ချင်းပြည်နယ်ဟားခါးမြီု့သို့ ( ၅ )

in #myanmar6 years ago

(1)
https://steemit.com/myanmar/@mgmgaung/undefinedngyapnyny-hakha-mi-tho-4f4a4fa5f9b
(2)
https://steemit.com/myanmar/@mgmgaung/undefinedngyapnyny-hakha-mi-tho-2-9428828b36376
(3)
https://steemit.com/myanmar/@mgmgaung/undefinedngyapnyny-hakha-mi-tho-3-b82f1e8f44e85
(4)
https://steemit.com/myanmar/@mgmgaung/undefinedngyapnyny-hakha-mi-tho-7be4671a1570b

image
အိမ်ပြန်ရောက်တဲ့အခါမှာတော့ ရေမချိုးနိုင်တော့ပါ။ခြေရေ လက်ရေ သပ်ကာ အဝတ်အစားလဲလျှက် အိမ်အပြင် ရှုခင်းတွေသာ ငေးမောကြည့်ရှုနေမိသည်။ပတ်ဝန်းကျင် တခုလုံး ထင်းရှူးပင်များနှင့် ပြည့်နှက်နေသည်။ကျွန်တော်တို့ အခေါ် ရေမွှေးနှင်းဆီ
ခေါ်မလား အပွင့်သေးလေးတွေ တခက်လျှင် အစုလိုက် ပွင့်တတ်
သော ပန်းတို့သည်။ သဘာဝအလျှောက် ခြုံကြီးများဖြစ်ကာ ပွင့်လျှက်
မွှေးပြန့်နေသည်။လေအေးလေးတွေ တိုက်ခတ်လို့ လေနှင်ရာ မျောပါ
နေသော မြူငွေ့တွေကား ပန်းချီးကားတချပ်ပမာပါလေ။ ပတ်ဝန်ကျင်ကို ငေးမောကြည့်ရှုရင်းက တောင်စွယ်နေကွယ် အလှကိုကြည့်ရှူ ရင်းတနေ့တာ ကုန်ဆုံးလို့ သွားခဲ့ပါပြီး။
image
မနက်မိုးလင်းသော မိမိနေထိုင်ရာ ပတ်ဝန်ကျင်ကိုသိရှိရန် လမ်းလျှောက်ထွက်ခဲ့သည်။လမ်းလျှောက်ရသည်မှာလဲ ဝေဝေးမလျှောက်နိုင် တောင်ကုန်လေးတွေဆျုပေမဲ့ အတော်ပင်မောလှသည်။ဒေသခံ တွေကတောအေးဆေးပေါ့။ပလိုင်းလွယ်ကြိုးကိုခေါင်းမှာချိတ်ကာ လျှောက်သွားသည်ကိုတွေ့ကာ ကိုယ့်ကိုကို ရှက်မိသည်။
ထိုအချိန်တွင် အခန်းခြင်းကပ်လျှက် နေထိုင်သော
ဦးစီးနှင့် ကားဆရာနှစ်ယောက် ဆိုင်ကယ်စီးလျှက်ထွက်လာ ကိုတွေ့
လိုက်ရသည်။ကျွန်တော့်နားရောက်တော့
"ကိုကျော်ပြင်းနေပြီလား"
"ဆိုပါတော့ကွာ"
"ဒါဆိုလိုက်ခဲ့လေ တီးမစ်ချောင်းမှာ ရေချိုးရအောင်"
" အေး အေး ဒါဆိုခနလေး အိမ်ပြန်ပြောလိုက်ဦးမယ်"
image
ကျွန်တော်လဲဆိုင်ကယ် ခဏယူကာ အိမ်ပြန်ပြောရင်း အနွေးထည်
ဝတ်ကာ ထွက်လာခဲ့သည်။တောင်ဆင်းတောင်တက်တွေ ဆိုင်ကယ်
စီးရတာ အရမ်းအရသာရှိနေတယ်ဗျာ။လမ်းဘေးဝဲယာမှာလဲ မမြင်ဘူးတဲ့ ပန်းချယ်ရီတို့က အစီအရီ ဖူးပွင့် ဝေဆာကာ အလွန်လှပနေသည်။
မြို့အထွက်မှာတော့ တောင်တန်းများကို ကွေ့ပတ်လျှက်ဖောက်လုပ် ထားသောလမ်းများကား ဆိုင်ကယ်စီးရသည်မှာ အသဲယားစရာ ကောင်းလှပေသည်။

                တီးမစ်ချောင်းသည် ဟားခါးအထွက်တွင် တည်ရှိနေသောကြာင့်အတန်ကြာ မောင်းလိုက်ရလေသည်။ချောင်းးနားအရောက်မှာ လယ်ကွက်အနည်းငယ် ကိုတွေလိုက်ရသည်။မြေပြန်လိုတော့မဟုတ်ပေ။
          " ကိုကျော်"
         "   ဟေ"
        " ရိတ်ခါလေးတွေ ဝယ်ဦးမလား"
     "   အော်အေး အေး လုပ်လေကွာ"

ကျွန်တော်တို့လဲ ချောင်းဘက်မဆင်းခင် ရိတ်ခါလေးတွေဆင်းဝယ်လိုက်သည်။ဒီနေရာက သူတို့လာနေကျဆိုတော့ ကိုယ်ကလဲ အလိုက်သင့်ပေါ့။ဒီလိုနဲ့ ဘီယာ မုန့်နဲ့ဆေးလိပ်တို့ ဝယ်ပြီး ချောင်းထဲ ဆင်းခဲ့ တယ်။ချောင်းထဲသို့ ရောက်သောအခါ လှလိုက်တာ ကျောက်တောင်တွေ အကြားက စီးဆင်းလာတဲ့ ရေတွေဟာ အရှိန်မပြင်းပဲ ညင်သာစွာ
စီးဆင်းလာကာ ကျောက်လုံးကြီးများအကြား ခွဲထွက်စီးဆင်းနေပါတယ်။ကျွန်တော်ကတော့ ဟိကည့်ဒီကြည့်ပေါ့။ဒီချိန်မှာ ဘယ်ချိန်ပါလာ
သည်အသိတဲ့ ကြက်တကောင်ကို ကင်းရန်ပြင်နေကြသည်။
"ဟ မိုက်လှချည်လား"
" ဟဲ ဟဲ ဘယ်လိုလဲ သဘောကျလား"
"ဟား good တယ်ဟေ့"
"ကဲ ဒါဆိုလဲ စရအောင်လေ"
" အေး အေး "

တောတွင်းသဘာဝပေါ့လေ။ဘေးနားမှာ ရှိတဲ့တောစပ်က ထင်းတွေ
လိုက်ကောက်ကာ ကျော်တုံးကြီးကြီးကောက်ခါ မီးဖို လေကာလုပ်
ကြက်ကို ဖုတ်လေတော့သည်။
image
ဆက်လက်အားပေးပါဦးနော်
ရေးသားသူ - msc - 042
@mgmgaung

Sort:  

အား​ပေး​နေပါတယ်​ အစ်​ကို ​ရေ ..ဘာလိုလိုနဲ့ အပိုင်း ငါး​တောင်​​ရောက်​သွားပြီ​နော့ ..

ဟုတ်

ချိတက်မိထားပြန်ပီ နောက်တယောက် 😁

အဲ့လာဘာလို့လဲဟင်

ချီတက်ကြောင်နေတာ

ရှုခင်းတွေက အလွှင့်ပဲ့ဗျို့

တိမ်တွေကြားကမင်းသားလေးပေါ့နော်

သဘာဝအလှတရားများနဲ့ 
ကြည်နူးစရာကောင်းတယ်ဗျာ

ဟုတ်ပါတယ်ဗျ

ချိတက်​ က​ကြောင်​​နေတာလား လာမန့်​ထားတယ်

ကျွန်တော်အဲ့ဒါတွေသျဘူးဗျ

အကိုကမလှပေမယ့်နောက်ခံပုံလေးတွေကလှတယ်နော်။တိန်။

လုပ်ပြီ

ချီးတက် ဘာတွေဖြစ်နေတာလဲ

သားလဲသိတော့ပါဘူး

စိတ်​ဝင်​စားစရာ​ကောင်းပါတယ်​ရှင်​။cheetah​တော့​ဂေါက်​​နေပြီ

သားလဲသိတော့ဘူး

ပုံတွေ ကြည့်ရတာ သာယာ တယ်ဗျာ

ဟူတ်ကျေးဇူးပါဗျ

သဘာဝရှုခင်းတွေ အရမ်းလှ..

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58075.38
ETH 2463.77
USDT 1.00
SBD 2.38