ကျွန်တော့်ကောင်မလေးပြောသော ကျွန်တော့်ချစ်သူ အကြောင်း ( အပိုင်း ၁ )

in #myanmar7 years ago

ဒီဇင်ဘာရဲ့ အအေးဓါတ်က သေလောက်အောင်ချမ်းအေးလှသည်။ဒီဇင်ဘာရဲ့မြူနှင်းမှုန်တွေ အောက်မှာပဲ ကျွန်တော်တို့ သူငယ်ချင်းတစ်စု အမျိုးသမီးဆောင်တွေ တစ်ခုပီး တစ်ခု ဂီတာ လိုက်တီးပြီး သီချင်းတွေ လိုက်ဆိုကြသည်။
" ဒီဇင်ဘာည အဖြူရောင်မြူနှင်း ကြားမှာ အတူဆုံနေကြ ဒီလို အချိန်လေးရောက်လာ ဟို အရင်က အပြာရောင်အိပ်မက်လေး ကို ပြန်လည်တမ်းတရင်းကြေကွဲ .... "
ဒီအချိန်နှင့် ဒီသီချင်းက ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားတွေ ကြားမှာ ရေပန်းစားလှသည်။ ကိုယ်တိုင် ဂီတာ မတီးတတ်ပေမယ့် တီးတတ်တဲ့ သူငယ်ချင်းကို ခေါ်ကာ ဒီလိုပဲ ညတွေဆိုအဖော်တွေနဲ့ လိုက်အော်နေကြ ။
image

ကျွန်တော်က မုံရွာမြို့စီးပွားရေး တက္ကသိုလ် မှာ စီးပွားစီမံ မေဂျာ ယူထားပါတယ်။ဒီမေဂျာ ယူမိတာစိတ်တောင်ညစ်မိတယ် ကျူရှင်တက်ဖို့ အရေး ဘယ်သွားတက်ရမှန်းမသိ မြန်မာ ပထဝိ အင်္ဂလိပ် စီးပွားရေး ကျူရှင်တွေ ပုံနေပေမယ့် ကျွန်တော့် မေဂျာက ရှာလွန်းလှသည်။
မုံရွာ စီးပွားရေး တက္ကသိုလ်တွင် စီးပွားရေး ကျောင်းသား ကျောင်းသူ အယောက် ၁၅၀၀ ကျော်တက်နေချိန်တွင် ကျွန်တော်တို့ စီးပွားစီမံ ကျောင်းသား ကျောင်းသူမှာ အယောက် ၂၀ ကျော် ၃၀ လောက်သာရှိပေသည်။ နောက်ဆုံး ကျူရှင်တစ်ခုတွင် စီးပွားစီမံ ရောထည့် သင်ပေးမည် ဆိုသဖြင့် ထို ကျူရှင်တွင်သွားရောက် တက်ရလေတော့သည်။
စီးပွားရေး မေဂျာ နှင့် စီးပွားစီမံ မေဂျာ မှာ ပထမနှစ် တွင် ဘာသာ နှစ်ခုလောက်သာ ကွဲလေသည်။ ကျန်သည့် ဘာသာ များမှာ အတူတူ ရောသင်ရလေသည်။ နောက်နှစ်တွေများမှာတော့ တော်တော် ကွဲပြားသွားလေပြီ။

image

တက္ကသိုလ် တက်ရတာ ကျွန်တော် ကြိုက်နှစ်သက်တာ တစ်ခုတော့ ရှိသည်။ ဘာလဲဆိုတော့ ကျောင်းမှာပဲ ဖြစ်ဖြစ် ကျူရှင်မှာပဲ ဖြစ်ဖြစ် ကိုယ် သဘောကျ နှစ်သက်နေတဲ့ ကောင်မလေးနဲ့ အတူတူ သွားထိုင်နေလည်း ဆရာ ဆရာမတွေ က ဘာမှ မပြောတော့ခြင်းဖြစ်လေတော့သည်။စတိတ် ကျောင်းတုန်းကလိုဆို ဆရာတွေရဲ့ ကြိမ်လုံးနဲ့ ကျော ဗျောတင်ခံရမည်မှာ မလဲပေ။

တစ်ဆောင်ထဲ အတူနေ တစ်မြို့ထဲသား ကိုစိုင်းနှင့် ကျူရှင်သွားတော့ သူနှင့် မေဂျာတူ စီးပွားရေး မှ ယဉ်ယဉ် နှင့် မိတ်ဆက်ပေးလေသည် ။ ယဉ်ယဉ် သည်လည်း တစ်နယ်ထဲသား ချင်းပေမဲ့ ခုမှ တွေ့ဖူးခြင်းဖြစ်သည်။ရုပ်ကလေး အသင့်အတင့်ဖြင့် ကျွန်တော့် မျက်စိထဲတွင်တော့ ချစ်စရာ ကောင်မလေးတစ်ယောက် အဖြစ် မြင်မိသည်။
ဒီလိုနဲ့ ကျောင်း အသစ် ကျူရှင် အသစ်မှာ သူငယ်ချင်း အသစ်တွေနှင့် စာသင်ချိန်တွေ အတူတူ ကျော်ဖြတ်ကာ ပျော်စရာတွေဖြင့် ဆက်လျှောက်ခဲ့ကြသည်။
ကျွန်တော် မှာ တဖြည်းဖြည်းဖြင့် ကျောင်းသူတွေအများကြီးထဲမှ ယဉ်ယဉ် ကို စိတ်ဝင်စားလာလေသည်။ဒါနဲ့ သူငယ်ချင်း ကိုစိုင်းအား အောင်သွယ်တော် လုပ်ခိုင်းရလေတော့သည်။

" ကိုစိုင်း ငါတော့ ယဉ်ယဉ် ကို ချစ်နေမိပြီ ထင်တယ်ကွာ ငါ့ကို ပြောပေးအုံး "

"မင်း သေချာလို့လားကွာ တော်ကြာ ငါ့ ကိုပြဿနာ ရှာနေပါ့မယ် သေချာရင်တော့ စိတ်ချ ငါပြောပေးမယ် "

" အေးပါကွာ ငါမင့်ကျေးဇူး မမေ့ပါဘူး တစ်ကယ်ပါ "

နောက်တစ်နေ့ ကျွန်တော် ရေးပေး သော ရည်းစားစာနှင့် အတူ သူငယ်ချင်း ကိုစိုင်းကို ပြောခိုင်းလိုက်လေတော့သည်။
စာသင်ချိန်မှာ ဘာသာတူတဲ့ အချိန်တွင် အတူတူ နေရသောကြောင့် ကျွန်တော့်မှာ ရင်တွေ ဘာတွေ အကုန်ခုန်နေရလေတော့သည်။မျက်နှာတွေ ပူနေမိသည် သူ စိတ်များ ဆိုးနေမလား ရှက်သွေးဖြာပြီး ငါ့များ ခိုးကြည့်နေမလား။

" ဟေ့ကောင် "
ကိုစိုင်း က ဘာသာ ပြောင်းချိန်တွင်လာပြီး ပခုံးပုတ်ကာ စကားလာပြောသည်။
" ဖြေးဖြေး လုပ်ပါကွာ ငါ့မှာ လန့်တာ "

" အေး အခြေ အနေ မဆိုးဘူးကွ မင့်စာကို ယူထားလိုက်တယ် ငါလည်း နင့်ကို မှ မရရင် ဘာဖြစ်တယ် ညာဖြစ်တယ် ပိုပိုလေးပြောခဲတယ် မဆိုးဘူး နောက်ကို မင်း ဝင်ပြောတော့ "

" အေးပါကွာ ကဲ မင်း ဘာစားမလဲ ဘာသောက်မလဲ လာသွားစို့ဆိုင်ကို "
" အေး သွားစို့ "

ဒီလိုနှင့် သူငယ်ချင်းကောင်းမှုကြောင့် ယဉ်ယဉ် ဆိုသော ကောင်မလေးနှင့် ကျွန်တော် သူငယ်ချင်းလည်း မက ချစ်သူလည်း မကျတဲ့ အခြေ အနေလေးတော့ ဖြစ်လာခဲ့လေတော့သည်။
image

အပိုင်း ( ၂ ) ကို ဆက်လက်ဖတ်ရူ့ပေးပါအုံး ခင်ဗျာ့။
မြန်မာ Steemit မှ အဖွဲ့ဝင်အားလုံး
မင်္ဂလာပါဗျာ ။

@lwanwai
MSC - 045
PHOTO - FB Image

Sort:  

စာ​ရေး​ကောင်းတယ်​ bro.

ကျေးဇူးပါ fri ခုလိုဖတ်ပေးလို့

နောက်ထပ်ဇာတ်လမ်းတွဲအသစ်ပဲ . . . အားပေးနေပါတယ်ဗျ . . နောက်တစ်ပိုင်းမျှော်နေပါ့မယ်

ကျေး ကျေး ဖတ်ပေးလို့

အ့ကိုက ဖွန်​​နော်​ 😂😂 ​နောက်​တာ အ​ရေးသား လန်းတယ်​​ပြောရမယ်

real love story လေးပါဂျာ ဟိဟိ

စာလေးတွေအရမ်းကောင်းပါတယ်@lwain

ဖတ်ပေးလို့ ရမ်း ကျေးဇူးတင်တယ်

စာအ​ရေးအသား​ကောင်းတယ်

ဟုတ် ဝေဖန် ဖတ်ရှု့ပေးလို့ ကျေးကျေးပါ

ဆက်ရေးပါ စောင့်နေပါတယ်
ဗျ

ဟုတ် စောင့်နေသူတွေ အားရှိဖို့ ကောင်းကောင်းလေး ရေးပါ့မယ် ကျေးဇူးပါ

ဆက်​လက်​အား​ပေးပါ့မယ်​။

ဆက်လက်အားပေးပါအုံး ကျေးဇူးတင်ပါတယ်ဗျာ ဖတ်ပေးလို့

Kg ma ly ka cute lr?😜

So so cute hee hee.

အားပေးနေပါသည်

ဟုတ် ကျေးဇူးပါ အကိုရေ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 63001.43
ETH 3365.59
USDT 1.00
SBD 2.45