ကျွန်တော့်ကောင်မလေးပြောသော ကျွန်တော့်ချစ်သူ အကြောင်း ( အပိုင်း ၃ )

in #myanmar6 years ago (edited)

ငါ့ရင်ထဲက
အချစ်ဆိုတာ နင့်အတွက်
အရောင်တွေ မပါ ပါဘူး
ကောင်မလေးရေ
အချစ်ဆိုတာ
ရိုးရိုးလေး ချစ်နေရုံနဲ့
ငါကျေနပ်နေမှာပါ ...

image

အပိုင်း ( ၁ )

https://steemit.com/myanmar/@lwanwai/kundefinednetaekangmeleyapundefinedtha-kundefinednetaundefinedsthu-ae-kang-apong-1-20171226t23129320z

အပိုင်း ( ၂ )

https://steemit.com/myanmar/@lwanwai/kundefinednetaekangmeleyapundefinedtha-kundefinednetaundefinedsthu-ae-kang-apong-2

ဒီနေ့ ကျောင်းသွားတက်တော့ ယဉ်ယဉ် ရဲ့မျက်နှာက ခါတိုင်းနှင့် မတူ တစ်မျိုးဖြစ်နေတယ်လို့ စိတ်ထဲထင်နေမိသည်။
ကျောင်းခန်းထဲရောက်တော့ သူ့ဘေးမှာ သူနှင့်တွဲနေကြ သူ့သူငယ်ချင်း နှင့် အတူထိုင်နေတာကို တွေ့တာနှင့်
သူမ ဘေးမှာ သွားထိုင်မိသည်။
သူမက ကျွန်တော့်ကို မြင်မိသည်နှင့်ပြုံးပြပြီး စကားစလာသည်

" ကိုလွမ်း ဒီမှာ ဒါ ယဉ်ယဉ် ရဲ့ သူငယ်ချင်းလေ ဝေဝေ တဲ့ ,
ဝေဝေလည်းမှတ်ထား ဒါ ငါတို့ မြို့က သူငယ်ချင်း ကိုလွမ်း တဲ့
နောက်ကို လမ်းမှာတွေ့ရင် ကိုယ်မပါချင်နေခေါ်ကြနော် "

ကျွန်တော် လည်း အလိုက်တစ်သိပင် ပြုံးပြ နူတ်ဆက်လိုက်ပါတယ် ။

" ဟုတ်ကဲ့ပါဗျာ ကျွန်တော့် ကိုလည်း သူ့ကို ခင်သလို ခင်လို့ရပါတယ် နောက်ကို လမ်းမှာ တွေ့ရင်လည်း ခေါ်ပါ ပြောပါ နူတ်ဆက်ပါ ခင်ဗျ "

" ဟုတ်ကဲ့ပါရှင့် ကျွန်မက ခင်မိပြီဆိုရင် ဘယ်တော့မှ မမေ့တတ်ပါဘူး နောက်ကို လမ်းမှာတွေ့ရင်လည်း ခေါ်ပါနော် "

တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်စကားပြောပြီး ဆရာလာသည်နှင့် စကားစဖြတ်ကာ စာသင်ကြလေတော့သည်။
နေ့လည် စာသင်ချိန်နားတော့
ယဉ်ယဉ် နားလေး သွားကာ

" ဟိတ် နင် နဲ့ စကားအေးအေးဆေးဆေး ပြောရအောင် အအေးဆိုင် သွားရအောင်နော် "

ကျွန်တော်က ပြောတော့ သူမက လည်း ဆိုင်ကို လိုက်ခဲ့တယ်လေ။
ဒီလိုနဲ့ ဆိုင်မှာ အအေး တစ်ယောက်တစ်ခွက်စီ မှာသောက် ရင်း စကားစကာ ပြောဖြစ်သည်။

" ဘယ်လိုလဲ ယဉ်ယဉ်
ကိုယ်ပြောထားတဲ့ အဖြေ လေး
အခြေအနေလေး သိပါရစေဟာ
ငါ့မှာ တစ်နေ့ တစ်နေ့ နင့်စိတ်နဲ့
စာတွေလဲ စိတ်မဝင်စားချင်တော့ဘူးဟာ "

ကျွန်မ လည်း သူ့ကို ဘယ်က ဘယ်လို စကားစရမည်လည်း စဉ်းစား ကြည့်မိသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ ငြင်းကို ငြင်းရပေမည်။

" ငါသေချာ ဆုံးဖြတ်ပြီးပြီ
ငါ နင်မှ မဟုတ်ဘူး ဘယ်သူ့ကိုမှလည်း ငါမချစ်ဘူး
နင့်ကို လည်း မချစ်နိုင်ဘူး
ငါ့ကို နားလည်ပေးပါဟာ ငါကျောင်းစာ ကိုပဲ အဓိက ထားလုပ်ချင်တယ် ကျန်တာတွေ ကို စိတ်မဝင်စားဘူး
ငါ့ကို နင့်ရဲ့ အခင်ဆုံး သူငယ်ချင်း တစ်ယောက် အဖြစ်သတ်မှတ်ပေးပါဟာ နော် "

ကျွန်မ ဒီစကားတွေကို ရင်ထဲက မပါပဲ ပြောနေရတာ ရှင်မသိပါဘူး ကိုလွမ်း ရယ် ကျွန်မ ရှင့်ကို ချစ်တယ်ဆိုတာ ကို ကျွန်မ တစ်ယောက်ထဲပဲ မျိုသိပ် သိမ်းဆည်းထားတော့မယ်လေ။

" နင့် ဘက်က သေချာ စဉ်းစား ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ငါဘာမှတော့ မပြောချင်တော့ပါဘူး
ဘာလို့လဲ ဆိုတော့ ငါ နင့်ကို ချစ်တယ် ယဉ်ယဉ်
ငါ အလျှော့ ပေးတာတော့ မဟုတ်ဘူး နင် ပျော်ပါစေ ဆိုပြီး ငါကြည့်နေတာပါ
ငါကတော့ တတ်နိုင်တဲ့ ဘက်ကနေ နင့် အချစ်ကို ရဖို့ ကြိုးစားနေအုံးမှာ ဆိုတာ နင်ယုံထားပါ "

ကျွန်တော် ဘာတတ်နိုက်မှာလဲဗျာ
ကိုယ် ပေးထားသလောက် ပြန်မရ မှာကိုလဲ ကိုယ် မျှော်လင့်ထားပြီးသားပါ ကိုယ့်ကြောင့် သူ စိတ်ဆင်းရဲနေမှာကို မကြည့်ရက်ဘူးလေ ။
အတင်းအကြပ်တော့ မတောင်းဆိုတော့ပါဘူး ပုံမှန်လေးပဲ
ကြိုးစားရမှာပဲလေ။
ကျွန်တော် စိတ်မကြည်တာတွေ ရှင်းဖို့ အတွက် စကား လမ်းပြောင်းလိုက်သည်။

" ဘယ်လိုလဲ စာတွေ ရရဲ့လား နင့် သူငယ်ချင်းကရော အခြေအနေ ဘယ်လိုလဲ "

" အေး မဆိုးပါဘူး စာတွေ လိုက်နိုင်ပါတယ် ငါ့သူငယ်ချင်းလည်း လိုက်နိုင်ပါတယ်
ဒါနဲ့ စကားမစပ် နင့်ကို ပြောပြရအုံးမယ် ငါ့သူငယ်ချင်းက နင့်ကို စိတ်ဝင်စားနေတာ နော့ နင်စဉ်းစားအုံး "

" အာ ငါစိတ်မဝင်စားပါဘူးဟာ ငါချစ်တာက နင်ပါဆိုနေမှ "

" အေး သူက ငါနဲ့တွေ့တိုင်း နင့်အကြောင်းချည်းမေးနေလို့ အမြဲဖြေနေရတယ်နော် "

" တော်ပြီ သွားစို့ ငါက နင်ကလွဲရင် ဘယ်သူ့မှ စိတ်မဝင်စားဘူး နောက်မပြောနဲ့ ကြားလား "

ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ သူ့ကို ခေါ်ကာ အအေးဆိုင်မှ ပြန်ခဲ့လေတော့သည်။

နောက်ပိုင်း ကျွန်တော်လည်းသူ့ကို အဆင်ပြေရင်ပြေသလို ကိုယ့်ပြန်ချစ်လာဖို့ကို ဆွဲဆောင်ပြောဖြစ်လေသည်။
ဒီကောင်မလေးကပဲ အသဲမာတာလား ကျွန်တော် ပဲ ညံဖျင်းတာလား အခြေအနေက ပြောင်းလဲမလာပေ ။
သူကလည်း ကျွန်တော်နှင့်တွေ့တိုင်း ဝေဝေ နှင့်သာ တိုက်တွန်းနေတော့သည်။
ဝေဝေ ကလည်း တမှောင့် ဈေးဝယ်သွားချင်တာ လူမရှိလို့ လိုက်ပို့ ခိုင်းရတာနဲ့ ညနေ ကျူရှင်ဆင်း အဆောင်လိုက်ပို့ခိုင်း ရတာနဲ့ စိတ်က ညစ်သာလာပါတော့တယ်။

တစ်နေ့ ကျောင်းက အပြန် ကွန်တော် ယဉ်ယဉ် ကို ခေါ်ကာ
အဆောင်လိုက် ပို့ပေးဖြစ်တယ်။
ကျွန်တော် ဆိုင်ကယ်ကို သူတို့အဆောင် ဘက်မမောင်းပဲ ကျော်ကာ မောင်းလာခဲ့တယ် ။

" ဟဲ့ နင် ဘယ်ကိုမောင်းနေတာလဲ "

" ငါလား နင့်ကို ခိုးပြေးတော့တာဟေ့ "

" ရပ်နော် အဲ့ဒါဆို ငါခုန်ချလိုက်မှာ "

" လုပ်လိုက်ပါဟာ ဖြစ်လည်း နှစ်ယောက်စလုံး ဖြစ်တာပေါ့ အဆောင်ကို ပြန်ပို့စေချင်ရင် ငါ့ကို ချစ်တယ်ပြော ပြန်ပို့ပေးမယ် "

သူကလည်း ချစ်တယ်လို့ ပြန်မပြော ပြန်ပြောရင်တော့ အဆောင်ကိုပြန်ပို့ပေးမလို့ပါ ခုတော့ သောက်မြင်ကပ်တာနဲ့ ဆိုင်ကယ်ကို ဦးတည်ရာမဲ့ ဆက်မောင်းလာခဲပါတယ် ။ နောက်မှ စဉ်းစားမိတယ် ရွှေတောင်ဦး ဘုရားသွားမယ်။
သူကလည်းသူ တစ်လမ်းလုံး " ဘူး " တစ်လုံးဆောင်လာခဲ့တယ်လေ။

ရွှေတောင်ဦး ဘုရားကို ရောက်တော့ သူ့ကို ခေါ်ကာ ဘုရား တက်ဖူး ကြသည်။
image

ခေါင်းလောင်းထိုးရင်းနဲ့ နာမည်လေးတွေ ရေးဖြစ်ကြသည်။
သူက စကားစပြောလာတယ်

" နင်ကလဲ ရွှေတောင်ဦး ဘုရား လာမှာ ဖြင့် လာမယ်မပြောဘူး ဟိုပြော ဒီပြောနဲ့ "

" အေးပါဟာ ငါက နင်နဲ့ အတူတူ နှစ်ယောက်ထဲလာချင်လို့ နင့်ကိုခေါ်ခဲ့တာလေ "

ရွှေတောင်ဦး ဘုရားသည် ချင်းတွင်းမြစ် နံဘေးတွင်တည်ရှိနေပြီး ချင်းတွင်း တံတားနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ကို ဘုရားရင်ပြင်တော်ပေါ်မှ လှမ်းပြီး ကြည့်ရသည်မှာ အရမ်းကို လှပလွန်းပါသည်။

image

image

ကျွန်တော်တို့လည်း နေရာ အတော်များများ လှည့်ပတ်ပြီးသည့်နောက် သူမကို ချင်းတွင်းမြစ်ကမ်းဘေးသို့ ခေါ်ခဲ့လေသည်။
မြစ်ထဲမှာ လှေကလေးတွေ သွားနေတာကို မြင်နေရသည်။

image

ချင်းတွင်း မြစ်ရေသည် မြောက်အရပ် မှ စီးဆင်းလာပြီး ရွှေတောင်ဦး ဘုရားကို မျှော်ဖူးကာ
ချင်းတွင်း တံတားအောက် ဝင်ရောက်သွားလေသည်။

image

**************&&&&&**********

အပိုင်း ( ၄ ) ဇတ်သိမ်း ကို စောင့်ပေးပါအုံး ခင်ဗျာ ။

စာရေး မကျွမ်းကျင်သောကြောင့် စာဖတ်သူများ သီးခံ ဖတ်ပေးကြပါဗျာ ။
အားလုံးကို ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ ။

@lwanwai
MSC - 045
PHOTO - FB image

Sort:  

စာရေးမတော်လို့နော်။တော်ရင်တော့;;;;;;;;;

ဟုတ်ရပါဘူးဗျာ

နောက်တစ်ခန်းဆို အဖြေရတော့မယ် ထင်တယ်

ထင်တာပလို့

အယ်မတော့ အကုန်သဘောကျတေကွယ်😁😁

ဟုကဲ့ပါ အားပေးနော် ဟိဟိ

ကျ​တော့နာမည်​​လေး​ရော​ရေးခဲ့​သေးလား

ရေးခဲ့တယ် သွားကြည့်

ရွှေတောင်ဦးပါလာတော့ မုံရွာကလား လမ်းကြုံရင်ဝင်ခဲ့လေ လက်ပတောင်းမှာ

ဝင်ခဲ့မယ်လေ နော့

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 62740.92
ETH 3354.24
USDT 1.00
SBD 2.46