ကျနော့အဖွားရဲ့ ဘဝအကြောင်း (၁)

in #myanmar6 years ago (edited)

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

မင်္ဂလာပါခင်ဗျာ။
ဒီတစ်ခါ စာရေးရာမှာတော့ လောကကြီးထဲမှာ မရှိတော့တဲ့ အဖွားရဲ့အကြောင်းကိုပြောပြ ရေးပြပေးမှာပါခင်ဗျာ။

ကျနော်တို့ငယ်ငယ်တုန်းက ကျနော့ရဲ့အဖွားက ကျနော့ကို သူ့ရဲ့ဘဝအကြောင်းကိုမကြာခဏပြောပြတက်ပါတယ်။ ကျနော့အဖွားက အညာသူပါ။ ဇီးကုန်းမြို့ကလို့ပြောပါတယ်။ မွေးချင်းမောင်နှမတစ်ယောက်မှမရှိပါဘူး။ တစ်ဦးတည်းသောသမီးဖြစ်လို့လည်း မိဘတွေက သူ့ကိုသိပ်ပြီးချစ်ကြတယ်လို့ပြောပါတယ်။ မွေးစကတည်းက နီနီရဲရဲလေးဖြစ်နေတာမို့ ချစ်စနိုးနဲ့ မနီလို့ခေါ်ခဲ့ကြပါတယ်တဲ့၊ အဖွားရဲ့အမည်အရင်းကတော့ မတင်ကြည်လို့ခေါ်ပါတယ်။အဖွားရဲ့ မိဘနှစ်ပါးရဲ့အမည်ကတော့ ဦးကျော်ဒင်နဲ့ ဒေါ်ကြည်ပါတဲ့။ အဖွားရဲ့အသက်ကို တိတိကျကျတော့မသိရပါဘူး။ဘာလို့လည်းဆိုရင် သူငယ်ငယ်တုန်းက ဂျပန်တွေဗုံးတွေကျဲတာမို့ သူ့ရဲ့မိဘတွေက ဗုံးကျင်းထဲဝင်ပုန်းနေရတယ်လို့ပြောပါတယ်။

သူက အဲ့ဒီအရာတွေကို ဘာလို့မှက်မိတာလည်းဆိုတော့ လေယာဉ်ပျံအသံကြားတာနဲ့ သူ့ရဲ့အဖေက ဆိုင်းထမ်းရဲ့တစ်ဖက်မှာ ထမင်းအိုးတွေထည့်၊ ဆိုင်းထမ်းရဲ့တစ်ဖက်မှာတော့ သူ့ကိုထည့်ပြီး ဗုံးကျင်းရှိတဲ့ဆီကိုပြေးတိုင်း အဖွားက ဆုတောင်းမိတာတစ်ခုရှိခဲ့လို့ပါတဲ့။

ဘာတွေဆုတောင်းတာလည်းဆိုတော့...
"အရှင်ဘုရား... တပည့်တော်မ ဟင်းမစားရလည်းနေပါ။ ထမင်းစားတဲ့အခါ ငါးပိရည်နဲ့တို့စရာလေးတော့စားပါရစေ”ဆိုပြီး အမြဲဆုတောင်းတက်ကြောင်းကို သူ့မိဘတွေကပြန်ပြောပြတယ်လို့ပြောပါတယ်။

အဖွားမတင်ကြည်(ခေါ်)အဖွားဒေါ်နီရဲ့အဖေကတော့ မောင်နှမတွေရှိပေမယ့် အဖွားရဲ့အမေကတော့ မောင်နှမတွေလည်းမရှိသလို အမျိုးလည်းတစ်ယောက်မှမရှိပါဘူး။ စိတ်နာပြီး အမျိုးတွေကိုဖြတ်ထားတာလို့ပြောပါတယ်။

ကဲဗျာ အဖွားရဲ့နေရာကနေပဲ တစ်ချို့အကြောင်းအရာတွေပြောတော့မယ်ဗျာ။ ကျနော်က ဖွားဖွားပေါ့ 😁😁😁။

မင်္ဂလာပါရှင့်...အဲ..😁😁😁😂😂

ကျမအဖေက သစ်စက်အလုပ်သမားတစ်ယောက်ပါ။ အမေကတော့ အိမ်အလုပ်နဲ့ ခလေးအဖတ်တင်လိုတင်ငြား နှစ်နှစ်ကိုတစ်ယောက်မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျမတစ်ယောက်ကလွဲလို့ တစ်ယောက်မှအဖတ်မတင်ခဲ့ပါဘူး။ ပတ်ဝန်းကျင်ကတော့ ကျမကြောင့်လို့ပြောနေပါတယ်။ အဲ့ဒါကြောင့် အဖေနဲ့အမေက ပတ်ဝန်းကျင်က သူများတွေပြောတဲ့အတိုင်း ကျမကို( ခြင်းကြားတောင်းလို့ခေါ်မလား ကြက်အုပ်ဆာင်းလို့ခေါ်ရမလား) အဲ့ဒါကြီးနဲ့ အုပ်ပြီး အပေါ်ကနေရေလောင်းပါတယ်။ နောက်ပြီး ခြင်းကြားတောင်းကိုဇီးခတ်နဲ့ရိုက်ပြီး...."နောက်စားအုံးမလား၊ နောက်စားအုံးမလား”ဆိုပြီး မေးပါတယ်။ ကျမလည်း ဘာမှမသိ၊ ကြောက်လည်းကြောက်နေတာမလို့ "မစားတော့ပါဘူး”လို့ပဲ ပြန်ပြောရပါတယ်။

အဲ့ဒီလိုမျိုး လေးငါးရက်လောက် မေးလိုက်ပြောလိုက်ပေါ့။ ဒါပေမယ့် နောက်ထပ်မွေးလာတဲ့ကလေးကလည်း အသက်မရှင်ပြန်ပါဘူး။ နောက်တစ်ခါဗိုက်ကြီးတော့ ဗေဒင်ဆရာက သူများကလေးကိုမွေးစားရင် ကိုယ်မွေးလာမယ့်ကလေးအဖတ်တင်မယ်လို့ပြောပြန်ပါတယ်။ ဒါကြောင့်...ကလေးမွေးစားဖို့ရှာရပြန်ပါတယ်။..

ဆက်ရန်>>>>>>😁😁

My Facebook photo

  • ဖတ်ရှုပေးသူ အားလုံးသောချစ်မိတ်ဆွေများ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။

@komoezaw

MSC-030

Sort:  

This post has received a 1.50 % upvote from @booster thanks to: @komoezaw.

ရှေးလူကြီးတွေရဲ့အတွေးအမြင်တွေ..အသိတွေ..ဖတ်ရတာစိတ်ဝင်စားစရာကောင်းတယ်။သတ်ပုံလေးအချို့နဲ့စာလုံးလေးတွေ..ပြန်စစ်ပီးပြင်လိုက်ပါဦး။စောင့်ဖတ်မယ်လေ။အားလုံးပီးမှ..သုံးသပ်ပေးမယ်..သိသလောက်ပေါ့။

ဟုတ်အန်တီရေ
အခုလိုဖတ်ရှုအားပေးတာသိရတော့ အရမ်းပဲဝမ်းသာမိတယ်
သတိပေးလို့လည်း ကျေးဇူးနော်အန်တီ
သုံးသပ်ပေးမှုတွေကိုလည်းစောင့်မျှော်နေပါ့မယ်အန်တီရေ။

You got a 1.57% upvote from @postpromoter courtesy of @komoezaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ကျနော့ အကြောင်း ကုန်သွားပြီလား ကိုမိုးဇော်

ဟီး မကုန်တကုန်ပဲမစုရေ😁😁

ဘာလို့ပါလိမ့်​ မဆိုင်​သလိုဘဲ​နော်​။
ဆောင်းနဲ့အုပ်​ပြီးဇီးခတ်​နဲ့ရိုက်​ရတယ်​လို့

ဟုတ်တယ် broရေ
သူတို့ရဲ့အယူအဆလား သူများရဲ့စကားကို နားယောင်မိတာလားတော့ မပြောတက်တော့ပါဘူးဗျာ။

အင်း ကိုမိုးလည်း အတော်ရုန်းကန်ခဲ့ရသလိုပဲ

ဟုတ် နည်းနည်းပါးပါးပါကိုညီရာ
သူများတွေရဲ့ တချို့ဘဝဆိုးဆိုးတွေလောက်တော့ မခက်ခဲခဲ့ပါဘူး
ကျနော်က တောသားတစ်ယောက်ပါဗျာ😁😁😂

ကိုမိုးဇော် ကအစုံသုတ်ပဲ၊ အားနာတတ်တော့လဲပိုစုံတော့တာပေါ့။ ကိုယ့်ပစ္စည်းနဲ့ကိုယ်အမုန်းခံရသူပဲဗျ။

ဟီး ဆရာပြောတာကို နားလည်ဘူး😁😁😁

လက်မကိုကြည့်ပြီးဟောကိန်းထုတ်လိုက်တာ။

ဟုတ် ကျေးဇူးတင်ပါတယ်ဆရာ😍😍😍

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62817.54
ETH 2573.14
USDT 1.00
SBD 2.74