ခွေးကလေးဘိုဖြူ

in #myanmar6 years ago

အပိုင်း၁

အပိုင်း၂

အပိုင်း၃

အပိုင်း၎

အပိုင်းဆက်-၅
image
image source
အလုပ်တအားတာနှင့်ပင် အိမ်ကို ပြန်မရောက်တာ
၂လကျော်ခဲ့ပါပြီ။ဒီတစ်ပတ်တော့ ခွင့်ယူပြီး အိမ်ပြန်
ရန်ဆုံးဖြတ်လိုက်သည်။အိမ်ကို လွမ်းလှသည်က တကြောင်း၊ဘိုဖြူလေးကို တွေ့ချင်သည်ကတကြောင်းကြောင့် အိမ်ကိုပြန်ချင်လှသည်။ထိုနောက် ခွင့်၂ရက်ယူကာ
မနက်ပိုင်းတွင်ပင် အမြန်ရေယာဉ်နှင့် နယ်မြို့လေးဆီသို့ ထွက်ခွာလာခဲ့သည်။လှေထဲရောက်သည်နှင့် ဘိုဖြူလေးကို သတိရလာပြန်ပါသည်။ရှေ့တခေါက် ဘိုဖြူလေးကို ဆောင်ယူစဉ်က အကြောင်းများတွေးရင်း မကြာမှီတွေ့ရမည်ဖြစ်၍ ပျော်နေမိသည်။"သြော်...ဘိုဖြူလေးနဲ့ မတွေ့ဖြစ်တာ၊ ၂လတောင်ရှိပါပေါ့လား။သူ့ကို ထားခဲ့တာ ငယ်ငယ်လေးရှိသေးတာ၊ငါ့ကို မှတ်မိပါဦးမလား "ထိုသို့တွေးရင်း စိတ်မကောင်းဖြစ်ရပြန်ပါသည်။ငယ်စဉ် ကတည်းက တိရစ္ဆာန်လေးတွေ ချစ်တတ်သော
ကျွန်ုပ်အဖို့ တစ်ခုခုဆို အရမ်း သံယောဇဉ် တွယ်မိတတ်
၏။ငယ်စဉ်က ကိစ္စလေးတစ်ခု ပြန်သတိရရင်းပြုံးမိသည်။"ကျွန်ုပ် စတုတ္တတန်းအရွယ်လောက်ကပေါ့၊ခြံထဲ
လျှောက်သွားရင်း တစ်နေရာတွင် ခါချဉ်ကောင်များ
အုံနေသော ကြွက်ပေါက်စ နီနီရဲလေးတစ်ကောင်ကို
တွေ့လိုက်သည်။ချက်ချင်းပင် ခါချဉ်ကောင်များ ဖယ်
ထုတ်ကာ အိမ်သို့ချီပြေးလာပါသည်။ထို့နောက် ထုံး
နှင့်ဆနွင်းကို ရောနယ်၍ ကြွက်ပေါက်စလေး၏ ခါချဉ်
ကောင်များ ကိုက်ထားသော ဒဏ်ရာများကို လူးပေး
လိုက်သည်။ကြွက်ပေါက်စလေးမှာ မြေကြွက်အမျိုးအစားဖြစ်ပြီး နီနီရဲရဲနှင့် ချစ်စရာကောင်းနေပြန်ပါသည်။
နို့မပြတ်သေးသော အရွယ်ကလေးဖြစ်သောကြောင့်
ဗိုက်ဆာနေလိမ့်မည်ဟု တွေးမိကာ နို့မှုန့်ထုပ်ကို ဖျော်
၍ ကြွက်ပေါက်စလေးကို တိုက်၏။သို့သော် ကြွက်ကလေးမှာ သောက်၍မတတ်သောကြောင့် မိမိကပင် နို့မှုန့်
အရည်ကို လက်နှင့် တို့၍ ကြွက်နှုတ်ခမ်းကို သုတ်ပေး
မှပင် ပါးစပ်လေးလှုပ်လာလေသည်။ငါကျွေးတာ သောက်ပီကွ ဟုပျော်လိုက်သည်ဖြစ်ခြင်း။
image
image source
ထို့နောက် အိမ်တွင် ကြွက်တို့၏ရန်သူ ကြောင် သားအမိ ၂ကောင် ရှိနေ၍ သူ့ကိုအိမ်တွင်ထား၍မဖြစ်
ပေ။ထို့ကြောင့် ရာဘာအစေးပြားများ ထားသော ဂိုဒေါင်ထဲသို့ ခေါ်သွားကာ အဝတ်စလေးထဲ ထည့်၍ တံခါးပိတ်
ကာ ထားခဲ့လေသည်။ညနေဘက် ကျောင်းကပြန်
လာသောအခါ ကြွက်ရှိရာ ပြေးလေတော့သည်။ဂိုဒေါင်တံခါးကို အတင်းဆွဲဖွင့်၍ ကြည့်လိုက်ရာ မနက်က ထားခဲ့သော အဝတ်စသာ ကျန်ခဲ့ပြီး ကြွက်ကလေးမှာ
မရှိတော့ချေ။ကြောင်များ စားသွားပြီလားဟု စိတ်ပူသွားမိသည်။ထိုနောက် အတင်းလိုက်ရှာလေရာ နံရံဒေါင့်တစ်နေရာတွင် ပြန်တွေ့လေသည်။"သေသွားပြီလားဟု
တွေးလျက် သွားကိုင်လိုက်ရာ မသေသေးသဖြင့် ဝမ်းသာသွားမိသည်။ထိုအခါ ပါလာသော ထုံးနနွင်းရည်
တို့ဖြင့် ကြွက်ကလေးကို လိမ်းပေးကာ နို့မှုန့်ကို မနက်ကလိုပင် သောက်စေကာ အဝတ်ထဲပြန်ထည့်၍ ထားခဲ့ပြန်ပါသည်။
နောက်တစ်နေ့ မနက်တွင် ကျွန်ုပ်သည် မနက်စာ
စားနေ၏။ထို့အခိုက် ကြောင်သားအမိ၏ တညောင်ညောင်အော်သံကို ကြားလိုက်ရသည်။အစာတောင်းတာ
နေမှာပါဟုတွေးလျက် လှည့်မကြည့်မိပေ။ကြောင်သားအမိ မျက်စိရှေ့ရောက်လာမှ လန့်သွားမိသည်။အဘယ်
ကြောင့်မူ ကြောင်အမိသည် ကျွန်ုပ်၏ကြွက်ကလေးကိုကိုက်ချီလာကာ သူ့သားအား ချကျွေးနေသောကြောင့်
တည်း။ကျွန်ုပ်သည် အတင်းပင် ကြောင်သားအမိကို
အော်လွှတ်၍ ကြွက်ကလေးကို ဆွဲယူလိုက်၏။ကံကောင်းစွာပင် ကြွက်ကလေးမှာ မသေသေးဘဲရှိသေး၏။သို့
သော် ကြောင်မကြီး ကိုက်ချီလာသော သွားဒဏ်ရာအချို့ ရသွားပြန်ပါသည်။ကျွန်ုပ် သည် စိတ်မကောင်းစွာနှင့်
ပင်ဆေးလူးပေး၍ ဂိုဒေါင်ထဲ ပြန်သွားထားကာ တံခါးကို
လုံခြုံစွာ ပိတ်ထားခဲ့လေသည်။
မနက်ရောက်သော် ထုံးစံအတိုင်း ကြွက်ကလေးနား
ပြေး၏။တံခါးအတင်းဆွဲဖွင့်ကာ ကြည့်လိုက်အခိုက်
ကြွက်ကလေးမှာ နဂိုနေရာတွင် မရှိပြန်။မနေ့ကလိုပင်
နံရံထောင့်လေးသို့ ရောက်နေပြန်ပါသည်။သို့သော် မနေ့ကလို အသက်ဝိဥာဉ်သည်ကား ကြွက်ကလေးတွင် ရှိမနေတော့ပါချေ။ဒဏ်ရာများကြောင့် ကြွက်ကလေးသေဆုံး
သွားခဲ့ပါပြီ။ကျွန်ုပ်မှာ စိတ်မကောင်းဖြစ်လွန်း၍ မျက်ရည်ပါကျမိသည်။ထိုနောက် ကြွက်ကလေးကို ထိုအဝတ်စနှင့်ပင် ပတ်၍ ကျင်းငယ်တစ်ခုတူးကာ စိတ်မကောင်းစွာနှင့်ပင် မြေမြှုပ်သဂြိုလ်ပေးလိုက်ပါသည်။စာရွက်အလွတ်
မှာ ကြွက်ကလေးငနီဟု ရေးထိုးလျက် မှတ်တိုင်လေး
တစ်ခုပင် လုပ်ပေးလိုက်သေးသည်။"
ထိုအကြောင်းများ ယခုချိန်ပြန်တွေးမိသည့်အခါ
ငိုရမလို၊ရယ်ရမလိုဖြစ်ကာ ပြုံးမိသည်။ထိုအခိုက် လှေသည် ကျွန်းစုဆိပ်ကမ်းသို့ ဆိုက်ပြီဖြစ်၍ အတွေးများကို
ဖြတ်လိုက်ကာ ကမ်းပေါ်တက်ခဲ့လေသည်။ယခင်က
အတိုင်းပင် Taxi တစ်စီးငှား၍ ရွာဆီသို့ ဒုန်းစိုင်းလာခဲ့
၏။လမ်းတလျှောက်လုံး အဖေနှင့်အမေကို တွေ့ရမည်
ဖြစ်၍ ပျော်နေမိသည်။ခွေးကလေး ဘိုဖြူကိုလည်း တွေ့ရမည်။ဒီအချိန်လောက်ဆို နည်းနည်းကလေး ကြီး
နေလောက်ပြီဟု တွေးရင်း လိုက်ပါလာခဲ့သည်။အိမ်ရောက်သော်ထုံးစံအတိုင်း အမေနှင့်အမေမှာ အိမ်တွင်မရှိပေ။ခြံထဲမှာသာ အနေများသည်ဖြစ်၍ ခြံနှင့်ဝေးသောကြောင့် နောက်မှပင် လိုက်သွားမည်တွေးကာ ဘိုဖြူရှိရာ အစ်ကိုကြီး အိမ်သို့ ပြေးရပြန်ပါသည်။"ဘိုဖြူ တစ်ကောင်ဘယ်ပုံ ရှိနေပြီလဲ၊ငါ့ကို သိပါဦးမလား အတွေးမျိုးစုံဖြင့်အစ်ကိုကြီးအိမ်တွင်း သို့ ပြေးဝင်သွားအခိုက်တွင်ကား
......။
image
image source
[ခွေးကလေး ဘိုဖြူ ဘာဖြစ်သွားပြီလဲ၊ကျွန်ုပ် တွေးသလို
ပင် ကျွန်ုပ်ကို မှတ်မိဦးမလား]
အပိုင်းဆက်မျှော်....

-လေးစားစွာဖြင့်
-နွေဦးသစ်
-@kyawthuyein
-MSC-252

Sort:  

ကြွက်ကိုမွေးစားသလားဗျာ
ွကျွန်တော်အိမ်ပေါချက်

မြေကြွက်ပါ .ဟီး

စိတ်‌ဝင်‌စား‌နေပါပြီ။

ကျေးဇူးပါ ကိုမဟော်

ဘိုဖြူဘာဖြစ်​လဲသိချင်​မိ...တိရစ္ဆာန်​ချစ်​တတ်တာ​​ကောင်းပါတယ်​...

ဒီနေ့ကြွက်ကလေးပါ ပါလာပြီပေါ့

ခွေး အကြောင်းချည်း ဖတ်ရတာ ပျင်းမှာစိုးလို့ ကြွက်တစ်ကောင်ထည့်ပလိုက်တယ်

တိရိစ္ဆာန်လေးတွေအပေါ် ချစ်ခင်တတ်တာ ကြည့်ချင်းအားဖြင့် နှလုံးသားလှတဲ့သူလို့  မြင်မိပါတယ် အဲ့လူတွေက ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတတ်ကြတယ်

ကောင်မလေးတွေတော့ သိဘူး အကြွေးရှင်တွေတော့ ဝိုင်းဝိုင်းလည်နေတာပဲ့ဗျို့

ဘိုဖြူ ကို ချစ်တာက $တွေ ရနေပါရောလား😁

ဆက်လက်စောင့်မျှော်လျက်ပါ ဘိုဖြူရယ်

လာဦးမှာ ဦးစိုးရေ

ငမ့်​ကြွက်​​တောင်​​မွေးတယ်​😊

ဟီး သနားလို့

ကြွက်သချိင်္ုင်းလေး ဖန်တီးပေးခဲ့တယ်ပေါ့

တော်တော်ချစ်တတ်သနားတတ်ပါလား

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62943.85
ETH 2464.43
USDT 1.00
SBD 2.55