Advicing

in #myanmar6 years ago

FB_IMG_1524973561560.jpg

Steemit ညီအစ်‌ကို‌မောင်‌နှမများအားလုံး မင်္ဂလာပါ။ steem‌ဈေး‌တွေကကျ၊စာ‌ရေးတဲ့သူလည်းမရှိ၊ proမှာ‌တောင်‌မတင်‌ကြ‌တော့တာ ‌တွေ့ရမြင်‌ရတာစိတ်‌မ‌ကောင်းဖြစ်‌မိတယ်‌။ Group‌တွေမှာလည်း active မဖြစ်‌ကြ‌တော့ဘူး။ ဘာတတ်‌နိုင်‌မှာလဲ မ‌ဟော်‌‌ရေ ၊အကျိုးအမြတ်‌နည်းရင်‌ ဒီလိုဘဲ ဖြစ်‌မှာဘဲလို့ မိတ်‌‌ဆွေတို့ ‌ပြော‌ကောင်း‌ပြောပါလိမ့်‌မယ်‌။ ဟုတ်‌ပြီ မိတ်‌‌ဆွေတို့ ‌ပြောသလိုဘဲ အကျိုးအမြတ်‌နည်းပါးရင်‌ များ‌အောင်‌ ဖန်‌တီးရမှာ‌ပေါ့ဗျာ။
52ji1eq5kd.jpg

crd.org.source

အလုပ်‌တစ်‌ခုလုပ်‌ပြီး အကျိုးမရှိရင်‌ မဟုတ်‌‌သေးဘူး‌လေ။ အချိန်‌ကုန်‌သလို အထိုက်‌အ‌လျောက်‌‌ငွေ‌ကြေးလည်းကုန်‌တာ ဘာမှဖြစ်‌မလာရင်‌ လူတိုင်းစိတ်‌ပျက်‌ကြမှာဘဲ။ ‌နောက်‌ပြီး ‌ရေရှည်‌စီမံကိန်းကို ‌ရေတိုအကျိုးခံစားခွင့်‌နဲ့ ပိုင်းဖြတ်‌‌နေကြတာဟာ မဟာအမှားဘဲ။ ဒါ‌ပေမယ့်‌ သူ့ဆုံးဖြတ်‌ချက်‌ကို ကိုယ်‌က သွားထိန်းချုပ်‌လို့မရဘူး‌လေ။ သူစဉ်းစားချင်‌သလို စဉ်းစားမယ်‌ သူ ဆုံးဖြတ်‌ချင်‌သလိုဆုံးဖြတ်‌မှာဘဲ။ တစ်‌ခုဘဲ ကျွန်‌‌တော်‌တို့ လုပ်‌လို့ရတယ်‌။ သူတို့လိုချင်‌တဲ့ အကျိုးအမြတ်‌ကို များများရနိုင်‌မယ့်‌ Trade ‌တွေကို ဖန်‌တီးဘို့ဘဲ ရှိတယ်‌။ activeဖြစ်‌ကြပါ၊ မထွက်‌ကြပါနဲ့ ၊စာ‌တွေ‌ရေးကြပါလို့ ၊စိတ်‌ရှည်‌သည်းခံပြီး ဆက်‌လုပ်‌ကြပါ၊ လို့ ‌ပြောစရာမလို‌အောင်‌ ကျွန်‌‌တော်‌တို့ စီစဉ်‌ရ‌တော့မယ်‌။ ဒီအတိုင်းသွားရင်‌‌တော့ Group ‌တွေမှာ sl ‌တောင်‌ ကျန်‌မလားမသိ။ ‌ခေတ္တဆိုတာလက်‌ခံပါတယ်‌၊ ဒါ‌ပေမယ့်‌ တို့လူ‌တွေက ‌ခေတ္တ‌လေးကို မ‌ကျော်‌လွှားနိုင်‌တာကခက်‌တယ်‌။ ဒါများမ‌ဟော်‌ရယ်‌ မလုပ်‌နိုင်‌တဲ့သူထွက်‌သွားတာ ဝမ်းနည်းစရာမရှိပါဘူးလို့ ‌ပြောရင်‌‌တော့ ကျွန်‌‌တော်‌လက်‌မခံဘူး။မ‌ကျော်‌လွှားနိုင်‌ရင်‌ ‌ကျော်‌လွှားနိုင်‌‌အောင်‌ သင်‌‌ပေးရမှာ ဖြစ်‌သလို မလုပ်‌နိုင်‌ရင်‌ လုပ်‌နိုင်‌‌အောင်‌ စီစဉ်‌ရမှာ လို့ ကျွန်‌‌တော်‌မြင်‌တယ်‌။ လစာ‌ကောင်း‌ကောင်း‌ပေးထားတဲ့ကုမ္ပဏီ‌တွေမှာ ဝန်‌ထမ်း‌တွေဟာ ထွက်‌ပါဆိုတာ‌တောင်‌ မထွက်‌ပါဘူး။ အဓိက ကလစာ‌ကောင်း‌ကောင်း‌ပေးနိုင်‌မယ့်‌ နည်းလမ်း‌တွေကို ရှာနိုင်‌သမျှရှာရမယ်‌ ၊အ‌ကောင်‌အထည်‌‌ဖော်‌လို့ရမယ့်‌အရာမှန်‌သမျှချက်‌ချင်းအ‌ကောင်‌အထည်‌‌ဖော်‌ရမယ်‌။ planအသစ်‌‌တွေ အ‌ခြေအ‌နေ အချိန်‌အခါကြည့်‌ပြီး ဆွဲသင့်‌ရင်‌ ဆွဲရမယ်‌လို့ ကျွန်‌‌တော်‌မြင်‌တယ်‌။

b88787499z1_20170602133719_000g1sl8fum3-0-4msl0i35zrbenyrbco2_ct677x380.jpg
crd.org.source

‌နောက်‌တစ်‌ခုတင်‌ပြချင်‌တာက voteတဲ့system။ ကျွန်‌‌တော်‌တို့မသိတဲ့ ကျွန်‌‌တော်‌တို့ မလုပ်‌ရ‌သေးတဲ့ နည်းများရှိမလားလို့ပါ။ တစ်‌ခြားနိုင်‌ငံ‌တွေမှာ တက္ကသိုလ်‌တို့ အလုပ်‌ရုံတို့ အဖွဲ့အစည်းများတဲ့ အသင်းအဖွဲ့‌တွေမှာ Member အကန့်‌အသတ်‌မရှိဘဲ လုပ်‌‌နေကြတာ အားလုံးလည်းအသိပါ။ သူတို့ communityမှာ votingကို ဘယ်‌လိုစီမံသလဲဆိုတာ ဆရာ‌တွေစုံစမ်း‌ပေးပါလို့‌တောင်းဆိုချင်‌တယ်‌။ သူတို့မှာလဲ နိုင်‌ငံခြားအကူအညီ၊ပြည်‌တွင်းအကူအညီ အကန့်‌အသတ်‌‌တော့ရှိမှာဘဲ။ဒါကိုသူတို့ဘယ်‌လို‌ဖြေရှင်းလဲဆိုတာ သိချင်‌မိတယ်‌။ ‌နောက်‌ပြီး power မညီတာကို ဘယ်‌လိုထိန်းပြီး votingလုပ်‌‌နေကြလဲဆိုတာ‌တွေ‌ကော‌ပေါ့။ အနှစ်‌ချုပ်‌‌ပြောရရင်‌ သူတို့နည်း‌တွေကို အတုခိုးသင့်‌ခိုးရမှာဘဲ။ နိုင်‌ငံအတိုင်းအတာနဲ့အစိုးရကခွင့်‌ပြုချက်‌မရ‌တောင်‌ အခုလိုမျိုး onlineကဘဲ လွတ်‌လပ်‌စွာ ကျယ်‌ပြန့်‌စွာလုပ်‌လို့ရ‌အောင်‌နည်းရှာရမှာဘဲ‌လေ။ကျွန်‌‌တော်‌တို့မှာ proဆိုတဲ့နိုင်‌ငံခြားအကူအညီရတာသိပ်‌‌ကောင်းပါတယ်‌။ အဖွဲ့တိုးချဲ့တဲ့‌နေရာမှာ proဆိုတာနဲ့သွားငြိပြန်‌‌ရော။ သူ့မှာက limitရှိတယ်‌‌လေ။ဒါ‌ကြောင့်‌ အင်‌ဒို မ‌လေး ကိုရီးယားတို့မှာ voting ကို ဘယ်‌လိုsysteemနဲ့သွား‌နေလဲဆိုတာ ပိုသိချင်‌တာ။ ‌နောက်‌ပြီး proဆိုတာကလည်း အချိန်‌မ‌ရွေးရပ်‌တန့်‌သွားနိုင်‌တယ်‌‌လေ။ ကိုဟင်‌နဲ့ဆရာ‌တွေက ရပ်‌တန့်‌ထားတာကို Complainတက်‌တာမဟုတ်‌ဘူး‌နော်‌။ ဒီအခက်‌အခဲကို ဘယ်‌လို‌ကျော်‌လွှားမလဲ ဘယ်‌နိုင်‌ငံကို အတုယူမလဲဆိုတာကို‌ဆွေး‌နွေးခြင်းပါ။
Get yourself some STEEM POWER.png
crd.org.source

‌နောက်‌တစ်‌ခု ကျွန်‌‌တော်‌မရှင်းတာ‌လေး ‌မေးပါရ‌စေ။ သိတဲ့ဆရာ‌တွေကို ရှင်းပြ‌ပေးပါလို့‌တောင်းဆိုပါရ‌စေ။အခုကျွန်‌‌တော်‌‌မေးမယ့်‌‌မေးခွန်းက တကယ်‌မသိလို့‌မေးတာပါ။‌နောက်‌ပြီး အဖွဲ့အစည်းအတွက်‌‌မေးတာပါ။ ဘာလဲဆို‌တော့ 15 spကို ၅၀၀နဲ့ဝယ်‌လို့ရတာကို ဘာ‌ကြောင့်‌မဝယ်‌ကြတာလဲ။ ဝယ်‌ခွင့်‌မရှိတာလား။ pro‌ကြောင့်‌ လူတစ်‌‌ယောက်‌ကို တစ်‌acountဘဲခွင့်‌ပြုတာလား။ MSCမှာ တစ်‌ဦးက တစ်‌ခုဘဲအသုံးပြုရမယ်‌လို့‌တော့ သိတယ်‌။ ဘာ‌ကြောင့်‌ဆိုတာ‌တော့ သဲသဲကွဲကွဲမသိဘူး။ PRO ‌ကြောင့်‌လားဆိုတာ‌တော့ သိချင်‌တယ်‌။အခုလူအင်‌အားနဲ့ Sp‌သောင်း‌ကျော်‌သိန်း‌ကျော်‌ကိုဖန်‌တီးလို့ရတဲ့အခွင့်‌အ‌ရေးရှိတာကို ဒီအချက်‌‌ကြောင့်‌ လက်‌လွှတ်‌လိုက်‌မှာလား။ကျွန်‌‌တော်‌‌ဆွေး‌နွေးတာ‌တွေ အားနည်းချက်‌ရှိချင်‌ရှိမယ်‌‌၊ အ‌ကောင်းဆုံးလမ်းကိုလုပ်‌ကိုင်‌ဘို့ အစဆွဲထုတ်‌ပြခြင်းသာဖြစ်‌ပါတယ်‌။ ကျွန်‌‌တော်‌ရဲ့အကြံပြုချက်‌ မှားတယ်‌ဆိုရင်‌လည်း အသုံးမပြုနဲ့‌ပေါ့။ ကျွန်‌‌တော်‌‌ပြောဆိုခြင်းက အကြံပြုချက်‌သ‌ဘောပါဘဲ။‌MSC ‌ကောင်းကျိုးအတွက်‌ အမြဲစဉ်းစား‌နေရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC -228
@mahaw

Sort:  

အတက်​အကျ​တော့ရှိ​နေမှာပါ...ကျ​နေတဲ့အချိန်​ပုံမှန်​​လေးကြိုးစားဖို့လိုတာပါ...​ဈေးတက်​မှကြိုးစားတာမဖြစ်​သင့်​ပါဘူး....ခုလိုအကြံ​ပေးပိုစ့်​အရမ်း​ကောင်းပါတယ်​...

‌ကျေးဇူးပါ ညီမ‌ရေ။ညီမက အမြဲ Active ဖြစ်‌ပါတယ်‌။

ဟုတ်တယ်ဗျာ စာရေးတဲ့သူတွေနည်းလာတာတော့ တွေ့နေရတယ်ဗျာ။ဈေးအတက်အကျ ကြောင့် စိတ်အားလျော့နေတာမျိုးတော့ မဖြစ်စေချင်ပါ။မအားမလပ်ဖြစ်နေကြလို့ မရေးနိုင်တာမျိုးလောက်တော့ ရှိနေနိုင်တာပေါ့လေ။နောက်ဆုံး မေးထားတဲ့မေးခွန်းကို မနေ့ကတည်းက ဖတ်လိုက်ရပေမဲ့ အမှန်တကယ်မသိတာကြောင့် ဘယ်သူပြောမလဲ ဆိုတဲ့ အနေနဲ့ Comment ဝင်ဖတ်ရင်း အချိန်စောင့်ခဲ့တာပါအစ်ကို။ဒီလို အကြံပြုစာလေးတွေဟာ အစ်ကို့ရဲ့ MSC အဖွဲ့အစည်းအပေါ် ထားတဲ့ စိတ်အားထက်သန်မှုနှင့် စေတနာကို ပေါ်လွင်စေပြီး အဖွဲ့အစည်းပိုမိုတိုးတက်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်ခင်ဗျာ။MSC အဖွဲ့အစည်းကြီးအတွက် ကောင်းမွန်သော post လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။လေးစားလျက်။

ကိုဟင်‌‌ပြောတဲ့ ယုံကြည်‌မှု ကင်းမဲ့ ခြင်းကို ‌ဖြေရှင်းဘို့ အားလုံး ဝိုင်းစဉ်းစားရင်‌ အ‌ဖြေတစ်‌ခု‌တော့ ထွက်‌လာမှာပါ။အ‌ကောင်းဆုံး နည်းလမ်းကို ရှာ‌ဖွေနိုင်‌မှာပါ။‌ကျေးဇူးကိုသန့်‌‌ရေ။

Voting စနစ်ကတော့ ကိုယ့် မြန်မာ တွေအချင်းချင်းပဲ
ကိုယ့်Groupအချင်းချင်းပဲ အဆင်ပြေနိုင်ဦးမယ်ထင်မိပါတယ်ဗျာ

Sp ဝယ်လို့ ရ မရတော့ အတိအကျမသိပါဘူး
ကိုမဟော် မေးထားတာလေးတွေကောင်းပါတယ်

ကျွန်တော်က ဈေးကျလည်း ရေးနေဦးမယ်လို့ တော့ တွေးထင်မိပါတယ်

ညီက Active ဖြစ်‌‌တော့ ဝမ်းသာပါတယ်‌။အတူတူကြိုးစားကြတာ‌ပေါ့ညီ။

ဝါသနာပါ​ပေမယ့်​အလုပ်​များတဲ့အချိန်​​တော့ကျွန်​မလည်းစာ​ရေးကျဲလာမိတယ်​။steem​ဈေးSBDဈေး​တော့ဒီ​လောက်​ကြီးထည့်​မတွက်​မိကာဘူး။

အလုပ်‌မအားရင်‌ စာ‌ရေးဘို့ အခက်‌အခဲဖြစ်‌တာ‌ပေါ့ဗျာ။ကျွန်‌‌တော်‌တင်‌ပြချင်‌တာက ခ‌လေး‌တွေActiveဖြစ်‌ဘို့ အကျိုးရှိဘို့ ဘယ်‌လိုအခွင့်‌အလမ်း‌တွေတိုးချဲ့ရင်‌‌ကောင်းမလဲလို့‌ဆွေး‌နွေးတာပါ ။‌ကျေးဇူးပါအစ်‌မ။

sorry ပါ လုံးဝမအားလို့ပါ

ရတယ်‌အစ်‌ကို ၊အစ်‌ကို့အ‌မေ‌ကော သက်‌သာသွားပြီလား ။‌ရေကလည်းကြီး‌တော့ အစ်‌ကို ဘယ်‌အားပါ့မလဲ။

ကျွန်​​တော်​​ပြောသလို​ပေါ့ဗျာ ဘာအကျိုးတခုမှမရဘဲ​ပေးဆပ်​မှူတခုထဲနဲ့ ​ရေး​နေတဲ့ Fb ​ပေါ်မှာစာ​ရေး​နေတဲ့သူများကို အာနာသင့်​ပါတယ်​ ကျွန်​​တော်​တိုက​တော့ မရသည့်​တိုင်​​အောင်​​ရေး​နေမိမှာပါ။

ဦး‌လေးယု‌တော့ ယုံပါတယ်‌ဗျာ။Acrive မဖြစ်‌တဲ့သူ‌တွေကို active ဖြစ်‌ဘို့ trade‌တွေ ဖန်‌တီးမလားလို့ပါ။‌အကြံ‌ပေးရုံသ‌ဘောပါ ဦးယု။

အမြဲ active ဖြစ်​တဲ့သူ​တွေကို အားကျတယ်​ဗျာ ☺

ကိုလွမ်းတို့ကို မမှီပါဘူး ။အစ်‌ကိုတို့ မအားလို့ မ‌ရေး ဖြစ်‌တာဆိုတာ သိပါတယ်‌။

ကိုမဟော်မေးခွန်းတွေက အဓိက ကတော့ လူတစ်ဦးချင်းစီရဲ့ ခံယူချက်တွေနဲ့ဆိုင်မယ်ထင်ပါတယ်။ လူတစ်ဦးချင်းစီက ခံယူချက်ပြင်းပြင်းနဲ့ Steemit ကိုခရီးဆက်နေမယ်ဆိုရင် ဘယ်သူက ဘယ်သူကိုမှ တိုက်တွန်းနေစရာလိုမယ်မထင်ပါဘူး။ ရပ်သွားကြတဲ့လူအများစုက ငွေရလိုမှုတစ်ခုသာ ကြည့်ပြီးလုပ်တဲ့သူတွေလို့လည်း ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့စလုပ်စဉ်ကတည်းက ဘာအဖွဲ့အစည်း ဘာ Vote ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ comment မှမရခဲ့ပဲနဲ့ ယနေ့အချိန်ထိလုပ်ခဲ့တာပါ။ ခံယူချက်မရှိသူတွေ၊ ငွေရဖို့တစ်ခုတည်းသာ ကြည့်သူတွေအတွက်ကတော့ စိတ်ပျက်စရာဆိုတာ နေရာတိုင်းမှာရှိနေမှာပါဗျာ။ ယုံကြည်ချက်၊ ခံယူချက်တွေ၊ အချင်းချင်း စည်းစည်းလုံးလုံး ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ ခရီးဆက်ကြမယ်ဆိုရင် အဆင်ပြေမယ်လို့ထင်ပါတယ်။ SP တိုးရေးကလည်း ဘယ်သူကမှ ပြောနေစရာမလိုပါဘူး။ အခုက လိုက်ပြောနေရပါတယ်။ SP တိုးရေးဆိုတာထက်၊ SP Down ရေးသာဦးတည်နေကြလို့ပါပဲ။ ယုံကြည်မှုလည်းမရှိ၊ စည်းလုံးမှုလည်းမရှိ၊ အဖွဲ့အစည်းအတွင်းက အဖွဲ့သားတွေကိုလည်းမကူညီတဲ့သူတွေများနေရင် အဖွဲ့အစည်းက သွေးကွဲပြီး ပျက်စီးသွားရုံပဲဖြစ်ပါမယ်။ အဖွဲ့အပေါ်မှာ ထားတဲ့ စေတနာကိုလည်း နားလည်ခံစားလို့ရပါတယ်။ MSC မှမဟုတ်ပါဘူး ဘယ်သူမဆို စာကို တန်းဝင်အောင်ရေးဖို့ အတွက် အကောင့်တစ်ခုကိုတောင် အမှန်တကယ်စာရေးမယ်ဆိုရင် နေ့စဉ်ဖို့မလွယ်ကူကြပါဘူး။ အကောင့် နှစ်ခု သုံးခု ဖြစ်လာမယ်ဆိုပိုဆိုးသွားပါပြီ။ အဖိုးတန်တဲ့ Post တန်ဖိုးရှိတဲ့ Post တစ်ခု ရေးဖို့က အချိန်ယူကြရပါတယ်။ တွေ့ကရာ ရေးပြီးFB မှာလို ထမင်းစားပြီးပြီလား၊ ဒီနေ့ဘယ်မှာရောက်နေပါတယ်ဆိုပြီး Post တင်နေလို့လည်း မဖြစ်နိုင်ဘူး။ အလွယ်တင်နေမယ်ဆို Promotion ကိုပေးသူတွေက ပေးချင်ကြမှာမဟုတ်ပါ။ သူတို့တစ်တွေအနေနဲ့ မြန်မာစာကို ဖတ်နိုင်ကြတာမဟုတ်တဲ့အတွက် ပေးထားတဲ့ Vote, Comment အရေအတွက်ကိုကြည့်ပြီး Post တစ်ခု ကောင်းမကောင်းဆုံးဖြတ်နေကြတာပါ။ ဒါကြောင့်လည်း Vote, Comment ပြည့်အောင်ပေးကြပါလို့ နှိုးဆော်နေကြရခြင်းဖြစ်ပါတယ်။ MSC ရဲ့ ရည်ရွယ်ချက်မှာ မြန်မာစာပေတိုးတက်ရေးလည်း ပါပါတယ်။ ဖြစ်ကတတ်ဆန်းရေးသားထားတဲ့ Post တွေကို ဘယ်သူကမှ Vote, Comment ပေးချင်ကြလိမ့်မယ်မဟုတ်ပါဘူးဗျ။ လူတစ်ယောက်နှစ်ယောက်အတွက် Vote ပေးနေရင် ပြဿနာမဟုတ်နိုင်ပေမယ့် အများစုအတွက် ထည့်စဉ်းစားထားရလို့လည်း အုပ်စုတွေခွဲထားရတာပါ။ နိုင်ငံခြားသားတွေပေးတဲ့အကူအညီတွေကို အမြဲတမ်းရနေမယ်လို့မထင်ထားကြပါဘူး။ အဲဒီအတွက်လည်း steem-myanmar ကို ၀ိုင်းဝန်းပံ့ပိုးပြီး သွားနေကြတာပါ။ Leader က အစီအစဉ်တွေရှိနေမယ်ဆိုတာ ကျွန်တော့်အနေနဲ့ MSC စတင်တည်ထောင်ကတည်းက ယနေ့အချိန်ထိ ယုံကြည်ဆဲပါ။ နောင်လည်း ယုံကြည်နေပါမယ်။ အဓိကအနေနဲ့ကတော့ အဖွဲ့အစည်းအတွင်း အချင်းချင်း စည်းလုံး ယုံကြည် ဖေးမ ကူညီပြီး သွားနေကြမယ်ဆို အားလုံးအဆင်ပြေနိုင်မယ်လို့ ယုံကြည်နေပါတယ်ဗျာ။ အခုပြောဒါတွေက Admin Team ကိုယ်စားပြောတာမဟုတ်ပါဘူး။ ကျွန်တော့်တစ်ဦးတည်းရဲ့အမြင်ကို ပြောပြပေးတာသာဖြစ်ပါတယ်။ ရေးမယ်ဆို Post နဲ့တောင်မလောက်လောက်ဘူးထင်တယ်။ နောက်မှ Leader တွေ၊ Admin တွေနဲ့ တိုင်ပင်ဆွေးနွေးပါ့မယ်။ အခုလိုကောင်းသောအကြံပြုချက်ကိုလည်း အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ။

ပထမဦးစွာ ဆရာစိုးကို ‌ကျေးဇူးတင်‌စကား ‌ပြောကြားလိုပါတယ်‌ ။ဆရာစိုး ‌ပြောတာ‌တွေ ကျွန်‌‌တော်‌ လက်‌ခံပါတယ်‌။ကျွန်‌‌တော့်‌postမှာ အဓိက ‌ဆွေး‌နွေးတင်‌ ပြခဲ့တာက အဖွဲ့အစည်းအ‌နေနဲ့တင်‌ ပြခြင်းပါ ။member ‌တွေ active ဖြစ်‌ ခြင်း မ ဖြစ်‌ ခြင်း ကို အဓိက မ‌ဆွေး‌နွေးလိုပါဘူး ။အဖွဲ့အစည်းအ‌နေနဲ့ ဘာတိုးချဲ့ရင်‌‌ကောင်းမလဲကို ဦးတည်‌ ခြင်းပါဆရာ။Admများနဲ့ တိုင်‌ပင်‌ပါ့မယ်‌လို့ သိရတဲ့အတွက်‌ အတိုင်းမသိ ဝမ်းသာမိပါတယ်‌။ကျွန်‌‌တော့်‌ရဲ့ အကြံ ပြုချက်‌ဟာ လိုအပ်‌ချက်‌ရှိမယ်‌ဆိုတာ ယုံပါတယ်‌။အ‌တွေးတစ်‌စ‌လောက်‌ရရင်‌ကို ဒီpostကို‌ရေးရကျိုးနပ်‌ပါတယ်‌။‌ကျေးဇူးပါ ဆရာစိုး။

ကိုစိုး ပြောပြီးသွားပြီဆိုတော့ ပြောတော့ဘူးရယ် ။

ကိုမဟော်ရဲ့ အကြံပြုချက်တွေသိပ်ကောင်းတယ်ဗျာ။ ကျွန်တော်လည်း အရင် ၃ရက်လောက်က အလုပ်မအားတာနဲ့ လိုင်းမတက်ဖြစ်လို့ ခုမှပဲ ကိုမဟော်ရဲ့ ပိုစ်ကိုဖတ်ရတယ်။Adm ကိုစိုး ရဲ့ မန့်အရှည်ကြီးမှာ ကျနော်ပြောလိုတာ အတော်များများပါသွားပြီဖြစ်လို့ ထပ်မံ မရေးတော့ပါဘူးဗျာ။ ကိုမဟော်ရဲ့ တင်ပြဆွေးနွေးချက်များကို Adm များ အစည်းအဝေးမှာ ထည့်သွင်းစည်းစားပေးသွားပါမယ်လို့ စကားလက်ဆောင်ပါးလိုက်ပါတယ်။

‌ကျေးဇူးပါဆရာညီ။အဆင်‌‌ပြေရင်‌တစ်‌‌နေ့‌လောက်‌ ဖုန်း‌ပြောချင်‌တယ်‌ဆရာ။

Go to sp 1000 😊😊ခေး စာရေးတော့မေ ဥဥမဟော် ဟိ

လုပ်‌ပါ‌ခေး ။တစ်‌‌နေ့ ဖြစ်‌ကို ဖြစ်‌လာမှာပါ။Fighting!

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.029
BTC 56373.71
ETH 2972.37
USDT 1.00
SBD 2.12