စိုးနှောင့်ဗျာပွေခဲ့စဉ်က
ကင်ဆာ လွန်ခဲ့သောနှစ်များက ကျွန်တော်တို့မိသားစု
ကို တုန်လှုပ်စေခဲ့သော အမည်နာမ ရောဂါတစ်ခု
ဖြစ်ခဲ့သည်။ မတ်မတ်စုရဲ့ပိုစ့်ကို ဖတ်ပြီး သူ့အမေ
အတွက် စိတ်မကောင်းဖြစ်မိသည်။ ကင်ဆာ
လူပေါင်းများစွာ၏ အသက်ဇီဝိန်ကို ချွေခဲ့သည့်
ရောဂါဖြစ်သည်။ ကင်ဆာရောဂါဟု ကြားသိ
သိရှိရသည့်နှင့် ရောဂါဝေဒနာရှင်၏ စိတ်ဓာတ်
သည် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။
ကင်ဆာရောဂါ သည်ယခုခေတ်အခါမှာတော့
ခေတ်မီတိုးတက်လာသောနည်းပညာ၊ ဆေးဝါးများကြောင့် လူတို့အသေအပျောက်နည်းပါး
လာသည်။ သို့သာ် ဆေးဝါးများနှင့် ကုသမှုနည်း
ပညာများတိုးတက်လာသည့်နှင့်အမျှ လူတို့၏
နေထိုင်စားသောက်မှုပုံစံများကလည်း ကြောက်
စရာကောင်းလာပါသည်။ အစားအသောက်များ
ကို မဆင်ခြင်ပါက ရောဂါဖြစ်ပွားလာစေသည်။
မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၏ ကင်ဆာဌာနကို
ကိုယ်တိုင်သွား မှတ်တမ်းဓာတ်ပုံရိုက်ခဲ့သည်။
အမျိုးသားသွေးလှူဘဏ် မလွယ်ပေါက်မှ
OPD အတွင်းဖြတ်သန်းကာ ဖျားနာရုံ (၁) အနောက်
ဖက်လမ်းကြားမှတဆင့် ကင်ဆာဋ္ဌာနသို့သွားခဲ့သည်။
ဖျားနာရုံအနောက်ဖက်လမ်းကြားတွင် လူနာစောင့်များ ညအိပ်တည်းခိုရန် အဆောက်အအုံလေးများ
ဆောက်လုပ်ထားသည်။ အခပေးအိမ်သာလည်းရှိ
သည်။
ကင်ဆာဌာန၌ လူများ ဓာတ်ကင်ရန်အတွက်
စောင့်ဆိုင်းနေကြသည်။ပို့စ်တင်ရင် ကိုယ်ပိုင်
ဓာတ်ပုံနဲ့တင်ချင်သည်ကြောင့်ကင်ဆာဌာန
သွားရောက်ရာတွင်တော့ ပေါများလှသည့်လူနာများကိုတွေ့မြင်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ပါ။
ဓာတ်ပုံ မြန်မြန်ရိုက်ပြီး အမြန်ပြန်ထွက်ခဲ့သည်။
လူဆိုသည်က စိတ်ချမ်းသာစရာသာ ခံစားချင်သည်
စိတ်မချမ်းမြေ့မှုကို မခံချင်ကြပေ။
လွန်ခဲ့သော နှစ်အစိတ်ခန့်က ကျွန်တော်၏မိခင်
တွင် သားအိမ်ကင်ဆာဖြစ်ပေါ်ခဲ့သည်။ အမေသည်
စာပေတတ်မြောက်မှုမရှိပါ ကျန်းမာရေး ဗဟုသုတလည်းမရှိပါ။ ကျွန်တော့်အစ်မကြီးက အမေ့နှင့်
အတူယှဉ်တွဲထိုင်နေရင်း အမေ့ဆီမှ အနံ့အသက်ရ
၍ အမေကို မေးကြည့်ရာမှ စတင်သိရှိရသည်။
အမေ့သည် သူတစ်ယောက်ထဲ ကျိတ်၍ရောဂါကို
ကုသနေသည်။
အစ်မက အမေ့ကို OG ဆရာဝန် ဒေါက်တာမလေး
တစ်ဦးထံသွားပြသသည်။ ဒေါက်တာမလေး မှ
ရောဂါကကြာနေပြီဖြစ်၍ သူ့၏ဆရာကို ပြသရန်
လိပ်စာပေးလမ်းညွှန်လိုက်ပါသည်။ ဆရာဝန်ကြီး OG အထူးကုဒေါက်တာ ဦးကျော်လင်းမှ -
”မြို့မှာနေပြီး ရောဂါရင့်အောင်နေကြသလား”
ဟုဆိုကာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့
တက်ခိုင်းပါသည်။ ဆေးရုံကြီး သားဖွားမီးယပ်ဌာနတွင် အမေ့ကိုခွဲစိတ်၍ အသားစ စစ်ဆေးစေခဲ့သည်။
အသားစ စစ်ဆေးသောအခါ အဖြေမှာ ကင်ဆာ
လက္ခဏာတွေ့ရှိလေသည်။ သားဖွားမီးယပ်ဌာမှ
ကင်ဆာဌာနသို့ ပြောင်းကုသရလေသည်။
ကင်ဆာဌာနသို့ရောက်ရှိသောအခါ ဆရာဝန်ကြီး
ဒေါက်တာဦးထင်ကျော်မှ လူနာ၏မိသားစုကို
ခေါ်ပါသည်။ ကျွန်တော့်အစ်မက အလုပ်သွား၊
ကျွန်တော့်အစ်ကိုကြီးက ရန်ကုန်မှာ အလုပ်လုပ်
နေသည်။ အဖေ ကလည်းဆုံးပါးသွားပြီးဖြစ်ပါ
သည်။ အမေရှိရာ ဆေးရုံသို့ ကျွန်တော်သာ
သွားရသည်ကများသည်။ ဆရာဝန်ကြီးက
”လူနာနှင့် ဘာတော်လဲ၊ လူနာက ဒုတိယအဆင့်
ရောက်နေပြီ၊ ၁ လဓာတ်ကင်ရမည် ၆လ တိတိ
ဆေးသွင်းရမည်၊ သွင်းရမည့်ဆေးက တန်ဘိုး
ကြီးသည်။ ဝန်ထမ်းများဖြစ်၍ ဆေးဖိုးတတ်နိုင်
ပါမည်လား” မေးသည်။
(ဆက်ရန်........)
ခေတ်မီးဆေးဝါးများ ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ဆို သက်သာပျောက်ကင်းနိုင်ပါတယ် ဒါပေမဲ့ ဖြစ်ပြီးမှထက် မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်ထားကြသင့်တာပါ
တင်ပါ့ဘုရားစောစီးသိပြီး
စောစွာကုသရင် ပျောက်ကင်နေပါပြီ
သူငယ်ချင်းဆရာမနှစ်ယောက်ကင်ဆာရောဂါဖြစ်တာကြည့်ပြီးစိတ်မကောင်းဘူးခုတော့နှစ်ယောက်စလုးံဆုးံသွားပြီကြောက်စရကောင်းတဲ့ကင်ဆာ
အသိစောပြီး မရှက်မကြာက်ပဲ ဆေးဝါးကုသခံရင် ပျောက်နေပါပြီဗျာ
အဲ့မန်းလေးဆေးရုံ ကို လူနာသတက်းမေးသွားပီးပြန်လာရင် ကိုဒေ ချက်ချင်းကတုံး တုံးပီး မဟ်သီလ ဝတ်ချင်သွားတော့တဟ်
ပျော်လိုက်ရွှင်လိုက် ငိုကာရီကာ
ဘယ်ဟာမတည်မြဲ ဖောက်လွဲဖောက်ပြန် မမရေ့
အခုခေတ်မှာ ရောဂါတွေပိုစုံသလားပဲ
အစားအသောက်တွေကလည်း တွေကြည့်ရင် ဘာမှမစားသင့်တော့ဘူး။
အသက်ကို ကံမစောင့်ဘူး
အသက်ကို ဥာဏ်စောင့်တယ်လို့
အမေမာရေးထားတာ ဖတ်ရသဗျာ
မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသခွင့်ရခဲ့ရင် အသက်မီမယ်လို့ ထင်ခဲ့တယ် နယ်မှာနေရတာ အဲ့ဒါတွေ စိတ်နာတယ် ဘထွေးရေ
အေးပါကွယ်
ကင်ဆာဆိုတဲ့အသံဟာ လူတိုင်းကို တုန်လှုပ်စေပါတယ်။
ဟုတ်တယ်ဗျာ အသံကြားတာနဲ့တင် စိတ်တွေက ယောက်ယက်ခတ်တာပဲ
အာ့ရောဂါတော့ ကြောက်တယ် 😊
Posted using Partiko Android
လူတိုင်းပေါ့ဗျာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
ကင်ဆာ ကြောက်စရာကောင်းပါတယ် 😞မတ်မတ် သူငယ်ချင်း အဖေလဲ ခုဖြစ်နေတာ အရိုးပေါ် အရေတင် ပဲ ကျန်တယ်
Posted using Partiko Android
ဆေးသွင်း ဓာတ်မကင်ဘူးလားဗျာ
အဓိက ကတော့ အစားအသောက်တွေမှာ ဓာတုဆေးဝါးအသုံး ပြုမှူများလာတာဘဲဗျာ့
အစားအသောက်တွေကလဲ သတိထား
ဆင်ခြင်ရတာပ