ဝှက်‌ဖဲ

in #myanmar6 years ago

FB_IMG_1524973561560.jpg

စာ‌ရေးသားကြတဲ့ ‌နေရာမှာ ‌‌ရွေးချယ်‌စရာ လိုင်း‌တွေ အများကြီး ဖြစ်‌သလို ‌ရေးသားပုံကလည်း အမျိုးမျိုးရှိပါတယ်‌။ ဟိုးအ‌ဝေးကြီး‌တွေ မ‌ပြော‌သေးဘဲ ၊ကျွန်‌‌တော်‌တို့ Steemit အုပ်‌စု‌လေးဘဲ ‌ သုံးသပ်‌ ကြည့်‌ပါ။ပညာ‌တွေ ရှယ်‌ယာရင်းလုပ်‌ခြင်း၊မှတ်‌‌တမ်းသ‌ဘောမျိုး‌ရေခြင်း၊ အား‌ပေးစကား ‌ပြောကြားခြင်း၊ အကြံဉာဏ်‌‌ပေးစာ သ‌ဘောမျိုး‌ရေးသားခြင်း၊ဘာသာပြန်‌ခြင်း၊ ဘာသာ‌ရေး အ‌ကြောင်း‌ရေးသားခြင်း ၊စိတ်‌ပိုင်းဆိုင်‌ရာ‌ရေးသားခြင်း၊ရင်‌တွင်းဆန္ဒကိုထုတ်‌‌ဖော်‌‌ရေးသားခြင်း၊ဘဝအသိ‌တွေကို လမ်းညွှန်‌နိတိ ပုံစံ‌ရေးသားခြင်း၊ ‌ငွေနဲ စီးပွား‌ရေးအ‌ကြောင်း‌ရေးသားခြင်း၊တက်‌ကျမ်းအ‌ကြောင်း‌ရေးသားခြင်းစသဖြင့်‌ ‌မြောက်‌များစွာ ‌တွေ့ရပါတယ်‌။‌ရေးကွက်‌နဲ့ တင်‌ဆက်‌ပုံကို မ‌ပြော‌သေးဘူး‌နော်‌။အ‌ကြောင်းအရာ‌ခေါင်းစဉ်‌ဘဲ ‌ပြော‌နေတာ။

FB_IMG_1517714796033.jpg

crd.org.source

တို့လူ‌တွေ ‌တော်‌တာကို ‌ထောက်‌ပြတာပါ။ဒါ‌တောင်‌ မဖတ်‌လိုကိရတဲ့ post‌တွေ အများကြီးရှိ‌သေးတယ်‌။ ဒါ ကျွန်‌‌တော်‌ဖတ်‌မိ‌တာလေးဘဲ တင်‌ပြ‌နေခြင်း ဖြစ်‌တယ်‌။ ‌များလွန်းအားကြီး‌တော့ အကုန်‌ဘယ်‌ဖတ်‌နိုင်‌မလဲ။‌ကောင်း‌သောpost ရသတစ်‌ခုခုဖြစ်‌‌စေ‌သောpostများလွတ်‌သွားရင်‌ နှ‌မြောစရာ ‌ကောင်းတယ်‌။ တစ်‌ခု‌တော့ လုပ်‌လို့ရတဲ့နည်း တစ်‌နည်းရှိတယ်‌။ မှတ်‌တမ်းလုပ်‌တဲ့နည်း‌ပေါ့။ proမှာ ၁၅‌ယောက်‌တင်‌တယ်‌ဆိုပါစို့။ ထိုထဲက ‌ကောင်း‌သောpost ရသတစ်‌ခုခုဖြစ်‌‌စေ‌သော Postတစ်‌ခုနှစ်‌ခု‌လောက်‌ကို siteတစ်‌ခုလုပ်‌ပြီး သိမ်းထားရင်‌ ‌ကောင်းမယ်‌ထင်‌တယ်‌။ ဆု‌ပေးဘို့ မဟုတ်‌ဘူး။ လိုအပ်‌ရင်‌ သုံးဘို့ မှတ်‌တမ်းသ‌ဘောမျိုးထားတာ‌ပေါ့။ member ‌တွေလည်းအားတက်‌ပြိး ‌ရေးအား‌ကောင်းလာနိုင်‌တယ်‌။ ငါ့Post ဒီတစ်‌ပတ်‌ save ခံရတယ်‌ဆိုရင်‌ စာ‌ရေးဆရာတစ်‌‌ယောက်‌ကို ဂုဏ်‌ပြုတာလည်း‌ရောက်‌ပါတယ်‌။ ဆု‌ပေးမှ ပိုက်‌ဆံရမှမဟုတ်‌ပါဘူး။ pro‌နေ့တိုင်း saveမယ်‌လို့ မဆိုလိုပါဘူး။ ‌ကောင်း‌သောpostကိုsaveမယ်‌ ၊123သတ်‌မှတ်‌ချက်‌မရှိပါဘူး၊‌များများကောင်းရင်‌ များများsave မယ်‌၊ မ‌ကောင်းတဲ့‌နေ့ဆိုလည်း တစ်‌‌ယောက်‌မှမsave ဘူး‌ပေါ့။‌နောင်‌တစ်‌ချိန်‌ မဂ္ဂဇင်းထုတ်‌ရင်‌ ကုန်‌ကြမ်းအတွက်‌ ပူစရာမလိုသလို ရှာရတာလည်း လွယ်‌သွားပြီ‌လေ။

images5.jpg
crd.org.source

‌နောက်‌တစ်‌ခုတင်‌ပြချင်‌တာက ‌ရေးကွက်‌ပိုင်း။ ‌ရေးသားတင်‌ဆက်‌တဲ့ပုံစံ ‌ပေါ့။ကျွန်‌‌တော်‌အပါအဝင်‌ ‌တော်‌‌တော်‌များများက ရင်‌ထဲရှိတာ ၊‌ခေါင်းထဲ‌ပေါ်လာတာကို ချ‌ရေးလိုက်‌တာပါဘဲ။ အစပ်‌အဟပ်‌တည့်‌တဲ့‌နေ့ ‌ကောင်းသွားတယ်‌၊မတည့်‌တဲ့‌နေ့မ‌ကောင်းဘူး။ မ‌ဟော်‌ရယ်‌ ဘယ်‌သူက ‌ခေါင်းထဲမရှိတာ‌ရေးလို့ရလို့လည်းလို့ ‌စောဒကတတ်‌နိုင်‌ပါတယ်‌။ကျွန်‌‌တော်‌ဆိုလိုချင်‌တာကို ရှင်းပြပါ့မယ်‌။အထက်‌မှာ‌ပြောခဲ့တဲ့ ကျွန်‌‌တော်‌တို့ ‌ရေးနည်းကို အထူတလည်‌ရှင်းပြစရာမလိုပါဘူး။ ဒုတိယ‌ရေးနည်းက ဝှက်‌ဖဲ‌တွေကို planချပြီး တစ်‌ခုချင်းချပြတဲ့နည်း။ ပရိတ်‌သတ်‌ကို ‌ပေးချင်‌တဲ့message များကို ပထမဦးစွာ စဉ်းစားတယ်‌၊ ပြီးရင်‌ တစ်‌ခုချင်းစီဝှက်‌ဖဲထားလိုက်‌တယ်‌၊‌နောက်‌မှတစ်‌ချက်‌ခြင်း လှန်‌ပြတာ‌ပေါ့။ အလွယ်‌ဆုံး‌ပြောရရင်‌ ‌နောက်‌က‌နေ ပြန်‌‌ရေးတာ‌ပေါ့။ ဥပမာ မင်းသိင်္ခ‌ရေးတဲ့ စုံ‌ထောက်‌ဝတ္ထုပုံစံမျိုး‌ပေါ့။ ‌ရေးကွက်‌ကို planအရင်‌ချပြီး လိုအပ်‌အစိတ်‌အပိုင်း‌လေး‌တွေကို လိုက်‌ဖြည့်‌တာ။ စဉ်းစားတဲ့‌နေရာမှာလည်း main point ‌ပေးထား‌တော့ မြန်‌တယ်‌။ကျွန်‌‌တော်‌တို့‌ရေး‌နေတာက ‌တွေးချင်‌ရာ‌တွေး ‌ပေါ်ချင်‌ရာ‌ပေါ်‌နေတာ‌လေ။လိုရင်း‌ပြောရရင်‌ parten လုပ်‌ပြီး ထုတ်‌တဲ့သ‌ဘော‌ပေါ့။ ပစ္စည်းတစ်‌ခုထုတ်‌ရင်‌ ပထမဦးစွာ ပုံစံခွက်‌ အရင်‌လုပ်‌ရပါတယ်‌။ ပြီးရင်‌‌လောင်းထည့်‌လိုက်‌ရုံပါဘဲ။ထို‌ရေးနည်းကို ဥပမာပြရရင်‌ ဆရာညီညီဝင်း‌ရေးတဲ့ အ‌ဖေ‌ပေးတဲ့အ‌မွေ postမှာ ‌လေ့လာနိုင်‌ပါတယ်‌။ ထို‌ရေးနည်း‌တွေက ပညာသားပါတယ်‌၊နည်းစနစ်‌ကျတယ်‌၊ပရိတ်‌သတ်‌ဆီ ‌ပေးချင်‌တဲ့message ကို‌ပေါ်လွင်‌‌စေတယ်‌။ခက်‌တယ်‌ဆို‌ပေမယ့်‌ နည်းစနစ်‌ရှိ‌တော့ ‌ရေးတတ်‌သွားရင်‌ ‌ဆောင်းပါးမ‌ပြောနဲ့ ဝတ္ထု‌လောက်‌‌တော့ အသာ‌လေး‌ရေးလို့ရတယ်‌။မင်းသိင်္ခ ‌ကျော်‌ကြားတာ ထို‌ရေးနည်း‌ကြောင့်‌ပါ။မိတ်‌‌ဆွေတို့ကိုလည်း အကြံ‌ပေးချင်‌တာက ‌ဆောင်းပါးတစ်‌ပုဒ်‌ ၊အ‌ကြောင်းအရာတစ်‌ခုကို ဖတ်‌တယ်‌ဆိုရင်‌ ဆိုလိုရင်းက တစ်‌ပိုင်း ‌ရေးသားပိုင်း‌ရေးကွက်‌‌ဖော်‌ပုံတစ်‌ပိုင်း ခွဲပြီး‌လေ့လာပါ။ အခုကျွန်‌‌တော်‌တင်‌ပြတာ‌တွေဟာ ကျွန်‌‌တော့်‌ အမြင်‌ဖြစ်‌ဖြစ်‌တဲ့အတွက်‌ မိတ်‌‌ဆွေတို့ လိုအပ်‌မှသုံးစွဲပါ။ ကျွန်‌‌တော်‌တို့အတူတူ‌လေ့လာရင်း ကြိုးစားကြတာ‌ပေါ့ မိတ်‌‌ဆွေတို‌ရေ။
အားလုံးကို ‌ကျေးဇူးတင်‌ပါတယ်‌။

MSC -228
@mahaw

Sort:  

သူ့လိုင်းနဲ့သူ တင်ပြပုံမတူညီကျပေမဲ့ တစ်မျိုးစီကောင်းကျပါတယ် msc စာအုပ်ထွက်လာရင်တော့ ပိုပြီးရေးအားရှိသွားတာပေါ့ ကိုမဟော်

‌ရေးသားသူ‌တွေ စိတ်‌‌ပျော်ွှင်‌ မှုရ‌စေချင်‌တဲ့သ‌ဘောပါ ။အားလုံး တစ်‌မျိုးစီ‌ကောင်းကြပါတယ်‌ ။Savedခံရ‌တော့ ပိုတက်‌ကြွ‌စေချင်‌တာပါ။

အချက်အလက်ထောက်ပြပေးတာကျေးဇူးပါ

ဟုတ်‌ကဲ့ ‌ကျေးဇူးပါခင်‌ဗျ။၊

ကျေးဇူးတင်ပါတယ် ခင်ဗျ

ဟုတ်‌ ကျွန်‌‌တော်‌လည်း ‌ကျေးဇူးတင်‌ပါတယ်‌။

ပထမ​တော့ဘာလဲဆိုတာမ​ပြောဘဲသိချင်​စိတ်​ပြင်းပြပြီး၊​နောက်​ဆုံးမှသိရတာမျိုး....
ဒီလို​ရေးနည်းကပိုစိတ်​လှုပ်​ရှားစရာ​ကောင်းတယ်​​နော့.....

ပရိတ်‌သတ်‌ကို အဆုံးထိ ဆွဲ‌ခေါ်သွားတယ်‌။။ပြီးမှ ‌ပေးချင်‌တဲ့ messageကို ချ ပြတာ။‌ကျေးဇူးပါ ညီမ။

ကျေးဇူးပါ။စာရေးနည်းလေ့လာနေပါတယ်။ဒီစာလေး resteem လုပ်လိုက်ပြီနော်။

ဒီလိုcm‌လေး‌တွေ ဖတ်‌ရ‌တော့ ‌ရေးရတာ ပီတိ ဖြစ်‌မိပါတယ်‌။‌ကျေးဇူးလည်း အထူးတင်‌ပါတယ်‌။

တို့အ​ရေး တို့ အ​ရေး ဆန္ဒပြတာ မဟုတ်​ပါ ☺ ☺

အတူတူကြိုးစားကြမယ်‌ အစ်‌ကို။

စာရေးနည်းသိရလို့  ကျေးဇူးတင်ပါတယ် ကြိုးစားရေးပါမည်ရှင့်

ညီမက ‌ခေါင်းစဉ်‌မရှားပါဘူး ။အ‌သေးအဖွဲး အဖြစ်‌အပျက်‌‌လေးကအစ ‌ဆောင်းပါးတစ်‌ပုဒ်ေ ပြာင်းလဲ ‌ရေးနိုင်‌တဲ့ စွမ်းရည်‌ ညီမမှာရှိတယ်‌။

စာရေးသားနည်းလေးကို စနစ်တကျရေးသားနိုင်အောင် အကြံပြုရေးသားထားတာ ဗဟုသုတ ရရှိပါတယ်။ဒီလိုမျိုး စာရေးသားနည်းစနစ်လေးတွေ အချိန်ရရင် ထပ်ပြီးပြောပြစေချင်ပါသေးသည်။အားလုံးအတွက်လည်းအသိတိုးတာပေါ့အစ်ကို။လေးစားလျက်

ကျွန်‌‌တော်‌လည်း ‌လေ့လာသူ အဆင့်‌ပါဘဲ။အတူတူကြိုးစားရင်း sharing လုကြတာ‌ပေါ့ ကိုသန့်‌။ကျွန်‌‌တော်‌လည်း ‌လေးစားလျက်‌

Congratulations @mahaw! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

စာရေးပုံရေးနည်းအကြောင်းအကြံအဥာဏ်ပေးတာ ကျေးဇူးပါ

ဟုတ်‌ ကျွန်‌‌တော်‌လည်း ‌ကျေးဇူးတင်‌ပါတယ်‌အစ်‌ကို။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85