သောကများနဲ့ တစ်နေ့တာ

in #myanmar7 years ago (edited)

ဒီနေ့တော့ စာရေးသူအနေနဲ့ သောကဗျာပါဒတွေ အလွန်ပွားများရတဲ့တစ်နေ့ပဲ။အကြောင်းက ဒီလို...
မနက်စောစော ဧည့်သည်တစ်ယောက်ကိုလေဆိပ်လိုက်ပို့ရတယ်။သွားမဲ့သူက ဝီရိယ မရှိ၊အပျင်းကြီးပီး အိပ်ယာထနောက်ကျတော့ သူ့ကို ဒေါသထွက်ရ။Check-in time မမီမှာစိုးလို့ ကားကိုအမြန်မောင်းရတော့ သူများကားနဲ ငြိမလိုဖြစ်တာ နှစ်ခါ၊မီးနီဖြတ်မိတာတစ်ခါ။

14-50-58-images.jpg

အဲ့လို လိမ်ဖယ်လိမ်ဖယ်နဲ့ဧည့်သည်ကိုလေဆိပ်ပို့ပြီးသကာလ မနက်စာကို ကတိုက်ကရိုက်စားပြီး passportရုံးကိုပြေးရပြန်။နောက်ကျတတ်သူများရဲ့ထုံးစံအတိုင်း စာအုပ်ထုတ်မဲ့ကာယကံရှင်က
ချိန်းထားတဲ့အချိန်ကိုရောက်မလာတော့ သူ့ဆီ ဖုန်းတဂွမ်ဂွမ်ဆက် ရ၊သောက ဗျာပါဒထပ်ပွားရပြန်တာပေါ့။စာအုပ်ထုတ်ပြီးသွာရင် သံရုံးကိုထပ်သွားရမှာမို့ သံရုံးဝင်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းပြင်ဆင်ခိုင်းတဲ့သူကို ဖုန်းဆက်ပြန်တော့လည်း ကိုယ်တော်ချောက နိတြီပြန်ပြီးသား စာရွက်စာတမ်းတွေကိုလာမပေးပဲ လက်ဖက်ရည်ဆိုင်ထိုင်နေတယ်ဆိုလို့ သူ့ကိုတစ်ခါ ဆူပူရ။အချိန်မီလာပေးဖို့ ပြောရ။

အဲ့ဒီလိုနဲ့ passportစာအုပ်ထုတ်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ပြီး သံရုံးကိုဆက်လက်ချီတက်၊သံရုံးမှာ လုပ်ရမဲ့ကိစ္စတွေပြီးလို့ စိတ်မောလူမောနဲ့ နာရီကြည့်မိတော့ ၂နာရီကျော်နေပြီ။ထမင်းကမစားရသေး။နီးစပ်ရာဆိုင်မှာ ထမင်းဝင်စားရင်း မိုးလင်းထဲကစကြုံတွေ့ရတဲ့ ဘဝအမောတွေကို ပြန်တွေးမိပြီး စားမြုံ့ပြန် ဒေါသထွက်ရ၊သောကထပ်ပွားရနဲ့ ဗျာပါဒထပ်များမိပြန်တာပေါ့။မနက်ထဲက စိတ်ညစ်စရာ၊စိတ်ရှုပ်စရာ၊အလိုမကျစရာတွေပဲ ကြုံတွေ့နေရတာ။

14-48-30-images.jpg

ဒီနေ့ group4 ရဲ့ proတင်ရမဲ့နေ့ဖြစ်တာကြောင့် အားတဲ့အချိန်လေး proတင်ထားသူတွေရဲ့ vote,mentလိုအပ်တာလေးတွေကြည့်ဖို့ လိုင်းပေါ်တက်တော့ ကျန်တဲ့သူများက ဝိုင်းဝန်းကူညီပြီး လိုအပ်တာတွေပြောပြ၊ရှင်းပြထားတာတွေ့ရတော့ စိတ်ချမ်းသာကျေနပ်မိပြန်ရော။မနက်ကနေ နေ့လည်အထိ စိတ်ချမ်းသာရတာဆိုလို့ အဲဒီတခုပဲရှိတယ်။အဲဒီအတွက်လည်း group4မှအဖွဲ့ဝင်များကို ကျေးဇူးတင်ပါတယ်ဗျာ။
ဖြစ်ရပ်အစုံအလင်ကတော့ အဲဒါပါပဲဗျာ။

ကျွန်တော်တို့လူသားတွေဟာ တစ်နေ့တစ်နေ့ ပူပန်စရာတွေ၊အလိုမကျမှု သောကဗျာပါဒတွေနဲ့ လောကရဲ့အပူတွေနောက်လိုက်ရင်း မပြီးဆုံးနိုင်တဲ့လောကခရီးရှည်ကြီးကို ဆက်နေကြရအုံးမှာပါပဲ။စိတ်ညစ်စရာ၊စိတ်ရှုပ်စရာတွေပြီးရင် ပျော်ရွှင်ရမဲ့အချိန်တွေလည်း ကြုံရအုံးမှာပါပဲ။ဘာပဲပြောပြော အချိန်တန်ရင် အရာအားလုံးကပြီးသွားကြမှာပဲ။အဲဒါကို မပြီးနိုင်မစီးနိုင်ဖြစ်ပြီးခံစားနေကြတဲ့ ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကို ပြင်ဆင်ဖို့လိုအပ်ပါကြောင်း....တစ်နေ့တာကြုံတွေ့ရတဲ့ ဘဝအမောများထဲမှ သံဝေဂယူရင်း တင်ပြလိုက်ပါတယ်။ဒီနေရာမှာ ကြုံကြိုက်လို့ ငယ်စဉ်တုန်းကဖတ်ဖူးတဲ့ကဗျာလေးတစ်ပုဒ်ကို သတိရမိတာကြောင့် စာဖတ်သူများအတွက် ဖော်ပြလိုက်ပါတယ်။

Screenshot_2018-01-15-14-32-39_1516004747467.jpg

Sorrow

"In this sad world of ours sorrow comes to all and it often comes with bitter agony. Perfect relief is not possible except with time. You cannot now believe that you will ever feel better. But this is not true. You are sure to be happy again. Knowing this, truly believing it will make you less miserable now. I have had enough experience to make this statement."

Abraham Lincoln

ကဗျာလေးမှာဖော်ပြထားတာကတော့....

"ကျွန်ပ်တို့ရဲ့ ကြေကွဲဝမ်းနည်းစရာ ကမ္ဘာကြီးထဲမှာ သောကဗျာပါဒတွေဟာလူတိုင်းဆီရောက်လာမှာပါ။
မကြာခဏ ရောက်လာတတ်ပြီး၊လာတိုင်းလည်း ခါးသီးတဲ့ နာကျင်ခံစားမှုမျိုးတွေနဲ့ပေါ့။
လုံးဝသက်သာရာရသွားဖို့ဆိုတာတော့မဖြစ်နိုင်ပါဘူး။အချိန်က မကုစားသေးတဲ့အထိပေါ့။
အခုလက်ရှိအချိန်မှာတော့ သက်သာရာရလိမ့်မယ်လို့တောင် မယုံကြည်နိုင်ဘူး။
ဒါပေမဲ့ အဲဒါမမှန်ပါဘူး။
မင်းထပ်ပြီးပျော်ရအုံးမှာ ကျိန်းသေပါပဲ။
အဲဒါကိုသိရင်၊အမှန်တကယ် ယုံကြည်ရင် အခုလက်ရှိခံစားနေရတဲ့ စိတ်သောကမီးတွေ အနည်းငယ်တော့ လျော့ပါးသွားမှာပါ။
သည်လို အတိအကျပြောနိုင်တာ ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့်ပါ" လို့ အမေရိကန်နိုင်ငံမှာ တစ်ချိန်က သြဇာအာဏာကြီးမားခဲ့တဲ့ သမ္မတကြီး အေဘရာဟင် လင်ကွန်း က သူရဲ့နာမည်ကြီးကဗျာဖြစ်တဲ့ "Sorrow"ဆိုတဲ့ ကဗျာလေးမှာဖော်ပြထားပါတယ်။

ကျွန်တော်တို့လည်း ရောက်ရှိလာမဲ့နေ့ရက်တွေမှာ သောကဗျာပါဒတွေကြုံလာမှာရှိသလို၊
ပျော်ရွှင်ကြည်နူးဖွယ်ရာတွေကိုလည်း ကြုံတွေ့ရမှာမလွဲပါပဲ။ဘာပဲပြောပြော အချိန်တန်ရင် အရာအားလုံးပြီးဆုံးသွားမဲ့ ဒီလောကကြီိးထဲမှာ အကောင်းဆုံးကြိုးစားရင်း၊အကောင်းဆုံးတွေကိုသာမျှော်လင့်ရင်း ပျော်ရွှင်စွာဖြင့် ဘဝခရီးကို ရှေ့ဆက်လှမ်းနိုင်ပါစေလို့...ဆန္ဒပြုလိုက်ပါတယ်။

Photos credit - Google Image

1508147268606_1508147383159.jpg

Sort:  

Thank you @htetwaihin for making a transfer to me for an upvote of 0.68% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

JIT လုပ်လိုက်ရတယ်ပေါ့လေ ဒီနေ့

ဟုတ်ပါ့ဗျာ...ဖတ်ဖတ်ကိုမောသွားတာပဲ..

ကောင်းတယ် အစ်ကို

ဟုတ်ကဲ့..ကျေးဇူးပါ..bro

Thank you...

ဗဟုသုတရပါတယ်

ဟုကဲ့...ကျေးဇူးပါဗျ

အား​ပေး​နေမယ်​အကို

ကျေးဇူးတင်ပါတယ်ဗျ..

အော်လ ဂျင်နယ် ဝပ် လဲ မလာဘဲနက် ခ်ခ် အတော်မောသွားပုံရပါတယ် ဆရာ မောမောနဲ့ နောက်နေ့ ပိုမောမယ်တဲ့

အဲ့တျောက် ခေါ်သာခေါ်နေရတာ..တခါမှမလာဘူးရယ်..မမောပျစေနဲ့တော့ကိုဒိုရယ်.. :D

ဘဝဆိုတာ ဒါပါဘဲလေ

ဟုတ်ပါတယ် အမ..
ကောင်းတလှည့်၊ဆိုးတလှည့်ပါပဲ

ဘဝ ဘဝ ဒီလိုဘဲ ဒီလိုမြဲ ဟိဟိ သီးချင်းဖြစ်သွားတယ် good post ပါ

ဟုတ်ပါတယ်...broရေ..ဒီလိုအမြဲ ဒီလိုပဲ ပေါ့..
thank you par..

လက်မခံနဲ့ သောကတွေကို

ဟုတ်ကဲ့ပါ..bro..
အတတ်နိုင်ဆုံးတော့ကြိုးစားမောင်းထုတ်နေရတာပဲ..

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.026
BTC 57372.40
ETH 2456.19
USDT 1.00
SBD 2.41