စာ‌ရေးသားခြင်း

in #myanmar6 years ago

အားလုံးဘဲ မင်္ဂလာပါ။ စာ‌ရေးသားခြင်းနဲ့ ပက်‌သက်‌လို့ အနည်းငယ်‌ တင်‌ပြပါရ‌စေ။ လူတစ်‌‌ယောက်‌ရဲ့ အမူအကျင့်‌ ၊စိတ်‌‌နေစိတ်‌ထားကို သူ စကား‌ပြောပုံကို ကြည့်‌ခြင်းအားဖြင့်‌ ခန့်‌မှန်းလို့ရတယ်‌တဲ့။ ဒီလိုပါဘဲ ‌ရေးထားတဲ့စာကို ဖတ်‌ခြင်းအားဖြင့်‌လည်း ပုံ‌ဖော်‌လို့ရပါတယ်‌။
FB_IMG_1517714753482.jpg
စကားကိုထိန်းသိမ်းပြီး ‌ပြောသင့်‌သလို စာ‌ရေးသားရာမှာလည်း ချင့်‌ချိန်‌ပြီး ‌ရေးသင့်‌ပါတယ်‌။စာ ဖြစ်‌ပြီး‌ရော၊စာရှည်‌ပြီး‌ရော ၊‌ရေးချင်‌ရာ‌ရေး၊ စိတ်‌ထဲရှိတာအကုန်‌‌ရေးလို့ မသင့်‌ပါဘူး။စကား‌ပြောရင်‌‌တောင်‌ စိတ်‌ထဲရှိတာ ‌ပြောချင်‌တိုင်း မ‌ပြောကြပါဘူး။အထူးသဖြင့်‌ steemit မှာ စာ‌ရေးရင်‌ သတိထားပါ။ ၇ ရက်‌‌ကျော်‌ရင်‌ ပြန်‌ပြင်‌ခွင့်‌ မရှိ‌တော့လိုပါ။ ကိုယ့်‌စာကို ‌နောင်‌တစ်‌ချိန်‌မှာ ပြန်‌ဖတ်‌ရင်‌ ‌နောင်‌တ မရ‌‌အောင်‌ ဂရုစိုက်‌ပြီး‌ရေးပါ။ကျွန်‌‌တော်‌ စာ‌ရေးသားခြင်းနဲ့ ပက်‌သက်‌လို့ post တင်‌ဖူးပါတယ်‌။ ဖတ်‌ချင်‌ရင်‌ ကျွန်‌‌တော့်‌ blog မှာ ဝင်‌ဖတ်ကြည့်‌ပါ။ ယခင်‌တုန်းက ‌ပြောခဲ့‌ရေးခဲ့တာက ‌စေတနာ ‌လေးထည့်‌ပြီး‌ရေးကြဘို့ တိုက်‌တွန်းခဲ့ပါတယ်‌။ ဘာ‌ကြောင့်‌‌ရေးခဲ့လဲ ဆို‌တော့ ‌စေတနာမပါ ‌ပေါ‌တော‌တော စာ‌တွေ မြင်‌‌နေရ‌တော့ ‌စေတနာဆိုတဲ့ ‌ခေါင်းစဉ်‌နဲ့ ‌ရေးသားခဲ့ပါတယ်‌။အခု‌တွေ့‌နေရတာက လက်‌လွတ်‌စပယ်‌ အဆီးအတား မရှိ ‌ရေးချင်‌သလို ‌ရေးသားခြင်းကို မြင်‌‌တွေ့‌နေရလို့ပါ။ ယခုလို ‌ရေးသားခြင်းသည်‌ ‌ရေးသားသူ ကာယကံရှင်‌အတွက်‌ ‌ပြောခြင်းပါ။ အထူးသဖြင့်‌ ကိုယ့်‌ရဲ့စာသားသည်‌ ကိုယ့်‌ရဲ့ ဂုဏ်‌သိက္ခာကို မထိခိုက်‌ပါ‌စေနဲ့။ မြန်‌မာစကားပုံ ရှိပါတယ်‌။ "ကိုယ့်‌‌ပေါင်‌ ကိုယ်‌လှံ‌ထောင်း" သလိုမဖြစ်‌‌စေချင်‌ပါ။ ကျွန်‌‌တော်‌တို့သည်‌ steemit ကိုအတူ‌တကွ လုပ်‌ကိုင်‌‌နေတဲ့ မိတ်‌‌ဆွေ‌တွေပါ။ တစ်‌ဦး၏ အမှား၊ တစ်‌ဦး၏လိုအပ်‌ချက်‌ကို ‌ဝေဖန်‌ ‌ထောက်‌ပြသင့်‌ပါတယ်‌။ ဒါမှ မိတ်‌‌ဆွေ ‌ကောင်းပီသမှာပါ။ comment မှာကျ‌တော့ ‌ကောင်းပါတယ်‌၊ ‌ကျေးဇူးတင်‌ပါတယ်‌၊ လို့ အဖြစ်‌‌ရေးပြီး ဒီ‌ကောင်‌ စာကိုဘယ်‌လို‌ရေး‌နေတာလဲ လို့‌တွေး‌နေရင်‌ နည်းလမ်းမကျပါဘူးဗျာ။ လိုအပ်‌ချက်‌‌တွေကို ‌ဖေးမပါ ၊‌ပြောဆို‌ပေးပါ၊ ‌ဝေဖန်‌‌ပေးပါ။
FB_IMG_1517450117902.jpg
commentကို ထား‌ပေးခြင်းသည်‌ မှတ်‌ချက်‌‌ပေးခိုင်းတာပါ။ ‌ကောင်းကျိုးလိုလား‌သော‌စေတနာဖြင့်‌ ‌ဝေဖန်‌ခိုင်းခြင်း ဖြစ်‌ပါတယ်‌။ ‌
FB_IMG_1518615158160.jpg
အစက ပြန်‌‌ကောက်‌ရရင်‌ ‌ရေးထားတာကို ပြန်‌ဖတ်‌ပြီး ကိုယ့်‌အတွက်‌ သူ့အတွက်‌ အန္တရာယ်‌ရှိမယ်‌ဆိုရင်‌ ဖြုတ်‌လိုက်‌ပါ။ နှုတ်‌တစ်‌ရာ စာတစ်‌လုံး တဲ့။ နှုတ်‌‌ကြောင့်‌‌ကြေ ဆိုတာ ကြားဖူးကြမှာပါ။ စာက သူ့ထက်‌ အဆတစ်‌ရာ ပိုပြင်းထန်‌တယ်‌ဆို‌တော့ ဂရုစိုက်‌ပြီး ‌ရေးကြပါ။ဤ‌နေရာသည်‌ steemit ပါ။ ထာဝစဉ်‌ တည်‌ရှိ‌နေမယ့်‌ စကားလုံး‌တွေ ၊စာသား‌တွေ ကို ‌ရွှေကွပ်‌လို့ရရင်‌ ကွပ်‌လိုက်‌ချင်‌စမ်းပါဘိ။ ‌နောင်‌တစ်‌ချိန်‌မှာ တို့ရဲ့မျိုးဆက်‌ ၊တို့ရဲ့သားသမီး ‌တွေ ပြန်‌ဖတ်‌မယ်‌ဆိုတဲ့ စိတ်‌နဲ့ ‌ရေးသားခြင်းကို အ‌လေးထားပါ။
FB_IMG_1517714796033.jpg
နိဂုံးချုပ်‌ အ‌နေနဲ့ ‌ပြောရရင်‌ စာ‌ရေးသားမယ်‌ဆိုရင်‌ လက်‌လွတ်‌စပယ်‌ မ‌ရေးဘဲ ဂရုစိုက်‌‌ရေးသားကြပါ ။

photo- facebook
MSC-228
@mahaw

Sort:  

ဟုတ်​ကဲ့ပါအကို​ရေအ​ကောင်းဆုံးနဲ့အတတ်​နိုင်​ဆုံးကြိုးစား​ရေးသားပါ့မယ်​ဗျာ

‌ကျေးဇူးပါညီ။

တန်ဖိုးရှိတဲ့စာဖြစ့်ြုးစားလျှက်ပါ

Thank bro.

ကိုယ်ရေးတဲ့စာက သုတ ရသ တစ်ခုခု စေတနာပါရင် တန်ဖိုးရှိပါတယ်ဗျာ။

ဟုတ်‌ပါတယ်‌ ညီ။ကိုယ်‌နဲ့ သူတစ်‌ပါးကို ထိခိုက်‌‌စေမယ့်‌စာကို ဂရုစိုက်‌ဖို့ ‌ပြောချင်‌တာပါ။

အမှန်​ပါဘဲ...စာ​ရေးတဲ့အခါဂရုစိုက်​ရမှာပါ...

‌ကျေးဇူးပါ ညီမ။

ဟုတ်​ကဲ့ ပါ အစ်​ကိုဂရုစိုက်​ပါ့မယ်​။

‌ကျေးဇူးပါ ညီ‌ရေ။

မှန်​ပါတယ်​ နုတ်​တစ်​ရာ စာတစ်​လုံး

ဂရုစိုက်‌ပါညီမ။

အခုလို ပြောပြတဲ့အတွက် ကျေးဇူးပါဗျ

ဂရုစိုက်​ရမယ်​​ကျေးဇူးပါ

မထိခိုက်‌‌စေချင်‌လို့ပါ bro.‌ကျေးဇူးပါ။

မှန်ပါတယ် တခါတလေကျတော့လည်းစိတ်ထဲရှိတဲ့အတိုင်းရေးတာကပိုသဘာဝကျတယ်လို့ထင်တယ်ဗျာ

ကိုယ့်‌အ ‌ကြောင်း‌ရေးရင်‌ သတိထားဖို့ပါ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95