ကျွန်တော့်ကောင်မလေးပြောသော ကျွန်တော့်ချစ်သူ အကြောင်း ( အပိုင်း ၂ )

in #myanmar7 years ago

{ အချစ်ဆိုတာ
လွမ်းတိုင်းရေးတဲ့ ကဗျာ တစ်ပုဒ်ဆိုရင်
အလွမ်းတွေနဲ့ပဲ
အချစ်တွေ ဖန်တီးနေပါရစေ
ကောင်မလေးရေ .... }

FB_IMG_1515300011967.jpg

ကျွန်တော်ကပဲ မရိုးသားလို့လား အချစ်တွေပဲ မွေးဖွားရှင်သန်လာတာလား သူနှင့် တွေ့တိုင်းမှာ ရင်ခုန်သံတွေထိန်းလို့မရတာ နေမကောင်းချင် တာလိုလို ဖျားချင်တာလိုလို ရင်ခုန်ရပါလား
ယဉ်ယဉ် ရယ် ။

မုံရွှာ မြို့ရဲ့အဝင် တက္ကသိုလ်တို့ရဲ့ လမ်းမ ကျောက်က္ကာ လမ်းမကြီးရဲ့ ဘေး တစ်ဖက်တစ်ချက်ဆီမှာ ကျောင်းသူ ကျောင်းသား အဆောင်တွေပေါများလှပေသည်။
ကျူရှင်ကျောင်း နှင့် ယဉ်ယဉ်တို့ အဆောင်မှာ သိပ်မဝေးလှပေ ကျွန်တော်တို့ အဆောင်မှာ အတော်လှမ်းပါသည်။ ဒါပေမယ့် လမ်းကတစ်လမ်းထဲဆိုတော့ အဆင်ပြေလှသည် ။ ကျောင်းသွားရင် ဝင်ခေါ် ကျောင်းပြန်ရင်ပြန်ပို့နှင့် ရင်းနှီးမူ အတော်ရှိလာပြီဖြစ်သည်။

FB_IMG_1515416251364.jpg

ကျွန်တော် ကတော့ အခွင့်အရေးရတိုင်း သူ့ကို ချစ်ကစားလေးတွေပြောလေ့ရှိပါတယ်။

" ယဉ်ယဉ်
ငါနင့်ကို တကယ်ချစ်တာပါဟာ
အချစ်ဆိုတာ ကို ငါမခံစားဘူး ပေမဲ့ နင်နဲ့တွေ့ မှ ရင်ခုန်ခံစား တတ်လာတာပါ ဒါကို ငါ အချစ်လို့ပဲ သတ်မှတ်ပြီး နင့်ကိုရင့်ဖွင့်ပါရစေ
နင့်ကို ချစ်တယ်ဟာ "
ကျွန်တော် သူ့ကို စကားပြောရတာ သိပ်ပြီး အားမရလှပေ။
ခုလည်း သူတို့ အဆောင်ရှေ့က အပင်ရိပ်အောက်မှာ စကားပြောနေခြင်း ဖြစ်ပါတယ်။
သူကတော့ လမ်းပေါ်က စုံတွဲတွေ လမ်းသွား လမ်းလာတွေကြည့်ရင်း ငေးနေပါတယ်။
ပြီးတော့မှ စကားကို ဖြေညှင်း စွာ ပြောလာပါတယ်။

" ငါ နင့်ကို သူငယ်ချင်းလိုပဲ ခင်ပါတယ်ဟာ နင်က ခင်စရာတစ်ကယ်ကောင်းပါတယ်
ချစ်ဖို့လည်း ကောင်းပါတယ်
ဒါပေမယ့် ငါ မချစ်ပါရစေနဲ့ဟာ "

ကျွန်တော့် ရင်ခုန်သံ တွေ ကျွန်တော် ပြန်ကြား နေမိတယ်။ အားအင်တွေ မရှိတော့ သလို စိတ်တွေက အဝေးရောက်သွားလိုက် အနီး ရောက်ခဲ့လိုက်နဲ့ သူပြောတဲ့ စကားတွေ က ကြားလိုက် မကြားလိုက် ...

" ဒါဆို ငါ့မှာ နင်မကြိုက်တဲ့ အချက် ဘာရှိလဲ ပြောပါဟာ ငါပြင်ပေးပါ့မယ် ယဉ်ယဉ် ရယ် "

" မဟုတ်ပါဘူးဟာ
နင့်မှာ ငါမကြိုက်တဲ့ အချက် မရှိပါဘူး ငါကကို အချစ် ကို စိတ်မဝင်စားသေးတာပါ "

" ပြန်စဉ်းစားပေးပါအုံး
ယဉ်ယဉ် ရယ်
ငါ နင့်ကို အပျော်ကြံ တာမဟုတ်ပါဘူး ရိုးမြေကျ တစ်သက်လုံး အတွက် ငါ ရည်ရွှယ်ပြီး နင့်ကို ချစ်တာပါဟာ
ငါပြန်အုံးမယ်ဟာ နင်ငါ့ကို သေချာတဲ့ အဖြေလေး တစ်ခုတော့ ပေးပါဟာ "

အဆောင်ပြန်ခဲ့တဲ့ ကျွန်တော့်ရဲ့ ခြေလှမ်းတွေ မြေပြင်နဲ့ထိနေလား လူကပဲ လေထဲ လွင့်မျှော နေတာလား ဝိုးတဝါးနဲ့ အဆောင်ပြန်ရောက်ခဲ့ပါတော့တယ်။

{ နင် သိရဲ့လား
စွယ်တော် ရွှက် ဆိုတာ
နှစ်လွှာ ပေါင်းမှ တစ်ရွက်ဖြစ်တာပါ
ကောင်မလေးရေ
နင်က စွယ်တော်ရွှက် က
အလွှာလေး တစ်ခြမ်းဆို
ကျန်တဲ့ တစ်ခြမ်းက
နင်နဲ့ အနီးဆုံး ငါဖြစ်နေပါရစေ.... }

အဆောင်ရောက်တော့ စာလုပ်နေတဲ့ သူငယ်ချင်း ကိုစိုင်းကိုတွေ့ရတယ် ။

" ဟာ ကိုလွမ်း ဘယ်လိုလဲ
ကောင်မလေးနဲ့ အဆင်ပြေလား
ပြောစမ်းပါအုံး "

" ဘယ်ကလာ ကိုစိုင်းရာ
အဆင်မပြေပါဘူး ကွာ ငါစိတ်တွေတောင် လေပါတယ်
ခုက
ချစ်တယ်လို့လဲ အဖြေ မပေး
မချစ်ဘူး လို့လဲ မပြောနဲ့ ဘာလုပ်ရမှန်း ကို မသိတော့ပါဘူးကွာ "

" အေး အဲ့တာတော့ ငါလည်း မကူညီပေးနိုင်ဘူးကွာ
ငါလည်း တတ်နိုင် သလောက်တော့ မင့်ကို ကူညီပေးပါ့မယ်ကွာ "

" ကျေးဇူးပါကွာ "

****~~~~~~~~~~~~*****

" ဟေ့ ယဉ်ယဉ် ဘာလုပ်နေတာလဲ စာတွေ ရသလားဟ"

ဘယ်သူလဲလို့ ကြည့်လိုက်တော့ မေဂျာတူ ကျူရှင်မှာ ခင်ကြတဲ့
သူငယ်ချင်း ဝေဝေအောင် အဆောင်ကို အလည်တာတယ် ထင်ပါရဲ့ ။

" အေး ငါ စာလေးတွေ မရှင်းတာရှိလို့ နင့်လာမေးတာ "
ပြီးတော့ သူကပဲ ဆက်ပြောတယ်

" ယဉ်ယဉ် ဘယ်လိုလဲ နင်တို့ သူငယ်ချင်း ကိုလွမ်း ရဲ့ အခြေအနေ
အဆင်ပြေရင် ငါ့နဲ့ မိတ်ဆက်ပေးပါအုံးဟယ် "
" အေးပါ မိဝေ ရယ်
နောက်နေ့ နင်နဲ့မိတ်ဆက်ပေးမယ် ကြားလား "
" အေးပါဟာ အဲ့တာတွေကြောင့် နင့်ကို အရမ်းခင်တာ သိလား "

ဝေဝေအောင် က ရေဦးမြို့ မှကျောင်းလာတတက်ပီး ခင်သွားရတဲ့ ကောင်မလေးဖြစ်ပါတယ်။
သူက ကျောင်းစတက်ကတည်းက
ကျွန်မ နားမှာ အမြဲလို ရှိနေတတ်တဲ့ ကိုလွမ်း ကို သဘောကြ နေတာဖြစ်ပါတယ်။
သူက ကျွန်မ တို့ကို တစ်နယ်ထဲ သူငယ်ချင်း အဖြစ်တာ သိသည် သူ ကျွန်မ ကို ချစ်နေတာကို တော့ သူမ မသိပေ။

" နင် သိလား
ငါလေ ကိုလွမ်း ကို စမြင်ကတည်းက ရင်ခုန်တယ်
သူနဲ့ နီးခွင့်ရရင် သိပ်ကောင်းမှာပဲ
အဲ့တာ နင်ကူညီပါနော် "

" အေးပါဟာ ငါ ကူညီပါ့မယ်
"
ဒီလိုနှင့် ကျွန်မ တို့ နှစ်ယောက် တိတ်ဆိတ်စွာနဲ့ စာလုပ်ပြီး သူမလည်း သူ့ အဆောင်သို့ ပြန်သွားပါတော့တယ်။

တစ်ဖက်က ချစ်ခွင့်ပန်နေတဲ့ သူငယ်ချင်း တစ်ဖက်ကလည်း ချစ်ရတဲ့ သူငယ်ချင်း ကျွန်မ ခေါင်းတွေတောင်နောက်လာခဲ့တယ်။

စိတ်ထဲကနေ ကျွန်မပြောနေမိတယ် ကိုလွမ်းရေ ။
" တစ်ကယ်တော့ ကျွန်မ ကိုလွမ်းကို ချစ်ပါတယ် ဒါပေမယ့် ကျွန်မ အိမ်အခြေအနေအရ ကျွန်မ ချစ်သူ မထားချင်သေးဘူး ကျောင်းပြီး အောင် ကြိုးစားချင်သေးတယ်
ဒီတော့ ကျွန်မရဲ့ သူငယ်ချင်းကလည်း ကိုလွမ်း ကို ချစ်နေတယ်ဆိုတော့ ...
ဘာပဲဖြစ်ဖြစ် သူတို့ကို ငါ အောင်သွယ်ပေးလိုက်ပါ့မယ်လေ "

FB_IMG_1514305654839.jpg

{ကောင်လေးရေ
အချစ်ဆိုတာ ပျော်ရွှင်ခြင်းတွေ
ထာဝရယူဆောင်ပေးမယ်ဆို
ငါပျော်ချင်တာပေါ့ဟာ
ဒါပေမယ့်
စွန့်လွတ်ခြင်းတွေနဲ့ ပဲ
ငါဝေးဝေး က ချစ်နေပါ့မယ် ....}

အပိုင်း ( ၃ ) ကို ဆက်လက် အားပေးပါအုံးဗျာ ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

&&&&&***********&&&&&&&&&

@lwanwai
MSC - 045
PHOTO - FB image

Sort:  

V 100% = 0.121$ v n cm done,@thi/poe.

Thanks bro.

သူ့ကိုချစ်ခဲ့တယ်
သူ့အနားမှာနေချင်စိတ်တွေနဲ့
သူ့ကိုတမ်းတစွဲလမ်းခဲ့တယ်
ချစ်မိသွားတော့ ဖွင့်ပြောမိမှာပေါ့
ဖွင့်ပြောပြီဆိုမှတော့ လိုချင်ခဲ့မိတာ
သူဆီကတုန့်ပြန်မှုလေးပါ
ချစ်တယ်ပြောရင်ပျော်မဆုံး
မချစ်ဘူးဆိုရင်တော့
ကြိုးစားရမယ့်တာဝန်ကိုယ့်မှာရှိတယ်လေ
မိန်းကလေးတွေရဲ့တန်ဖိုးက အဲ့ဒီမှာအခြေခံအကျဆုံးပါ
ဇွဲကောင်းဖို့တော့လိုတယ်
ပေးဆပ်မှုဟာစစ်မှန်ခဲ့မယ်ဆိုရင်
တစ်နေ့သောအခါ၌
ဆက်ရန်ကိုမျှော်လင့်စောင့်စားရင်း(သူရ)

ဆက်လက် မျှော်လင့်စောင့်စားရင်း

ငါပြောရမှာလေဒီစကားကဟးး

ဖတ်​ခဲ့သည်​....good story

ဟုတ် ကျေးဇူးပါ

good story !

Thanks bro.

လွမ်းမိပီ တက္ကသိုလ်ရယ်

ဟိုတုန်း က အလွမ်းညတွေနဲ့

မျော်ပီလေ

မျှော်ပါအုးနော်

Thanks bro.

Thanks bro.

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 62904.98
ETH 3359.08
USDT 1.00
SBD 2.46