ကျနော့အဖွားရဲ့ ဘဝအကြောင်း (၅)
ယခင်ရေးသားသောအပိုင်းဆက်လေးကို ဆက်ပါအုံးမည်။.....
ကျမအဲ့ဒီအိမ်မှာနေတဲ့အချိန်တွေမှာ ဝိရိယပိုထားခဲ့ရပါတယ်။ သူများအိမ်မှာနေတာဆိုတော့ ပိုပြီးဂရုတစိုက်နေထိုင်ရပါတယ်။
နံနက်လေးနာရီထိုးတာနဲ့ အိပ်ယာကထ၊ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးတာနဲ့ချက်ပြုတ်ရပါတယ်။ မိုးလင်းတာနဲ့ သူ့ရဲ့ဆိုင်ကိုဈေးရောင်းဖို့ပစ္စည်းတွေပို့ပြီးတာနဲ့ သူများဈေးဆိုင်တွေမှာ သယ်ပိုးစရာပစ္စည်းတွေကိုသူ့ရဲ့လက်တွန်းလှည်းနဲ့ပဲလိုက်ပို့ပါတယ်။ သူများတွေလုပ်အားခပေးတဲ့ပိုက်ဆံကို ဆယ်နာရီကျော်လောက် သူ့ဆီမှာသွားအပ်ပြီးတာနဲ့ အိမ်ပြန်ပြီး ကလေးဝေယျာဝစ္စလုပ်ရပါတယ်။ သူ့ယောကျာ်းပြန်လာတော့ ထမင်းခူးကျွေး၊ ပြီးတာနဲ့တစ်အိမ်လုံးရဲ့အဝတ်တွေကိုလျှော်ရပါတယ်။အဝတ်တွေလျှော်လို့ပြီးပြန်တဲ့အခါ နံနက်ထမင်းစားချိန်အမှီ ဈေးဆိုင်ကိုထမင်းသွားပို့ရပါတယ်။ထမင်းပို့ပြီး အိမ်ပြန် ထမင်းစားရပါတယ်။
ထမင်းဆိုတာကလည်း ဆန်ကရှားတော့ သူတို့စားသလိုပဲ ဆန်ကွဲထမင်းနဲ့စားကြရတာပါ။ သားမိနှစ်ယောက် ဆန်ကွဲထမင်းနဲ့စားပြီးတဲ့နောက်မှာ ကျမအလုပ်တွေကတန်းစီနေပါသေးတယ်။ အိမ်သန့်ရှင်းရေးလုပ်၊ မီးပူတိုက်၊ ဆန်ထောင်း၊ ဆန်ပြာပြီးတဲ့အခါ ညနေစာ ချက်ပြုတ်ရပြန်ပါတယ်။ ကျမသားလည်း အမေနဲ့သိပ်ပြီးအတူမနေရရှာပါဘူး။ တစ်နေ့မှာသားက ကျမနဲ့တွေ့တာနဲ့ "အမေကျနော့ပေါင်ကိုကြည့်ပေးပါ ကျနော့ပေါင်ကို သူတို့အပ်နဲ့ထိုးထားတာ" ဆိုပြီး သူ့ပေါင်လေးကိုပြရှာပါတယ်။
အဲ့ဒီလိုသားက ပြတော့ ကျမရင်ထဲမှာဆို့နင့်ကျေကွဲစွာနဲ့ခံစားရပါတယ်။ ဒါပေမယ့်လည်း သူများအိမ်မှာနေရတာဆိုတော့မတက်နိုင်ခဲ့ဘူးလေ။ ဒါကြောင့် "သား လိမ်လိမ်မာမာနေ၊ မငိုနဲ့မကောက်နဲ့နော်။အဲ့ဒါဆို သူတို့သားကိုဘာမှလုပ်မှာမဟုတ်ဘူးလို့" ကလေးကိုချော့ပြီးပြောရပါတယ်။ မှောင်ရီသန်းလာတာနဲ့ ဈေးဆိုင်ကပစ္စည်းတွေကိုပြန်သိမ်းရပါတယ်။ ပြီးတာနဲ့ နောက်တစ်နေ့ရောင်းဖို့မြေပဲတို့ ငရုပ်သီးတို့ထုပ်ရပါတယ်။ ထုပ်ပြီးလို့ ညဆယ့်တစ်နာရီခွဲလောက်မှ ထမင်းစားရပြီး သူတို့စားထားတဲ့ပန်းကန်တွေပါဆေးကြောပြီးမှ ညအိပ်ယာဝင်ရပါတယ်။
အဲ့ဒီလိုလုပ်ဆောင်ရင်းနဲ့ နောက်သုံးလလောက်ကြာတဲ့အခါမှာ ကျမရဲ့ဘဝတစ်ဆစ်ချိုး တစ်မျိုးပြောင်းလဲခဲ့ရပြန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျမကိုခေါ်ထားတဲ့အစ်မရဲ့ယောကျာ်းက "မတင်ကြည်..နင့်ကိုငါချစ်တယ်။ ငါ့မိန်းမကငါ့ကိုဂရုလည်းမစိုက်ဘူး သူ့အလုပ်ပဲသူစိတ်ဝင်စားတာ။ ဒါကြောင့် သူ့ကိုငါစိတ်ကုန်နေပြီ။ နင်လက်ခံမယ်ဆိုရင် သူနဲ့တရားဝင်ကွာရှင်းပြီးတော့ နင့်ကိုအတည်တကျပေါင်းပါ့မယ်"လို့ ဆိုလာပါတယ်။
ကျမက.."အစ်ကို့ကိုလက်မခံနိုင်ပါဘူး။ ကျမအခုဘဝမှာတောင် ဒီလောက်ဒုက္ခရောက်နေတာ ၊ သူများယောကျာ်းကိုယူပြီး သူများမိသားစုကို တကွဲတပြားဖြစ်အောင်လုပ်ရင် အခုဘဝတင်မကနောက်ဘဝအထိပါဒုက္ခရောက်ရတော့မှာပေါ့။ ကျမလက်မခံနိုင်ပါဘူး"လို့ ပြောလိုက်ပါတယ်။ သူက "နင်ငါ့ကိုလက်မခံရင် နင်တို့သားအမိဒုက္ခရောက်မှာပေါ့"တဲ့...
ကျမက "ကျမယောက္ခမအိမ်ကထွက်လာတော့ ယောက္ခမက ငရုတ်ကျဉ်ပွေ့သာအတက်ပေါက်ရင်ပေါက်မယ် နင်တို့သားအမိ ဘယ်တော့မှလူမွှေးလူရောင်ပြောင်မှာမဟုတ်ဘူးလို့ ပြောတာကိုခံခဲ့ရတယ်။ အခုလည်းကျမဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတာပါပဲ ကျမအတွက်တော့ ဒုက္ခဆိုတာအဖော်ဖြစ်နေပြီ ကိစ္စမရှိပါဘူး"လို့ ပြောလိုက်ပါတယ်။
အဲ့ဒီအချိန်မှာ ကျမသားကလည်း သူငယ်နာပြန်တက်နေလို့ ဆရာနဲ့ပြရပြန်ပါတယ်။ ဆရာက ကျမတို့သားအမိကို သနားလို့ဆိုပြီး ဆေးဖိုးမယူခဲ့ရှာပါဘူး။ ဆရာက ရန်ကုန်ကပါပဲ။
ဆရာ့ရဲ့အမည်က တိုင်းရင်းမြန်မာဆေးဆရာကြီး ဦးစံရင်တဲ့.........
...ဆက်ပါအုံးမည်ခင်ဗျာ
စာလုံးရေ 800ကျော်ပဲရှိတဲ့အတွက် နားလည်ပေးကြပါဗျာ
နောက်တစ်ပတ်တော့ 1000ကျော်အောင်ရေးပါ့မယ်ဗျာ။
ဖတ်ပြီးရင်ထဲမကောင်းဘူး... ဒုက္ခရောက်နေချိန်မှာ ကူညီပေးမဲ့
သူထက် အခွင့်ရေးယူမဲ့သူက ပိုများတယ်ဗျာ
အင်း လောကကြီးထဲ မကြုံဖူးတာတွေကများနေတာပဲညီရေ
လူတစ်ကိုယ်စိတ်တစ်မျိုးဆိုတော့ ကြာရှည်လက်တွဲမကြည့်ရင်မသိနိုင်ဘူးညီရေ
အိမ်ထောင်ရေးကလည်း မလွယ်ပါဘူးဗျာ။
လုပျိုလေးတွေ စိတ်ကုန်တော့မယ် hee hee
ဟီးဟီး😁😁
ဟုတ်
အယ်ဒို မိန်းမမယူတော့ဘူးပေါ့😁😁
အိမ်ထောင်ရေးကံကလည်း ပြောရခက်သား...
အဖွားခမျာ...
အဖွားခမြာ တိုင်ပတ်နေတယ်ဆိုတာဒါမျိုးလားမသိဘူးနော်😁
ကိုမိုးအဖွား လောကဓံကို တော်တော်ခံခဲ့ရမှာဘဲ
အင်း တော်တော်ရုန်းကန်ခဲ့ရတယ်
အဖွားတင်ကြည်ကိုတော့ လေးစားပြီလေ။👍👍👍👍
ဟုတ် ဆက်ရန်လေးမျှော်ပေးအုံးနော် ကိုလင်း😁
ကိုမိုရေ အားပေးခဲ့ပါတယ်ဗျာ ကျွန်တော်တော့
ခုချိန်ထိ စာမရေးနိုင်သေးဘူးဗျာ တူတစ်ယောက်
ဆေးရုံ တင်နေရလို့ 
ဟုတ်ကိုဇော်ထွေးရေ အဆင်ပြေပါစေဗျာ
အင်း ညီလေးတို့ လောကသံသရာကြီးကလည်း အ
တော်မလွယ်ပါဘူးဗျာ စုန်လိုက် ဆန်လိုက်ပေါ့
ဟုတ်တယ်ညီရေ စုန်ချီဆန်ချီနဲ့ဆက်သွားနေကြရတာ မလွယ်ဘူး
အတော်လေးရုန်းကန်ခဲ့ရတာပါပဲဗျာ
ဟုတ်တယ်ကိုစောရေ
အိမ်း ဘဝဆိုတာ ဒီလိုပါပဲ အနိမ့် အမြင့် အတက် အကျရယ်
ဟုတ်တယ်ဗျာ တစ်ကယ်ကြုံတွေ့ကြရတဲ့ဘဝ မလွယ်ကူခဲ့ကြဘူး
ဇာတ်လမ်းက စပီးရင် အဆုံးသတ်ထိ သွားရတာပဲလေနော ☺☺☺
😂😂😂