စိုးနှောင့်ဗျာပွေခဲ့စဉ်က ( ၂)
(ပထမပိုင်း ဖတ်ရန်)
https://steemit.com/myanmar/@htwegyi/soe-wang-undefinedbykhes-k-e2f98ddeb2d3c
”လူနာနှင့် ဘာတော်လဲ၊ လူနာက ဒုတိယအဆင့်
ရောက်နေပြီ၊ ၁ လဓာတ်ကင်ရမည် ၆လ တိတိ
ဆေးသွင်းရမည်၊ သွင်းရမည့်ဆေးက တန်ဘိုး
ကြီးသည်။ ဝန်ထမ်းများဖြစ်၍ ဆေးဖိုးတတ်နိုင်
ပါမည်လား” မေးသည်။
ကျွန်တော် အိမ်ရောက်သည့်အခါ အစ်မကိုပြောပြ
သည်။ ရန်ကုန်မှ အစ်ကိုကြီးထံ အကြောင်းကြား
ပြီး မိသားစုတိုင်ပင်ကြသည်။ အစ်ကိုကြီးမှ အမေကို
ရအောင်ကုမည် ငွေကိုသူပို့ပေးမည်ဟုပြောသည်။
အစ်ကိုကြီး၊ ကျွန်တော် နှင့်အစ်မ တို့ ကင်ဆာဌာနမှ ဆရာဝန်ကြီးကိုတွေ့ကာ ကုသမည့်အကြောင်း
ပြောသည်။
တစ်လတိတိ ဓာတ်ကင်ရသည်။ မန္တလေး ဓာတ်
ရောင်ခြည်ဌာနသို့ ညနေ ၇ နာရီအချိန်ဆို အမေ
နှင့် ကျွန်တော်ရောက်ရှိပြီး ဓာတ်ကင်ပါသည်။
ကင်ဆာဌာနမှ လက်ထောက်ဆရာဝန်မလေးကလဲ
နားမလည်သည်များကို သဘေါပေါက်အေါင်
ရှင်းလင်းပြောကြားပေးသည်။ ထိုအချိန်က
တစ်ရက်ဓာတ်ကင်လျှင် ငွေ ၁၀၀ကျပ်ကို
ဓာတ်ကင်ပေးသည့် သူများထံပေးရသည်။
”အမေ ဓာတ်ကင်တာ ဘယ်လိုကြီးလဲ”
”မီးလုံးလေးနဲ့ အနာရှိတဲ့နေရာ အဲ့မီးရောင်ပြရတာကွဲ့ တစ်ရက်မှောက် တစ်ရက်လှန်ပြီးပြရတာ
လူတွေပြောတော့ဖြင့် ဓာတ်ကင်တာ ကြောက်စရာ
ကြီးတဲ့ အဲ့လောက်လဲ မဟုတ်ပါဘူးကွယ်”
မှန်ပါသည် ကျွန်တော်အမေက ကင်ဆာ ဆိုသည်
မှာ သေတတ်သည့်ရောဂါဆိုတာကိုလဲမသိပါ။
ဓာတ်ကင်တာ ကြောက်စရာဟုလည်း မထင်၍
ထင်ပါသည် ကင်ဆာရောဂါဖြစ်၍ ညိုးငယ်မှုမရှိပါ။
သားသမီးများ စိတ်ဆင်းရဲမည်စိုး၍လားတော့
မသိပါ။
ပထမဦးဆုံး ကင်ဆာဆေးသွင်းရသည့်နေ့တွင်
ပထမလအတွက် ဆေးကိုဆေးရုံမှပေးပါသည်။
နောက်ငါးလအတွက် ပြင်ပမှဆေးဝယ်၍
ဆေးရုံကြီးမှာသွားရောက်ဆေးသွင်းရသည်။
ဆေးသွင်းပေးသည့် အစိမ်းဝတ်ဆရာမကြီးကို
ငွေ ၅၀၊ ၁၀၀ကျပ် စသဖြင့်ပေးရသည်။
ဆေးသွင်းသည့်အခါ အမေသည်အော့အန်
ပါသည်။ အော့အန်သည့် ဝေဒနာကိုမခံစားနိုင်၍ အမေက ဆေးမသွင်းတော့ဟုပြောသည်။
”အမေ ဒီကင်ဆာဆေးက ဈေးအရမ်းတန်တာ
ဆေးက ရှားလို့ နိုင်ငံခြားကို ကြိုပြီမှာရတာ
အမေက မသွင်းရင် ဆေးဖိုးငွေတွေ အလကား
ဖြစ်ကုန်မှာပေါ့”
မှန်ပါသည်။ ထိုအချိန်က ကျွန်တော် အလုပ်စဝင်ချိန်
နေ့စားတစ်ယောက်၏ လခက ၆၀၀ ကျပ်ဖြစ်သည်။
အမေဆေးသွင်းရန် ဆေးဖိုးက တစ်လ ငွေ၂၀၀၀၀ ကျပ်ကျော်ပါသည်။ ထို့ကြောင့် ကင်ဆာဌာနမှ
ဆရာဝန်ကြီးက ဆေးဖိုးတတ်နိုင်သလားမေးခြင်း
ဖြစ်ပါသည်။ ကျွန်တော်တို့က ဝန်ထမ်းများဖြစ်၍
လည်းမေးခြင်းဖြစ်ပါသည်။
အမေ့သည် အန်ရင်း ဆေးသွင်းရင်းဖြင့် ခြောက်လ
ပြည့်ခဲ့ပါသည်။ ဆေးသွင်းပြီး တစ်လခန့်အကြာမှာ
အမေ့ဆံပင်များ အထွေးလိုက်ကျွတ်လေသည်။
နောက်မှ ဆံပင်များပြန်ပေါက်လာသည်။
အမေ့က သူချွေးထွက်ရင် ချွေးများက ကင်ဆာ
ဆေးနံ့ကြီး နံကြောင်းပြောသည်။ ကင်ဆာ
ဆေးသွင်းပြီး တစ်နှစ် နှစ်နှစ်အတွင်း အမေ့ကိုယ်မှ
ချွေနံ့များက ဆေးနံ့ရနေပါသေးသည်။
၅ နှစ် ကျော်ကြာသည်အထိ ဆေးနံ့ကမပျောက်ပေ။
နောက်မှသာတဖြည်းဖြည်းအနံ့ပြေလျှော့သွားသည်။
အမေ့ကို ကုသပေးခဲ့ကြသော OG ဆရာဝန်မလေး
နှင့် ကင်ဆာဌာနမှ ဆရာဝန်မလေးနှစ်ဦးသည်
ယခုအချိန်မှ အထူးကုဆရာဝန်မကြီးများဖြစ်နေကြပါသည်။ယခုအချိန်ထိတော့ ကျွန်တော့်အမေသည်
ကျန်မာချမ်းသာလျှက်ရှိပါသည်။
Steemit ကမိတ်ဆွေများသိရှိနိုင်ရန် ကင်ဆာ
အကြောင်းကိုသိသမျှ ကိုယ်တွေ့အဖြစ်အပျက်လေးကို ရေးသားတင်ပြလိုက်ပါသည်။ မဖြစ်ခင် ကြိုတင်ကာကွယ်ကြရအောင်၊ သိလျှင် စောစီးစွာကုသဖို့
လက်တို့လိုက်ရပါသည်။ကဲ...စာရေးတာလဲပြီးပြီမို့
ကော်ဖီလေးသောက်လိုက်ပါအုံးမည်။ ကော်ဖီ
ကလည်းကင်ဆာကို ကာကွယ်တယ်တဲ့နော်.....။
ကော်ဖီတွင်ပါဝင်သော ကဖိန်းဓာတ်သာမက
ပိုလီဖင်နောဓာတ်ပစ္စည်းသည် လူတို့၏ ကျန်မာရေးအတွက် အကျိုးရှိစေကာ ကင်ဆာနှင့် နှလုံးရောဂါ
တို့ကို သက်သာစေနိုင်သည်။ တစ်နေ့ ကော်ဖီ
တစ်ခွက်သောက်လျှင် ကင်ဆာနှင့် နှလုံးရောဂါ
ကြောင့် အရွယ်မတိုင်မီ သေဆုံးမှုကို ရှစ်ရာခိုင်နှုန်းမျှ
လျှော့ချနိုင်မည်ဟု သုတေသီနှင့် သိပ္ပံပညာရှင်များ
၏တွေ့ရှိချက်တို့သည် ကိုက်ညီနေကြောင်း
ဝေမျှလိုက်ပါသည်။
Steemit မိတ်ဆွေများ
ကျန်းမာ ချမ်းသာကြပါစေ...။
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
ဟုတ်ကဲ့ကျေးဇူးပါဗျာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
အခုလိုမျှဝေပေးတာ အရမ်းကောင်းပါတယ် ဘရို။ Esteem ကိုသုံးပြီးရေးပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။
ကျွန်တော်လဲ ကျေးဇူးတင်ပါတယ်ဗျာ
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
ကော်ဖီစစ်စစ်သောက်ရမှာနေမယ်နော် ဘထွေး
Posted using Partiko Android
အေး ဟုတ်မယ် ဗျ မတ်မတ်စု
ကော်ဖီစစ်စစ်ပေါ့
ကင်ဆာဆို ကြောက်စရာလို ဖြစ်နေခဲ့ရပြီ ဦးထွေးရေ
Posted using Partiko Android
ကြောက်တာပေါ့ဗျာ ပုလိုက်ရင် ထုတဲ့
ပုထုဇဉ်လူတွေပဲဟာ
ကင်ဆာဆို ကြောက်စရာလို ဖြစ်နေခဲ့ရပြီ ဦးထွေးရေ
Posted using Partiko Android
အမှန်ကတော့ အစားအသောက်တွေက ဓာတုဆေးတွေနဲ့မကင်းတာကများလာတော့ ဒီရောာဂါတွေအဖြစ်များလာတယ်လို့ထင်မိတယ်
အကြောင်းရှိလို့ အကျိုးဖြစ်လာတာ
ဒီအစားအသောက်တွေက နေ့စဉ်နပန်းလုံးနေရတာပဲဗျာ
ဝေမျှပေးတာဗဟုသုတရစေပါသည်
ဟုတ်ကဲ့ပါဗျာ
ကျော်တို့နိင်ငံမှာက ဆေးရုံရောက်ရန် ဆရာဝန်တွေမေးလေ့မေးထရှိတဲ့စကားပေါ့အကိုရေ
Posted using Partiko Android
သူတို့မှာလဲခံခဲ့ရသကိုးဗျ ခွဲစိတ်ပြီး ငွေမရှင်းပဲ
ထွက်ပြေးတဲ့လူနာတွေရှိဘူးတယ်