ခွေးကလေးဘိုဖြူ

in #myanmar6 years ago (edited)

အပိုင်းဆက်..
image
image source
ထိုနေ့မှစ ခွေးလေးသည် ၅ရက် ၁၀ခန့် ထို
စစ်သဘောင်္တွင်သာ နေပြီး ရုံးသို့ ပြန်မလာပေ။သေဘာၤ
သည်လည်း ဒေါက်တင်ခြင်းကိစ္စ ပြီးဆုံးတော့မည်ဖြစ်၍ဒေါက်ဆင်းတော့မည်ဖြစ်၏။ထိုအခါ ကျွန်ုပ်ချစ်သော ထိုခွေးလေးကို ထိုရေတပ်ဗိုလ်မှူး ခေါ်ဆောင်သွားမည်စိုးသောကြောင့် စိတ်ပူနေမိသည်။စစ်သဘောင်္ကား မနက်ဖြန် ဒေါက်ဆင်းတော့မည်။ခွေးကလေး ပါသွားမည်ကို အလွန်ပင်စိုးရိမ်နေမိ၏။ကံကောင်းထောက်မစွာပင် ထိုကနေ့ နေ့လည်ပိုင်းအချိန်တွင် ခွေးလေးသည် စစ်သဘောင်္မှ ပြေးထွက်လာကာ လွန်းကျင်းအတွင်း လျှောက်သွားနေသည်ကို တွေ့လိုက်ရ၏။ကျွန်ုပ်မှာ ခွေးလေးကို တွေ့လိုက်ရသည်နှင့် အရမ်းကို
ပျော်ရွှင်သွားမိသည်။ရုံးမှ စာရေးကြီးအပါအဝင် သူများကလည်း "ဟိုးမှာ မင့် ခွေးလေး အမြန်သွားခေါ်ထား"ဟု
ဝိုင်းပြောကြသဖြင့် ကျွန်ုပ်မှာခွေးလေးအနီးသို့ ခိုးကြောင်ခိုးဝှက်သွားကာ အတင်းဖမ်းကာ ရုံးသို့ အမြန်ပင် ပြန်ပြေးလာပါသည်။စစ်ဗိုလ် တွေ့သွားပြီး ပြန်တောင်းမှာစိုးလှသည်ဖြစ်၍ မနက်ဖြန်အလုပ်ပိတ်ရက် နှင့်ကြုံကြိုက်နေသောအခါ အိမ်သို့ အပြီးခေါ်သွားရန်ဆုံးဖြတ်လိုက်လေသည်။
ထိုညနေ၌ပင် ကျွန်ုပ်သည် အထုတ်အပိုးပြင်ဆင်လျက် ခွေးတစ်ကောင် ပိုက်ကာ ပထက်ကမ်းဆီမှ မြိတ်မြို့
သို့ လှေနှင့်ကူးကာ ထွက်ခွာလာလေတော့သည်။ထိုနောက် ထိုခွေးလေးအား မြို့ထဲရှိအိမ်သို့ ခေါ်လာ၏။
အစီအစဉ်ကား ထိုအိမ်တွင် ညအိပ်၍ မနက်ဖြန် နယ်ပြန်
ကာ နယ်မှ အစ်ကိုဖြစ်သူ၏ အိမ်တွင် သွားထားရန်ဖြစ်လေသည်။နယ်ရှိ ကျွန်ုပ်တို့ ရွာအိမ်မှာမူ လူအနေနည်းပြီး ခြံထဲတွင်သာ အနေများသောကြောင့် အိမ်တွင်ထားရန်အဆင်မပြေလှချေ။အစ်ကိုဖြစ်သူ၏ဇနီးမှာလည်း ခွေးချစ်တတ်သူဖြစ်၍ ခွေးတစ်ကောင် လာပို့မည်ဟု ဖုန်းဆက်ပြောသောအခါ ဝမ်းသာအားရပင် လက်ခံလေသည်။
image
image source
မြို့အိမ်သို့ ခေါ်လာသောအခါ ခွေးလေးသည်
အိမ်ပေါ်ရောက်သည်နှင့် ချောင်ထဲသို့ ပြေးဝင်ကာ ပုန်းနေ၏။ထမင်းကျွေးသော်လည်း အိမ်ရှိလူများကို ကြောက်
၍ထင်ပါသည်။ထိထိရောက်ရောက်မစားပေ။ထိုအခိုက်
အိမ်ပေါ်တွင် ရှုရှုး ပေါက်ချ၍ အစ်မဖြစ်သူ၏ ဆူခြင်းကို
ခံရသေး၏။ဤသို့ဖြင့် မြို့အိမ်တွင် တစ်ညတာ အိပ်စက်
ပြီး မနက်ရောက်သည်နှင့် ၈နာရီအခေါက် အမြန်ယာဉ်ဖြင့် နယ်သို့ ဆင်းလာလေတော့သည်။လှေထဲသို့ ရောက်
သောအခါ ခရီးသည်များဖြင့် ပြည့်ကျပ်ကာ အတော်ပင်
အိုက်ရလေသည်။ခွေးလေးကိုကား လှေထဲတွင် လျှောက်သွားမည်စိုး၍ ကိုယ်၌ပင် ချီထား၏။သို့သော်ခွေးလေးသည်လည်း ပူ၍ ထင်ပါသည်။တအီအီနှင့်
ညည်းညူအော်လေတော့သည်။ထိုအခါ ကျွန်ုပ်လည်း မနေနိုင်သဖြင့် ကျွန်ုပ်ထိုင်သော ခုံအောက် ကြမ်း
ပြင်သို့ ချပေးလိုက်၏။လှေကြမ်းခင်းသည် သံပြားဖြစ်
သောကြောင့် အေးနေလေရာ ထိုအခါမှ ကျွန်ုပ်ခုံအောက်တွင် ပင် ငြိမ်ကာ ခွေအိပ်နေလေတော့သည်။ထိုအိပ်
နေသော ပုံလေးမှာ ချစ်စရာကောင်းလှသဖြင့် ဖုန်းကင်မရာနှင့် ဓာတ်ပုံများရိုက်ထားလိုက်၏။သို့သော် ယခုတွင်ကား ဖုန်းအရွေ့အပြောင်းတွင် ထိုပုံလေးများသည်
ပျောက်ဆုံးသွားလေရာ ပြန်မရနိုင်သောပုံလေးများဖြစ်သည်အလျောက် အလွန်ပင်နှမြောမိပါသည်။
image
image source
အပိုင်းဆက်မျှော်....

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

ခွေးကလေး သနားပါတယ် ဂရုစိုက်ပေးပါဗျာ။

ဂရုစိုက်ပါတယ် ဦးညီရေ

ခွေးချစ်သူတို့ အကြောင်းလေးပါကော...

ဟီး ခွေးအခန်းဆက်လေးပါ

Congratulations @kyawthuyein! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemFest³ - SteemitBoard support the Travel Reimbursement Fund.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ခွေးချစ်​တတ်​တယ်​​နေမယ်​......ဘိုးဖြူအ​ကြောင်းဆက်​အား​ပေးပါ့မယ်​...

ဟုတ်ကဲ့ပါခင်ဗျ

အော် သံယောဇဉ်

ဖြတ်ဖို့ ခက်တဲ့သံယောဇဉ်

ဘိုဖြူလေးက အကျင့်ကောင်းပုံတော့ရတယ်

ဒီကောင်ဘယ်လောက်ဆိုးတာ နောက်ပိုင်းကျလာမယ် မစုရေ

အိမ်မှာလေးကောင်ရှိတယ်ဗျ

အေးဗျာ ချစ်​စရာ ​ခွေး​လေး​တွေ​လေ 😊

ဒီနေ့က ခွေးဇာတ်လမ်း နှစ်ခုဖြစ်ပါပကော ☺☺☺

ချစ်စြာလေး

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64383.21
ETH 3098.60
USDT 1.00
SBD 3.89