Garment(အထည်ချုပ်)

in #myanmar8 years ago

imageမယ်​ကြည်​လဲ နဲနဲ မအားဖြစ်​​နေတာနဲ့ စာမ​ရေးဖြစ်​ဘူးရယ်​ ​မေ့သွားကြပလား စိတ်​ဝင်​စားစရာ​တွေ ​ရေးပြအုံးမာပါရှင့်​😃
ပိတ်​စအ​ကြောင်း ခနထားပီး မယ်​ကြည်​ ခု တာဝန်​ယူ​နေရတဲ့ အထည်​ချုပ်​ဌာန​လေး အ​ကြောင်း​ပြောပြမယ်​လို့😃
အထည်​ချုပ်​ ဆိုတာနဲ့ မယ်​ကြည့်​မိတ်​​ဆွေတို့ အထည်တွေ ချုပ်​တဲ့​နေရာဆိုတာ သိကြမာ​ပေါ့​နော့😃😃 image
မယ်​ကြည်​တို့ဌာနက ဘာ​တေချုပ်​ကသလဲဆိုရင်​ မူလတန်းအရွယ်​ အဖြူ အစိမ်း ကလေး အကျီလေးတွေ
ခြင်​​ထောင်​​တွေ
စတိုင်​ပင်​​တေ
ကျားရှပ်​ မဝတ်​ အကုန်​ချုပ်​ရတဲ့ ဌာနတခု​ပေါ့
အင်း😃😃ပြင်​ပ အထည်​ချုပ်​​တွေရဲ့ ကျွမ်းကျင်​မူ့ခြင်းတော့ တူမယ်​ မထင်​မိဘူး မယ်​ကြည်​တို့ဌာနမာက ဝန်​ထမ်းအင်​အား၁၀၃​ယောက်​ အထည်​ချုပ်​ဆို​တော့ မိန်းက​လေး​တေ ပိုများသ​ပေါ့ ​ယောက်ျား​လေးက ၃​ယောက်​ပဲရှိပြန်​​ရော
မယ်​ကြည်​တို့ စက်​ရုံ​တွေက ရပ်​စဲမလိုလို အသံ​တေထွက်​​နေ​တော့ အလုပ်​ကလဲ ရှိလိုက်​ နားလိုက်​ပါပဲ
မယ်​ကြည်​တစ်​​ယောက်​​တော့ စက်​ရုံထဲက ဌာန​ပေါင်းစုံမာ အလုပ်​လုပ်​ဖူးတာ အကုန်​ ကျွမ်းကျင်​အဆင့်​မဟုတ်​​ပေသိ တီးမိ​ခေါက်​မိ​တော့ ရှိသ​ပေါ့​လေ။ ဘယ်​အရာမ မလွယ်​ကူလှပါဘူး
မယ်​ကြည်​ တခါခါ စဉ်းစားမိတာက​လေ မယ်​ကြည်​ယူထားတဲ့ ဘွဲ့ရယ်​ လုပ်​​နေရတဲ့ အလုပ်​ရယ်​ ဘာမကို မဆိုင်​ပုရယ်​😃😃
ကဲပါ​လေ ​နောက်​ဆုံး ​တော့လဲ ရှိ​စေ​တော့ ကွကိုယ်​ ​ရွေးမိမ​တော့ ဆက်​လုပ်​​ပေ​တော့​ပေါ့။
အာ့နဲ့ ပဲ ​ရောက်​ရာဌာန မသိမတတ်​တာ​တေ ​လေ့လာရင်း ခုဆို ၈နှစ်​​တောင်​​ကျော်​လာခဲ့ပီ။
ကဲ ​တောင်​​ရောက်​​မြောက်​​ရောက်​ရယ်​😃😃​ပြောရင်းက။
မယ်​ကြည်​တို့ ခုချုပ်​​နေရတာက မဝတ်လုံချည်​​ ဘာ​ရောင်​တုံးဆို​တော့ အစိမ်း​ရောင်​​တွေ ​ကျောင်းဆရာမ​တွေ အတွက်​တဲ့😃😃 image
လုံချည်​ဆိုတာက​တော့ ​လေး​ထောင့်​အစကြီးကို အထက်​ဆင်​တပ်​ချုပ် ပီးစပ်လိုက်ရုံပဲလေ ​နော့
လွယ်​တယ်​မလား ပရိတ်​သတ်​ကြီး😃😃
တကယ်​က​တော့ တကယ်​မလွယ်​ပါဘူး​လေ တထည်​ထဲချုပ်ရတာဆိုရင် ပြသနာ မရှိ​ပေသိ ခုဟာက ​သောင်းချီ ချုပ်​​နေရတာမလား။
မယ်​ကြည်​ တို့ စက်​ရုံက အဆိုင်း၂ဆိုင်း ဆင်းရတယ်​။မနက်ဆိုင်းနဲ့ ညဆိုင်း ၂ပတ်​တခါ အဆိုင်းချိန်းတယ်​ ။ဟဲ ဟဲ ​ချော်​သွားပြန်​ပီ😃😃သည်းခံဖတ်​​ပေး​နော့..အစက​နေ​ပြောပြမယ်​​လေ။မယ်ကြည်တို့စက်ရုံ က ထုတ်လုပ်ခဲ့တဲ့ ပိတ်​စိမ်းကိုပဲ ပြန်​ချုပ်​​ပေးရတာပါ။လုံချည်​အသားက​တော့ 2/40တိုင်ချည့် 2/80စီလွန်ချည်ဖောက်ထားတော့ ထူပိတ်နေတာပဲ အနက်​​ရောင်​ တိုင်​ချည်​မာ အစိမ်း​ဖောက်​ထား​တော့ မယ်​ကြည်​မြင်​​အောင်​ ​ပြောပြရရင်​ ဝတ်​ဝံပုဆိုး​လေ သိကြတယ်​ဟုတ်​ အစိမ်းပုတ်​​ရောင်​ဆို​တော့ အ​ရောင်​လဲလှတယ်​​လေ။ မယ်​ကြည်​တို့ အထက်​တန်း​လောက်​တုံးက အတန်းထဲက ​ကောင်​​လေးအများစု အာ့ဝက်​ဝံပုဆိုး ကို ဝတ်​ကြတာများတာပဲကို Pandaဆိုပီး​လေ။အာ့ထက်​ အသားကထူတယ်​ မယ်​ကြည်​​တောင်​ ကြိုက်​မိ​သေး😃😃
အစိမ်းပိတ်​ထုတ်​​တွေကို ​ဘေထုပ်​​တေနဲ့လာပါ​ရော။အထက်ဆင်လဲ ​ဘေထုတ်​နဲ့ပဲလာတာ။အာ့အထုတ်​​တေထုပ်​ ပါတဲ့ ကိုက်​​ရေ ကိုက်​မကိုက်​စစ်​ ရပီဆို​တော့ ခင်းဖို့ လုပ်​ရ​တော့မာ​ပေါ့​နော့😃😃
မယ်​ကြည်​တို့ ဒီမာလဲ construction စစွဲရတာပဲ​လေ။
ပိတ်​ဘယ်​နှကိုက်​သုံးရင်​ လုံချည်​ ဘယ်​နှကွင်းရရမယ်
ပီး အထက်​ဆင်​ ပိတ် ဘယ်​​လောက်​သုံးရင်​ အ​ရေတွက်​ ဘယ်​​လောက်​ရရမယ်​​ပေါ့။
အလုပ်​စတဲ့ရက်​က မယ်​ကြည်​ ​ခေါင်းကိုက်​တဲ့ ရက်​​တေပဲ။ ဂဏန်းတွက်​ရတာ တမျိုး စက်​တန်း လူခွဲရတာတမျိုးနဲ့😃😃အာ့​နေ့​တေ အလုပ်​လုပ်​ကတာ တန်​လိုက်​ပုံ​တော့ ရတဲ့လခနဲ့..😃😃 image

မယ်​ကြည်​တို့ဌာန အထည်​ချုပ်​မာက လူ၇၀​လောက်
Cuttingအဖွဲ့က လူ ၁၂​ယောက်​ပဲရှိတယ်​ အာ့လူ​လေးနဲ့ ဘယ်​လိုမ စက်​တန်းကို နိုင်​​အောင်​ ဖြတ်​​မပေးနိုင်ပုလေ။တခါဖြတ်နိုင်မ ၄၀၀ရယ်​ ၊အာ့​လောက်​က​တော့ စက်​တန်းက သမင်​​မွေးရင်း ကျားစားရင်းပဲ။မယ်​ကြည်​တို့ cuttingက တစ်​ရက်​ ၂၀၀၀​လောက်​ ထုတ်​နိုင်​မ စက်​တန်းလောက်ငမာလေ။ အာ့မာ လူထပ်​​ခေါ်ရပီ ချုပ်​တန်းထဲက အချုပ်​သမ​တေ နဲနဲ ​လျော့ပီး Cuttingမာ ပူး​ပေါင်းပီး ပိတ်​ဖြတ်​ကြရပါတယ်​။ image
လုံချည်​တကွင်း ၇၈လက်​မနဲ့ ​လေးကွင်းစာ cutting စားပွဲမာ အမှတ်​​တေ မှတ်​ပီး တလွှား ပီးတလွှား ခင်းကြရတယ်​ ။အာ့လို အလွှား၁၀၀ ပြည့်​ရင်​ဖြင့်​ အ​ပေါ်ဆုံး ပိတ်​စ​ပေါ်မာ ၇၈လက်​ပြန်​ပြန်​တိုင်း မျဉ်းတားပီး ပိတ်​ဖြတ်​ ဓါးစက်​နဲ့ ညီ​အောင်​ဖြတ်​ ရပါတယ်​ အာ့ အစ​တွေရမ စက်​တန်းဖြန့်​ပီး ချုပ်​ရပါ​ရော။ image​နောက်​ပီး အထည်​မာ အ​ပေါက်​ပါတာ​ရော ​ရေစီး​ကြောင်းပါတာ​တေ​ရော အာ့ ပြသနာက ရှင်းရ​သေးတယ်​။ သို့​ပေမဲ့ ​ပေးအပ်​တဲ့ တာဝန်​ကို ​ကျေပွန်​​အောင်​ ထမ်း​ဆောင်​ရမယ်​မလား ။မယ်​ကြည်​​ပျော်​ပါသည်​ ။စက်​တန်းက ရလာတဲ့ အထည်​​တွေကို QCအပ်​ QCက စစ်​ပီးသားအထည်​​တွေကို စတိုအပ်​။ image​အောက်​တန်းကိုက်​မကိုက်​ စစ်​ တကယ်​က တွက်​​ရေးသာ စက်​သူ​ဌေး တွက်​ကြည့်​ စက်​မရှိ ဆိုသလို မယ်​ကြည်​တို့ ရတဲ့ ပိတ်​ကိုက်​​ရေကို ကွင်းဘယ်​​လောက်​ရမယ်​ တွက်​ထား​ပေသိ တကယ်​ cuttingမာ ဘယ်​တုံးကမ အပြည့်​မရပါဘူး။ အ​လေဆိုတာ ထွက်​​နေတာကိုး။ပိတ်​​တွေက တဆက်​တည်းလာတာမဟုတ်​ အပြတ်​​တေပါ​တော့ ပိတ် ၇၈လက်​မ မကျန်​ရင်​ ပယ်​ရပြန်​​ကော။ မယ်​ကြည်​တို့ အပယ်​မများရ​အောင်​​တော့ ဂရုစိုက်​ရတာ​ပေါ့​နော့။ မယ်​ကြည်​ဌာနက အလုပ်​​လေးရှိတုံး အားရပါးရလုပ်​ကြရတာကိုး။စက်တန်းကလဲ ထမိန်​တကွင်းမ ချုပ်​​ကြောင်း ၂​ကြောင်းချုပ်​ကြရတာကိုး ပီး ဓားစားပီးရင်​ တထည်​ ပီးပီ။ချုပ်​​ကြောင်း အစပ်​​တေ ညီညာဖို့​တော့ လိုတာ​ပေါ့​နော်​။ image
ပြိုင်​တူတွန်းရင်​ ​ရွေ့နိုင်​ပါသည်​ ဆိုသလို မယ်​ကြည်​တို့ဆီ ​ရောက်​လာတဲ့ ပိတ်​အပုံလိုက်​က​နေ​ စည်းစည်းရုံးရုံးနဲ့ ချုပ်​လိုက်​ကြတာ အထည်​တေဖြစ်လာပီး စတိုအပ်​ပြီး တာနဲ့ မယ်​ကြည်​တို့ အလုပ်​တစ်​ခု ပြီး​မြောက်​ပီဖြစ်လို့ ဝမ်းသာစွာ ​ရေးသားလိုက်​ရခြင်း ဖြစ်​ပါ​တော့သည်​။ ​နောက်​ထပ်​ ချည်​​ထောင်​​တေ ချုပ်​ကြရတဲ့ အ​ကြောင်း ဗဟုသုတဖြစ်​​အောင်​ ​ရေးပါအုံးမယ်​။ပီးအောင် ဖတ်ပေးကြတဲ့ steemitက သူငယ်ချင်းအပေါင်း ပရိသတ်အပေါင်း​ကျေးဇူးတင်​ပါသည်​ ။
Original post by Mel Kyi

Sort:  

ပျောက်ချက်သားကောင်း

ဟုတ် နဲနဲ အဲ့ကျောင်းစိမ်းတေ့ နဲ နဲနဲ အလုပ်ရုပ်နေလို့ရယ်😃😃

ကြည် ထန်းတက်ရင်းပြဲသွားတဲ့ ပုဆိုးလေးအပေါက်ဖာဖို့
ပိတ်အတိုအစလေးများရှိရင် မျှပါကွယ်

အို 😃😃ကွီးသာ​အေးရယ်​ ကွီးအတွက်​ ကြည်​ကိုယ်​တိုင်​ ပိတ်​ဖြူ ၂ကိုက်​နက်​ ပုဆိုးချုပ်​​ပေးပါ့မျယ်​😃😃

ကြည် ရယ် ပိတ်ဖြူနဲ့ချူပ်ပေးမယ်ဆိုတော့ ကိုသာအေး လူစင်စစ်ကနေ ဘိုးတော်ဖြစ်ရတော့မယ်ပေါ့နော်😂😂😂😂😂😂😂

ကွီးသာအေးသာ သဘောကျမယ်ဆိုရင် ကြည် အကျီအဖြူလေးရော ရှယ်ချုပ်ပေးပာ့မယ်😃😃

ပြေးပီ ကြည်ရေ😂😂😂😂😂😂😂

အထက်​​အောင်​ ဝမ်းဆက်​​လေး ဘီ​လောက်​လှလတ်​မလဲ 😃😃ဟီး

အဘကိုကြီးကျော် 😀😀😀😀😀😀😀

အားပေးတယ် မယ်ကြည် ။

ပျော်​ဘီလေ ​ကျေးဇူး ပါ😃

Whatever @resteembot resteems, I resteem too!
I am a new, simple to use and cheap resteeming bot
I will automatically resteem posts resteemed by @resteembot until 2017-09-22 00:00:01 +00:00
If you want to read more about me, read my introduction post.

ဗဟုသုတ တိုးပါတယ်။
ခုလို မျှဝေပေးလို့  ကျေးဇူးပါ။

လိုအပ်မူ့တေ ရှိသေးတယ် အားပေးပာချင့်😃😃

ကျေးဇူးပာ😃😃

good post and great, thanks for sharing

ကျေးဇူး

Thank you so much😃

Nice your post!

Thank you so much

Hi, kyi! I just resteemed your post!
I am a new, simple to use and cheap resteeming bot.
If you want to know more about me, read my introduction post.
Good Luck!

@kyi ရေ .. အခုလို ဆောင်းပါးတွေ ပြန်တွေ့ရတဲ့ အတွက်ဝမ်းသာပါတယ်။ Facebook ဆန်တဲ့ အရေးအသားတွေ တွေ့နေတဲ့ အတွက် တချို့စာလုံး တွေကို edit လုပ်လိုက်ပါ။ ( အာ့မာပြသနာ )( အာ့လူလေးနဲ့) ( အာ့နေ့တွေ)

အဟီး😃😃အကျင့်ပာနေတယ် ပြန် editလိုက်မယ်လို့

Hi, kyi! I just resteemed your post!
I can also re-steem and upvote some of your other posts


Curious? Check out @resteembot's' introduction post
PS: If your reputation is lower than 30 re-blogging with @resteembot only costs 0.001 SBD

Coin Marketplace

STEEM 0.13
TRX 0.34
JST 0.035
BTC 109926.60
ETH 4355.15
USDT 1.00
SBD 0.83