သူတို့သည် မည်သို့တော်စပ်ခဲ့သည်ဖြစ်စေ ယခုဘဝတွင် မသက်ဆိုင်တော့ပါ။ ဗုဒ္ဓမြတ်စွာ ဘုရားကလည်း ဆွေမျိုးမတော်စပ်ဖူးသူမရှိဟုဟောကြားထားသည်မဟုတ်ပါလား။ သူတို့၏သံယောဇဉ်မီးသည် သူတို့ အတွက်မျှသာမက ကျွန်တော့ထံအထိကူးဆက်လောင်ကျွမ်းပါလေသည်။ကလေးချစ်သောကျွန်တော်သည် ရှမ်းပဲပုတ်ကို ချစ်လို့မရတော့ပါ။ ပြဿနာကောင်လိုမြင်နေသည်။ မိန်းမကိုလည်းပြောလည်းမပြောချင်ပါ။ ဘာမဟုတ်သည့်ကလေးနှင့် သူ့ကို သဝန်တိုရကောင်းလားဟု ပြောလိမ့်မည်။ အမှန်တော့သဝန်တိုဆိုသည့်စကားသည် ဤနေရာ၌သင့်တော်သော အသုံးအနှုန်းလည်းမဟုတ်ပါ။ မိမိပျောက်ဆုံးသွားသော လွတ်လပ်မှုများအားပြန်လည်ရယူပိုင်ဆိုလိုခြင်းသာဖြစ်လေသည်။
မင်းစိုးနိုင်
MSC 010
Photo - google

Sort:  

ဆရာနောက်တော့ဘာဆက်ဖြစ်သွားလဲဗျ။

ဆက်မပြောချင်တော့ပါဘူး။မပြောင်းမလဲ

နောက်​​တော့ဘာဖြစ်​သွား​သေးလဲရှင့်​။ဆက်​သိချင်​​နေပါ​သေးသည်​။

ဒိထက်ကြီးလာရင်တော့ မပြောတတ်ဘူး

Thank you minsoenaing for making a transfer to me for an upvote of 1.19% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

အာ့ဆို ဝါအိုတက်​​မွေးစားလိုက်​ ဘစိုး

ပိုဆိုးမှာစိုးလို့ မွေးစားဘူး ဟင်း

ရေစက်ပါလို့နေမေ အူးမင်းရယ်

ရေစက်တော့ရေစက်ပေါ့

ကိုကြီး ဓါးငစိုး ရေ မရောက်တာကြာလို့ အလည်လာသွားတယ်။

ပျောက်နေတာလား မတွေ့မိဘူး၊ Group ကွဲနေလို့လားတော့မသိ

You got a 1.07% upvote from @minnowvotes courtesy of @minsoenaing!

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68244.61
ETH 2640.30
USDT 1.00
SBD 2.69