ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြုပြင်ရအောင်...

in #myanmar7 years ago (edited)

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

အောက်..အီး...အီး..........အွတ်....
.
အောက်..အီး..အီး......အွတ်...
.
ကျွန်တော်တို့ ကျေးလက်တောရွာလေးရဲ့ အရုဏ်မိုးသောက်အလင်းရောက်လုအချိန် နံနက်စောစောတွင် နံနက်ခင်းကို စတင်၍ကြိုဆိုသော အသံဟုပင်ခေါ်ဆိုရမည့် ကြက်ဖကြီး တညင်၏ အောင်မြင်ခန့်ညားစွာနဲ့ တွန်ကြူးလိုက်သော အသံဖြစ်ပါသည်။
နံနက်ခင်းတစ်ခုမှာ အချိန်ဆိုတာကို နာရီနှင့် ကြည့်ရှုခဲ့ခြင်းလည်း သိပ်မရှိလှပါဘူး။ နံနက်စော လင်းကြက်တွန်ပြီဆိုတာနှင့် ကျွန်တော်ရဲ့အလုပ်မှာ စာကျက်သော အလုပ်သည်သာဖြစ်ပါသည်။
ကျွန်တော်၏ ဘဝမှာ ပြည့်စုံလှသည်မဟုတ်သော်ငြား စာကျက်ချိန်မရှိလောက်အောင်တော့ ငွေရှာခြင်းအမှုကို မလုပ်ရပါဘူး ဖေဖေမေမေတို့က အမြဲတမ်း ဂရုစိုက်ခဲ့၍ အလုပ်မပင်ပန်းခဲ့ခြင်းလည်းဖြစ်ပါသည်။ ကျွန်တော့တွင် တစ်ခုကံကောင်းသည်မှာ အမေဖက်မှ တော်စပ်ရသော အဖိုးနှင့်အဖွားလည်းရှိနေခြင်းဖြစ်ပါသည်။လူကြီးသူမတွေကို ပြုစုခြင်းကလည်း အတိုင်းမရှိသော ချမ်းသာခြင်းကိုရရှိသည်မဟုတ်ပါလားဗျာ။ထို့ကြောင့် ကျွန်တော့ကိုကျွန်တော် ကံကောင်းသည်ဟုပြောရခြင်းပါ။

ကျွန်တော် အမည်ကတော့ ကျောင်းတွင်ခေါ်ဆိုကြသည်က အမည်မရှိတဲ့ ဗဟေဠိတဲ့။တစ်ခါတစ်လေ သူတပါးမလုပ်သော ဗဟေဠိဆန်သော အလုပ်တွေကိုလုပ်ဆောင်တက်၍လည်း ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ ကျောင်းစာရင်းအမည်ကတော့ ဖေဖေမေမေတို့က ချစ်စနိုးနှင့်ပေးခဲ့သည့်အမည် ဖိုးဝလုံး သာဖြစ်ပါသည်။ စာတော်လွန်းသည်မဟုတ်သော်ငြား စာညံ့သူစာရင်းတွင်တော့ မပါခဲ့ဘူးပါချေ။

အခုလည်း စာတွေကိုကျက်မှက်၍အပြီးမှာ နံနက်စောစော ရေမိုးချိုး၍ ကျောင်းသို့သွားရန်ပြင်ဆင်ပြီးအိမ်ပြင်သို့ စတင်ထွက်ခဲ့ပါသည်။အိမ်မှ သောက်ရေအနည်းငယ်ကို ရေသန့်ဘူးလေးနှင့် ထည့်၍ ကျောင်းသို့ ယူသွားနေသည်ကလည်း ကျွန်တော်ရဲ့အကျင့်တစ်ခုမို့ မမေ့မလျော့ယူဆောင်ခဲ့ပါသေးသည်။

ကျွန်တော်တို့အိမ်လေး၏ ပတ်ပတ်လည်မှာတော့ အရိပ်ရသော သစ်ပင်များက အစီအရီနှင့်မို့ လေကောင်းလေသန့်အတွက်ကတော့ ပြောစရာမလို
လတ်ဆက်အေးမြလို့နေပါသည်။
လေကောင်းလေသန့်ကို ရှူရှိုက်ရ၍လည်း
ကျွန်တော်တို့မိသားစုနှင့် အသက်အရွယ်ကြီးရင့်သူများဖြစ်သော ဖိုးဖိုးဖွားဖွားတို့သည် ကျန်းမာရေးကောင်းကြသည်ထင်ပါသည်။

ကျွန်တော် ကျောင်းသို့သွားခါနီး အိမ်အပြင်ကိုစတင်ထွက်သည်နှင့် အဖိုးနှင့်အဖွား.အလုပ်တစ်ခုလုပ်နေတာကို တွေ့ခဲ့ရပါသည်။ အခြားတော့မဟုတ်ပါ။

သစ်ရွက်ခြောက်များ နှင့်အမှိုက်များကိုလိုက်လံစုဆောင်း၍ မီးရှို့ပစ်နေကြခြင်းသာဖြစ်ပါသည်။
ထိုသို့သော အလုပ်အကိုင်အပြုအမူကို ဖိုးဖိုးဖွားဖွားတို့နေ့စဉ်တိုင်းလိုလို လုပ်ဆောင်နေကြတာကိုတွေ့တော့ ဖေဖေမေမေတို့က အဖိုးနှင့်အဖွားကို
အဲ့ဒီအလုပ်တွေမလုပ်ကြရန် ပြောကြပါသည်။

အဖိုးနှင့်အဖေ၏ အပြန်အလှန်ပြောသောစကားများကိုလည်း
ကျွန်တော် ပြန်စဉ်းစားနေမိသည်။ ကျောင်းနောက်ကျမည်လည်းစိုးသောကြောင့် လမ်းလျောက်ရင်ယနှင့်ပင် စဉ်းစားကြည့်မိတာပါ။

”ဖေဖေမေမေတို့က အသက်ကြီးပြီ အဲ့ဒီအလုပ်တွေမလုပ်နဲ့တော့ ကျွန်တော်တို့ လုပ်လိုက်ပါ့မယ်ပေါ့”

ဖေဖေက အဲ့ဒီလိုမျိုးစကားကို အဖိုးနှင့်အဖွားကို ပင်ပန်းမည်စိုးသောကြောင့်ပြောဆိုပေမယ့်
အဖိုးရဲ့ပြန်လည်ပြောဆိုသောစကားတွေကြောင့် အဖေလည်း ဘာမှဆက်မပြောနိုင်သည်အထိဖြစ်ခဲ့ရပါတယ်။
အဖေ့ကို အဖိုးက ပြန်ပြောတဲ့စကားကလည်း မှက်သားစရာပါ။

” သားတို့လည်း သားတို့အလုပ်ကို တာဝန်ကျေအောင်လုပ် ငါတို့ကလည်း ငါတို့တက်နိုင်တဲ့ဘက်ကနေ တက်နိုင်သလောက် ဝိုင်းကူညီပေးတာပါကွာတဲ့ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူးဟေ့ဆိုပြီး လက်ခမောင်းကို ထခတ်ပြတော့တာလေ
အရမ်းကိုမှတက်တက်ကြွကြွရှိလွန်းတဲ့ အဖိုးရယ်ပါဗျာ။ လူငယ်တွေလောက်မသန်စွမ်းပေမယ့်
ငါတို့ကျန်းမာတယ်တဲ့ဗျာ။”

နောက်ထပ်ပြောတာလည်း ရှိပါသေးတယ်။

”ငါတို့ကျန်းမာရတဲ့အကြောင်းအရင်းက ငါတို့က အသက်ကြီးတယ်ဆိုပြီး ငြိမ်ငြိမ်မနေဘူး လှုပ်ရှားနိုင်သလောက်လှုပ်ရှားတယ် ဒီအတွက်သွေးလေ လည်ပတ်မှုကောင်းတော့ ကျန်းမာသကွ။ နောက်တစ်ခု အခုငါတို့နေတဲ့ပတ်ဝန်းကျင်ကိုကြည့်စမ်းကွာ
ငါတို့တစ်အိမ်ထဲကိုပြောတာမဟုတ်ဘူးနော် ရပ်ရွာထဲက အိမ်တိုင်း အိမ်တိုင်းကိုကြည့်၊ အိမ်တိုင်းမှာ သစ်ပင်ပန်းပင်တွေအစီအရီရှိတဲ့အပြင် အိမ်တိုင်းက သန့်ရှင်းရေးအတွက် ကိုယ်စီကိုယ်စီလုပ်ကြတော့
ပတ်ဝန်းကျင်တစ်ခုလုံးက သန့်ရှင်းပြီး ခြင်၊ယင် ဆိုတာတွေက မရှိသလောက်ပဲ၊ အေး အဲ့ဒါကလည်း ငါတို့လို အသက်ကြီးရွယ်အိုတွေ အရင်ကစည်းလုံးခဲ့လို့ပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့လူတွေက သစ်ပင်တွေကို အပင်အိုတွေကိုမဖြတ်ခင် မခုတ်လှဲခင်ကတည်းက သစ်ပင်ငယ်လေးတွေ သစ်ပင်ပျိုလေးတွေကိုကြိုတင်စိုက်ပျိုးခဲ့ကြတာလေ။ အဲ့ဒီလိုစိုက်ပျိုးတာကလည်း အိမ်ပတ်ဝန်းကျင်တစ်ခုတည်းမှာတင်မဟုတ်ဘူးနော်....
ငါတို့လယ်ယာမြေကွက်တွေရဲ့ အစွန်ဘက် ခြံမြေတွေထဲမှာကို စနစ်တကျနဲ့ သေသေချာချာကိုစိုက်ပျိုးခဲ့ကြတာ။အဲ့ဒီအချိန်တုန်းက ရေမြောင်းတွေလည်း ဖော်ကြရတယ်။ အဲ့ဒီသစ်ပင်တွေကိုခိုင်မာစေဖို့အတွက် သစ်ပင်ခြေရင်းတွေမှာ မြေဖို့ ဘောင်တင် စိုက်ပျိုးခဲ့ရတယ်။ သစ်ပင်ငယ်ဆိုတာ ရေဝပ်နေရင်လည်းသေနိုင်သလို အမှိုက်တွေဖုံးနေလို့ ရှိရင်လည်း သေနိုင်တာပဲ။ အဲ့ဒီအချိန်တုန်းကတော့ ငါတို့
ကိုယ်စီကိုယ်စီမှာ စိတ်ဓာတ်တစ်ခုပဲရှိတယ် ငါတို့ပတ်ဝန်းကျင်မှာ သစ်ပင်လေးတွေ စိုပြေစိန်းလန်းပါစေတော့ဆိုပြီးပေါ့ကွာ။ မိမိပတ်ဝန်းကျင်ကို မိမိသာလျှင် ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ပေါ့။

အခုကြည့်လိုက်စမ်း ငါတို့စိုက်ပျိုးခဲ့တဲ့ သစ်ပင်လေးတွေ ဘယ်လောက်အရိပ်ရပြီး အေးချမ်းလိုက်သလည်း။ မင်းတို့လိုသာ နောက်မှလုပ်မယ်ဆိုပြီး အပါးခိုချင်တဲ့စိတ်ဓာတ်တွေရှိနေရင်တော့ ခုလောက်ဆို ငါတို့ နေရာဒေသကြီးက ဂန္တာရလွင်ပြင်ကြီးလိုခြောက်သွေ့နေတော့မှာပေါ့။မင်းတို့အတွက်လည်းရင်လေးမိပါရဲ့ကွာ။
အခုငါတို့လင်မယားနှစ်ယောက် အမှိုက်တွေလိုက်စုပြီး မီးရှို့သင့်တာကို မီးရှို့ပြီးလုပ်နေရတာကလည်း ငါတို့တွေအတွက်ပါပဲ။ သားတို့သမီးတို့လို နောက်မှလုပ်မယ် ဖေဖေရေ....ဆိုရင်ဖြင့် ဒီခြံထဲမှာ အမှိုက်ပုံကြီးက ဟီးထနေလောက်ပြီပေါ့ကွာ။
ငါတို့ရဲ့ဝန်းကျင် သန့်ရှင်းမှ ငါတို့လည်းကျန်းမာချမ်းသာကြရမှာပါကွာ။”....တဲ့ဗျာ...
.
ဟုတ်တော့လည်း ဟုတ်ပါသည် အဖိုးအဖွားတို့လို သက်ကြီးရွယ်အိုတွေက ပြုပြင်ခဲ့ကြလို့လည်း
အခုဆိုရင် ကျေးရွာလေးရဲ့ မြေနီလမ်းလေးက ဖြောင့်ဖြူးလို့ပါပဲ။ လမ်းဘေး ဝဲယာမှာလည်းရေမြောင်းလေးကို နှစ်စဉ်တိုင်း တူးဖော်လို့ ရေစီးရေလာကောင်းအောင် ပြုလုပ်နေကြရတာကလည်း အဖိုးအဖွားတို့လို လူကြီးသူမတွေရဲ့ ဩဇာပေးစေခိုင်းမှုတွေကြောင့်ပါပဲ။
လူငယ်တွေကြီးပဲဆို စေခိုင်းသူမရှိရင် ဒီအရာတွေကို လုပ်ဖြစ်မယ်လည်းမထင်ပါဘူး။
ကျွန်တော်တို့တစ်ရွာလုံးနီးပါး ကျန်းမာခြင်း ချမ်းသာခြင်းများကိုခံစားနေရသည်မှာလည်း။ ဒီလို ပတ်ဝန်းကျင်ကြောင့်ပါပဲ။

ကျွန်တော်လည်းအတွေးနယ်ချဲ့ရင်း လျှောက်လှမ်းလာသည်မှာ ကျွန်တော်တို့ရပ်ရွာလေး၏ စာသင်ကျောင်းလေးသို့ပင် ရောက်မှန်းမသိရောက်ခဲ့ရပါပြီ။

ကျောင်းသို့ သူများတွေထက်အရင် ရောက်ရှိသော ကျွန်တော်။ ကျောင်းတွင်းမှ အမှိုက်သရိုက်များကိုလှည်းကျင်းရင်း နေရာတစ်ခုထဲ၌ စုပုံထားလိုက်ပါသည်။ အမှန်က ကျောင်းသန့်ရှင်းရေးအတွက် တာဝန်ကိုယ်စီခွဲထားပေးပြီးသားပါ။ ဝါ၊စိမ်း၊နီ၊ပြာ ဆိုပြီး အသင်းလေးသင်းခွဲထားပေးပြီးဖြစ်ပါသည်။ ကျွန်တော်က အဝါအသင်းတွင် ခေါင်းဆောင်တစ်ဦးအဖြစ်တာဝန်ယူရသည်ဖြစ်၍ မနေ့က ကျွန်တော် အသင်း၏တာဝန်ကျေခဲ့ပြီဖြစ်ပါသည်။ ယနေ့သည် အစိမ်းအသင်း၏တာဝန်ကျသည့်နေ့ဖြစ်ပါသည်။ သို့သော် ကျောင်းချိန်ထက်စောစီးစွာရောက်ရှိနေသော ကျွန်တော့အဖို့မှာလည်း ဒီကျောင်း၏ကျောင်းသားတစ်ဦးဖြစ်သည့်အတွက် တာဝန်ရှိသည်ဟူ၍မိမိကိုယ်ကိုယ်သတ်မှက်ထားကာ ကျောင်းသန့်ရှင်းရေးကိုပြုလုပ်ပေးထားလိုက်ပါသည်။ကျွန်တော်က အမှိုက်များကို စုပုံပေးထားခြင်းမျှသာဖြစ်ပါသည်၊ အမှိုက်တောင်းသွန်ဖို့ကတော့ အစိမ်းအသင်းရောက်ရှိလာလျှင် သူတို့က ဆက်လက်ပြီးဆောင်ရွက်သွားကြမည်ဟုသာ သက်မှက်ထားလိုက်ပြီး
အမှိုက်လှည်းကျင်းလို့အပြီးတွင် အိမ်စာအဖြစ် ဆရာပေးလိုက်သော ကျောင်းစာများ ကျက်မှက်ထားသည်များကို ပြန်လည်၍နွှေးနေလိုက်ပါသည်။
IMG_20171201_090307.jpg

နံနက် ၇နာရီတွင် ကျောင်းတက်ရမည်ဖြစ်သည်။
ယခု ၆နာရီနှင့် ၅၀မိနစ်ရှိနေခြေပြီ အစိမ်းရောင်အသင်း၏သူများ အရိပ်ယောင်သော်မှမတွေ့ရပါခြေ အခြားသောကျောင်းသားတို့မှာတော့ရောက်ရှိနေကြလေပြီ။ အမှန်က ကိုယ့်အသင်းရဲ့နေ့မှာ အသင်းသူအသင်းသားများသည် အခြားသူတွေထက်စောစွာကျောင်းသို့ရာက်နေသင့်သည်မဟုတ်ပါလား။

ဟော့...ပြောရင်းဆိုရင်းနှင့်ရောက်ရှိလာပါပြီ..
”မောင်ဂျစ်တို့အဖွဲ့”
ခပ်ဂျစ်ကန်ကန်တွေမို့ မောင်ဂျစ်တို့အဖွဲ့ ဟု အများက ခေါ်ကြခြင်းဖြစ်ပါသည်။

”ဟေး..ဘိုဂျစ် ဟိုမှာ အမှိုက်ပုံထားပြီးပြီကွ အမှိုက်သွားသွန်လိုက်အုံး.....”

ကျွန်တော် ထိုသို့ပြောသောစကားကို မောင်ဂျစ်တို့အဖွဲ့ ကြားပါသည်။ သို့သော် ကျွန်တော့ကို မျက်လုံးအနည်းငယ်မျှလောက်သာ ဝေ့ကြည့်ပြီး သူတို့အချင်းချင်း တီးတိုးပြောသွားကြပါသည်။

ဒီချိန်မှာ ကျွန်တော့ သူငယ်ချင်း ”မောင်ချစ်စု”..မှ ကျွန်တော့ဆီကို စကားတစ်ခွန်း သယ်ဆောင်လာခဲ့ပါတော့သည်။ချစ်စုက ဂျစ်ပေတို့အဖွဲ့နားက ဖြတ်လျှောက်လာခဲ့သည်ပဲမဟုတ်ပါလား..။
”ဖိုးဝလုံးရေ မင့်ကို မောင်ဂျစ်တို့တော့ အတင်းပြောသွားကြပြီကွ”....

ဘာတွေပြောလို့လည်း ”မောင်ချစ်ရ”

”မင်းကို အလကားကောင်ပါကွာ နေရာတကာ ဆရာကြီးလုပ်ချင်နေတာတဲ့”

မောင်ချစ်စု၏ပြောစကားကိုကြားမှ ကျွန်တော် ရယ်ချင်မိသွားသည်ဖြစ်၍ ပြုံးလိုက်မိပါသည်။
မောင်ချစ်စုကတော့သဘောမပေါက်၍ ကျွန်တော့ကိုမေးပါတယ်...

”သူငယ်ချင်းရာ မင်းကဒေါသမထွက်ပဲ ဘာလို့ရယ်နေရတာတုန်းကွာ...”

ကျွန်တော်ကတော့ ပြုံးနေရင်းဖြင့်ပင် သူငယ်ချင်းမောင်ချစ်စုကိုပြန်ဖြေပေးလိုက်ပါတယ်။

ဒါဒေါသထွက်စရာမှမဟုတ်တာပဲ မောင်ချစ်ရာ
သူတို့ကိုယ်တိုင်မလုပ်နိုင်လို့ မလုပ်ချင်ကြလို့သာ သူတပါးကိုအပစ်ဖို့နေကြတာ မင်းမယုံရင် ဆက်ပြီးကြည့်နေ သူတပါးကို အပြစ်ဖို့နေတဲ့သူတွေ ဘာတွေဆက်ပြီးလုပ်မလည်းဆိုတာ......

မောင်ချစ်စုမှ ကျွန်တော့ကို ဗဟေဠိဆန်စွာ ကြည့်နေပါတော့သည်။

အမှန်က ဟိုတစ်ပတ် အစိမ်းအသင်းတာဝန်ကျကတည်းက ကျွန်တော် တွေ့မိခဲ့တာ တစ်ခုရှိလို့ မောင်ချစ်စုကို ဒီလိုပြောပြလိုက်ခြင်းပါ။....

”အစိမ်းအသင်း ဘာတွေလုပ်ခဲ့သနည်း....”

.........

ကျောင်းတက်ခေါင်းလောင်းထိုးပြီဖြစ်သည်
မောင်ဂျစ်တို့အဖွဲ့ အမှိုက်သွားသွန်တာ ပြန်မရောက်ကြသေးပေ။ နိုင်ငံတော်သီချင်းလည်း ဆို၍ပြီးလေပြီ။ကျောင်းသူကျောင်းသားတို့၏ ဘုရားဝတ်ပြု ရှိခိုးခြင်းအမှုလည်းပြီးခဲ့ပြီ။အတန်းပိုင်ဆရာမက ကျောင်းသားတွေ မစုံသေး၍ စာမသင်သေးပဲ စိတ်ရှည်လက်ရှည်နှင့်စောင့်ပေးနေသည်။
.
ခဏအကြာတွင်တော့ မောင်ဂျစ်တို့ အဖွဲ့မှကျောင်းသားလေးများ အပြေးတစ်ပိုင်းနှင့် စာသင်ခန်းထဲရောက်လာခဲ့ပါသည်။မောင်ဂျစ်ကတော့ ဟိုးနောက်ဆုံးမှာ ထော့နဲ့ ထော့နဲ့နှင့် လမ်းလျှောက်၍ပါလာခဲ့ပါသည်။

”ဆရာမ..မောင်ဂျစ် ခြေထောက် ခဲတံချွန်တဲ့ ခေါက်ဓား ရှမိလို့တဲ့ ”...
အစိမ်းအသင်းမှ မောင်ဂျစ်၏သူငယ်ချင်းမှပြောလိုက်သောစကားဖြစ်ပါသည်။

ဆရာမခမျာ မောင်ဂျစ်အတွက် စိုးရိမ်လွန်းသည်ထင် မောင်ဂျစ်ဆီအပြေးကလေးသွားကာ တွဲကူပေးလိုက်ပါသည်။ မောင်ဂျစ်ခြေထောက်ကိုလည်း ရေစင်ကြယ်စွာဆေးဖို့ ရေကန်ထဲမှ ရေသွားခပ်ရန် ကျောင်းသားလေးတစ်ဦးကိုခိုင်းလိုက်ပါသည်။

ခဏအကြာ ကျောင်းသားလေးပြန်ရောက်လာပြီး....
”ဆရာမ.....ရေကန်ထဲကရေတွေက ရေပုပ်တွေဖြစ်နေတယ် ဆရာမ...”

ဆရာမ အနည်းငယ်စဉ်းစားမိသွားသည်ထင် ကျွန်တော့ကို လှမ်း၍ကြည့်လေသည်။

ကျောင်းတွင် သောက်ရေအတွက် ရေပုံးတစ်ခုပြုလုပ်ပေးထားတာလည်းရှိပါသည်။ ထိုရေပုံးမှရေကို တစ်ရက်ခြားတစ်ခါ ရေဘုံဘိုင်ခေါင်းတပ်ထားသော သောက်ရေကန်မှ သွား၍လဲလှယ်ကြရသည်။
ထိုသောက်ရေကန်သို့သွားဖို့ရာအတွက်ကိုတော့
ကျောင်းအုပ်ဆရာကြီး၏ရုံးခန်းသို့သွား၍ ခွင့်ပြုချက်အရင်ယူရပါသည်။ခွင့်ပြုချက်မရလျှင် သောက်ရေခပ်ခွင့်မရှိပါဘူး။

ယခုအချိန် မောင်ဂျစ် ခြေထောက်ရေဆေးဖို့အတွက် သုံးရေအဖြစ်ထားထားသည့်ရေကန်မှရေကလည်း သုံးမရတော့ ဆရာမ စဉ်းစားရပြီ။
သောက်ရေဖြင့်သာဆေးကြောရန်ရှိတော့သည်မဟုတ်ပါလား။ ကျွန်တ်ေက အကြံတစ်ခုရသွားပြီး
ကျွန်တော့တွင်ရှိသော ရေသန့်ဘူးကို ဆရာမကိုပေးလိုက်ပါသည်။ ဆရာမက ခဏတော့တွေသွားပြီးမှ ကျွန်တော့ဆီမှ ရေသန့်ဗူးကို လှမ်းယူပြီး မောင်ဂျစ်၏ခြေထောက်ကို ဆေးကြောလိုက်ပါသည်။
ဓားရှသည့်ဒဏ်ရာမှာ သိပ်အများကြီးမဟုတ်သော်လည်း သွေးက ဗြုန်းကနဲမတိတ်၍ သွေးတိတ်ဆေးအဖြစ် သွေးဆေးအမှုန့်အနည်းငယ်ကို ကျောင်းအုပ်ဆရာကြီးဆီမှ တောင်းယူ၍ ဒဏ်ရာပေါ်ကို အုံပေးပြီး ပတ်တီးပါးလေးကို မတင်းမလျှော့လေးဖြစ်နေအောင်သေချာစည်းပေးလိုက်ပါတယ်။
တင်းကျပ်စွာပတ်တီးစည်းမိပါက အနာကိုပိုကြီးဒုက္ခပေးနိုင်သည်ထင်ပါသည်။

ထို့နောက်မှာတော့ ကျောင်းသားများကို ကိုယ့်နေရာကိုယ်ပြန်ထိုင်ကြရန်ပြောပြီး ဆရာမမှ မောင်ဂျစ်တို့ကို ဖြစ်ကြောင်းကုန်စဉ်မေးပါတော့တယ်။.

....
စေတနာရှင်၊ဂရုဏာရှင်၊ မေတ္တာရှင် ဆရာ၊ဆရာမများဖြစ်သည့်အားလျှော်စွာ ကျောင်းသားတွေကိုမေးမြန်းပုံကိုက စိတ်နှလုံးရွင်ပြုံးဖွယ်ရာပါပဲ။

” သားလေး မောင်ဂျစ် ဆရာမကို သားတို့ခုလိုဖြစ်ရတဲ့အကြောင်းကိုပြောပြပေးပါအုံးကွယ်..”

မောင်ဂျစ်မှ...
”ဒီလိုပါ ဆရာမ ကျွန်တော် လမ်းလျှောက်ရင်း အမှိုက်ပုံထဲက အညစ်အကြေးတစ်ချို့ကို နင်းခဲ့မိတဲ့အတွက် ရေဆေးမယ်ဆိုပြီး သုံးရေရှိတဲ့ အုတ်ကန် လေးဆီကိုသွားခဲ့ပါတယ်။ အုတ်ကန်ထဲက ရေတွေက ပုပ်နေတဲ့အတွက် ရေမြောင်းထဲကရေနဲ့ ခြေဆေးမယ်ဆိုပြီး ရေမြောင်းဘက်လျှောက်ခဲ့ပါတယ်။
ရေမြောင်းနဲ့ အုတ်ကန်နဲ့ကြားမှာ ကျွန်တော် ခုဏက တက်နင်းမိတဲ့အမှိုက်ပုံရှိတဲ့အတွက် အညစ်အကြေးရှိတဲ့နေရာကိုရှောင်ရှားရင်း အမှိုက်ပုံကို ဖွဖွနင်းပြီး ဖြတ်လျှောက်ရပါတယ် ရေမြောင်းဆီကိုမရောက်ခင်မှာပဲ အမှိုက်ပုံထဲကဓားနဲ့ ရှမိတာပါဆရာမ။ အခုလည်း ဓားရှတယ်ဆိုကတည်းက ရေမြောင်းထဲက ရေနဲ့ ရေဆေးခဲ့ပါသေးတယ်။
ဒါပေမယ့် ရေမြောင်းကရေကလည်း ပုပ်နေတာမို့
အကုန်မဆေးခဲ့ရပါဘူးဆရာမ”.......

”ဟုတ်ပြီ..သားလေး မောင်ဂျစ် ဆရာမပြောမယ်နားထောင်နော်..ကျောင်းသားတွေအားလုံးလည်း သေချာနားထောင်ပေးနော်...

သားလေး မောင်ဂျစ်ဘာလို့ ဓားထိလည်း ဆိုတော့ သားလေးကိုယ်တိုင်တာဝန်မဲ့စွာနဲ့ ထိရှလွယ်တဲ့အရာတွေကို အမှိုက်တောင်းထဲ ထည့်ခဲ့တာက စတာပါပဲကွယ်.....ဆရာမက ကိုယ့်အလုပ်နဲ့ကိုယ်မို့ ကိုယ်တိုင်မသိပေမယ့် တာဝန်သိတဲ့ကျောင်းသားတွေက ဘယ်သူကတော့ဖြင့်ဘာလုပ်ခဲ့ပြီဆိုတာတွေကို ပြောပြကြလို့ ဆရာမ အကုန်နီးပါးသိပါတယ်ကွယ်။
သားတို့ကိုလည်း အပြစ်ရယ်လို့တော့ ပြောတာမဟုတ်ပေမယ့် နောင်မမှားရလေအောင် ဆင်ခြင်နိုင်ဖို့
ဆရာမပြောပြပါမယ်....။

သားလေးမောင်ဂျစ်ရဲ့ အမှိုက်တောင်းထဲပစ်လိုက်တဲ့ ဓားလေးက အမှိုက်ပုံးထဲကိုရောက်သွားခဲ့တယ်။ဟုတ်ပြီ ဒါက ကိစ္စမရှိသေးပါဘူး။ တွေ့ကရာနေရာကိုပစ်လိုက်တာမဟုတ်တဲ့အတွက် စည်းကမ်းရှိသူတစ်ဦးလို့သတ်မှက်လို့ရပါတယ်။ဒါပေမယ့် ပုံမှန် အမှိုက်သွားသွန်ဖို့ သတ်မှက်ပေးထားနေရာကို သားတို့က အမှိုက်သွားမသွန်ခဲ့ဘူး....ဒါကိုလည်း ကျောင်းသားလေးတစ်ယောက်ပြောပြလို့ဆရာမသိခဲ့ရတယ်။ သားတို့စွန့်ပစ်လိုက်တဲ့အမှိုက်တွေက စနစ်တကျနဲ့သာ အမှိုက်ပုံဆီရောက်ရှိသွားခဲ့မယ်ဆိုရင် ဒီကိစ္စတွေက မဖြစ်လာနိုင်တော့ဘူးပေါ့။
သားတို့ကသာ မသိရင် နေရမယ်၊ သားတို့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေက ပတ်ဝန်းကျင်ကိုရော လူတွေကိုပါ အများကြီး ဒုက္ခပေးတယ်ကွယ့်။
အခုပဲကြည့် သားတို့ပစ်လိုက်တဲ့အမှိုက်ကြောင့် သားမောင်ဂျစ် ဓားရှရတယ်။ ရေဆေးဖို့ရေကန်ဆီကိုသွားတဲ့အခါမှာ ရေကန်ကရေတွေက ပုပ်နေတယ် ။နောက်ထပ်တစ်ခါ ရေမြောင်းဆီကိုထပ်သွားတယ် ရေမြောင်းက ရေတွေက ပုပ်နေပြန်တယ်။

”..ဘာကြောင့်လည်း သိလား သားတို့သမီးတို့.......”

”အဲ့ဒါအမှိုက်ကြောင့်ပေါ့ကွယ်...”

သားတို့လမ်းမှာပုံထားခဲ့တဲ့အမှိုက်တွေက သုံးရေကန်နဲ့လည်းနီးတယ်၊ ရေမြောင်းနဲ့လည်း နီးတယ်လေ။
ဒီကြားထဲမှ သားတို့က သားတို့ပုံထားတဲ့အမှိုက်ပုံဘေးမှာ ဆော့ကစားနေကြသေးတယ်ဆိုတော့ အမှိုက်တွေက ဟိုလွင့်ဒီလွင့်နဲ့ဖြစ်ပြီး တစ်ချို့က ရေမြောင်းထဲရောက်၊တစ်ချို့က သုံးရေကန်ဆီရောက်ကုန်တာပေါ့။ ရေတွေထဲကိုရောက်ရှိသွားတဲ့အမှိုက်တွေက ဒီတိုင်းမနေဘူး ရေတွေကိုဒုက္ခပေးတော့တာပေါ့။ ရေမြောင်းထဲရောက်သွားတဲ့အမှိုက်တွေက ရေမြောင်းတွေကို ပိတ်ဆို့စေလို့ ရေစီးရေလာနည်းသွားတဲ့အတွက် ရေတွေက ပုပ်ကုန်တာပေါ့။
ပုံမှန်ဆို အဲ့ဒီရေမြောင်းလေးမှာ ရေရှိမနေသင့်ဘူး။ ဘာလို့လည်းဆိုရင် အဲ့ဒီရေမြောင်းလေးက တခြားကနေစီးဆင်းလာတဲ့ရေမရှိပဲ ဒီကျောင်းက သုံးတဲ့ရေတွေကို ရွာရဲ့လမ်းဘေးမှာ တူးဖော်ထားတဲ့ရေမြောင်းတွေဆီကို ရောက်ရှိသွားစေဖို့ ဖန်တီးထားတာဖြစ်လို့ပါပဲ။ပုံမှန်ရေစီးရေလာကောင်းတဲ့ ရေမြောင်းတွေဆိုရင် ဒီလိုမဖြစ်လာနိုင်ဘူးပေါ့ကွယ်။

အမှန်က ဆရာမတို့မှားတယ်လို့လည်း ပြောလို့ရတယ် သုံးရေကန်ကို ကျောင်းသားလေးတွေပါ ခပ်သုံးလို့ရအောင်ဆိုပြီး ခပ်နိမ့်နိမ့်လေးဆောက်ထားခဲ့မိတာကိုး။

နောက်တစ်ခုက ဒီလမ်းခုလတ်ကအမှိုက်ပုံဆိုတာကလည်း သားတို့က အရင်ပုံတာမဟုတ်ဘူးဆိုတာ ဆရာမသိတယ်...သားတို့တစ်ဦးတည်းပုံတာဆိုရင်လည်း လမ်းမှာ ဒီလောက်များနေစရာမလိုဘူးလေ ခုတော့ ရေတွေပါပုပ်လောက်အောင် ဖြစ်နေရတယ်။ဖြစ်ပုံက အခြားသော ကျောင်းသားကြီးတွေက အမှိုက်ပုံမှာမပုံပဲ စည်းကမ်းမဲ့စွာနဲ့ လမ်းတစ်ဝက်မှာပုံတယ် ဒီတော့ နောက်ထပ်လာတဲ့ကျောင်းသားတွေက တွေ့ရှိပြီး သူတို့တောင် ဒီလိုပုံသေးတာ ငါတို့လည်း ပုံမယ်ဆိုပြီး ဖြစ်လာရော။
ဒါကြောင့်.....
”ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ”..ဆိုတဲ့

ဥပမာသာဓကလည်း ရှိခဲ့တာပေါ့ကွယ်။
ခေါင်းဆောင်စိတ်ဓာတ်ရှိဖို့လိုအပ်တယ်ဆိုတဲ့သဘောပေါ့ကွယ်။

လူတိုင်းလူတိုင်း တာဝန်ယူတဲ့စိတ် ကိုယ်စီရှိကြရင်ဖြင့် ဒီလိုမျိုးတွေ ဖြစ်လာနိုင်စရာလည်းမရှိတော့ဘူးပေါ့။

သားတို့မသိသေးတာ ဆရာမပြောရအုံးမယ်။
အရင်က ဒီရေမြောင်းလေးရဲ့ဘေးမှာ အရိပ်ရစေဖို့ဆိုပြီးရည်ရွယ်ချက်နဲ့ သစ်ပင်လေးတွေစိုက်ခဲ့ကြသေးတယ်ကွဲ့။
သစ်ပင်က အပင်ငယ်လေးတွေဖြစ်လေတော့
သေသေချာချာပြုစုရတယ် သေသေချာချာပျိုးထောင်စိုက်ပျိုးရတယ်လေ။ ဒါပေမယ့် ဂရုတစိုက်ပြုစုမဲ့သူမရှိတာကြောင့် ရေမြောင်းရဲ့ဘေးမှာ ဘယ်အပင်မှမရှင်သန်ခဲ့ပါဘူး။ သစ်ပင်လေးတွေ မရှင်သန်ရတဲ့အကြောင်းကလည်း ဒီအမှိုက်တွေကြောင့်ပါပဲကွယ်။ ရေတွေကအမှိုက်ကြောင့်ဘယ်မှ မစီးပဲ အပင်တွေရဲ့ ဘေးမှာ ဝပ်နေတာလေ အပင်ငယ်လေးတွေဆိုတော့ အမြစ်တွေပုပ်ပြီးသေကုန်တာပေါ့။
အဲ့ဒါကြောင့် အဲ့ဒီရေမြောင်းကို ပြန်ဖော်ထားခဲ့ရသေးတယ်။ အခုတော့ ထပ်ပြီး အမှိုက်ပြည့်နေပြန်ပြီလေ။ ဒီကိစ္စက ဆရာမတို့တစ်တွေအားလုံးနဲ့သတ်ဆိုင်တယ်၊တာဝန်လည်းရှိပါတယ်ကွယ်။အချိန်မအားလပ်တာကိုအကြောင်းပြပြီး မစစ်ဆေးနိုင်ခဲ့ဘူး၊ မပြုပြင်နိုင်ခဲ့ဘူး။ ဆရာမတို့လို အကြီးအကဲတွေက ကိုယ်စီကိုယ်စီ အချိန်ပိုလေးတွေကိုစုလို့ ဒီကိစ္စတွေကိုဖြေရှင်းရမှာ မှားနေသူတွေကိုလမ်းပြပေးရမှာပါ။ ဒါပေမယ့် မရှိတဲ့အချိန်တွေကို ဖဲ့ပေးရတာဆိုတော့ ပင်ပန်းရလိမ့်မှာပေါ့ကွယ်။ ဆရာမတို့လိုအကြီးအကဲတွေမှာ တာဝန်ရှိသလို ဒီကျောင်းပတ်ဝန်းကျင်သန့်ရှင်းနေရေးနဲ့ သားတို့သမီးတို့ရဲ့ ပတ်ဝန်းကျင် သန့်ရှင်းလှပစေရေးအတွက်က သားတို့သမီးတို့လို လူသားတွေအားလုံးမှာ တာဝန်ရှိတယ်ကွယ့်။
တွေ့ရာနေရာမှာ အမှိုက်မပစ်ကြနဲ့နော်..သားတို့သမီးတို့။
အဲ့ဒီလို အမှိုက်ပစ်ခဲ့မယ်ဆိုရင်လည်း သားတို့သမီးတို့ကို ဆရာမက အပြစ်ဒါဏ်မပေးရင်သာနေရမယ် သဘာတရားကြီးကတော့ အပြစ်မပေးပဲနေမှာမဟုတ်ဘူးနော်။

အမှိုက်တွေအားလုံးထဲကမှ အဆိုးရွားဆုံးအနေနဲ့ပြောရမယ်ဆိုရင် အခုအချိန်မှာ ပလပ်စတစ်လို့ခေါ်တဲ့အမှိုက်ဟာ အဆိုးဆုံးပါပဲ။ မီးရှို့ဖျက်ဆီးရင်လည်း လေထုကို ညစ်ညမ်းစေတယ်။မြေကြီးပေါ်ပုံထားပြန်ရင်လည်း ပလပ်စတစ်ရှိတဲ့နေရာ တဝှိုက်မှာ ဘယ်အပင်မှ ကောင်းစွာမရှင်သန်နိုင်ဘူး။
ရေထဲကိုစွန့်ပစ်ပြန်ရင်လည်း ငါးတွေကိုသေစေနိုင်တဲ့အထိဒုက္ခပေးတယ်။

အမှိုက်က ဘယ်လောက်များ.ဒုက္ခပေးလိုက်သလည်းဆိုရင် သဘာဝပတ်ဝန်းကျင်ကြီးကို ကပြောင်းကပြန်ဖြစ်သည်အထိဆိုးရွားသွားစေတယ်။

မြို့ကြီးတွေမှာဆိုရင် ရေမကြီးပဲနဲ့ကို ရေလျှံတယ်ဆိုတာတွေဖြစ်ပေါ်နေကြရတယ်။ ဘာလို့လည်း ဆိုရင်
ရေစီးရေလာရှိနေရမယ့်ရေမြောင်းတွေထဲမှာ လူတွေရဲ့မဆင်မခြင် စွန့်ပစ်မှုတွေကြောင့်အမှိုက်များစွာဟာတည်ရှိနေရတယ်လေ။အဲ့လိုတည်ရှိနေချိန်မှာ
မိုးကသည်းကြီးမကြီးရွာချပါလေရော။
ရွာချတဲ့မိုးရေတွေက ရေမြောင်းတွေပိတ်တော့ ဘယ်မှမသွားနိုင် ဘယ်မှမသွားနိုင်တော့ မြို့ပေါ်ကိုရေတွေလျှံတက်ကုန်တာပေါ့။ အမှိုက်တွေကိုသာ ကိုယ်စီတာဝန်သိစိတ်ရှိရှိနဲ့ စည်းကမ်းတကျစွန့်ပစ်ခဲ့မယ်ဆိုရင် မိုးရွာလည်း ရေမလျှံနိုင်တော့ဘူးပေါ့ကွယ်။

အခုသားတို့သမီးတို့ရဲ့ ရွာလေးကိုပဲကြည့် ဘယ်လောက်အေးချမ်းလိုက်လည်း
မိုးအများကြီးရွာချပေမယ့်လည်း ရွာလမ်းကိုရေမလျှံတဲ့အတွက် လမ်းပေါ်မှာ ထီးကလေးဆောင်းလို့ အေးအေးလူလူ လျှောက်လှမ်းနိုင်တယ်မဟုတ်လား
အဲ့ဒါ ကိုယ်စီတာဝန်သိစိတ်နဲ့ ရေမြောင်းတွေတူးဖော်ပြီး အမှိုက်တွေကိုရှင်းလင်းထားကြ ဆောင်ရွက်ထားကြလို့ပေါ့ကွယ်။
ရွာရဲ့ပတ်ဝန်းကျင်မှာဆိုလည်း အမှိုက်ကင်းရှင်းတဲ့အတွက် အသီးအပင်တွေ စိုက်ပျိုးသမျှဟာဖြစ်ထွန်းအောင်မြင်တာပဲမဟုတ်လား။
လယ်တောထဲကို မကြည့်နဲ့ အိမ်နောက်ဖေး ဈေးဆိုင်လေးတွေကိုပဲကြည့်ကြကွယ့်.....
”အိမ်နောက်ဖေး ဈေးဆိုင်လေးဆိုတာကိုရော သိကြလားကွယ်”..

”မသိပါဘူးဆရာမ”

အေး မသိရင်မှက်သားထားကြ ကလေးတို့ရေ
အိမ်နောက်ဖေးမှာ အသီးအပင်တွေ စိုက်ပျိုးခြင်းကို
”အိမ်နောက်ဖေး ဈေးဆိုင်တည်တယ်” လို့ ခေါ်တယ်ကွဲ့။

အခုလို ကျေးရွာလေးမှာ အပင်တွေစိုက်ပျိုးလို့ ဖြစ်ထွန်းနေပေမယ့်
တခြို့နေရာဒေသတွေမှာတော့ အပင်တွေကို ကိုယ်ကျိုးစီးပွားအတွက်ပဲကြည့်ပြီး ခုတ်ဖြတ်ရောင်းချနေတာကြောင့် တစ်ချို့နေရာဒေသတွေရဲ့ သဘာဝပတ်ဝန်းကျင်ကြီးဟာ ပျက်စီးစပြုလာနေပါပြီကွယ်။ အပင်တွေပြုန်းတီးလေ လူတွေကို ဒုက္ခပေးလေပဲပေါ့။
သစ်ပင်တွေက လူတွေကိုအသက်ရှင်စေဖို့ ဖြစ်ပေါ်တည်ရှိနေဖို့လိုတယ်လို့ပြောနိုင်သလို။
သဘဝဘေးအန္တရာယ်တွေကိုကာကွယ်ဖို့ရာအတွက်လည်း သစ်ပင်တွေများစွာတည်ရှိနေဖို့ လိုအပ်တယ်။

ကလေးတို့မှက်ထားကွယ့်..
သစ်ပင်တစ်ပင်ဟာ နေ့တစ်နေ့စာမှာ လူလေးယောက်အသက်ရှင်သန်နိုင်စေဖို့ လူလေးယောက်စာအတွက် အောက်ဆီဂျင်ကိုထုတ်ပေးတယ်ကွယ့်။
နောက်ပြီး အဲ့ဒီသစ်ပင်တွေကပဲ မုန်တိုင်းတွေရဲ့ရန်ကနေ အကာကွယ်ပေးဖို့ ဖြစ်လာစေတယ်။
ဒါကြောင့် သစ်ပင်တွေများစွာရှိဖို့လည်းလိုအပ်တယ်။

ဆရာမပြောတာလည်း အတော်ကိုရှည်သွားပါပြီကွယ်။
သားတို့သမီးတို့ ကိုယ်စီတာဝန်သိစိတ်နဲ့ အမှိုက်တွေကိုကောက်မယ်ဆိုရင် ရေသာခို အချောင်မလိုက်ဘူးဆိုရင်၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းရာရောက်ပါတယ်ကွယ်။
ငါမလုပ်လည်း ကိစ္စမရှိဘူးမတွေးပါနဲ့ကွယ်..
အဲ့ဒီ ငါပေါင်းမြောက်များစွာက တာဝန်သိစိတ်မရှိပဲ
မလုပ်ဆောင်ကြဘူးဆိုရင် ပျက်ဆီးခြင်းနဲ့ဆုတ်ယုတ်ခြင်းတွေပဲဖြစ်ပေါ်လာရလိမ့်မယ်။

ငါပေါင်းမြောက်မြားစွာက အသိစိတ်ရှိရှိနဲ့ ကိုယ်စီတာဝန်ယူပြီးဆောင်ရွက်ကြမယ်ဆိုရင်ဖြင့်..
သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်ကြီးကိုဖြစ်ပေါ်စေပြီး တန်ဖိုးရှိတဲ့လူသားများတည်ရှိရာ နေရာဒေသလို့ သတ်မှက်ခြင်းခံရပါလိမ့်မယ်။

မိရဲ့သဘာဝပတ်ဝန်းကျင်ကို မိမိပဲဖျက်ဆီးနိုင်ပြီး
မိမိတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင်ပဲ သာယာလှပအောင်ဖန်တီးနိုင်ပါတယ်။

သားတို့သမီးတို့လည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို သာယာလှပစေချင်ရင် ကိုယ်စီကိုယ်စီ တာဝန်သိစိတ်ရှိရှိနဲ့ ..
အမှိုက်ကောက်ရမယ်။
စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ရဘူးနော်......
သူတပါးစိုက်ပျိုးထားတဲ့ အပင်တွေကိုလည်း မပျက်စီးရလေအောင် ဂရုစိုက်ကြရမယ်။

အခုအချိန်မှာဆိုရင် မြန်မာနိုင်ငံရဲ့ သစ်တောတွေဟာ လောဘသားကောင်တွေကြောင့် တော်တော်ကိုပြုန်းတီစပြုလာနေပါပြီ။ သစ်ပင်တွေများစွာ ပြန်လည်စိုက်ပျိုးနိုင်စေဖို့လည်းမျှော်လင့် ဆုတောင်းနေမိတယ်။ သားတို့သမီးတို့ကိုယ်တိုင်လည်း သစ်ပင်လေးတွေစိုက်ပျိုးနိုင်အောင်ကြိုးစားရမယ်နော်။သစ်ပင်လေးတွေဟာ ကလေးငယ်လေးတွေလိုပါပဲကွယ် အသက်ရှင်သန်ပြီးကောင်မွန်တဲ့လူသားလေးတွေဖြစ်လာစေဖို့ သေချာ ပြုစုယုယ သင်ကြားပေးရလိုပဲ သစ်ပင်ကောင်းတစ်ပင်ဖြစ်လာစေဖို့ အပင်ငယ်လေးတွေမှာကတည်းက သေသေချာချာ နည်းလမ်းမှန်မှန်နဲ့စိုက်ပျိုးပေးဖို့လိုတယ်ကွယ့်။ လူတော်လူကောင်းတွေများစွာပေါ်ထွက်လာရင် ကျေးရွာ၊မြို့နယ်၊နိုင်ငံ....စသည်စသည် အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုးလာနိုင်သလို သစ်ပင်တွေများစွာရှင်သန်လေလေ သဘာဝပတ်ဝန်းကျင်ကြီးက သာယာလှပလာလေလေပေါ့ကွယ်။
ဒီတော့ ..ဝန်းကျင်တစ်ခွင် သာယာလှပနေစေဖို့ ကိုယ်စီမှာတာဝန်ရှိတဲ့အတွက် ကိုယ်စီကိုယ်စီ တာဝန်သိစိတ်ရှိရှိနဲ့ ထိန်းသိမ်းကြပါကွယ်။

တစ်ဦးခြင်းဆီမှသည် တစ်မြို့နယ်၊တစ်မြို့နယ်ခြင်းဆီမှသည် နိုင်ငံတစ်ခုဆီသို့ ကောင်းမွန်သော အကျိုးသက်ရောက်မှုကိုရှိနေစေပါလိမ့်မယ်ကွယ်...
တစ်ဦးဆောင်ရွက်သော်မရ...အများဆောင်ရွက်သော်ရသည်ဆိုတာမျိုးပေါ့ကွယ်။
ဒီတော့ မိမိတို့ရဲ့သဘာဝပတ်ဝန်းကျင်ကို မိမိတို့ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အမိမြန်မာနိုင်ငံကို အကျိုးသက်ရောက်မှု ရှိစေတယ်ဆိုတာကို စိတ်နှလုံးသွင်း သိရှိထားရမှာဖြစ်တဲ့အတွက်....

သားတို့သမီးတို့နဲ့ လူသားအားလုံးအတွက်..
ခေါင်းစဉ်တစ်ခုပေးလိုက်ချင်ပါတယ်ကွယ်...
အဲ့ဒီခေါင်းစဉ်ကတော့

”ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြုပြင်ရအောင်...” ဆိုတဲ့ ခေါင်းစဉ်ပါပဲ သားတို့သမီးတို့ရေ......
လိုက်နာ၊ကျင့်သုံး၊ ဆောင်ရွက်ကြပါစို့နော်...

"ဟုတ်ကဲ့ပါဆရာမ''

ကဲကဲ..ဒီနေ့တော့ ဆုံးမတာနဲ့တင် အချိန်တော်တော်ကုန်နေပါပြီကွယ်...ကျန်ရှိနေတဲ့အချိန်လေးမှာ စာဆက်သင်ကြတာပေါ့...
.
”မင်္ဂလာပါ သားတို့သမီးတို့ရေ....”

မင်္ဂလာပါ....ဆရာမ.....
....
IMG_20171201_091701.jpg
...
ကျွန်တော်လည်း ဆရာမရဲ့ ပြောဆိုဆုံးမသွားတဲ့စကားကို နားထောင်ရင်း ကျွန်တော် နားထောင်ခဲ့ဖူးသော...သီချင်းလေးတစ်ပုဒ်ကို နားထဲတွင်ကြားယောင်နေမိပါတော့သည်။....
.
သီချင်းလေးကတော့......
.
🎶🎶ဒီမြေဟာ..ငါတို့မြေ...မြန်မာဘိုးဘွားတို့အမွေ.....ဒီမြေဟာငါတို့မြေ......မြန်မာပိုင်ဘိုးဘွားတို့အမွေ.....မြန်မာ့..စိတ်ထားကို ကမ္ဘာသိစေမည်..
မြန်မာ့စိတ်ဓာတ်ကို ကမ္ဘာက ရမည်...တဲ့........

.
မြန်မာ့စိတ်ထားကို ယခုအချိန်မှာ ကမ္ဘာက သိနေမြင်နေတာက ဘယ်လိုမျိုးလည်း ဆိုတာကိုတော့ဖြင့်.......................။
.
.


ကျေးလတ်တောရွာလေးတစ်ခု၏အကြောင်းကို စိတ်ကူးဖြင့် ဖန်တီးကြည့်ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ ငယ်စဉ်က စာသင်ကြားပေးသော
ဆရာမအား သတိရမိသည်ဖြစ်၍ ယခုလိုရေးသားဖြစ်ခဲ့ခြင်းလည်းဖြစ်ပါသည်။
ဆရာမကို ဤဆောင်းပါးလေးနှင့်ပဲ ရှိခိုးဦးခိုက် ဂါရဝပြုလိုက်ရပါသည်။

ဗဟုသုတ များစွာမပေးနိုင်သည့်အတွက်လည်း ခွင့်လွှတ်နားလည်ပေးပါခင်ဗျာ။

ဖတ်ရှုပေးသူအားလုံးကို ကျေးဇူးတင်စွာဖြင့်....။

@komoezaw

MSC-030

Sort:  

အောင်မြင်ပါစေ ကိုမိုး

ကျေးဇူးတင်ပါတယ် ဘုရာ့

Vပေးပြီး Cပေးဖို့ မေ့နေတာ ဖက်လိုက်ရတာ ဖက်ဖက်ကိုမော မရေးတတ်လို့ပဲ အရမ်းကောင်းပါတယ် ဆုရပါစေကိုဇော်ရေ😁

ကျေးဇူးတင်ပါတယ် ကိုလင်းရေ
ဆုရဖို့ကိုတော့ မမျှော်လင့်ရဲပါဘူးဗျာ။
ကိုလင်းတို့ကိုမမှီဘူးလေ ဗဟုသုတပိုင်း အတွေ့ကြုံပိုင်း ကအစ ကိုလင်းတို့က သာတယ်။
အကဲဖြတ်ဒိုင်နေရာမှာ ကိုလင်းကိုထားမှရတော့မယ်
ပြိုင်ပွဲဝင်postတိုင်းမှာ ကိုလင်းMentတေတွေ့ခဲ့ပီ
ဘယ်သူဆုရမှာလည်း.ခုတည်းကပြောခဲ့တော့😁😁😁

အောင်မြင်ပါစေ bro

ကျေးဇူးတင်ပါတယ် broရေ

Thank you komoezaw for making a transfer to me for an upvote of 1.23% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

You got a 2.99% upvote from @mercurybot courtesy of @komoezaw!

This post has received a 11.76 % upvote from @sleeplesswhale thanks to: @komoezaw.

This post has received a 4.08% upvote from @msp-bidbot thanks to: @komoezaw. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.

This post has received gratitude of 1.23 % from @appreciator thanks to: @komoezaw.

ကောင်းတယ်ဗျာ အငယ်တုန်းက အသင်းလေးတွေတောင် သတိရမိသေး ဆုရမှာပါဗျာ

ဟုတ် ဖတ်ရှုပေးလို့ကျေးဇူး broရေ

မရေးတတ်ဘူး...မရေးတတ်ဘူးနဲ့ ပြိုင်ပွဲဆိုတော့ အစွမ်းတွေထက်လာလိုက်ကြတာ တစ်ယောက်ကိုအမြင်တစ်မျိုးစီနဲ့ ရှု့ဒေါင့်စုံပါပဲဗျာ....

ဟုတ် ဖတ်ရှုပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဆရာ
မရေးတက်ရေးတက်လေးနဲ့ ရေးထားတာ ဟီး😁😁

Coin Marketplace

STEEM 0.15
TRX 0.15
JST 0.028
BTC 53554.32
ETH 2224.75
USDT 1.00
SBD 2.29