အကယ်၍သာ...(၃)

in #myanmar7 years ago (edited)

(အပိုင်း ၁ ဖတ်ရန်)[https://steemit.com/myanmar/@htetwaihin/aky-tha]

(အပိုင်း ၂ ဖတ်ရန်)[https://steemit.com/myanmar/@htetwaihin/aky-tha-2]

သူအားရပါးရ ငိုပြီးနောက် စိတ်ထဲ အနည်းငယ်ပေါ့သွားသလို ခံစားလိုက်ရသည်။

ထို့နောက် အခန်းအပြင်သို့ထွက်ရန် ထိုင်နေရာမှ ထလိုက်ချိန်တွင် သူ့စာရေးစားပွဲပေါ်တွင်တင်ထားသော
Nick Vujicic ၏ Something More ဟူသော Music Video အခွေလေးကို မြင်လိုက်မိလေသည်။
ထို့နောက် တဆက်ထဲဆိုသလို သူ့အကြည့်များက
စာအုပ်စင်ပေါ်သို့ ရောက်သွားပြန်သည်။
စာအုပ်စင်ပေါ်တွင်တော့
Nick Vujicic ၏ နာမည်ကြီးစာအုပ်များဖြစ်သည့်
Life Without Limits နှင့် Unstoppable
အစရှိသည့် သူ့အကြိုက်ဆုံးစာအုပ်၂အုပ်ကို
သူ့အကြည့်များရောက်သွားသည်။
သူစိတ်ဓာတ်ကျတိုင်း ဖတ်ဖြစ်သည့် စာအုပ်၂အုပ်နှင့် အမြဲတမ်းနားထောင်ဖြစ်သောသီချင်းခွေ။

ဇေယျ၏ အဖေက သားဖြစ်သူမှာ သူ၏
ကိုယ်အင်္ဂါ ချို့ယွင်းမှု၊အများသူငါ၏
လှောင်ပြောင်မှုများကြောင့် စိတ်ဓာတ်မကျစေရန်
မသန်သော်လည်းစွမ်းသူများ၊ကိုယ်လက်အင်္ဂါ
ချို့ယွင်းသော်လည်း ဘ၀ကိုအရှုံးမပေးပဲ
ဖြတ်သန်းနေသူများ၏ ဘ၀ဇာတ်ကြောင်းများနှင့်
ပတ်သတ်သော စာအုပ်များ၊အခွေများကို
အမြဲတမ်းဝယ်ယူ၍ ဖတ်ရှု၊ကြည့်ရှုစေခဲ့သည်။
ထိုသို့သောသူများထဲမှ သူအကြိုက်ဆုံးက Nick Vujicic ပင်ဖြစ်သည်။

မွေးကတည်းက ခြေလက်များမပါ။
ခြေဖဝါးလေးနှစ်ဖက်သာပါသည်။ထိုအထဲကမှ
ခြေဖဝါးတစ်ဖက်တွင်သာ ခြေချောင်းလေးနှစ်ချောင်းပါရှိသူ Nick က ငယ်စဉ်ကတည်းက
ကျောင်းတွင် အခြားကလေးသူငယ်များ၏
လှောင်ပြောင်စရာ ပစ်မှတ်တခုဖြစ်သည်။
စိတ်ဓာတ်အလွန်ကျတာကြောင့်
အသက်၈နှစ်အရွယ်မှာ သူ့ကိုယ်သူ
သတ်သေရန် စဉ်းစားမိကာ
အသက်၁၀နှစ်အရွယ်တွင်တော့
ရေချိုးကန်ထဲတွင် သူ့ကိုယ်သူ နှစ်ကာ
သတ်သေရန် ကြိုးစားခဲ့သော်လည်း
မိဘများကို ချစ်သည့်စိတ်ကြောင့်ပင် မသတ်သေခဲ့သူဖြစ်သည်။

PicsArt_03-09-12.15.26.jpg

သူက သူရဲ့ နှစ်ချောင်းထဲသော
ခြေချောင်းလေးတွေနဲ့ စာရေးတယ်။
ကွန်ပျူတာသုံးတယ်။တစ်မိနစ်မှာ စာလုံးရေ ၄၅ လုံးအထိရိုက်နိုင်တယ်။တင်းနစ်ရိုက်တယ်။
Drum တီးတယ်။တခြားသူ အကူအညီမယူပဲ
ခေါင်းဖြီးတယ်။သွားတိုက်နိုင်တယ်။
နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ ရိတ်နိုင်တယ်။
Golf ရိုက်တယ်၊ရေကူးတယ်၊
Sky Diving လုပ်တယ်။Secondary School
ရောက်တော့ ကျောင်းသားကောင်စီရဲ့
Captainအဖြစ်ရွေးခံရပီး မသန်စွမ်းသူတွေအတွက် ကမ်မ်ပိန်းတွေ၊ အလှူငွေကောက်ယူပွဲတွေ
ပါဝင်လုပ်ဆောင်ခဲ့ပြီး သူအသက်
၁၇ နှစ်အရွယ်ရှိတဲ့အချိန်မှာ ဟောပြောပွဲတွေ
စတင်လုပ်ဆောင်ခဲ့တယ်။ အသက် ၂၁ နှစ်မှာတော့ Bachelor of Commence in Financial Planning and Accounting ကို ရရှိခဲ့တယ်။
ဒါတွေအပြင် အောင်မြင်ပြီး ပျော်ရွှင်တဲ့အိမ်ထောင်တခုကိုလည်း ထူထောင်ထားနိုင်တယ်။

PicsArt_03-09-12.14.06.jpg

အခုလက်ရှိအချိန်မှာအောင်မြင်တဲ့စာရေးဆရာ
တစ်ယောက်ဖြစ်တဲ့အပြင်၊
စိတ်အားတက်ကြွစေဖို့ ဟောပြောသူ
တစ်ဦးအဖြစ်လည်း
အောင်မြင်နေသူဖြစ်နေပါတယ်။
သူ့ရဲ့ဟောပြောမှုတွေနဲ့ သူတည်ထောင်ထားတဲ့
ဖောင်ဒေးရှင်းမှတစ်ဆင့်
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူသန်းပေါင်းများစွာရဲ့
ကြုံတွေ့နေတဲ့ အခက်အခဲတွေ
ကျော်လွှားပြီး အိပ်မက်တွေ အကောင်အထည် ဖော်လာနိုင်အောင် စိတ်အားတက်ကြွလာအောင်
လှုံ့ဆော်ပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

00-17-45-images.jpg

ဇေယျတစ်ယောက် သူ့ကို စိတ်ခွန်အားဖြစ်စေတဲ့
စာရေးဆရာရဲ့ ဘ၀အကြောင်း
အတွေးနယ်ချဲ့မိနေတယ်။Nickရဲ့
ဘ၀နဲ့ယှဉ်ရင် သူ့အားနည်းချက်က
ဘာမှ မပြောပလောက်ပေ။ခြေလက်များ
မပါသူကတောင် အောင်မြင်စွာ
ဘ၀ကို ဖြတ်သန်းနေနိုင်သည်။သူက
ခြေထောက်တစ်ဖက်သာ မသန်သည်မှလွဲ၍
ကျန်တာအားလုံးအကောင်း။
ယခုမှပထမဆုံးအနေဖြင့် အလုပ်မှ
အငြင်းခံရခြင်းဖြစ်သည်။
သူဘာကို စိတ်ဓာတ်ကျနေရမည်နည်း။
အလုပ်မရတာနဲ့ သူဖြစ်ချင်တဲ့
အောင်မြင်တဲ့ ဘ၀တစ်ခုကို
မတည်ဆောက်နိုင်တော့ဘူးလား။
ဒီအလုပ်တစ်ခုမှ ငြင်းခဲ့သော်လည်း
နောက်ထပ်အလုပ်ပေါင်းများစွာ၊
အကြိမ်ပေါင်းများစွာ ကြိုးစားနိုင်သေးသည်ကို
သတိပြုမိသည်။ထိုသို့အတွေးများ
ဝင်လာမှပင် သူ ပြုံးမိလေသည်။

FB_IMG_1520531725105_1520531748614.jpg

ထို့နောက် သူအကြိမ်ကြိမ် နားထောင်နေကျ
ဖြစ်သောNick Vujicic ၏
Something More သီချင်းခွေလေးကို
သူ၏ dvd player လေးထဲထည့်ပြီး
နားထောင်မိပြန်သည်။

(ဇာတ်သိမ်းပိုင်း မျှော်)
Photo credit - Google image

@htetwaihin

MSC - 039

Sort:  

စိတ်ခွန်အား ဖြစ်စေတဲ့ စာသားလေးတွေပါ။

ဟုတ်ကဲ့။ဖတ်ရှုပေးလို့ကျေးဇူးပါအကိုရေ။

ခွန်​အားဖြည့်​သည့်​စာ ပိုစ်​​လေးဗျ
ဖတ်​​ကောင်းတယ်​ဗျာ

ကျေးဇူးတင်ပါတယ် ဦးထွေးရေ။

အော်​ အာ့လိုကြိုးစားရမယ်​ဆိုတာ လူတိုင်းသိရင်​ သိ​ကောင်းမှာပဲ sl​ရေ အား​လျော့မှု့​တွေ​တောင်​ ​ပြေ​ပျောက်​သွားတယ်

ဟုတ်ပါတယ် ကိုဇော်မျိုးရေ။ ဇွဲမလျှော့ပဲကြိုးစားသင့်ပါတယ်ဗျာ

ဟုတ်တယ်ဆရာဆေးလိပ်။အဲ့လူကနာမည်ကြီးနော်။fbမှာလဲတွေ့တယ်တော်တော်လေးအဲ့လူကို။စိတ်ပျက်နေင်္ပြးအရှုံးပေးနေတဲ့သူတွေသူ့ဗီဒီယိုကိုကြည့်သင့်တယ်စိတ်အားတတ်ကြွအောင်။ဘာမဟုတ်တာလေးနဲ့အရှုံးမပေးအောင်။

ဟုတ်တယ် အကို။အခုပို့စ်ထဲပါတဲ့သီချင်းလေးလည်းနားထောင်ကြည့် တကယ်ကောင်းတာ။စိတ်ခွန်အား
ဖြစ်စေတယ်။

ဟုတ်နားထောင်မယ်ပြန်ရောက်ရင်။

တို့ slလည်း အပိုင်းဆက်တွေ လုပ်တက်လာပြီ
ဘဝအတွက် စိတ်ဓာတ်က အရေးကြီးဆုံးပါဘဲ

ရေးထားတာ ရှည်နေလို့ ဖြတ်လိုက်တာအမ 😁..
စိတ်ဓာတ်မကျမှသာ အရာအားလုံးရင်ဆိုင်နိုင်မှာပါ။

ဇာတ်သိမ်းတော့လေ နှင်းရယ် ဆိတ်ဝင်စားလာဘီ

နောက်တပိုင်းဆို သိမ်းပီလေ ခိုကျော်။ဆိတ်ကို
အကုန်ဝင်မစားခိုင်းနဲ့အုံး။

ဟုတ်ပါတယ် အဲ့video ကိုကြည့် ပြီး တကယ့်ကို အံ့သြ
ချီးကြူးမိတယ်

ဟုတ်တယ် အမ။အတုယူစရာပါ။

ကောင်းတယ်​ဗျာ​ရေးထားတာ​လေးဇာတ်​သိမ်းပိုင်း​လေး​မျှော်​​နေမယ်​bro

ကျေးဇူးပါ ကိုအောင်ကြီးရေ။ဆက်လက်စောင့်မျှော်ပေးပါအုံး။

if you swim help me my friend because cuman you can ask me tolang like this if I am wrong people please say the same I do not hesitate okay .. !!!

တိုတယ်နော်

တိုတိုပဲရေးတာ။ရှည်ရင် စာဖတ်သူများ
ပျင်းမှာစိုးလို့... ဆရာလင်း လိုတော့
အရှည်ကြီး ဘယ်ရေးနိုင်ပါ့မလဲအေ...hee.
😝😝😁

ငှယ့် ရွဲတာထင်တယ် ငိငိ

ရွဲ့ဘူးလေ။ဆရာလင်းက season လိုက်ရေးနေတာကို။ဘယ်ကရွဲ့ကမှာတုန်းဂျာ။

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 66070.34
ETH 2691.62
USDT 1.00
SBD 2.88