You are viewing a single comment's thread from:

RE: Advicing

in #myanmar6 years ago

ကိုမဟော်မေးခွန်းတွေက အဓိက ကတော့ လူတစ်ဦးချင်းစီရဲ့ ခံယူချက်တွေနဲ့ဆိုင်မယ်ထင်ပါတယ်။ လူတစ်ဦးချင်းစီက ခံယူချက်ပြင်းပြင်းနဲ့ Steemit ကိုခရီးဆက်နေမယ်ဆိုရင် ဘယ်သူက ဘယ်သူကိုမှ တိုက်တွန်းနေစရာလိုမယ်မထင်ပါဘူး။ ရပ်သွားကြတဲ့လူအများစုက ငွေရလိုမှုတစ်ခုသာ ကြည့်ပြီးလုပ်တဲ့သူတွေလို့လည်း ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့စလုပ်စဉ်ကတည်းက ဘာအဖွဲ့အစည်း ဘာ Vote ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ comment မှမရခဲ့ပဲနဲ့ ယနေ့အချိန်ထိလုပ်ခဲ့တာပါ။ ခံယူချက်မရှိသူတွေ၊ ငွေရဖို့တစ်ခုတည်းသာ ကြည့်သူတွေအတွက်ကတော့ စိတ်ပျက်စရာဆိုတာ နေရာတိုင်းမှာရှိနေမှာပါဗျာ။ ယုံကြည်ချက်၊ ခံယူချက်တွေ၊ အချင်းချင်း စည်းစည်းလုံးလုံး ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ ခရီးဆက်ကြမယ်ဆိုရင် အဆင်ပြေမယ်လို့ထင်ပါတယ်။ SP တိုးရေးကလည်း ဘယ်သူကမှ ပြောနေစရာမလိုပါဘူး။ အခုက လိုက်ပြောနေရပါတယ်။ SP တိုးရေးဆိုတာထက်၊ SP Down ရေးသာဦးတည်နေကြလို့ပါပဲ။ ယုံကြည်မှုလည်းမရှိ၊ စည်းလုံးမှုလည်းမရှိ၊ အဖွဲ့အစည်းအတွင်းက အဖွဲ့သားတွေကိုလည်းမကူညီတဲ့သူတွေများနေရင် အဖွဲ့အစည်းက သွေးကွဲပြီး ပျက်စီးသွားရုံပဲဖြစ်ပါမယ်။ အဖွဲ့အပေါ်မှာ ထားတဲ့ စေတနာကိုလည်း နားလည်ခံစားလို့ရပါတယ်။ MSC မှမဟုတ်ပါဘူး ဘယ်သူမဆို စာကို တန်းဝင်အောင်ရေးဖို့ အတွက် အကောင့်တစ်ခုကိုတောင် အမှန်တကယ်စာရေးမယ်ဆိုရင် နေ့စဉ်ဖို့မလွယ်ကူကြပါဘူး။ အကောင့် နှစ်ခု သုံးခု ဖြစ်လာမယ်ဆိုပိုဆိုးသွားပါပြီ။ အဖိုးတန်တဲ့ Post တန်ဖိုးရှိတဲ့ Post တစ်ခု ရေးဖို့က အချိန်ယူကြရပါတယ်။ တွေ့ကရာ ရေးပြီးFB မှာလို ထမင်းစားပြီးပြီလား၊ ဒီနေ့ဘယ်မှာရောက်နေပါတယ်ဆိုပြီး Post တင်နေလို့လည်း မဖြစ်နိုင်ဘူး။ အလွယ်တင်နေမယ်ဆို Promotion ကိုပေးသူတွေက ပေးချင်ကြမှာမဟုတ်ပါ။ သူတို့တစ်တွေအနေနဲ့ မြန်မာစာကို ဖတ်နိုင်ကြတာမဟုတ်တဲ့အတွက် ပေးထားတဲ့ Vote, Comment အရေအတွက်ကိုကြည့်ပြီး Post တစ်ခု ကောင်းမကောင်းဆုံးဖြတ်နေကြတာပါ။ ဒါကြောင့်လည်း Vote, Comment ပြည့်အောင်ပေးကြပါလို့ နှိုးဆော်နေကြရခြင်းဖြစ်ပါတယ်။ MSC ရဲ့ ရည်ရွယ်ချက်မှာ မြန်မာစာပေတိုးတက်ရေးလည်း ပါပါတယ်။ ဖြစ်ကတတ်ဆန်းရေးသားထားတဲ့ Post တွေကို ဘယ်သူကမှ Vote, Comment ပေးချင်ကြလိမ့်မယ်မဟုတ်ပါဘူးဗျ။ လူတစ်ယောက်နှစ်ယောက်အတွက် Vote ပေးနေရင် ပြဿနာမဟုတ်နိုင်ပေမယ့် အများစုအတွက် ထည့်စဉ်းစားထားရလို့လည်း အုပ်စုတွေခွဲထားရတာပါ။ နိုင်ငံခြားသားတွေပေးတဲ့အကူအညီတွေကို အမြဲတမ်းရနေမယ်လို့မထင်ထားကြပါဘူး။ အဲဒီအတွက်လည်း steem-myanmar ကို ၀ိုင်းဝန်းပံ့ပိုးပြီး သွားနေကြတာပါ။ Leader က အစီအစဉ်တွေရှိနေမယ်ဆိုတာ ကျွန်တော့်အနေနဲ့ MSC စတင်တည်ထောင်ကတည်းက ယနေ့အချိန်ထိ ယုံကြည်ဆဲပါ။ နောင်လည်း ယုံကြည်နေပါမယ်။ အဓိကအနေနဲ့ကတော့ အဖွဲ့အစည်းအတွင်း အချင်းချင်း စည်းလုံး ယုံကြည် ဖေးမ ကူညီပြီး သွားနေကြမယ်ဆို အားလုံးအဆင်ပြေနိုင်မယ်လို့ ယုံကြည်နေပါတယ်ဗျာ။ အခုပြောဒါတွေက Admin Team ကိုယ်စားပြောတာမဟုတ်ပါဘူး။ ကျွန်တော့်တစ်ဦးတည်းရဲ့အမြင်ကို ပြောပြပေးတာသာဖြစ်ပါတယ်။ ရေးမယ်ဆို Post နဲ့တောင်မလောက်လောက်ဘူးထင်တယ်။ နောက်မှ Leader တွေ၊ Admin တွေနဲ့ တိုင်ပင်ဆွေးနွေးပါ့မယ်။ အခုလိုကောင်းသောအကြံပြုချက်ကိုလည်း အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ။

Sort:  

ပထမဦးစွာ ဆရာစိုးကို ‌ကျေးဇူးတင်‌စကား ‌ပြောကြားလိုပါတယ်‌ ။ဆရာစိုး ‌ပြောတာ‌တွေ ကျွန်‌‌တော်‌ လက်‌ခံပါတယ်‌။ကျွန်‌‌တော့်‌postမှာ အဓိက ‌ဆွေး‌နွေးတင်‌ ပြခဲ့တာက အဖွဲ့အစည်းအ‌နေနဲ့တင်‌ ပြခြင်းပါ ။member ‌တွေ active ဖြစ်‌ ခြင်း မ ဖြစ်‌ ခြင်း ကို အဓိက မ‌ဆွေး‌နွေးလိုပါဘူး ။အဖွဲ့အစည်းအ‌နေနဲ့ ဘာတိုးချဲ့ရင်‌‌ကောင်းမလဲကို ဦးတည်‌ ခြင်းပါဆရာ။Admများနဲ့ တိုင်‌ပင်‌ပါ့မယ်‌လို့ သိရတဲ့အတွက်‌ အတိုင်းမသိ ဝမ်းသာမိပါတယ်‌။ကျွန်‌‌တော့်‌ရဲ့ အကြံ ပြုချက်‌ဟာ လိုအပ်‌ချက်‌ရှိမယ်‌ဆိုတာ ယုံပါတယ်‌။အ‌တွေးတစ်‌စ‌လောက်‌ရရင်‌ကို ဒီpostကို‌ရေးရကျိုးနပ်‌ပါတယ်‌။‌ကျေးဇူးပါ ဆရာစိုး။

ကိုစိုး ပြောပြီးသွားပြီဆိုတော့ ပြောတော့ဘူးရယ် ။

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67651.30
ETH 3269.44
USDT 1.00
SBD 2.64