ချင်းပြည်နယ် ဟားခါးမြို့သို့ (၂)

in #myanmar6 years ago

image
အိမ်ယာရောက်တော့ လျှပ်စစ်မီး အဖွေးသားနှင့် ဝန်ထမ်းအိမ်ယာ တိုက်ခန်းသစ်များ ကိုတွေ့မြင်ရသောအခါ အလွန်ပင်
ဝမ်းသာသွားမိသည်။
"အိမ်ယာတွေကကောင်းသားပဲနော်"
"ဟုတ်ကဲ့ အသစ်တွေပါ လူမနေရသေးဘူး"
အိမ်ထဲသို့ရောက်သောအခါ လှည့်ပတ်ကြည့်ရင်း ကျေနပ်နေမိသည်
မှာအမှန်ပင်ဖြစ်သည်။အခန်းဖွဲ့ကလဲ ရေချိုးခန်းတစ်ခန်း သီးသန့် အိမ်သာခန်းသီးသန့် ရှေ့တွင်မီးဖိုဆောင် ဧည့်ခန်းကလဲ ပေ ၂၀ ပတ်လည်
အိပ်ခန်းက ၁၀ ပေ နှစ်ခန်းဆိုတော့ goodတာပေါ့။ခရီးကလဲ ပန်းလာသည်မို့ အိပ်ယာကို အဖြစ်ခင်းကာ အိပ်ချလိုက်ပါသည်။
image
image
မနက်မိုးလင်းသောအခါ မြင်ရတွေ့ရ ခံစားရသည်မှာ
အလွန်ပင် စိတ်ကြည်နူးဖွယ်ကောင်းလှပါသည်။မျက်စိရှေ့တွင်ပြေးလွှားနေသော တိမ်တိုက်များ ထင်းရှူးတောနဲ့ တောင်စဉ်အထပ်ထပ်
အေးမြလှတဲ့ ရာသီဥတု လက်ကလေး ပိုက်ရင်းကြည့်နေမိသည်။
"ဟဲ့ မျက်နှာသစ်ဖို့လုပ်လေ"
အေးအေး"
ကျွန်တော်လဲ ညကပေးထားခဲ့သော ရေပုံးအဝါ နှစ်ဘူးအား ဖွင့်
လျှက် ကော်ပုံးအကြီးတွေထဲ ထည့်ကာ မျက်နှာသစ်ရေ သုံးရေ အိမ်သာရေ ခွဲကာဖြင့် ထည့်ပေးလိုက်သည်။
"အမလေးအေးထာဟ"
"အဲ့လောက်အေးလား"
"လုပ်လုပ်သစ်ပါ"
"အမလေး အေးတယ်တော့"
"ဟားဟားဟား မှတ်ပလား အေးဘူးဆို"
မျက်နှာသစ် towys သွား ပစ္စည်းတွေနေရာချကာ ရေတင်မယ်အ
လုပ် ရေတင်ရန် ခလုပ်မရှိပေ။ဘေးအိမ်ယာကိုမေးကြည့်သောအခါမှ
သိလိုက်ရသည်က ကားနဲ့ ရေပုံးတွေ သယ်ကာ ခွဲဝေယူကြခြင်း ဖြစ်
နေလေသည်။
"မိန်းမရေ သွားပြီဟ"
" ဘာဖြစ်လို့တုန်း"
"ဒီရေနှစ်ပုံးကခွဲတမ်းတဲ့"
ဟော တော့"
နှစ်ယောက်သား စိတ်ပျက်စွာထိုင်ချရင်း တခဏတာ ငြိမ်သက်နေမိ
လိုက်သည်။ဒီရေနှစ်ပုံးနဲ့ မည်သို့ရှေ့ဆက်ရပါမည်နည်း။
" ကဲ ထ ထ"
"မုန့်စားသွားရင်း ဆရာဆီသွားမယ်"
အေး အေး"
အိမ်ဘေးကတယောက်အား လမ်းညွှန်မေးကာ နှစ်ယောက်သား ထွက်လာခဲ့ကြသည်။အိမ်ကနေ လမ်းမပေါ်သို့ နည်းသော်လည်း တောင်
ကုန်းလေးတော့တက်ရသည်။ မပေါ်ရောက် ခနလောက်တော့နာူရသည်။အလေ့အကျင့်မရှိ၍ အတော်မောလှသည်။နားနားနေနေဆက်လျှောက်လာလိုက်သည်။ရှေ့တွင်အလားတူ အတက်တခုတွေ့ပြန်သည်။
အားတင်းကာဆက်လျှေညက်ရပြန်သည်။ထိုအတက်ပြီးသော အခါတွက်မှလမ်းသည်ပြေပြေလေးတက်သွားသည်။နီးပါသော်လည်း ကုန်းဆင်း ကုန်တက်များဖြစ်၍ အာခေါင်တွေခြောက်လာသည်။ အဆာပြေ
မုန့်ဆိုင်သည်ကမတွေ့သေး မေးစရာ ကလဲ အိမ်များသည်တံခါးပိတ်
ထားကျသည်။မုန့်ဆိုင်တွေ့လိုငြား လျှောက်လာလိုက်တာ ဆရာအိမ်သို့ ရောက်လေသည်။
image
" အတော်မောသွားကြပြီလား"
" ဟုတ်ကဲ့ ဆရာ မောနေပြီ"
ရောရော့ ရေသောက်လိုက်ပါဦး"
ထိုအချိန် ရေသောက်ရမှာ အလွန်အရသာရှိလှသည်။ရေကို ဖြည်း
ဖြည်းခြင်း မျိုချရသောအရသာသည်ကား ဒီချိန်တွင်သိရတော့သည်။
" ဟုတ်ကဲ့ကျေးဇူးပါဆရာ"
" ရပါတယ်ကွာ "
ရေသောက်ပြီးခ်ျန်မှသာကျေးဇူးတင်စကားပြောနိုင်ပါတော့သည်။
"ကဲအမောပြေရင်မုန့်သွားစားမယ်"
"ဟုတ်ကဲ့ဆရာ"
ဆရာ့ကားလေးနောက်က လိုက်ပါလာရင်း ဘေးဘယ်ညာ ကြည့်ကာ
အမောများပြေပျောက်ခဲ့ပါသည်။လမ်းဘေး ဝဲယာတွင်လမ်းမှပေါ် မေးတင်ကာ အိမ်များဆောက်လုပ်နေထိုင်ကြသည်။အိမ်များ သည်ကား
သစ်သာူအိမ်ပင် ဆိုသော်ငြား အိမ်မိုးသွပ်များဖြင့် အမိုး ဘေးကာတွေ
ကို အသုံးပြုထားသည်။နောက်ဘက်တွင်ချောက်ကမ်းပါး ထိုချောက်ကမ်းပါးထဲ သို့ ခြေတန်ရှည်ချကာ ဆောက်လုပ်ထားကြသည်။အမြင်မှာတမျိုးဆန်းနေလေသည်။
"ကဲ ရောက်ပြီဟေ့ ဆင်းကြ"
ဆိုင်ထဲတွင် ဆူညံကာ လူစည်းကားနေသည်။လူတိုင်းသည် အနွေးထည် ပွကြီးများနှင့် ဘောင်ဘီရှည် ရှူးဖိနပ် များနှင့်
"ဘာစားမလဲဆရာတို့"
" မုန့်ဟင်းခါးပဲပေးပါ"
စားစရာများမှာပြီးနောက် ဆရာမှ ဒီဒေသ အကြောင်းရှင်းပြလေတော့သည်။

ဆက်လက်ဖေါ်ပြသွားပါမယ်။
ရေးသားသူ - MSC - 042
@mgmgaung

Sort:  

ထင်းရူးတောတန်းတောင်တန်းကြီးတွေနဲ့ ......

ဟုတ်ပအမရယ်။ခုမှလက်တွေ့ဖြစ်နေတော့တာ

ခွဲတမ်းဆိုတာ ပါပျော့တာလားဗျ

ဘိုပြောရမလဲ ကိုယ့်အတွက်ရပိုင်ခွင့်ပေါ့လေ

Good ဗျာ

ကျေးဇူးပါ

အွန့် ချင်းပြည်နယ် ဆိုလို့ ကိုယ်တေတွေးလိုက်တာက
ဘာစားစရာတေ ပေါလည်းပေါ့ ဆက်ဖတ်လိုက်တော့
မုန့်ဟင်းခါး တဲ့

နောက်မပိုငိးမှာအမအကြိုက်လာမယ်လေ

ဗဟုသုတ၇တယ်ဗျာ
ပုံတွေကြည့်ရတာအေးတာ
မန်းမှာကပူနေတယ်လေ

ဟုတ်တယိ အကိုရေ မြေပြန်နဲ့တအားကွာတယိ

ရိုးရာစားစရာ​လေး​တွေ အ​ကြောင်း ​ရေး​ပေးအုံး​နော့်​ .. အစားတလိုင်းမို့ဘာ .. 😂😂

နောက်အပိုင်းမှာအစားလိုင်း

စိတ်​ဝင်​စားစရာ​ကောင်းပါတယ်​ရှင့်​။ဆက်​လက်​​ရေးသားချက်​အား​စောင့်​​မျှော်​​နေပါတယ်​ရှင်​။

ဟုတ်ကဲ့ပါ

ဒေသအကြောင်းလေးတွေလည်းဆက်လက်ဖော်ပြပေးပါအုံးအကိုရေ။စိတ်ဝင်စားစရာပဲ။

ဟုတ်ကဲ့ပါဗျ

ရေ၂ပုံးခွဲတမ်း တဲ့ 
ချွေတာသုံးပါ အကို​ရေ

ဘဝတွေလေ

မိုက်တယ်ဗျ။တော်တော်စိတ်ဝင်စားစရာကောင်းတယ်။အားပေးနေမယ်

ဟာခါးပြီးရင်နေပြည်တော်လာဦးမည်လေ
ဆက်လက်အားပေးပါဦးနော်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63439.39
ETH 2545.40
USDT 1.00
SBD 2.66