ကျနော့အဖွားရဲ့ ဘဝအကြောင်း (၂)

in #myanmar6 years ago

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

ယခုရေးသားသော ကျနော့အဖွား၏ဘဝအကြောင်းကို ကျနော့အမေမှ စာရွက်ပေါ်တွင်ရေးသားပေးပြီး ကျနော်မှပြန်လည်၍ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ပြောရမည်ဆိုလျှင်တော့ Copyပေါ့ဗျာ နော့😁😁😁။


ကျနော့အဖွားရဲ့ ဘဝအကြောင်း (၁)

အဲ့ဒီလိုရှာရင်းနဲ့....
အရက်သမားတစ်ယောက်က သူ့ရဲ့ကလေးကိုမွေးစားပါ၊ သူ့ကလေးရဲ့အမေကလည်းမရှိတော့လို့ ကလေးကိုမစောင့်ရှောက်နိုင်လို့ပါဆိုပြီးပြောလာတော့ အဲ့ဒီကလေးကိုမွေးစားခဲ့ပါတယ်။ အဲ့ဒီတော့ ကျမပဲ ကလေးကိုထိန်းရတော့တာပေါ့။ အစပိုင်း ကလေးနို့ဗူးဖျော်ရ၊ အချိန်မတော် နို့ဘူးတိုက်ရနဲ့မို့ ကောင်းကောင်းမအိပ်ရ၊ လွတ်လွတ်လပ်လပ်မဆော့ရတော့ညအရမ်းစိတ်ညစ်ရတာပေါ့။ အနေကြာလာတော့ အဲ့ဒီကလေးကိုသံယောဇဉ်တွယ်လာတယ်။ ကလေးက ဝဝတုတ်တုတ်၊ မဲမဲတူးတူးလေးပေမယ့်ချစ်စရာကောင်းပါတယ်။ သူ့အဖေအရက်သမားကြီးကိုတွေ့ရင်လည်း မောင်လေးကိုပြန်ခေါ်သွားမှာစိုးလို့ မောင်လေးကိုချီပြီးပုန်းခဲ့ရတာအမောပါပဲ။ အဲ့ဒီအရက်သမားကြီးကလည်း အိမ်ကိုခဏခဏလာပြီး ငွေတောင်းပါတယ်။.....

ဒီလိုနဲ့အမေက ခလေးထပ်မွေးပြန်ပါတယ်။အမွှာပူးလေးပါ။ ဒါပေမယ့် အဖက်မတင်ခဲ့ပြန်ပါဘူး။ ကလေးကအဖက်မတင်တဲ့အပြင် မွေးစားထားတဲ့ကလေးကလည်း အပြင်းဖျားပြီး ဆုံးသွားပြန်ပါတယ်။ အဲ့ဒီနောက်မှာ ကျမကိုမိဘတွေက ကျောင်းထားပေးခဲ့ပါတယ်။ ကျမ စာသင်ဖို့ ဝါသနာမပါခဲ့ပါဘူး။ဒါကြောင့် နှစ်တန်းနဲ့ကျောင်းထွက်လိုက်ပြီး ဆေးလိပ်ခုံမှာ ဆေးလိပ်သွားလိပ်လိုက်၊ ဝါးဖက်ဦးထုပ်ချုပ်လိုက်နဲ့နေခဲ့ရာက ကျမအသက်တစ်ဆယ့်ခြောက်နှစ်ကျော်အရွယ်မှာ ကျမတို့ရပ်ကွက်ထဲကို ကိုထွန်းတို့မိသားစုပြောင်းလာကြပါတယ်။ ကိုထွန်းတို့က ကျိုက်လတ်ဘက်က ပြောင်းလာတာပါ။ ကျမတို့မိသားစုနဲ့ကိုထွန်းတို့မိသားစု ရင်းနှီးလာကြတဲ့အခါမှာ ကျမအမေက ကျမနဲ့ကိုထွန်းကိုသဘောတူလို့ ရင်းရင်းနှီးနှီးနေခိုင်းခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ကျမအဝေးကလူနဲ့ အိမ်ထောင်ကျမှာစိုးလို့ ကျမကိုမခွဲနိုင်ကြလို့ အနီးနားကလူပဲသဘောတူခဲ့တာပါ။

ဒီလိုနဲ့ကျမနဲ့ကိုထွန်းလက်ထပ်ပြီး တစ်နှစ်လောက်ကြာတော့ ကျမမှာကိုယ်ဝန်ရှိခဲ့ပါတယ်။ ထို့အတူ ကျမရဲ့မိခင်မှာလည်း ကိုဝန်နဲ့ပါ။ ကျမအမေဗိုက်နာလို့ဆေးရုံတက်တော့ ကျမမှာကိုယ်ဝန်အရင့်အမာနဲ့မို့ အဖေက ဆေးရုံကိုလိုက်ဖို့ ခွင့်မပြုခဲ့ပါဘူး။ အမေလည်း အဲ့ဒီကလေးကိုနောက်ဆုံးမွေးခြင်းဖြင့်အသက်ပါပေးခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း အိမ်ထောင်ပြုပြီး စီးပွားရေးကိုဘာမှမလုပ်၊ အလုပ်ကိုလက်ကြောမတင်းတဲ့ ကျမယောကျာ်းကြောင့် သမီးဒုက္ခရောက်မှာစိုးပြီး အဖေကသူနဲ့အတူနေခိုင်းခဲ့ပါတယ်။ကိုထွန်းရဲ့ မိဘတွေကလည်း သူ့ဇာတိကိုပြန်ပြောင်းသွားကြပါတယ်။ ကျမလည်း သားယောကျာ်းလေးတစ်ယောက်ကို အောင်မြင်စွာမွေးဖွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူငယ်နာ ခဏခဏတက်နေလို့ အဖေက သူ့မြေးကို ကျော်ရွဲ့ လို့ အမည်ပေးခဲ့ပါတယ်။ အဖေက သူ့မြေးကိုသိပ်ချစ်ပါတယ် အလုပ်ကပြန်လာလို့အိမ်ပြန်ရောက်တာနဲ့ မြေးကိုချီထားတက်ပါတယ်။ ထမင်းစား ရေနွေးကြမ်းသောက်တာကအစ မြေးကိုပေါင်ပေါ်တင်ထားပြီး တစိမ့်စိမ့်ကြည့်နေတက်တာပါ။

တစ်နေ့မှာ အဖေအလုပ်ကပြန်လာတော့ သူ့မြေးကိုလည်းမချီနိုင်ပဲနဲ့ ကျမကို "လုံမ အဖေ့တစ်ကိုယ်လုံးတောင့်တင်းနေတာပဲ ခဏအိပ်အုံးမယ်" လို့ အဖေကပြောတော့ ကျမရဲ့ပေါကြောင်ကြောင်အတွေးနဲ့ စဉ်းစားမိတာက "အဖေတော့တောင့်တင်းနေပြီပြောတယ် သေတော့မယ်နဲ့တူတယ်" လို့ တွေးပြီး ကလေးတစ်ဖက်ချီရင်း ရွာနီးချုပ်စပ်အဖေ့အမျိုးတွေဆီကိုသွားပြီး "အဖေတော့သေတော့မယ် တောင့်နေပြီ"လို့ လိုက်ပြောတဲ့အတွက် အဖေ့အမျိုးတွေလည်း စိုးရိမ်စွာနဲ့ အိမ်ကိုလာကြတာပေါ့။ သူတို့အိမ်ကိုရောက်လာတော့ ဆူဆူညံညံအသံတွေကြောင့် အဖေထလာပြီး ဘာဖြစ်တာလည်းမေးတော့၊ ဦးကြီးက.. "မင်းအသက်ထွက်ခါနီးနေပြီ တောင့်နေပြီပြောလို့ ငါတို့လာကြတာ"လို့ ပြောတော့ အဖေက ကျမဘက်လှည့်ပြီး "လုံမ ဘယ်လိုဖြစ်တာလည်း"မေးတော့ ကျမလည်း... "မသိဘူးလေ အဖေပဲတောင့်တင်းနေပြီပြောတာပဲလေ" ဆိုတော့ အဖေကပြုံးပြီး
"ရူးပါပေ့လုံမရယ်" လို့ ပြောရှာပါတယ်။ ဒီလိုနဲ့ ကလေး နှစ်နှစ်သားအရွယ်ရောက်တော့ ကျမခင်ပွန်းက သူ့မိဘတွေနေတဲ့ဆီမှာသွားနေကြဖို့ ကျမကိုအပြောကောင်းကောင်းနဲ့ အမျိုးမျိုးနားချပြီးပြောတာကြောင့် ကျမသူ့ကိုယုံကြည်ပြီး သူနဲ့အတူတူလိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

............

ဆက်ပါအုံးမည်။.....

@komoezaw

MSC-030

Sort:  

ကိုမိုးလည်း တောင့်တင်းမှုတွေမရှိရအောင် စာတွေ
ဆက်ရေးပါဗျ

ဟုတ် စာဆက်ရေးဖို့လေ့ကျင့်ခန်းပါလုပ်မှဖြစ်မယ်ကိုညီရေ😁😁

ကိုမိုးရော စာရေးရင်း တောင့်တင်းမနေဘူးလား။😁😁😁

😂😂😂
တောင့်တင်းနေရင် လွယ်ဘူး😂😂😂

တောင့်တင်းစွာနဲ့ ရီလိုက်မိတယ် ကိုမိုးဇော်

ဟီး ဆွေမျိုးတွေစုပြီးလာနေအုံးမယ်နော့😁😁😁

ဘာတွေဆက်ဖြစ်မလဲ
မျော်နေပါတယ်ဗျ
တောင့်တင်းနေပြီဆို သတိထားပါ့မယ်ဗျ😀😀😀

သတိထားညီရေ😂😂😂

မြေးဖွားသုံးယောက် ရုပ်ဆင်တယ်နော်

ဟုတ် ဆင်သလိုလိုပဲ😁😁😁

ကျွန်တော်တော့မတောင့်ရဲဘူး။ ချမ်းလို့အေးလို့ ကွေးနေတာ

ချမ်းလို့အေးလို့တောင့်နေရင်တော့မလွယ်ဘူးနော် အဲ့ဒါကသေချာတယ် ဟီး 😂😂😂

အပြောဘဲကောင်းလို့လား..အရေးဘဲကောင်းလို့လား
စိတ်ဝင်စားစရာ..အလွန်ကောင်းပါတယ်။ရှေးကလူတွေရဲ့
ချစ်စဖွယ်ရိုးသားမူ့တွေလည်း..မြင်နေရတယ်။

ဟုတ်
ကျနော်က အမေ့လက်ရေးကိုစာပြန်ရိုက်တာ အန်တီရေ ဟီး
ဖတ်ရှုပေးတာကျေးဇူးနော် အန်တီ

ဖက်​ရင်းနဲ့ကို ရင်​​မောလိုက်​တာ ကို​ဇော်​ရေ.​..😢

ဟုတ်တယ်ကိုလင်းရေ
သူတို့ဘဝတွေလည်း ဇာတ်ကားထဲက ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေတယ်။

မွေစားကလေးလည်း သနားပါတယ်
အမွှာကလေးလည်းသနားပါတယ်
ကလေးလေးတွေကိုဆိုရင် အန်တီကအရမ်းချစ်ပြီးသနားတယ်

ဟုတ်.အန်တီရေ
သနားပေမယ့်လည်း ကံတရားက သူတို့ကိုအသက်ရှင်ခွင့်မပေးခဲ့ဘူးပေါ့
အခုအချိန်မှာတော့ ရေးနေရပေမယ့် အဖွားလည်း လူ့လောကကြီးထဲမှာ ရှိမနေတော့ပါဘူး။

တွေးတတ်​ပါ​ပေ့ အဖွားရယ်

ဟုတ်😁😁😁

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63209.62
ETH 2570.91
USDT 1.00
SBD 2.76