တစ်ခါတုန်းက မန္တလေး အငြိမ့်များ

in #myanmar6 years ago (edited)

သီတင်းကျွတ် တန်ဆောင်မုန်းလများမှစ၍
မန္တလေးမြို့ကြီးက လှုပ်ရှားသက်ဝင် ဂီတသံစဉ်
များနဲ့ အလှူ ရေစက်လက်နှင့်မကွာ အလှူပွဲတော်များကျင်းပကြတော့သည်။ မြို့နယ်၊ ရပ်ကွက်
များရှိ ဘုရား၊ ဓမ္မာရုံများတွင် ဘုရားပွဲများ အပြိုင်ကျင်းပကြသည်။ တန်ဆောင်တိုင်ကထိန်ပွဲများ
ကလည်း နေရာအနှံ့အပြား မြိုင်မြိုင်ဆိုင်ဆိုင်
အပြိုင်ကျင်းပကြသည်။ ရပ်ကွက်၊ အလုပ်ရုံ၊
ဋ္ဌာနဆိုင်ရာ ကထိန်များက သူ့ထက်ငါ အပြိုင်
ဘုံကထိန်ပွဲများပြုလုပ်ကြသည်။

ငထွေးတို့ငယ်စဉ်က အဖေ့ရုံးမှ ပြုလုပ်သည့်
ကထိန်ပွဲကို ယခုအထိ ပြန်မြင်ယောင်မိသည်။
ငထွေးတို့ ၁တန်း ၂တန်းအရွယ်က ကထိန်ပွဲများ
ဖြစ်သည်။ ငထွေးတို့အဖေရုံးသည် ရထားသံလမ်းများကို ပြုပြင်ပေးရသည့်ရုံးဖြစ်သည်။အဖေ့ရုံးနှင့်ကပ်လျှက်တွင် လုပ်ငန်းအုပ်ကြီးရုံး၊ တွဲပြင်ရုံနှင့်
ပါဆယ်ဌာနများရှိသည်။ အဆိုပါရုံးများသည်
တန်ဆောင်မုန်း ကထိန်ရာသီရောက်ပြီဆိုလျှင်
တစ်ရုံးနှင့် တစ်ရုံး တစ်ဋ္ဌာနနှင့် တစ်ဋ္ဌာန
ကထိန်ပွဲကို အပြိုင်အဆိုင်ကျင်းပကြသည်။
ကထိန်ပွဲမှာ ငထွေးတို့ကလေးများကို ထမင်းကျွေး
တာမှတ်မိသည်။ ဒန်းအိုးဖုံးကြီးပေါ် ထမင်းများပုံ၍
ကျွေးသည်။ ကလေးငါးဦးဝိုင်းကာ ကိုယ့်ရှေ့ရှိ
ထမင်းပုံပေါ်သို့ လက်နိုက်စားခဲ့ရသည်။ ကြက်သား
ဟင်းရည်ဆမ်းနှင့် ကထိန်ထမင်းစားရတာ
ပျော်လဲပျော် စားလို့လဲကောင်းလှသည်။

image
image source

image
image source

ကထိန်ပွဲ များကို တစ်ပတ်ခြားပြုလုပ်သည်ထင်ပါ
သည်။ ကထိန်ပဒေသာပင်များကလည်း မြိုင်ဆိုင်သလို ကထိန်အောင်မြင်ရေး အငြိမ့်ပွဲများကလည်း
အပြိုင်နွဲုကကြသည်။ ဘယ်ဋ္ဌာ ကထိန်က ပဒေသာပင် ဘယ်ရွေ့ဘယ်မျှ ဘယ်ကနည်းသည် ဘယ်ကဖြင့်များသည် ပြိုင်ဆိုင်ကြသည်။ တဖန်ဘယ်ဋ္ဌာန
ကထိန်ရဲ့ အငြိမ့်ကပိုကောင်းတယ် ဘယ်ဋ္ဌာနအငြိမ့်ကဖြင့် မကောင်းဘူးစသည်ဖြင့် ကထိန်ပြီးလျှင်
ပြောဆိုကာပြိုင်ဆိုင်ကြသည်။

အငြိမ့်ကသူ သဘင်ပညာသည်များကလည်း
မခိုမကပ် အပြိုင်နွဲု က သည်။ ကိုယ့်အငြိမ့် အမည်
ရရေး ကြိုးစားပမ်းစား ကပြဖျော်ဖြေပေးကြသည်။
အငြိမ့်များသည် ဒီနှစ်ငှါးပြီးပါက နောက်နှစ်သူတို့
အငြိမ့်ထပ်ငှါးဖို့အရေး အစွမ်းရှိသမျှကပြ ကြပေ
သည်။ မီးရထား ကထိန်ပွဲများပြီးပါက ၇၈ လမ်းအရှေ့ဖက်ရှိ လျှပ်စစ်ဋ္ဌာနမှလည်း မီးရထားနှင့်
အပြိုင် ကထိန်ပွဲကိုကျင်းပသည်။ အငြိမ့်ပွဲများကို
သီတင်းကျွတ်တန်ဆောင်မုန်းလများမှစ၍ ဝအီ
နေအောင်ကြည့်ရပေသည်။

အငြိမ့်ပွဲများကြည့်ရာတွင် အငြိမ့်စင်ရှေ့သို့
ညပွဲကြည့်ရန် ဖျာလုခင်းရသည်မှာ ပျော်စရာ
ကောင်းလှသည်။ လျှပ်စစ်ဝင်းအတွင်းရှိ အငြိမ့်
ပွဲအတွက် ဖျာခင်းရာတွင် လျှပ်စစ်ဝန်ထမ်းမိသားစု
နှင့် ငထွေးတို့ မီးရထားဝန်ထမ်းမိသားစု
ဖျာလုခင်းရင်း အမြဲရန်ဖြစ်ရသည်။ တစ်ခါတစ်ရံ
ဖျာလုခင်းရင်း စကားများကာ ထနပန်းလုံးသတ်
ကြလေသည်။ ငထွေးတို့ငယ်ဘဝ ကထိန်များက
အဲ့လို နပန်းလုံးရလောက်အောင် အငြိမ့်ပွဲများနဲ့
စည်ကားခဲ့သည်။

ဘုရားပွဲနှင့် ကထိန်ရာသီပွဲများပြီးသွားပါက တစ်နှစ်စာထိုင်စားသောက်နိုင်အောင် အငြိမ့်ပွဲကသူ
အနုပညာသည်များသည် ငွေကြေးရကြသည်။
ငထွေးတို့ ငယ်စဉ်အချိန် အငြိမ့်များက အလွန်ပေါများလှသည်။ ယခုအခါမှာတော့ အငြိမ့်များ
လွန်စွာနည်းပါးသွားသည်။ အနုပညာသည်များ
လည်း ရရာအလုပ်လုပ်ကိုင်ကြရင်း အဖွဲ့သားများ
ကွဲကုန်ကြရှာသည်။ မန္တလေးမြို့တွင် အငြိမ့် ၃ခုသာရှိတော့သည်။ ထိုအငြိမ့်များမှာ -

• ဒို့ညီအစ်ကို ချိုတူး

• သစ်လွင်

• မြတရာ အငြိမ့်တို့သာကျန်ရှိသည်။

အငြိမ့်များရှားပါးသွားသည်မှာ ဝမ်းနည်းဖွယ်
ကောင်းလှပေသည်။ အငြိမ့်ထက် ဇာတ်များက
များပြားသည်။ အငြိမ့်က မိုးလင်းထိ ကပြမှုမရှိချေ။
ပွဲကြည့်သူများက ငွေကြေးမပေးရပဲ အငြိမ့်ကို
အလကားကြည့်ရသည်။ ဇာတ်များက ၂ည မိုးလင်းက၍ ပွဲကြည့်သူများက ပိုက်ဆံပေးကြည့်ကြရ
သည်။ ထို့ကြောင့် ငွေပြန်ရရှိသော ဇာတ်များကိုသာငှါးကြသည်။ အငြိမ့်ငှါးသည့် ဘုရားပွဲများကရှားပါး
လာသည်။အငြိမ့်များလည်း တဖြည်းဖြည်းနည်းပါးလာခဲ့သည်။ ယခုခေတ်တွင် ကထိန်များမှလည်း
အငြိမ့်ဈေးကြီး၍ မငှါးနိုင်ကြတော့ပေ။

image
image source

image
image source

စစ်ကြိုခေတ်တွင် လေဘာတီမမြရင်၊
ဒေါ်သြဘာသောင်း တို့ကပြခဲ့ကြသည်။
အငြိမ့်မှ ရုပ်ရှင်လောကသို့. ဒေါ်စံရှားတင်နှင့်
ဒေါ်နွဲ့နွဲ့စန်းတို့ ကူးပြောင်းကာ ထင်ရှားခဲ့သည်။
ဟိုတစ်လောက ဂျာနယ်တစ်စောင်တွင်ဖတ်လိုက်ရ
သည်။ အသက်အရွယ်ကြီးသော သဘင်အနုပညာ
သည်များကို ဒို့ညီအစ်ကို ချိုတူး အငြိမ့်မှဦးဆောင်၍
အငြိမ့်မင်းသမီးကြီးများနှင့် လူရွှင်တော်ကြီးများကို
ဂါရဝပြု ကန်တော့ခဲ့သည်။ မြတရာအငြိမ့်အဖွဲ့မှ
လည်း သက်ကြီး အငြိမ့်သဘင်သည်များကို
တစ်ဦးလျှင် ငွေကျပ်တစ်သိန်းငါးထောင်နှင့်
ထမင်းကျွေးဧည့်ခံကာ ကန်တော့ခဲ့ကြသည်။

ခေတ်ကာလ ပြောင်းလာသည့်နှင့်အမျှ အငြိမ့်ပွဲ
ဇာတ်ပွဲကြည့်သူများလည်း နည်းပါးသွားသည်။
အငြိမ့် ဇာတ် ကပြသူ အနူပညာရှင်များသည်လည်း
မည်သို့ လုပ်ကိုင်ရှာဖွေစားသောက်နေကြသည်
မသိပါ။ ယခုကဲ့သို့ သဘင်ပညာသက်ကြီးရွယ်အို
များကို ဂါရဝပြု ကန်တော့သည့်အကြောင်းကို
ဖတ်လိုက်ရသဖြင့် ကြည်နူးဝမ်းသာပီတိဖြစ်ရ
ပါသည်။ သဘင်အနုပညာသည်များ ကျန်းမာ
ဝမ်းသာကြပါစေ......။

Author @htwegyi
MSC.036

Sort:  

အငြိမ့်တို့ ဇာတ်တို့ အင်အားနည်း လာတာ စိတ်မကောင်းစရာပါ။ ဒါပေသိ ကိုယ်တွေကလည်း ဘာမှ မလုပ်ပေးတတ်။ အငြိမ့်တော့ ကောင်းကောင်း ကြည့်ဖူးတယ်ဗျ။ ဇာတ်တော့ ကောင်းကောင်း မကြည့်ဖူးဘူး။ ၂၀၁၅ အစိုးရ အသစ်တက်လာတော့ မှတ်မှတ်ရရ MRTV ကလာတဲ့ ဇာတ်တစ်ခုတော့ ကြည့်ဖူးတယ်။ နာမည်က သီရိ ဆိုတာတော့ ပါတယ်ဗျာ။ ကျနော် တော်တော် သဘောကျသွားတယ်။ အဲတော့မှ အရသာသိသွားတာ ။

Posted using Partiko Android

ကိုယ်တိုင် အငြိမ့်စင် ဇာတ်စင်ရှေ့ကြည့်ခဲ့ရတာ
အရသာတစ်မျိုးပ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ကျွန်မတို့ ဆီမှာဟိုတုန်းက ကထိန်ဆိုအငြိမ့်ကိုအပြိုင်အဆိုင်ငှားထည့်ကြတာခုတရားပွဲပဲပါတော့တယ်

ဟုတ်တယ်ဗျ အငြိမ့်က ဈေးများတော့ သံဃာတော်တွေ
ပိုလှူလိုက်တာပ တေးဂီတနဲ့လောက်ပြီးလိုက်ရတယ်

ဆိုင်းသမားတွေ ကိုယ်တုံးလုံး တီးကြတာလား😁

Posted using Partiko Android

ဆိုင်သမားတွေက ချမ်းသာတယ်ဗျ အလှူတွေကငှါးတော့

လွမ်းတာ အဲ့တုန်းကဆို ကိုယ်တွေကတော့ စင်ဝယ်ပေးဖို့
အမေ့ကိုပူဆာရတာအမော

ငယ်တုန်းကြည့်ခဲ့ရတဲ့ အငြိမ့်တွေသတိရချက်

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 1000 replies. Your next target is to reach 1250 replies.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

The Meet the Steemians Contest is over - Results are coming soon ...

Support SteemitBoard's project! Vote for its witness and get one more award!

ခေတ်ပေါ်တွေကများနေတာက ယဉ်ကျေးမှုကို ပျောက်စေတယ်ဗျာ

Posted using Partiko Android

ဟုတ်တယ် ဇာတ်ပွဲတွေက နောက်ပိုင်း ဇာတ်တော်ကြီးတွေ မကကြတော့ဘူး

ခုက ဖုန်းဘဲ ပွတ်နေကြ တော့တာ က်ုယ်လည်းတူတူဘဲ ရပ်ကွက်ကထိန် ဇာတ်ပါတာ ဆူညံနေတယ် အိပ်မရဆိုပီး ဇာတ်သွားကြည့်ပေါင် ဖုန်းထိုင်ပွတ် နာ

အို ကိုယ့်အိမ်နား ဇာတ်စင်ဆောက်လို့ကတော့
ညအိပ်ရေးပျက်ပြီးမှတ် သီးချင်းတစ်ပုဒ်ကို
သုံးလေးငါးဦးလောက်ဝိုင်းအော်နေတာ နားမခံစရာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

အငြိမ့်ပွဲလေးတွေက အခုဆို ရှားပါးဘဲ

တော်တော်ကို ရှားသွားတယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63744.49
ETH 2639.10
USDT 1.00
SBD 2.77