ခွေးကလေးဘိုဖြူ

in #myanmar6 years ago (edited)

image
image source
ကျွန်ုပ်ပြောပြမည့် ဇာတ်လမ်းကတော့ ဘိုဖြူဟုအမည်တွင်သောခွေးလေးတစ်ကောင်အကြောင်းဖြစ်ပါသည်။(တစ်ကိုယ်လုံးဖြူဖွေးနေသောကြောင့်တစ်ရွာလုံးက ချစ်စနိုးဖြင့် ခေါ်ဆိုကြရာမှဘိုဖြူဟုအမည်တွင်လေသတည်း)။ထိုခွေးလေးတစ်ကြောင်း ပြောရမည်ဆိုပါက လွန်ခဲ့သော ၂နှစ်ခန့်အချိန်ကို ပြန်သွားရအံ့။
လွန်ခဲ့သော ၂နှစ်ခန့်။ကျွန်ုပ် မြိတ်မြို့၏တဖက် ပထက်ကမ်းတွင် အလုပ်ဝင်နေစဉ်ကာလ ဖြစ်သည်။ဆိုဒ်
ထဲတွင် ခွေးလေခွေးလွှင့် အများအပြား ရှိကြလေသည်။အများစုကား ကျွန်ုပ်တို့ နေထိုင်ရာ တိုက်အိမ်ဘေးတွင် သာ ကျက်စားကြ၏။ကျွန်ုပ်သည် ထမင်းစားပြီးတိုင်း
သူတို့အား အစာကျွေးမြဲဖြစ်၏။နောက်တွင်ကား အလုပ်ရုံ၌ လူများလာ၍ ထမင်း မလောက်မငှသဖြင့် ခွေးများ
အား အစာမကျွေးတော့ရန်တားမြစ်ခံရလေသည်။သို့သော်လည်း ကျွန်ုပ်သည် မနေနိုင်သောကြောင့် စာရေးကြီး မသိအောင် ခိုးကျွေးခြင်း၊မလစ်သော နေ့များတွင်
ကျွန်ုပ်စားလက်စ ပန်းကန်ထဲမှပင် အနည်းငယ်ချန်ကာ
ကျွေးမြဲကျွေး၏။သူတို့ စား၍ဗိုက်ဝမည်မဟုတ်မှန်းသိ
သော်ငြားလည်း ထိုသို့ ကျွေးလိုက်ရမှာပင် ကျွန်ုပ်မှာ
စိတ်ချမ်းသာပါသည်။ထိုကြောင့်ခွေးများမှာလည်း ကျွန်ုပ်ကို ခင်မင်နေကြပြီဖြစ်၏။
တစ်နေ့ ထိုခွေးအုပ်စုထဲက ကိုယ်ဝန်ဆောင် ခွေးမ နှစ်ကောင်သည် တစ်နေ့တည်းမှာပင် ခွေးကလေးများ
ပေါက်ဖွားကြလေသည်။တစ်ကောင်မှာ ခွေးကလေး
၅ကောင်ပေါက်၍ နောက်တစ်ကောင်ကား ၆ကောင် ပေါက်ဖွား၏။ထူးဆန်းသည်ကား ခွေးမ၂ကောင်လုံးမှ
ပေါက်သော ခွေးကလေးအားလုံးသည် အဖြူရောင်ချည်း
ဖြစ်နေလေသည်။ခွေးဖေဖေမှာ ဝံပုလွေဟု ခေါ်ကြသောခွေးတစ်ကောင်တည်း ဖြစ်ဟန်တူသည်။အဘယ်ကြောင့်မူ ဝံပုလွေ ဟုခေါ်သော ခွေးသည် အဖြူရောင် ဖြစ်သောကြောင့်တည်း။ကျွန်ုပ်တို့ရုံးဝန်ထမ်းအားလုံးသည် ဝံပုလွေနှင့်ရသည်ဟု ကောက်ချက်ချကြလေသည်။
မွေးလာသော ခွေးကလေး အားလုံးမှာ ဝဝတုတ်တုတ်နှင့် ချစ်စရာလေးများဖြစ်၏။ထိုကြောင့် တစ်ရုံးလုံးမှ
သူများသည် ထိုခွေးလေးများကို ချစ်ကြလေသည်။လမ်း
လျှောက်တတ်သော အရွယ်တွင်ကား ထိုခွေးဖြူလေးများသည် ရုံးအောက်ထပ်တခွင် ပြဲပြဲစင်အောင် လျှောက်
သွားကြပြီး မစင်များလည်း စွန့်ကြ၏။ထိုအချိန်မှစ၍ ကျွန်ုပ်တို့တွင် ရုံးအလုပ်အပြင် ခွေးမစင်ကျုံးရသော အလုပ်ပါ ထပ်တိုးလုပ်ကြရလေသည်။ခွေးကလေး ၁၁ကောင်တွင် အဝဆုံး ၂ကောင်ရှိ၏။ထို၂ကောင်ထဲတွင်မှ ကျွန်ုပ်အချစ်ဆုံးခွေးလေးကား နားရွှက် ကုတ်ကုတ်လေးနှင့်
ကောင်ဖြစ်သည်။
image
image source
တစ်နေ့တွင်ကား ကျွန်ုပ်တို့ လွန်းကျင်းသို့ ရေတပ်
စစ်သဘောင်္တစ်စီး ဒေါက်လာတင်လေသည်။၂ရက်ခန့်
ကြာသော် ကျွန်ုပ်အချစ်ဆုံးခွေးလေးအပါအဝင် ခွေးငယ်အချို့ ပျောက်နေသည်ကို တွေ့ရ၏။အစက လျှောက်သွားနေသည်ဟု ထင်သော်လည်း နောက်တွင် ရုံးကို
ပင် ပြန်မလာကြတော့သဖြင့် ကျွန်ုပ်ခွေးရှာပုံတော် ဖွင့်ရလေပြီ။ပထမတစ်ရက်တွင် လုံးဝရှာမတွေ့သော်လည်း နောက်တစ်ရက်တွင်ကား တွေ့ပါပြီ။အဖြစ်ကား ထိုရေတပ်လှေမှ ဗိုလ်မှူးသည် ခွေးကလေးများကို ခေါ်ယူကာ တဝတဗြဲ ကျွေးမွေးထား၏။ထိုကြောင့်ရုံးကို ပြန်မလာကြတော့ဘဲ နပ်နေခြင်းဖြစ်သည်ကိုး။ကျွန်ုပ်သည်လည်း သူတို့ များများစားရပါစေ ရည်ရွယ်လျက် ပြန်မခေါ်ရက်ဘဲ ထားခဲ့လေသည်။သို့သော် ကျွန်ုပ်ချစ်သော ထိုခွေးလေးများကို မတွေ့ရတော့သဖြင့် နေ့စဉ် စိတ်မချမ်းဖြစ်ရပါသည်။
အပိုင်းဆက်မျှော်....
image
image source
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

The phrase "raining cats and dogs" originated in seventeenth-century England. During heavy rainstorms, many homeless animals would drown and float down the streets, giving the appearance that it had actually rained cats and dogs.

မမလဲ ခွေးလေးတွေ မွေးဖူးတယ်🙂

တိရစ္ဆာန်​မှာဆိုလည်းလူ​တွေ​​ကျွေး​မွေးမှသူတို.စား​သောက်​ရမှာ​လေ....

ဟုတ်တယ်ဗျ

သံယောဇဉ် တယ်လည်း ခက်ပါလားကွယ်

သံ ​ယောဇင်​ဖြစ်​လာပြီဆို အ​တော်​ဖြတ်​ရခက်​တဲ့အရာပါ

မှန်ပါကော ဦးယုရေ

ဘိုဖြူ က လယ်ပါလား အဝကျွေးတဲ့ အိမ်မှာ ကပ်နေတာ

ပြန်ကိုမလာတော့ဘူး မစုရေ

ဆက်‌ပြီးဘာ ဖြစ်‌ဦးမလဲ ‌စောင့်‌ ‌နေပါ့မယ်‌ညီ။

ဟုတ်ကဲ့ ကိုမဟော်

တစ်ကောင်လောက်တော့ လိုချင်မိတယ် ခွေးချစ်တတ်သူမို့ ပါ

တူတူပဲ့ဦးဇင်းရေ ခွေး တွေ ကြောင်တွေဆို ဘယ်လိုချစ်မှန်းမသိဘူး

ချစ်တော့ချစ်စရာလေးတွေပါ သံယောဇဉ်များလို့ မမွေးချင်တော့ဘူး

မမွေးပေမဲ့ အိမ်မှာရှိနေတယ် ဦးစိုးရေ

သံယောဇာဉ် အဲ့ဒီလိုပါဘဲ အကောင်တွေ မမွေးဖြစ်တော့ဘူး ခုတော့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63342.09
ETH 2658.68
USDT 1.00
SBD 2.81