ခွေးကလေးဘိုဖြူ

in #myanmar6 years ago (edited)

-အပိုင်း ၁

-အပိုင်း ၂

-အပိုင်း ၃

အပိုင်းဆက်-၎
image
image source
သေရွာပြန်မဲငယ် သည် သေရွာက ပြန်လာ
သည်ချည်းသာ မဟုတ်သေး။တစ်နေ့ မဲငယ်သည်
ခြံအတွင်းရှိ စမ်းချောင်းကို ဖြတ်ထိုးထားသော ကွမ်း
ပင်လုံး တံတားလေးမှ ဖြတ်ကူးအခိုက် ခြေချော်ကျပြီး
ခန္ဓာကိုယ် အောက်ပိုင်းမှာ လှုပ်မရတော့ဘဲ ရှေ့လက်နှစ်ချောင်းမှာလည်း ရွဲ့သွားကာ လေဖြတ်သကဲ့သို့ဖြစ်သွားလေသည်။ထိုအချိန်မှ စ၍ ရှေ့ခြေ
၂ချောင်း ဖြင့်သာ တွားသွားရပြီး အောက်ပိုင်းမှာ တရွှတ်
တိုက်၍သာ သွားနိုင်လေတော့သည်။တစ်ခု ထူးခြားသည်ကား ယခင်က အိမ်တွင်သာ အမြဲနေလေ့ရှိသော သူ
သည် လေဖြတ်မှပင် တရွှတ်တိုက် အနေအထားနှင့်
လျှောက်သွားလေသည်။အကောင်းအတိုင်းရှိစဉ်ကအိမ်မြဲလှသော မဲငယ်သည် လေဖြတ်မှပင် လမ်းလည်တော့
သည်။ထိုသို့လေဖြတ်ပြီး တစ်လနီးပါးခန့် ကြာသောအခါ
တစ်နေ့ မဲငယ်သည် လမ်းလည်ပြီး အိမ်သို့ပြန်လာသော
မြင်ကွင်းကြောင့် အိမ်မှလူများ အံသြရလေသည်။အဘယ်ကြောင့်မူ မဲငယ်သည် တရွှတ်တိုက်အနေအထား
မဟုတ်တော့ဘဲ လမ်းလျှောက်၍ ပြန်လာသောကြောင့်တည်း။မည်သို့ ပြန်ကောင်းသွားသည်ကား မပြောတတ်ပေ။လမ်းလျှောက်နိုင်ခဲ့သော်လည်း လေဖြတ်သောဒဏ်ကြောင့် ခြေ၊လက်တို့မှာ နဂိုမူလအတိုင်းမကောင်းတော့ဘဲ အနည်းငယ် ရွဲ့စောင်းသွားလေသည်။
ခွေးဖြူကလေး ရောက်လာသည့်အခါတွင်ကား
မဲငယ်သည် ထိုအနေအထားရောက်ရှိပြီးဖြစ်၏။
ခွေးဖြူကလေး ရောက်လာပြီးနေ့ ညနေဘက်တွင်
၎င်းကို ဘိုဖြူဟု အမည်သမုတ်လိုက်လေသည်။ဘိုဖြူ
လေးသည် ညအိပ်ရာဝင်သည့်အခါတွင်ကား တစ်ညလုံး
အော်နေသည်ဟု မရီးနှင့် အစ်ကိုကြီးက ပြောပြပါသည်။ကျန်ရစ်လေသော သူ့ညီအစ်ကိုများနှင့် အပေါင်းအသင်းများကို လွမ်း၍ ဖြစ်မှာပေါ့ဟု တွေးရင်း စိတ်မကောင်းဖြစ်ရပါသေးသည်။နောက်နေ့ မနက်တွင်ကား ဘိုဖြူကလေးသည် မဲငယ်နှင့်လည်း ရင်းနှီးသွားကာ အိမ်အောက် မြေပြင်တွင် ဆော့ကစားလေပြီ။
မဲငယ်သည် အရွယ်ရောက်ပြီးသော ခွေးလတ်တစ်ကောင်ဖြစ်ပြီး ဘိုဖြူက ခွေးပေါက်စလေးဖြစ်သောကြောင့် ဘိုဖြူလေးသည် မဲငယ် ကိုယ်အောက်မှ လှည့်ပတ်တိုးဝင် ကာ ဆော့ကစားလေသည်။မဲငယ်သည်လည်း ခွေးအစ်ကိုပီသလှပါသည်။ဘိုဖြူကလေးဆော့တိုင်း စိတ်ရှည်ရှည်နဲ့ လိုက်ဆော့ပေး၏။ဘိုဖြူ၏သွားနုနုလေးဖြင့် ကိုက်သည့်အခါတွင်လည်း သည်းခံကာနေလေသည်။ဘိုဖြူ
လေးသည် အလွန်ပင်အဆော့သန်၏။တစ်နေ့လုံး မနား
တမ်း ဆော့ပြီး မောပမ်းလာသည့်အခါ ပုံစံမျိုးစုံဖြင့်
အိပ်တတ်လေသည်။
image
image source
ကျွန်ုပ်သည် အလုပ်ပိတ်ရက် ကုန်ဆုံး၍ ဘိုဖြူကို
အစ်ကိုကြီးအိမ်မှာပင် ထားခဲ့ကာ မြို့သို့ပြန်လာခဲ့ပါသည်။အသွားတုန်းက ဘိုဖြူကလေးနှင့် တူတူသွားခဲ့သော်
လည်း ပြန်သည့်အခါ တစ်ယောက်တည်းဖြစ်သောကြောင့် အထီးကျန်သလိုဖြစ်နေ၏။အိမ်မှ ထွက်လာစဉ်က ကျွန်ုပ်နောက် ပြေးလိုက်လာသော နားရွှက်ကုတ်ကုတ်လေးနှင့် ဝတုတ်ကလေး ဘိုဖြူ၏ မြင်ကွင်းများကို ပြန်တွေးမိကာ စိတ်မကောင်းဖြစ်ရပြန်ပါသည်။သြော်...သံယောဇဉ်
ကျွန်ုပ်နှင့် ဘိုဖြူလေးသည် အတိတ်ဘဝက ရေစက်များ
ရှိခဲ့လေသလား မပြောတတ်ပေ။ကျွန်ုပ်သည် သူ့ကို သံယောဇဉ်တွယ်မိသလို ဘိုဖြူကလေးလည်း ကျွန်ုပ်ကိုသံယောဇဉ်ဖြစ်နေပါသည်။သူ့ကို ထားခဲ့ရသော်လည်း မိသားစုဝင်တစ်ယောက်လိုပင် အမြဲသတိရနေပါတော့သည်။
အပိုင်းဆက်မျှော်
image
image source

-လေးစားစွာဖြင့်
-နွေဦးသစ်
-@kyawthuyein
-MSC-252

Sort:  

ခွေးက​လေး ​တွေချစ်​တတ်​တာ​ကောင်းပါတယ်​...

ဟုတ်.

သံယောဇဉ်...သံယောဇဉ်...လူကို အရူးတပိုင်း ...ဖြစ်စေတယ်...

ဒီသံယောဇဉ် .....ဒီသံယောဇဉ်...

ခွေးများသည်သစ္စာအလွန်ရှိပါသည်

မှန်ပါ့ဗျာ

‌ခွေး‌လေး‌တွေက သိပ်‌ချစ်‌ဖို့‌ကောင်းပါတယ်‌။မျက်‌လုံး‌လေးမှာ ‌မေတ္တာ‌တွေ မြင်‌‌နေရပါတယ်‌။

ခွေးလေးတွေက သခင်လည်း အရမ်းသိတာ

ခွေးချစ်သူဆိုတော့ ခွေးဇာတ်လမ်းလေးဖတ်ရတာ ကောင်းလိုက်တာဗျာ။

ကျေးဇူးပါဦးညီရေ

You got a 7.71% upvote from @minnowvotes courtesy of @kyawthuyein!

သနားပါတယ် ဘိုဖြူလေး

မြို့ပြန်ရောက်တိုင်း သူ့ကို လွမ်းနေရတာပဲ့

သံယောဇာဉ်ကြိုး မမလဲ ခွေးတွေကြာင်တွေ ချစ်တယ်😍

တူတူပဲ့ မကြည်.

သက်မဲ့ပစ္စည်းတောင် ကြာရင်စွဲလန်းတတ်သေးတာ သက်ရှိဆိုတော့ ပိုပြီး တွယ်တာ ပိုပြီး သံယောဇဉ်ဖြစ်မှာ သေချာတယ်

အမှန်ပါပဲ့ ဦးစိုး.

ချစ်​စရာ​လေး​တွေ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63006.79
ETH 2456.26
USDT 1.00
SBD 2.59