ကျွန်တော်နှင့် လွမ်းမောဖွယ်ကောင်းသော မန္တလေး ညများ - ( အပိုင်း - ၅ ) ( Henry Aung )
မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော မန္တလေး ခရီးစဉ်အကြောင်း ဆက်ပါအုံးမည်။ ဤဆောင်းပါးတွင် မိမိတို့ အလှူအတန်းပြုလုပ်ခဲ့ကြသော စိတ်ရောဂါကုဆေးရုံ အကြောင်း ဖေါ်ပြပေးမည် ဖြစ်သဖြင့် စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အရေးအသားများအား မဖတ်လိုသူများ ဤဆောင်းပါးကို ကျော်သွားကြပါရန် မေတ္တာရပ်ခံပါသည်။
နောက်တနေ့ကာရောက်လေပြီ။ မိုးလင်း၍ နံနက် ခြောက်နာရီထိုးခန့်တွင် @Domelay မှ ဖုန်းခေါ်လာ၏။ ကျွဲဆယ်ကန်သို့ နံနက် ၁ နာရီခန့်က ရောက်ကြောင်းလည်း ပြောပြ၏။ အစီအစဉ်မှာ သက်ကို ဇော်မှ ဒိုမီ အား ကြို၍ သူ့အိမ်တွင် ညသိပ်ရန် ဖြစ်၏။ အရေးအကြောင်းဆိုလျင် သက်ကိုဇော်ဖုန်းကာ ခေါ်မရတော့။
ဒိုမီလေး လည်း နံနက်မိုးလင်းသည်ထိ ကားကွင်းတွင် ငုတ်တုတ်ထိုင်နေသောဟူ၏။ အတော်ဆိုးသော သက်ကိုဇော်ပါပေ။ ထို့နောက် ဒိုမီလေးအား တွေ့ရာ ဆိုင်ကယ် ကယ်ရီစီး၍ မိမိတည်းနေသော ဟိုတယ်သို့ လာခိုင်းရ၏။ အလှူသို့ သွားရန်မှာ ၉ နာရီ ချိန်းထားသဖြင့် ဒိုမီလေးအားအနားယူခိုင်းရ၏။
နံနက် ၈ နာရီခန့်တွင် @tinhlaingoo ဆရာတင်လှိုင်ဦး ရောက်ချလာ၏။ ထို့ နောက်@pyaesonekhinkhin ပြည့်စုံခင်ခင် ရောက်လာ၏။ ထို့ အတူ @ansoe ကိုစိုးနိုင်နှင့် @nyinyiwin ကိုညီညီဝင်းခေါ် ကိုရွှေဘိုလည်း ရှေ့နောက် မဆိုင်းပဲ ရောက်လာကြ၏။ လူကာစုံလေပြီ။ Victoria palace hotel ဧည့်ခန်းတွင် ထိုင်၍ စကားပြောနေကြသေး၏။
သက်ကိုဇော်အား ဖုန်းခေါ်သော် မောင်မင်းကြီးသားမှာ မျက်နှာပင်မသစ်ရသေးဟူလို။ မိမိလည်း မန္တလေးမှ ထုံးဘို သို့ သွားသော လမ်းခရီအကွာအဝေးကို မသိရကာ စိတ်ပူပန်မိ၏။ မိမိတို့ ၏ အလှူကာ နေ့လည်စာဖြစ်၍ နောက်ကျသွားသဖြင့် လူနာများ နေ့လည်စာ စားပြီးသွားကြလျင် မိမိတို့အလှူမှာ အဟောသိကံ ဖြစ်ချေတော့မည်။ သက်ကိုဇော်အား တွန်းရ၏။ သူကလည်း တခုပြီ တခုစီမံရသည်မှာ လက်မလည်နိုင်အောင်ရှိချေပြီ။
နံနက် ၉ နာရီခွဲခန့်တွင် အားလုံး ထွက်ခွာရန် အသင့်ရှိချေပြီ။ ထို့နောက် မိမိတို့အားလုံး ကားနောက်ခန်းတွင် တစုတဝေးထိုင်ကြ၍ အလှူသို့ ချီတက်လေပြီ။ လမ်းခုလတ်တွင် @donjaun ကိုဒွန် တည်းနေသော ဟိုတယ်သို့ ဝင်၍ ခေါ်ရသေး၏။ ကားနောက်ခန်းတွင် ထိုင်၍ စကားပြောရီမော၍ သွားရသည်မှာ ပျော်စရာကောင်း၏။
မည်သူမျှ ဓါတ်ပုံရိုက်ရန် ပင်သတိမရကြ။ ကျွနုပ်မှာ ဤကဲ့သို့ အဖွဲ့လိုက်စုပြီး ခရီးမသွားရသည်မှာ အတန်ကြာပြီဖြစ်၏။ လမ်းကာ အချို့နေရာတွင် အတော်အတန်ကောင်းမွန်၏။ အချို့ နေရာတွင်ကာ လမ်းချဲ့နေသဖြင့် ဖုန်တို့ကာ အလိမ့်လိုက်။ ဤသို့ စကားပြောရင်း ၊ ရီမော ရင်း၊ ဖုန်ရှုရင်း ဖြင့် ကားစီးလိုက်သည်မှာ ၁၁ နာရီထိုးသော် ထုံးဘို ရှိ စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ရှိလေတော့၏။ ဆေးရုံဝန်းမှာ အတန်ငယ်ကျယ်ဝန်း၍ သရက်ပင်များဖြင့် ဝေဝေဆာဆာ ရှိ၏။
ဆေးရုံရှိအဆောင်များလည်း တခုနှင့် တခု အကွာ အဝေးအတော်ခြားသည့် အပြင် မြေညီထပ် အဆောက်အဦးများသာ ဖြစ်သဖြင့် လေဝင်လေထွက်လည်းကောင်းမွန်၏။ တခုထူးခြားသည်မှာဤ ဆေးရုံတွင် ဆိုးဝါးသော အနံ့ အသက်မရှိခြင်းပင်ဖြစ်၏။ သို့မဟုတ် မိမိနှာခေါင်းသာ မကောင်း၍လောမသိ။
သာမန်စိတ်ဝေဒနာရှင် လူနာများ နှင့် မူးယစ်ဆေးစွဲ စိတ်ဝေဒနာရှင် လူနာတို့ အား အဆောင်ခွဲထား၏။ မိမိတို့ လှူတန်းသည်မှာ သာမန်စိတ်ဝေဒနာရှင် ရှိသောလူနာများ အား လှူတန်းခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် မူးယစ်ဆေးစွဲ စိတ်ဝေဒနာရှင် လူနာတို့မှာ ချမ်းသာသူများ သဖြင့် အလှူ လည်းပေါများကြောင်းသိရ၏။ ချမ်းသာသူတို့သာ ဈေးကြီးသော မူယစ်ဆေးသုံးနိုင်ကြသူများ မဟုတ်လော။ ရှိစေတော့ ။
မိမိတို့လည်း အစားအသောက် များကို ကားပေါ်မှချ၍ လှူတန်းရန်ပြင်ဆင်ရ၏။ စိတ်ဝေဒနာရှင် လူနာများဖြစ်သောကြောင့် အန္တရာယ်ရှိ၍ လူအများအပြား မဝင်ကြရန် တားမြစ်၏။ မိမိနှင့် အတူ ဆရာတင် ၊ ပြည့် စုံ ၊ ဒိုမီလေးနှင့် ကိုဒွန်တို့ ဝင်ရောက်လှူဒါန်းရန် ပြင်ဆင်ကြ၏။ အခြားသူများကာ ဆေးရုံ အပြင်ဘက် နားနေဆောင်တွင် စောင့်နေကြရ၏။
မိမိတို့လည်း အစားအသောက်များအား လူနာတင် လှည်းပေါ်သို့ တင်၍ တခန်းဝင် တခန်းထွက် လူနာရှင်တို့ အား မိမိတို့ လှူဒါန်း သော နေ့လည်စာ ဒံပေါက်ဘူးနှင့် ဖျော်ရည် ဘူးတို့ အားလိုက်လံဝေငှကြ၏။ ကျွနုပ်သတိထားမိသည်မှာ စိတ်ဝေဒနာရှင် လူနာများမှာ အများအားဖြင့် နွမ်းပါးကြသူများသာဖြစ်ကြ၏။
အချို့လူနာမှာ လူနာစောင့်များ ရှိကြသော်လည်း အချို့မှာ တယောက်တည်းဖြစ်၏။ အချို့လူနာက ပုံမှန်စိတ် ဖြစ်နေ၍ မိမိတို့အား ကျေးဇူးတင်ကြောင်း ပြန်ပြောနိုင်ကြသော်လည်း အချို့မှာ ကြောင်စီစီနှင့်သာပြန်ကြည့်ကြ၏။ တနေရာတွင် လူနာစောင့်မှ လူနာအား ထမင်းကျွေးနေသည်ကို့ တွေ့ရ၏။
မိမိလည်း ဒံပေါက်ဘူးကို ကမ်းပေး၍ သူတို့စားနေသော ထမင့်ချိုင့်အား ကြည့်မိသော် ဝမ်းနည်းသွားမိ၏။ ထမင်းကြမ်းနှင့် ငါးနီတူ ခြောက်ကြော်သာ စားနေကြ၏။ ကျွနုပ်မှာ အများအားဖြင့် လူနာတို့အား နေ့လည်စာ ဝေငှ ရာတွင် လူနာတို့၏ မျက်လုံးကိုသာ အဓိက ကြည့်မိ၏။
အကြောင်းမှာ ကျွန်ုပ်တို့၏ အတွင်းစိတ် အားသိနိုင်သော အကောင်းဆုံးနေရာမှာ မိမိတို့ မျက်လုံး ဖြစ်၏။ ဤသူသည် ပျော်နေသည်လား ၊ဝမ်းနည်း နေသည်လား ၊ စိတ်လှုပ်ရှား နေသည်လားဆိုသည် မှာ ကိုယ်ကာယ မည်မျှပင် ဟန်ဆောင်နေသော်လည်း မျက်လုံး တွင် သိနိုင်၏။
ဆိုခဲ့သည့်အတိုင်း စိတ်ဝေဒနာရှင် တို့၏ မျက်လုံးကာ အားလုံးအတူတူနီးပါးဖြစ်၏။ အားငယ်ခြင်း ၊ မျှော်လင့်ချက်မဲ့ခြင်း နှင့်အတူ ဝမ်းနည်းနေသည် အရိပ်အယောင်ကို ခံစားရ၏။ အချို့ကာ လဲလျောင်းလျက် ။ အချို့ကာ ငုတ်တုတ်ထိုင်လျက် ။ အချို့ကာ လူနာစောင့်များနှင့်အတူ ထိုင်လျက်။
အားလုံး၏ တူညီသောအချက်ကား နွမ်းပါးပုံရကြခြင်း ဖြစ်၏။ အချို့ကာ အဆောင်အလယ်ရှိ ခုံတန်းတွင် ထိုင်လျက်နေကြ၏။ အချို့ကာ တယောက်တည်း စကားပြောနေကြ၏။ တယောက်ကာ လေးဖက်ထောက်၍ ကြောင်ကလေးနှင့် စကားပြောနေ၏။ ကျွနုပ်တို့လည်း လူနာထိန်းများ အကူအညီဖြင့် တခန်းဝင် တခန်းထွက် နေ့လည်စာများ ဝေငှလာခဲ့ရာ နောက်ဆုံး အခန်းသို့ ရောက်ရှိရာတွင် မထင်မှတ်ထားသော စိတ်ဝေဒနာရှင် ခလေးမလေး တယောက်ကို တွေ့မိ၏။
ခလေးမလေးမှာ ဆယ်ကျော်သက် အရွယ်ဖြစ်၍ သန့်သန့်ပြန့်ပြန့်ရှိ၏။ အခန်း အပြင်ဘက်တွင် မိဘဆွေမျိုး ထဲမှ ဖြစ်ဟန်တူ သော အမျိုးသမီး တယောက်ဖြင့် ထိုင်နေ၏။ ထိုစိတ်ဝေဒနာရှင် ခလေးမလေး၏ လက်နှစ်ဖက်ကို ပူး၍ လက်ကောက်ဝတ်တွင် ကြိုးတုပ်ထား၏။ မိမိတို့အား တွေ့သည်နှင့် " ထားသွားကြ ငါ့ကို တယောက်တည်း ထားသွားကြ အကုန်လုံးသွားကြ " ဟူ၍ ပြော၍ ငိုနေတော့၏။ ချစ်ရသူ တစုံတယောက်မှ သူ့အားထားသွားခြင်း ဖြစ်တန်ရာ၏။
ထို့နောက် မိမိတို့ ဖြတ်ကျော်သွားသည်နှင့် အမျိုးသားတယောက်၏ အမည်ကို တကြော်ကြော်ခေါ်၍ ငိုယို နေတော့၏။ မိမိလည်း စိတ်ကို ချုပ်တည်းခြင်းငှာ မစွမ်းသာ၍ နောက်ပြန်လှည့်ကြည့်မိ၏။ထိုစိတ်ဝေဒနာရှင် ခလေးမလေးမှာ ဟစ်အော် ငိုယို၍ တမံတလင်းတွင် လူးလိမ့်နေရာ ဘေး မှ အဖေါ်ဖြစ်ဟန်တူသော အမျိုးသမီးမှ ဆွဲထူ၍ ဟစ်အော်ရပါမည်လောဟူ၍ ရိုက်နှက်လေတော့၏။
ထိုခလေးမလေး ငိုယိုနေခြင်းမှာ သာမန်ငိုနေခြင်းမဟုတ်။ အသည်းနှလုံးထဲမှ လှိုက်တက် လာသော ဝမ်းနည်း မှုဖြင့် ရှိုက်ကာ ရှိုက်ကာငို နေခြင်း ဖြစ်၏။ လက်နှစ်ဖက် ကြိုးတုပ်ခံထားရသဖြင့် ကျလာသော မျက်ရည် များအား သုတ်နိုင်ခြင်းငှာ မစွမ်းသဖြင့် မျက်ရည် တို့ မှာ ပါးနှစ်ဖက်တွင် အကြောင်းလိုက် စီးကျနေ၏။
လက်နှစ်ဖက် ကြိုးတုပ်ခံထားရ၍ ငိုယိုနေသော စိတ်ဝေဒနာရှင် ခလေးမလေးအား ရိုက်နှက်သော မြင်ကွင်းမှာ ကျွနုပ်အသည်းနှလုံး အား အပ်ဖြင့် ထိုးစွသကဲ့သို့ စူးနင့်နေအောင်နာကျင်မိ ၏။ သွားဆွဲ ရန်လည်း မိမိဖြင့် သိသူမဟုတ်၍ မဖြစ်နိုင်။ ကျွနုပ်လည်း ထိုမြင်ကွင်းအားမျက်နှာလွဲခဲ့တော့၏။
အဘယ်သို့သော ကံကြမ္မာ ဆိုးက ထိုမိန်းခလေး အား စိတ်ဝေဒနာရှင် ဖြစ်အောင် တွန်းပို့လိုက်လေသည်မသိ။ ကျွနုပ်လည်း မိမိညီမ အရင်းသာ ၏ကဲ့ သို့ စိတ်ဝေဒနာ ခံစားရလျင်ဟူသော နှမချင်းစာနာသည့် စိတ်ထည့်လိုက်လေရာ မျက်ရည်များ ဝှေ့တက်လာတော့၏။ ဤကဲ့သို့ စိတ်ဝေဒနာအား ယခုဘဝတွင်ကျေအောင် ဆပ်ပြီးလျင် နောင် ဘဝ အဆက်ဆက် မခံစားရစေကြောင်းလည်း ဆုတောင်းပေးခဲ့မိ၏။
များမကြာမှီ မိမိတို့အား တာဝန်ခံသူနှာပြု ဆရာမကြီးမှ ရုံးခံသို့ ကြွပါရန် ခေါ်ဆောင်သွား၏။ ရုံးခန်းတွင် ဆရာမကြီးမှ ယခုကဲ့သို့ စိတ်ဝေဒနာရှင် လူနာများအား လှူဒါန်သည့်အတွက် ကျေးဇူးတင်စကားပြောကြား၏။ ထို့နောက် ဆရာတင်လှိုင်ဦးမှာ MSC ကိုယ်စား ဆေးရုံမှတ်တမ်းတွင် အလှူ မှတ်တမ်းရေးထိုးခဲ့၏။
ကျွနုပ်ကလည်း ဆေးရုံအခြေအနေများ သိလို၍ မေးမြန်ရာ ထိုဆေးရုံတွင် အများအားဖြင့် အမျိုးသား စိတ်ဝေဒနာရှင်များသာ များပြားကြောင်း နှင့် အဓိက လိုအပ်နေသည် မှာ အဝတ်အစားများ ဖြစ်ကြောင်းလည်း သိရ၏။ ဟုတ်တန်ရာ၏။ ဝေဒနာရှင် အများစုကာ နွမ်းပါးသူများသာ ဖြစ်ကြ၏။
နွမ်းပါးရသည်ထဲ ဤကဲ့သို့ စိတ်ဝေဒနာ ခံစားရလေရာ " နူရာဝဲစွဲ ၊ လဲရာ သူခိုးထောင်း" သကဲ့သို့သာ ရှိရာ၏။ လှူဒါန်းမှု ပြီးဆုံးသွားပြီ ဖြစ်၍ ထိုဆေးရုံမှ ပြန်အထွက်တွင် မိမိစဉ်းစားမိသည်မှာ လူသတ္တဝါ ခြင်း တူသော်လည်း ကံအကျိုးပေးပုံ မတူခြင်းကို ဆင်ခြင်မိ၏။
နောက်တခါ အခွင့်ရလျင် ပြန်လာ၍ အဝတ်အစားများ မိမိတတ်နိုင်သလောက်လာရောက်လှူဒါန်းရန်လည်း ဆုံးဖြတ်ချက်ချမိ၏။ အပြန်လမ်းတွင်ကာ အလာတုန်းကလောက် စကားဖေါင်ဖွဲ့မပြောကြသည်ကို သတိထားမိ၏။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001
ဝမ်းနည်းစရာအဖြစ်တွေပါအကို တချို့ကျလည်းဆေးမသိတာဖြစ်ပါတယ် တချို့ကျလည်းဆေးကိုမ၀ယ်နျုင်လို့မထိုးနိုင်ကြတာဖြစ်ပီး တချို့ကလည်း ဆေးကိုမရှိခြင်းပါတယ်အကို ဒါနဲ့ပါတ်သက်ပီး မနက်ဖြန်ပရိုအတွက် ကွန်ေတော့်ဦးလေးနှင့်ဒေါ်လေးခံစားခဲ့ရသော စိတ်ဝေဒနာအကြောင်းရေးဖို့အကြံရသွားပါပီ ကျနော်တင်ဆက်ပေးမယ်အကိုဟင် ကျနော့်ဘ၀အကြောင်းရေးတင်ခြင်ပေမယ့် အမဲစက်တွေအများကြီးရှိနေတာကြောင့် မတင်ဖြစ်တာပါလို့ အငိပေးခဲ့ပါရစေအကိုရယ် စိတ်မကောင်းခြင်းများစွာဖြင့် ရွာက သာအေး
စောင့်မျှော် နေပါတယ် ညီလေးသာအေးရေ...
ဟုတ်အကို ကျေးဇူးပါခင်ဗျ
စိတ်မကောင်းစရာပါပဲ နောင်လည်း MSC ကနေ ဒီထက်မက လှူဒါန်းနိုင်ပါစေဗျာ
You got a 1.01% upvote from @allaz courtesy of @sawlwin!
Thanks for using Bid Voting Bot @allaz service and Steem Upvote Bot Tracker
I want to introduce you to my new friend @monsterbit in order to give additional thanks!
Do you know who is @monsterbit is? My friend, you can miss a lot. I highly recommend checking him with introduceyourself. He is going to hold interesting contests with cash prizes and promises to tell a lot of interesting stories!
တကယ်လိုအပ်နေတဲ့ နေရာ တကယ်လှူဖြစ်အောင်ကြိုးစားနေပါတယ် ဆရာစော ရေ....
You got a 17.86% Prime Upvote from @alphaprime courtesy of @sawlwin!
All Upvoted posts are considered for additional Upvotes and Resteem based on quality content criteria chosen by our moderators in an effort to give something back to the community.
You got a 50.00% upvote from @slimwhale courtesy of @sawlwin!
This comment has received a 1.90 % upvote from @speedvoter thanks to: @sawlwin.
Great post! You've earned a 17.86% upvote from @dolphinbot
You got a 6.83% upvote from @luckyvotes courtesy of @sawlwin!
အခုလို လူနာတွေ အကြောင်း ကြားရတာ စိတ်မကောင်းပါဘူး လိုတဲ့နေရာကို ဖြည့်မိသွားတာပေါ့နော်
အကောင်းဆုံးလုပ်ပေးခဲ့တယ်လို့ ခံယူမိပါတယ်။
You got a 20.00% upvote from @sleeplesswhale courtesy of @linthitsar!
ပုံစံအမျိုးမျိုး စိတ်ဝေဒနာသည်တွေတွေ့လိုက်ရတော့ အကိုဟင်ပြောသလို မောင်နှမသားချင်းများဖြစ်နေခဲ့လျင်ဆိုတဲ့စိတ်နဲ့ ကိုယ်ချင်းစာမိတယ်ဗျာ။ သူတို့လေးတွေဘဝ ဝဋ်ကြွေးများပါလာခဲ့ရင် ဒီဘဝမှာပင် ကြေပါစေတာ့လို့ ဆုတောင်းပေးမိပါတယ်။ အလှုပီးလို့ အပြန်ကားပေါ်မှာ စကားတစ်ခွန်းမပြောနိုင်တာကလဲ ရင်ထည်းခံစား ဝမ်းနည်းနေရလို့ပါဗျာ။
အမှန်တော့ ကိုရွှေဘို တို့ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို ဆောင်းပါး ရေးသင့်ပါတယ်။ အခြားသူတွေလည်း မတူညီတဲ့ ခံစားမှုနဲ့ ပုံဖေါ်လို့ ရတာပေါ့။
ကိုသက်လား ....
ပြောမနေနဲ့ ကျတော်ထွက်လာပြီ ပြောတာကို သူက လမ်းဆင်းလျှောက်လာပြီး ဝင်ခေါ်သေး။ သို့ပေမယ့် တလမ်းထဲကို လွဲနေသေးတယ်။ ကျတော်က လမ်းရဲ့ ဘယ်ဖက်ကလာ သူက ညာဖက်က ရှာ ... ကိုရီးယား ဒရမာတွေ ထဲကလိုပေါ့ဗျာ။ ကိုဟင် ပြောတဲ့ ကလေးမလေးကို သတိထားမိသေးတယ်။ အခန်းထဲ လူ ဘယ်နှယ်ယောက်လဲလို့ မေးတော့ ... သူက ထအော်သေးတယ်။ တောင်စဉ်ရေမရာတွေပေါ့။ ပြည့် အမေတောင် ချော့လိုက်ရသေးတယ်။ အကုန်လုံး သနားဖို့ကောင်းတယ်ဗျာ။ စိတ်ထဲမှာ တကယ် မကောင်းဘူး။
ဪအဲဒါကြောင့် ကြာနေတာကိုး။ ဒီကတော့ ကိုဒွန် အိပ်ရာက မနိုးသေးလို့ စောင့် ခေါ်နေတယ် အောက်မေ့တာရယ်။ သူတို့က ရုပ်ရှင်တကားတောင် ရိုက်လိုက်သေးတာကိုး...
😂
ကလေးမလေး ခံစားခဲ့ရတဲ့ဝေဒနာက တော်တော်ကြီးမားခဲ့လို့နေမှာပေါ့နော် အစ်ကို အဲလောက်ထိတောင်ဖြစ်သွားတယ်ဆိုတော့ ဖတ်မိတာတောင် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်ဗျာ မြန်မြန်လေး အသိတရားရနိုင်ပါစေလို့တော့ ဆုတောင်းမိပါတယ်ဗျာ
ဟုတ်ကဲ့ ။ ကျွန်တော်လည်း ဆုတောင်းပေးခဲ့ပါတယ်ဗျာ။ ဆေးရုံ တခုလုံး လက်ကြိုးတုပ်ထားတဲ့ သူဆိုလို့ သူတယောက်တည်း တွေ့ခဲ့တာရယ်။
ငယ်ငယ်ထဲက အမခေါ်သွားလို့  မြင်တိုင်းစိတ်မကောင်းမိပါ ။ ဒါကြောင့် သိပ်မလိုက်ဖြစ်တော့တာ စိတ်မခိုင်ဘူး
ဟုတ်ပါတယ်။ အခု တွေးကြည့်တိုင်း အခု ဝမ်းနည်းရတယ်။
တော်ပါပေ့ ကိုဟင်
မျက်လုံးကို စကမ် ဖတ်တာ
အတွင်းထိရောက်ရော
အဲတာတော့ ဘယ်လို ပြောရမလဲ အစ်ကိုရေ..... ရောက်တဲ့နေရာမယ် ကျွန်တော့ မျက်လုံးတွေက ဓါတ်ပုံ ရိုက်ထားသလို စွဲနေတာရယ်။
ဖတ်ပြီးတော့ ရင်ထဲမှာ စို့နေခဲ့တယ် နောက်တစ်ကြိမ်လှူရင် ပါဝင်နိုင်အောင်ကြိုးစားမယ်ဗျာ
ဟုတ်ကဲ့။ နောက်တခါ အလှူကြရင်လည်း အသိပေးပါ့မယ်။
အားလုံးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းသာ သာတုခေါ်ပါတယ်ဗျာ
အလွန်ကို မွန်မြတ်သော အလျှူ တစ်ခုပါ ဗျာ
နောက်ထပ် အလျှူ များကို ပါဝင်ခွင့် ရစေချင်တယ်ဗျာ
တစ်နေ့ေ့တော့ ကျွန်တော်တို့အဖွဲ့သားအားလုံးနဲ့အတူ
ကောင်းမွန်သော အလျှူ တစ်ခု ဆင်နွဲချင်တယ် အကိုဟင်
ဟုတ်ကဲ့ပါ။ MSC admin များကလည်း တကယ်လိုအပ်နေတဲ့နေရာ လှူဖြစ်အောင်ကြိုးစားနေကြပါတယ်။