Thinngyan Letters ( Part - 10 )

in #myanmar5 years ago

မဟာသင်္ကြန်စာ - အပိုင်း(၁၀ )

Hello , all steemit member.

image

မဟာသင်္ကြန် အတက် နေ့

ယနေ့ သည် သင်္ကြန် အတက် နေ့ ဖြစ်ပါသည်

သင်္ကြန်စာ တွင် ၇ရက်သားသမီးများအတွက် ဆောင်ရန် / ရှောင်ရန် အချက်များ ကိုလည်း ရေးသား ထားပါသေးသည်

အင်္ဂါနေ့ဖွား သားသမီးအပေါင်းတို့သည်
အတာတက်သော နေ့ အခါသမယ တွင်ရတနာ(၃)ပါး ဘိုးဘွား မိဘ ဆရာသမားများအား လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်း အာဟာရ ကျွေးမွေး ခြင်း အစရှိသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး ဦးချ ကန်တော့ရ၏

တိထီ(၁၂)လုံး ဘဒြာ အင်္ဂါမြေခံ ဂြဟဇာ အရှေ့ တောင်အရပ်ပွင့်ရာ အရပ်ကို မျက်နှာပြုလျက် ရွှေငွေရတနာများ ဆင်ယင်ပြီး သစ်လွင်သောအဝတ်အစားများ ဝတ်ဆင်၍
သိကြား ဗြဟ္မာ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တို့အား၎င်း ပူဇော်ပသပြီး မေတ္တာခံယူ ဆုတောင်းဝတ်ပြုကြကုန်လော

ဟူ၍ သင်္ကြန်စာတွင် မဟာသင်္ကြန် အတက်နေ့ အတွက် ပြုမှု လုပ်ဆောင်ပုံ များအား ရေးသားထားပါသည်

ထို့ အတူ အတာစားရခြင်း၏အကျိုး အား သင်္ကြန်စာတွင် ရေးသားထားသည်မှာ

တနင်္ဂနွေသားသမီးများ

အလုပ်အကိုင် - ဒီလထဲတွင် ကြုံတွေ့နေရသော ပြသနာများအား ချုပ်ကိုင် အနိုင်ယူစွမ်း ရှိသောကာလ ဖြစ်သည် မိမိလုပ်ဆောင်သမျှကို အမျိုးသမီးတစ်ဦးမှ လိုက်လံ ကူညီတက်သည် အလုပ်အကိုင်ပြောင်းရွှေ့ချင် စိတ်များဖြစ်နေတတ်ပါသည်

စီးပွားရေး - အလုပ်အကိုင်နှင့် ပတ် သက်ပြီး လူမျိုးခြား နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်း၊ အထည်အလိပ်နှင့်ပတ်သက်သော လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ပြည်ပနှင့်ပတ်သက်သော လုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည် ငွေရေး ကြေးရေး ကံမကောင်းသေးပါ ငွေအထွက်များခြင်း ရစရာရှိတာမရခြင်း ပေးစရာရှိတာမပေးဖြစ်သေး ခြင်း အကြွေးတင်ခြင်းများ ကြုံရကိန်း ရှိပါသည်

အချစ်ရေး- ငယ်ရွယ်သူများချစ်သူနှင့်အဆင် မပြေဖြစ်ရတတ်သည် တနင်္ဂနွေ တနင်္လာ သောကြာသား ချစ်သူရှိလျှင် အဆင်မပြေ ပျက်သွားတတ်ပါသည်

အိမ်ထောင်ရေး -အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့် ပတ်သတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရ စကားများရတတ်ပါသည် အလုပ်အကိုင်များ အစဉ်ပြေမလိုလိုနှင့် အဆင်မပြေဘဲ ရှိနေတတ်ပါ သည် အင်တာဗျူးကိစ္စ၊ သင်တန်းကိစ္စများ စီစဉ်ပြီး လုပ်ဖြစ်ရန် ကြံကြာနေ တတ်ပါသည်

ယတြာ - တနင်္ဂနွေနေ့ အိမ်ဘုရားစဉ်တွင် ပန်းအဝါ (၁၅ )ပွင့် ဖယောင်းတိုင်-အဝါယောင် (၁၅ ) တိုင် အမွှေးတိုင် (၁၅ ) တိုင် အသီး (၁၅ ) လုံးကို ကပ်လှူ ထွန်းညှိပူဇော် ပေးလိုက်ပါေ ရာင်းလိုသော ပစ္စည်းများရှိလျှင် အုန်းညွန့် (၁၅ ) ညွှန့်နှင့် ရိုက်ပြီး ဆုတောင်းပါ

တနင်္လာသားသမီးများ

အလုပ်အကိုင်း- ယခုနှစ်တွင် မိမိ အလိုဆန္ဒများ မပြည့်ဝတတ်ပေ။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စဉ်းစားဆင်ခြင် သတိချပ်၍ လုပ်ကိုင်သင့်သည်ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် ရင်းနှီးမတည်ရသော လုပ်ငန်းများကို လွန်ကဲစွာ မပြုလုပ်သင့်ပေ

စီးပွားရေး- စတော့ ရှယ်ယာ ဈေးကွက်များ ဝယ်ယူနိုင်သည် ထီသော်လည်း ပေါက်နိုင်သည် ငွေကြေးပြတ်လတ် ငွေ အခက်အခဲ ဖြစ်တတ်သည် မိသားစုနှင့် ညှိနှိုင်း ဆွေနွေးသင့်ပါ သည် မိတ်အဆွေအပေါင်းအသင်းများ သတိထားပါ

အချစ်ရေး -မိမိအားအသုံးချခံရတတ်ပါသည်

အိမ်ထောင်ရေး- သားသမီး အပူသောက မိဘ၊ညီအစ်ကို မောင်နှမ အပူသောက ပေါများတတ်ပြီး အိမ်တွင်ရေး ပဋိပက္ခများတတ် သည်

ပညာရေး- အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်ရာ ပညာရပ်ကို ဦးစားပေး သင်ကြားပါ မိဘအုပ်ထိန်း သူများသည် အဆင့်မြင့်ပညာရေး တန်ဖိုးမြှင့်တက်လာမှုကြောင့် အကြပ်အတည်းနှင့် ရင်ဆိုင်ရတတ်သည်။

ကျန်းမာရေး- သွေးတိုး သွေးကျ၊ နှလုံးနှင့် ဦးနှောက် အာရုံကြောရောဂါများ ဝင်လာတတ်သည် ကြိုတင်၍ ကျန်းမာရေး လိုက်စားပါ အထူးသဖြင့် ယောဂကျင့်စဉ်များ ပြုလုပ်ရန်သင့်တော်သည်

ယတြာ- ကံကောင်းစေလိုသော်အရှေ့မြောက် ဘက် အရပ်မှာ ဘုရားဆင်းတုတော် တည်ထားကိုးကွယ်ပါ
ဘုရားစေတီဟောင်းများ ပြုပြင်ခြင်း၊ဆေးသုတ်ခြင်း၊ရောင်တော် ဖွင့်ခြင်းများ ပြုလုပ်ပါ
ချယားပင် စိုက်ပျိုးခြင်း အရှေ့အရပ် လမ်းဘေးဝဲယာ၌ လက်ပံပင်စိုက်ပါ
အဖြူရောင်ရှိ ပုလဲရတနာ ဝတ်ဆင်ပါ
တနင်္လာသားသမီးများ ထီထိုးရန် (၄)ဂဏန်းအစ (၄)ဂဏန်း အဆုံးဖြစ်သည်

အင်္ဂါါသားသမီးများ

အင်္ဂါနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင် စိတ်အလိုမကျမှုများ မကြာခဏ တွေ့ရမည်။ ထို့အပြင် မိမိဒေါသကြောင့် မိမိဘဝ ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးမှုလည်း ဖြစ်တတ်သည်။
စီးပွားရေး- မိမိကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းခွင်ထဲတွင် နှောင့်ယှက်ဖျက်စီး ခြင်း အမျိုးမျိုးဝင်လာတတ်သည်
လူပယောဂအရသော်၎င်း ဆေးဝါး ပယောဂအတိုက်ဓာတ် အောက်လမ်း၊အထက်လမ်း အစရှိသည့် နည်းမျိုးစုံ ဖြင့် မွေနှောက်တတ်သည်
ကာယအလုပ်ဖြင့် စီးပွားရှာဖွေနေသူများ လုပ်ငန်းခွင် အန္တရာယ်ကင်းဝေးရေးကို သတိပြု ကြိုတင်ကာကွယ်ပါ
ငွေကြေး ချေးငှား ကြွေးမြီတင် မနိုင်မနင်းဖြစ်တတ်သည်

အချစ်ရေး- မည်သူကိုမျှ ယုံကြည်၍မရပါ ဖောက်လွဲဖောက်ပြန် အပြောင်း အလဲရှိတတ်သည် အပျို၊ လူပျိုများ မကြာခဏ စိတ်ဆိုးစိတ်ကောက် လူမှုရေးပြဿနာများ တက်လာနိုင်ပါ၍

အိမ်ထောင်ရေ- ယခုနှစ်တွင် အိမ်ထောင်မပြု သင့် ပေ နှစ်ကိုယ် သဘောတူလက်တွဲခြင်း အခွင့်အရေးယူခြင်း လွတ်လပ်စွာ သွားလာတွေ့ဆုံခြင်းများ မပြုလုပ်သင့်ပါ

ကျန်းမာရေး- စိတ်ကျရောဂါ၊ စိတ်ဖိစီးခြင်းများ ဖြစ်တတ်သည် အထူးသဖြင့် ကူးစက်တတ်သော ကာလာပေါ် အနာရောဂါများ သွေးနှင့်သက်ဆိုင်ရာ ပိုးမွှား ရောဂါများ ခုခံအားကျဆင်းရောဂါများ အတိုက်အခိုက် ထိခိုက် အနာတရ ကျိုးပဲ့တတ်သည်

ယတြာ - လူစည်ကားရာနေရာများ အသွားအလာ ရှောင်ပါ ယာဉ်ပစ္စည်း၊ လက်နက်ပစ္စည်း၊ မီးနှင့် ဆက်စပ်ပစ္စည်းများ၊ သံထည်ပစ္စည်းများ ကိုင်တွယ်ရာ သတိပြုပါ
အရှေ့အရပ် သင့်တင့် လျောက်ပတ်သော နေရာ၌ တံခွန်စိုက်ပါ
သရဖီပင် စိုက်ပျိုးခြင်း အနောက်တောင်အရပ်၌ လမ်းဘေး ဝဲယာတွင် ပေါက်ပန်းဖြူစိုက်ပါ
နီရဲသော သန္တာကျောက်မျက်ရတနာ ဝတ်ဆင်ပါ
အင်္ဂါသားသမီးများ ထီထိုးရန် (၆)ဂဏန်းအစ (၄)ဂဏန်းအဆုံး ဖြစ်သည်

ဗုဒ္ဓဟူးသားသမီးများ

အလုပ်အကိုငိ- မိမိ၏ ကံနှင့်ဉာဏ်ကို အားကိုးပြီး မလျှော့သော ဇွဲ၊လုံ့လ၊ဝိရိယဖြင့် လုပ်ကိုင်ပါ ယခုနှစ်တွင် အခက်အခဲများ တွေ့ကြုံလေ ဘဝအတွက် အောင်မြင်မှု မကြာခင် ရရှိတော့မည်ဟု ယုံကြည်ပါ အရာရာကို အလေးအနက်ထားပြီး ပြောဆိုလုပ်ကိုင်ပါ။ငွေရှင် ကြေးရှင်၊ လုပ်ငန်းရှင်၊ဥစ္စာရှင်များ မိမိအား ကူညီရန် စောင့်ကြည့်နေသည်ထို့အပြင် မကောင်းမှု ဒုစရိုက်လုပ်ငန်းများ၊ အပြစ်မကင်းသော စီးပွားဥစ္စာ ရှာဖွေရေး လုပ်ငန်းများလည်း မိမိထံရောက်ရှိ လာတတ်သည်

စီးပွားရေး - ပညာရပ်ကို အခြေခံပြီး ရှာဖွေသော စီးပွားလုပ်ငန်း လုပ်ကိုင်သူများ အထွဋ်အထိပ်ရောက်ရှိမည်

အချစ်ရေး - မလျှော့သောဇွဲဖြင့် ချဉ်းကပ်ပေးပါ လိုချင်တောင့်တအပ်သော အရာမှန်သမျှ ရရှိနိုင်သည်

အိမ်ထောင်ရေး- သားသမီး၊တပည့်များ တိုးပွားလာမည် မိမိတို့၏ ရှေ့ရေး ဘဝ တိုးတက် ခိုင်မြဲနိုင်ရန် အထောက်အကူရရှိရန် စိတ်ရှည်သီးခံပြီး တပည့် မွေးမြူရန် သင့်တော်သည်

ကျန်းမာရေး - ဦးနှောက်နှင့် အာရုံကြောရောဂါများ သတိပြုပါ
မကြာခဏ ခေါင်းကိုက်ခြင်း ကိုယ်အင်္ဂါများ အဆစ်များကိုက်ခဲခြင်း နှလုံးသွေးကြောနှင့် သက်ဆိုင်ရာ များ သတိပြုပါ။မမျော်လင့်သော ဘဝအပြောင်းအလွဲများ ဖြစ်တတ်သည်

ယတြာ - အရှေ့တောင်အရပ် သင့်တင့်လျောက်ပတ်သောနေရာ၌ လမ်းခင်းပါ။ တံတားဆောက်ခြင်း ပြုလုပ်ပါ
ကွမ်းသီးပင် စိုက်ပျိုးခြင်၊ တောင်အရပ် လမ်းဘေးဝဲယာတွင် သခွပ်ပင် စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ပါ
အစိမ်းရောင်ရှိသော ကျောက်စိမ်း ရတနာကို ဝတ်ဆင်ပါ

ဗုဒ္ဓဟူးနေ့ သားသမီးများ ထီထိုးရန် အကျိုးပေး ဂဏန်းများမှာ ၅-၉-၀ဖြစ်ပါသည်

ကြာသပတေး သားသမီးများ

အလုပ်အကိုင်း- ယခုနှစ်တွင် စွန့်စားလုပ်ကိုင်ရသော လုပ်ငန်းများကို မကြာခဏ လုပ်ကိုင်ရတတ်ပေသည် မည်သည့်လုပ်ငန်းကို မဆို သစ္စာဆို တိုင်တည်ပြီး ရဲရဲဝံ့ဝံ့သာ လုပ်ကိုင်ပါ အောင်မြင်မှု ပန်းတိုင် သည် မိမိလက်တကမ်းသို့ ရောက်ရှိနေပါမည် လူချစ်လူခင်ပေါများမည် အထက်တန်း ပုဂ္ဂိုလ်များက မိမိအား အလေးထား ချီးမြှင့် မ,ဆခြင်းကို ခံရ တတ်သည်

အချစ်ရေး - မိမိ အားကိုးအားထားပြုရသော ဖူးစာရှင်ကို တွေ့ရတတ်ပြီး ဘဝ တိုးတက်မှု ရှိနိုင်သည်

အိမ်ထောင်ရေး - မိမိ မိသားစုအပေါ် သစ္စာစောင့်ထိန်းသင့်ပါသည်
အပူကပ်လာသူများကြောင့် ကိုယ်စိတ်နှစ်ပါး ပူလောင်ရတတ်၏

ပညာရေး- ယခုနှစ်အတွက် စိတ်နှစ်ခွ ဖြစ်တတ်သည် ပညာဆည်းပူနေသူများလည်း ရှေ့မတိုး နောင်မဆုတ်သာ ဖြစ်တတ်သည် အသက်မွေးဝမ်းကြောင်းအတွက် ဘဝရပ်တည် ရေးအတွက် ဦးစားပေး လုပ်ကိုင်ရတတ်သည်

ကျန်းမာရေး- သတိပြုပါ ၊ ဆေးကုသရာတွင် အနာတခြား ဆေးတခြား ဖြစ်တတ်သည်

ယတြာ - အနောက်တောင် အရပ်မှာ ဇရပ်ဆောက်လှူခြင်း၊အမိုးအကာပြုပြင်ခြင်း၊ဘုရားစေတီဟောင်း ပြုပြင် ဆေးသုတ်ခြင်းများ ပြူလုပ်ပါ
ဒါန်းပင် စိုက်ပျိုးပါ အရှေ့မြောက် အရပ် လမ်းဘေး ဝဲယာတွင် ထနောင်းပင် စိုက်ပျိုးပါ။ အဝါရောင်အဆင်း ရှိသော ဥဿဖရား ရတနာကိုဝတ်ဆင်ပါ
ကြာသပတေး သားသမီးများ ထီထိုးရန် အကျိုးပေးဂဏန်းမှာ (၅)ဖြစ်သည် စပ်တူထီထိုးပါ

သောကြာသားသမီးများ

စီးပွားရေး - ယခုနှစ်တွင် မမျော်လင့်သော စည်းစိမ် ဥစ္စာများ ရရှိခံစားရတတ်သည် မိမိတို့၏ ဂုဏ်သတင်းများလည်း ကျော်ဇောတတ်သည်
မိမိအလိုရှိရာကို ဖန်တီးရယူနိုင်သည်ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းများတွင် ယုံကြည်စိတ်ချစွာ ရင်းနှီးမတည်မှုပြုလုပ်ပါ သို့သော် ခိုင်မာတိကျသောလုပ်ငန်းများ:ဥပဒေနှင့်ညီညွတ်စွာ လုပ်ကိုင်ပါ အဖွဲ့အစည်းလုပ်ငန်းများ လုပ်ကိုင်ခြင်းထက် မိမိကိုယ်ပိုင်လုပ်ငန်းများ ပို၍ ကောင်းသည် ဝန်ထမ်းလောက လုပ်ကိုင်နေပါက မိမိဆုံးဖြတ်ချက်ကို ဦးစားပေး လုပ်ကိုင်ရန် အကြံပြုပါသည် မိမိအကျိုး သူတစ်ပါးအကျိုး လည်းဖြစ်ထွန်းပါမည်

အချစ်ရေး - အထူးမျက်နှာပွင့်လန်းသော နှစ်ဖြစ်သည်
အများအကျိုးဆောင် လုပ်ငန်းများတွင် မိမိဂုဏ်သတင်း ကျော်ကြားမှု ရှိမည်။

အိမ်ထောင်ရေး - အိမ်ထောင်ပြုရန် သင့်တော်သောနှစ်လည်းဖြစ်သည် အိမ်ထောင်ရှင်များအတွက် ခင်မင် ရင်းနှီးမှုကို အကြောင်းပြ ပြောဆို၍ ပေးအပ်လာသော အပိုလက်ဆောင် ပစ္စည်းများ လက်မခံသင့်ပေ မိမိကိုယ်တိုင်လည်း မပေးသင့်ပါ

ကျန်းမာရေး- ပုံမှန် အားကစား တခုခုကို အမြဲလုပ်ပါ

ယတြာ -အနောက်မြောက် အရပ်မှာ တန်ဆောင်းပြုလုပ် လှူဒါန်းခြင်း၊ လှေကားပြုပြင် လှူဒါန်းခြင်း ပြုလုပ်ပါ
မြောက်အရပ် လမ်းဘေးဝဲယာတွင် အုန်းပင်စိုက်ပျိုးခြင်းများ ပြုလုပ်ပါ
စိန်ရတနာကို ဝတ်ဆင်ပါ
သောကြာနေ့ဖွား သားသမီးများ ထီထိုးရန် စပ်တူရှယ်ယာ (သို့မဟုတ်) သူတပါးအား ထီထိုးခိုင်းပြီး ထီလက်မှတ် သိမ်းဆည်းပါ ထီပေါက်နိုင်ပါသည်

စနေ သားသမီးများ

အလုပ်အကိုင်- ယခုနှစ်တွင် မိမိလက်ရှိ လုပ်ကိုင်နေသော အလုပ်အကိုင်မှ အကျိုးအမြတ် ထူးထူးခြားခြား ရရှိပါလိမ့်မည် သို့သော် မိမိအလိုဆန္ဒပြည့်ဝနိုင်ရန် မိမိကိုယ်တိုင် ကိုယ်ကျ စီမံခန့်ခွဲပြီး လုပ်ငန်း လုပ်ကိုင်ရမည်

သီးပွားရေး - မည်သူကိုမျှ ယုံကြည်၍မရပါ ငွေကြေးအရင်းအနှီး စိုက်ထုတ်ပါ မနိုင်ဝန်ကို မထမ်းပါနှင့် မိတ်သင်္ဂဟအခြွေအရံများ ပေါများ လာအောင် လူမှုရေးကိစ္စများလုပ်ပါ အများလေးစားကြည်ညို ခံရတတ်ပြီး ဘဝအထွဋ်အထိပ်ကို ရောက်ရှိပါမည် တရားသောနည်းလမ်းဖြင့် ငွေကြေး များစွာ ပိုင်ဆိုင်နိုင်ပါသည်
ဝန်ထမ်းလောကတွင် လုပ်ကိုင်နေပါက အမှောင်နည်းလမ်းဖြင့် ငွေကြေး ရှာဖွေခြင်းကို လုံးဝစွန့်လွတ်ပါ ဒုက္ခရောက်တတ်သည်

အချစ်ရေး- မိမိအား ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသား၊အမျိုးသမီးအချို့ ချဉ်းကပ် လာတတ်သည် မိမိ စိတ်ကြိုက်ရွေးချယ်ရန်အတွက် အခွင့်အလန်းများရှိသည် သို့သော် အမုန်းပွားစေတတ်သော အပြစ်မကင်း သော အမှုကိစ္စများ မကြူးလွန်ရန် သတိပြုပါ

ပညာရေး- ဂုဏ်ထူး၊ ဘွဲ့ထူးခံရမည့် မင်္ဂလာရှိသောနှစ် ဖြစ်သည်။ ပညာရေးကဏ္ဍ အသီးသီးရှိ လူကြီး၊ လူငယ် လူတန်းစားမရွေး ဆက်လက် ကြိုးစားလုပ်ကိုင်ကြရန် အကြံပြုပါသည်

ကျန်းမာရေး - စည်းကမ်းစနစ်တကျ စားသောက်ခြင်း အနားယူခြင်း အပန်းဖြေ ခရီးသွား လာခြင်း ကျန်းမာရေး စင်တာများတွင် စစ်ဆေးခံယူခြင်းများ ပြုလုပ်ပါ သဘာဝ ဘေးအန္တရာယ်နှင့် လူ့ပယောဂအမျိုးမျိုးကြောင့် မိမိပိုင်ဆိုင် ထားရှိသမျှ အားလုံး တိုက်ခိုက်ခံရ၍ ပျက်စီးရတတ်သည် ရန်သူအပေါင်း စုပေါင်း လုပ်ကြံလာတတ်သည်
သို့ဖြစ်ပါ၍ ယုံကြည်ရာ ဘာသာတရားအတိုင်း အပတ်စဉ် လစဉ် ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်ပြုလုပ်ပါ

ယတြာ - တောင်အရပ်မှာ တံခွန် စိုက်ပါ
ကံ့ကော်ပင် စိုက်ပျိုးခြင်း အနောက်တောင်အရပ် လမ်းဘေးဝဲယာ တွင် ကြက်ဆူပင်စိုက်ပျိုးပါ
နက်ပြာရောင်ရှိသော နီလာရတနာကို ဝတ်ဆင် ပါ
စနေသားသမီးများ ထီထိုးရန် သူတပါးအတွက် ရည်စူး၍ ကြုံရာ ထီဂဏန်းကို ထိုးပါ ထီပေါက်နိုင်ပါသည်

ဟူ၍ သင်္ကြန်စာ တွင် ရေးသား ထားပါသည်

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported .I am ever used esteem app.

Hlo frnd how r u nice post

Thanks , your comment.

ကျွန်တော်က ဗုဒ္ဓဟူးဗျ။ ဘဝ အပြောင်းအလွဲ ဆိုပါလား။ အတော်ပဲ

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57344.91
ETH 3100.39
USDT 1.00
SBD 2.42