ချင်းပြည်နယ် ဟားခါးမြို့သို့

in #myanmar6 years ago (edited)

image
image
ချင်းပြည်နယ် ဟားခါးမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် 6350 ပေ အမြင့်တွင် တည်ရှိပါသည်။ ချင်းပြည်နယ်၏ မြို့တော်တခု
လဲဖြစ်သည့် ဟားခါးမြို့တွင် ချင်းလူမျိုး ခရစ်ယာန် ဘာသာဝင်တို့ အများဆုးနေထိုင်ကြပါသည်။တောင်တန်းသာသနာပြု ဘုန်းတော်ကြီး
ကျောင်းများလည်း တည်ရှိနေပါသည်။ဟားခါးမြို့သည် မလွန်အေးချမ်းသာယာသော မြို့ဖြစ်သည်။ယခုအခါလမ်းပန်းဆွက်သွယ်ရေး ကောင်းမွန်နေသဖြင့် တရက်တာ ခရီးသာကြာမြင့်တော့သည်။ ရန်ကုန်မှတိုက်ရိုက် သွားလာနိုင်သလို မန္တလေးမှ လဲသွားလာနိုင်ါသည်။မန္တလေးမှနေ မုံရွာ ယော ကျော မြို့များကိုဖြတ်ကာ ပုံတောင် ပုံညာမှတဆင့်
ဖြတ်သန်းသွညးလာရသော ခရီးသည် သဘာဝတောတောင် အလှ
အပများကို တဝကြီး ခံစားရသည်မှာ ဧကန်မလွဲပါ။ image image

ပုံတောင်ပုံညာ တောကိုဖြတ်ပြီး ချင်းပြည်နယ်အစမှာတော့ ရှုမောမဆုံးနိုင်တဲ့ တောင်တန်းကြီးတွေကိုမြူခိုးတွေက ရစ်ကာဝိုင်းလို့ပေါ့။
မြေပြန်သားတယောက် တောင်ပေါ်ရောက်တဲ့အခါ ဘယ်ဘက်က
ကမ်းပါးရန် ညာဘက်ချောက် ကားစီးရတာ အသက်ပျောက်မတတ်ပါ။
အောက်ကိုမကြည့်ပဲ ဘေးကိုကြည့် အဲ့ဒီတော့မှ အရသာရှိမှန်းသိခဲ့တယ်။အေးမြလတ်ဆတ်တဲ့လေအေးနဲ့ တောင်တန်းပြာဆိုတာ ကဗျာထဲမှာပဲသိခဲ့ရ ခုမှမြင်လိုက်ရတာ အလွန်လွမ်းမောစရာအတိပါ။
ကားဆရာများသည်ကား အလွန်ကိုကျွမ်းကျင်လှပါသည်။ဒီလိုနဲ့ခရီးဆက်လာရင်း ချင်းပြည်နယ် ဂန့်ဂေါ မြို့ကိုရောက်လာခဲ့လေသည်။ကိုယ့်အထင် နီးသားပဲပေါ့။နောက်မှ မေးမိသောအခါ လမ်းတဝက်ခဏနားချင်း ဖြစ်နေသည်။ဗိုက်လဲ ဆာလှပြီမို့ တခုခုမှာလေသောအခါ စကားသံဝဲဝဲလေးနှင့် ပြောသောစကားအား နားစိုက်ထောင်ရင်း ပြန်မှာလိုက်ရသည်က အစပြုခဲ့လေသည်။
image
စားသောက်ဖွယ်ရာများ ရောက်ရှိလာသောအခါ မြေပြန်နှင့်သိပ်မခြား
မသိမသာလေးသာ ကွာဟပါသည်။ဗိုက်ကလဲဆာနေသဖြင့် အလွန်ပင်စား၍ကောင်းလှပါသည်။ထိုအချိန်တွင် နားထဲကြားလိုက်သည်က
တောင်ပြိုနေသည်တဲ့။ဟိုက်ဘာလားပေါ့နော်။သူတို့ပြောနေသည်ကား တွေကိုကလေးဘက်က တက်မလား ဒီလမ်းအတိုင်းနက်မလား
ဆွေးနွေးပြောဆို ကြသည်မှာ မြေပြန်သားတယောက်ရင်ထဲ တမျိုးတမည်ဖြစ်စေတော့သည်။ ဒီလိုနဲ့ ကြောက်ကြောက်နဲ့ကားပေါ်တက် ဆက်လက်လိုက်ပါ လာခဲ့ရသည်။ဘေးလူများက သွားလာနေကျ စိတ်ပူကြပုံးမပေါ်တော့ ကိုလဲဘာကြောက်ရမှာလဲဟုဆိုကာ အားတင်းထားလိုက်သည်။သုံးနာရီမျှစီးပြီးသောအခါမှာ တောင်ပြိုကားပိတ်သောနေရာသို့နေရာသို့ ရောက်ရှိလာလေသည်။
image
အော်တောင်ပြို၍ လမ်းပိတ်နေခြင်းဖြစ်သည်။စိတ်ပူစရာမလိုတော့ စက်ကြီးမတားဖြင့်စောင့် ကျသောမြေများအား ရှင်းလင်းပေးနေလေသည်။စက်ကြီးမောင်း ဆရာများသည်မှာလဲ မလွန်ပင်ကျွမ်းကျင်လှသည်။
မြေပြန့်သားတယောက်အဖို့ တွေကြုံနေရသော ပတ်ဝန်ကျင်မှာ အံသြ
စရာများစွာရှိနေလေသည်။ကားရပ်ချိန်မှာလဲ အောက်ဆင်းကာ အညောင်းဖြေရင်း တောင်တန်းတွေကိုကြည့်ရင်း တိုက်ခတ်သာသောလေကိုရှူရှိုက်ရသည်မှာလဲ ခံစားမှုတမျိုးရရှိန်ြသည်။
လမ်းရှင်းလို့ခရီးဆက်ခဲပြန်ပါသည်။မိုးဦးကျတွင် ထိုသို့ တောင်ပြိုလမ်းပိတ်သည်မှာ လေးငါးနေရာရှိသည်ဟု သိရသည်။ဒါပေမဲ့စိတ်ပူစရာတော့မလိုပါ လမ်းရှင်းပေးသေားစက်ကြီးများရှိနေလေသည်။တဖြေး
ဖြေး နေဝင်ကာ တောင်တန်းများနောက် နေလုံးကြီးတဝက်ဝင်နေလေ
ပြီ။ဒါသည်ကလဲ တမျိုးပင်လှပနေပြန်သည်။တောင်တန်းတွေရဲ့အောက်နားမှာတိမ်လေးတွေက ခပ်ပါးပါးပြေးလို့ တောင်ထိပ်နားမှာ တဝက်သာသာပေါ်နေသော နေလုံးကြီးနဲ့ အလွန်လှပ ကဗျာဆန်လှသည်
ပင် ပန်းချီကားတချပ်ပမာပါ။နေလုံးပျောက်လို့ ညမမှောင်ရောက်ပါလေသည်။ မှောင်နက်မဲမဲ ကြည့်စရာ မရှိတော့ပြီမို့ ရှေ့မှသွားသောကားမီးလေကိုသာ ကြည့်နေရသည်။သူသည်လဲကည့်၍ကောင်းသည်မှာ
တောင်ပတ်လမ်းများ ဖြစ်၍ ငွေ့ကာဝိုက်ကာဖြင့် မီးရောင်ဖွေးဖွေး မီးနီလေးတွေ ပျောက်သွားလိုက်ပေါ်လိုက်ပေါ့။ည၁၀နာရီလောက်မှာ
လမ်သုပ်ရွာဆိုတာကိုရောက်ရှိလာခဲ့ခဲ့ပါသည်။ကားအောက်ဆင်းလိုက်သောအခါ အလွန်အေးစိမ့်သွားသည်။အောင်မလေး အေးလိုက်တာဟုပင် မှတ်ချက်ပြုလိုက်သည်။ကားပေါ်တွင် ဒီလောက်မအေးပါ။
ဘေးဝဲယာမှာလဲနှင်းပိတ်မသိ ပိတ်နေလေသည်။ကော်ဖီမစ်လေးမှာကာ နွေစေရသည်။အဲ့အချိန်ကော်ဖီမစ်မှာ အရင်ထက်ပို၍ အရသာထူးကဲနေသည်မှာ ရာသီဥတုနောက်ခံ ကြောင့်ဖြစ်သည်။
ကဲ့ ဆက်လက်ခရီးဆက်လိုက်ကြဦးမယ်။ညမှောင်မှောင် ဘာမှမြင်ရလေတော့ မျက်စိလေးအိပ်ချင်လာသည်။ဒီလိုနဲ့ အိပ်မောကျကာ လိုက်ပါလာရင်း ဟားခါးမြို့သို့ ရောက်ရှိလေသည်။ဝါး ထင်မှတ်မထား မီးတွေထိန်ထိန်ညီးကာ နိမ်ချီတခါ မြင့်ချီတလှည့် မီးရောင်စုံများနဲ့ လှပနေတဲ့မြို့ ဟာခါး မနက်ကျမှ လျှောက်လည်ရမည်။ခုတော့ လာရောက်
စောင့်ကြိုသူများနှင့် မိမိနေထိုင်ရမည့်အိမ်သွား လိုက်သွားပါဦးမယ်။

ဟားခါးမြို့တော်အားဆက်လက် လေ့လာဖော်ပြသွားပါမည်။
ရေးသားသူ - msc 042
@mgmgaung

Sort:  

နောက်​​ရေးမှာ​တွေ ​စောင့်​​မျှော်​​နေပါတယ်​ဗျ .. မ​ရောက်​ဖူးတဲ့ ​ဒေသ​တွေမို့ အလွန်​ ဗဟုသုတရပါတယ်​ဗျို့ ..

ဟုတ်ကဲ့ပါဗျ

ဟိုးအရင် ချင်းပြည်နယ်ဒေသ က လမ်းတွေဆိုးတယ်နော် အခုတော့မသိဘူး ။ှဗဟုသုတတွေရလိုက်တယ်။

ဟိုးအရင် ချင်းပြည်နယ်ဒေသ က လမ်းတွေဆိုးတယ်နော် အခုတော့မသိဘူး ။ှဗဟုသုတတွေရလိုက်တယ်။

အေးမယ့်ပုံပဲ ဟားခါးက.....
အတွေ့အကြုံလေးတွေ ဆက်လက်ဖော်ပြပေးပါဦး

ဟုတ်ကဲ့ပါဗျ

ချင်းပြည်​နယ်​ ဟားခါးသွားချင်​တဲ့​နေရာ
ဓာတ်​ပုံ​တွေကလှတယ်​ဗျာ

ပုံဟောင်းတွေပျက်တဲ့ထဲပါသွားလို့
ဖော်ပြချင်ပါတယ်

တောင်တန်းအလှတွေနဲ့လွမ်းမောဖွယ်ရာဟားခါးပေါ့ဗျာ။

ဟုတ်ပါ့ခေါင်းစဉ်ခုမှရတယ်အကိုရေ

အလည်အပါတ်တော့သွားချင်တယ် အလုပ်အကိုင့်ဆိုသွားချင်ဘူး

အတူတူပါပဲလေ

ဂွတ်တယ်ဗျာ

ဟုတ်gooo တယ်

တစ်ခေါက်တော့အရောက်လှမ်းခဲ့ချင်ပါတယ်

လှမ်းခဲ့ပါကျွန်တော်ကတော့မြေပြန်ရောက်နေပါပီလို့

ရှုခင်းတွေ တော်တော်လှမှာနော်...

ဟုတ်တယ်slနောက်ထပ်ဖော်ပြပမယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 62796.11
ETH 3045.55
USDT 1.00
SBD 3.85