ဟုတ်တယ်ဗျာ စာရေးတဲ့သူတွေနည်းလာတာတော့ တွေ့နေရတယ်ဗျာ။ဈေးအတက်အကျ ကြောင့် စိတ်အားလျော့နေတာမျိုးတော့ မဖြစ်စေချင်ပါ။မအားမလပ်ဖြစ်နေကြလို့ မရေးနိုင်တာမျိုးလောက်တော့ ရှိနေနိုင်တာပေါ့လေ။နောက်ဆုံး မေးထားတဲ့မေးခွန်းကို မနေ့ကတည်းက ဖတ်လိုက်ရပေမဲ့ အမှန်တကယ်မသိတာကြောင့် ဘယ်သူပြောမလဲ ဆိုတဲ့ အနေနဲ့ Comment ဝင်ဖတ်ရင်း အချိန်စောင့်ခဲ့တာပါအစ်ကို။ဒီလို အကြံပြုစာလေးတွေဟာ အစ်ကို့ရဲ့ MSC အဖွဲ့အစည်းအပေါ် ထားတဲ့ စိတ်အားထက်သန်မှုနှင့် စေတနာကို ပေါ်လွင်စေပြီး အဖွဲ့အစည်းပိုမိုတိုးတက်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်ခင်ဗျာ။MSC အဖွဲ့အစည်းကြီးအတွက် ကောင်းမွန်သော post လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။လေးစားလျက်။
ကိုဟင်ပြောတဲ့ ယုံကြည်မှု ကင်းမဲ့ ခြင်းကို ဖြေရှင်းဘို့ အားလုံး ဝိုင်းစဉ်းစားရင် အဖြေတစ်ခုတော့ ထွက်လာမှာပါ။အကောင်းဆုံး နည်းလမ်းကို ရှာဖွေနိုင်မှာပါ။ကျေးဇူးကိုသန့်ရေ။