အကယ်၍သာ...(၁)
ဖောင်း..
အား....
ဟားးးဟားး..မိအောင်လိုက်လေ...ဟေ့ရောင် ထော့ကျိုး..ငါ့ကိုမိအောင်လိုက်လေကွာ..ဟားး
သူ့ကို အနောက်မှ ဇက်ပိုးအုပ်ရင်း စနောက်ပီး ထွက်ပြေးသွားသော လင်းဇော်ကို သူဒေါသထွက်မိသော်လည်း ခြေတစ်ဖက်ဆာပီး မသန်သူမို့ ပြေးမလိုက်နိုင်ပေ။
ကလင်...ကလင်..ကလင်...ဟေ့ကောင် လွတ်အောင်ရှောင်နော် ထော့ကျိုး.. ငါမရှောင်ဘူး..၀င်တိုက်မှာ...
ဝုန်းးးး...အားး..
စက်ဘီးဘဲလ်ကို တီးရင်း အရှိန်နှင့် လမ်းဘေးကပ်ပီး သူ့ဆီတည့်တည့်နင်းလာသော ခန့်လင်း၏ စက်ဘီးကိုရှောင်ရင်း...ခြေထောက်ကမသန်သူမို့ လွတ်အောင်မရှောင်နိုင်ပဲ မြောင်းထဲသို့ ပြုတ်ကျသွားသည်။
ဟဲ့..ရှေ့မှာ ထော့ကျိုးလာနေပီ..ရှောင်သွားကြနော်။
တော်ကြာ သူ့ဟာသူ ချော်လဲရင်တောင် ငါ့တို့ကို အမှုပတ်နေအုံးမယ်။ဟားဟား...သူ့ရဲ့ အားနည်းချက်ကို ဟားတိုက်လှောင်ပြောင်သွားသော တစ်တန်းတည်းတက်နေသည့် သီတာတို့အဖွဲ့ကို စိတ်မကောင်းဖြစ်စွာသာ သူငေးကြည့်နေမိသည်။သူ၏ မျက်ဝန်းအစုံမှာတော့ မျက်ရည်တို့ဝေ့၀ဲလျှက်...
မွေးကတည်းက ခြေထောက်တစ်ဖက်မသန်သူ ဒုက္ခိတအဖြစ် မွေးဖွားလာသူမို့ ဒီလို အနှိမ်ခံ၊အလှောင်ခံရသည့် အဖြစ်တို့က ခနခနပင်။သူ့အတွက် အဆန်းမဟုတ်တော့။
အမြဲတမ်း အလှောင်ခံ၊အနှိမ်ခံရသော သူ့ဘ၀ကို သူနာကျည်းမိသည်။တခါတရံ သိမ်ငယ်မှု၊စိတ်ဓာတ်ကျမှု၊ရှက်ရွံ့မှုများ၏ ဖိစီးမှုကြောင့် ဒီလောကကြီးထဲကပင် ထွက်သွားချင်မိသည့် မိုက်ရူးရဲစိတ်များ မကြာခနဆိုသလို ဖြစ်ပေါ်လာလေ့ရှိသည်။သို့သော် တစ်ဦးတည်းသောသားဖြစ်သူ သူ့ကို အရမ်းချစ်၍ အမြဲအဆင်ပြေအောင် ဖြည့်ဆည်းပေးလေ့ရှိသော မိဘများကြောင့်သာ မိုက်ရူးရဲမလုပ်ခဲ့။
စိတ်အားငယ်မှု၊
သိမ်ငယ်မှုများကို ဘယ်သူမှမသိအောင်ငို၍သာ
ထွက်ပေါက်ရှာခဲ့ရသည်က အကြိမ်ကြိမ်။
သူတစ်ပါး၏ အားနည်းချက်ကို လှောင်ပြောင်တတ်သည့် လူတွေကို သူမုန်းမိသည်။သူတို့၏ စိတ်ပျော်ရွှင်မှုအတွက် တစ်ဖက်သား၏ အားနည်းချက်ကို ခုတုံးလုပ်၍ အပျော်ရှာသူတို့ကို နာကျည်းမိသည်။သူ့လို အားနည်းသူများကိုလည်း တဖက်တလမ်းမှ ကူညီချင်စိတ်များလည်း ဖြစ်မိသည်။
ဒီနေ့တော့ ဇေယျတစ်ယောက် မနက်မိုးလင်းကတည်းက ရင်တွေခုန်နေမိသည်။ရင်ခုန်ရသည့်
အကြောင်းအရင်းက သူလျှောက်ထားသော အလုပ်တစ်ခုမှ အင်တာဗျူးဖြေရန် ချိန်းဆိုထားသောကြောင့်ဖြစ်သည်။မကြာသေးခင်ကပင် ဘွဲ့ရထားသောကြောင့် ပထမဆုံး အတွေ့အကြုံဖြစ်သည့် အလုပ်
အင်တာဗျူးအတွက် အလွန်ပင် စိတ်လှုပ်ရှားမိသည်။မိဘများမှာလည်း သားဖြစ်သူအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်လို့နေသည်။သူ့ကို အရမ်းစိတ်မလှုပ်ရှားဖို့ပြောရင်း အဖေဖြစ်သူမှ သူအင်တာဗျူးဖြေရမည့် ကုမ္ပဏီသို့ လိုက်ပို့ပေးသည်။
အဖေဖြစ်သူကို နှုတ်ဆက်ရင်း အင်တာဗျူးဖြေရမည့် ရုံးခန်းအတွင်းသို့ စိတ်လှုပ်ရှားစွာ ၀င်သွားလေသည်။ဧည့်ကြိုကောင်တာမှ ၀န်ထမ်းဖြစ်သူကို အင်တာဗျူးဖြေရန် ချိန်းထားသည့်အကြောင်း သတင်းပို့တော့ ထိုသူက ဦးဆောင်၍ အင်တာဗျူးဖြေဆိုသူများ စောင့်ဆိုင်းရမည့် အခန်းထဲသို့ ခေါ်သွားလေသည်။
အခန်းတံခါးဖွင့်ဖွင့်ချင်း သူ့လိုပင် အင်တာဗျူးလာရောက်ဖြေဆိုကြသော များပြားလှသောလူများကို ကြည့်ရင်း စိတ်လှုပ်ရှားမိပြန်သည်။ဝန်ထမ်းဖြစ်သူမှ ဤအခန်းတွင် ခနထိုင်စောင့်ရန်ပြောပြီး မကြာခင် မိမိအလှည့်ကျပါက နာမည်ခေါ်ပေးမည်ဖြစ်ကြောင်း ပြောကြာကာ ပြန်ထွက်သွားလေသည်။သူလည်း ကျေးဇူးတင်ကြောင်းပြောကာ ထိုင်ရန်နေရာရှာတော့ အခန်း၏ ထောင့်ဆုံးတွင်ခုံနေရာလွတ်တွေ့သောကြောင့် လျှောက်သွားလိုက်လေသည်။
အားလုံး၏ အကြည့်များက အခန်းတွင်းသို့ ထော့နင်းထော့နင်းဖြင့် လျှောက်လာသော သူ့ထံတွင်သာ စုပြုံနေလေသည်။သူလည်း သိမ်ငယ်စိတ်၊ရှက်ရွံ့စိတ်များ ဖြစ်မိသော်လည်း သူ၏ ပထမဆုံးအတွေ့အကြုံ ဖြစ်မည့် အင်တာဗျူးကြောင့် စိတ်လှုပ်ရှားမှုကို ထိုအငုံစိတ်များက မကျော်လွှားနိုင်။အမြဲတမ်း အနှိမ်ခံနေရသူဖြစ်၍ လူအများ၏ ထိုသို့သော အထင်သေးသလိုအကြည့်များအပေါ် ခံစားမှုသိပ်မဖြစ်တော့။မကြာခင်ဖြေဆိုရမည့် အင်တာဗျူးတွင် အဆင်ပြေပြေ ဖြေဆိုနိုင်ရန်သာ မျှော်လင့်နေမိသည်။သူ့ထက်အရင် ရောက်သူများအား တစ်ယောက်ပြီးတစ်ယောက် နာမည်ခေါ်ရင်း ဖြေဆိုလာသည်မှာ သူ့အလှည့်ကိုရောက်လာတော့မည်ဖြစ်သည်။
(နောက်တပိုင်း မျှော်....)
ခိုခို အဲ့ နှစ်ယောက်ကို ခပ်ကြမ်းကြမ်းလေးပြေးဖက်ပါ တော်တော်ယုတ်မာတဲ့ အယုတ်တမာ ရီးဒွေ
ဟုတယ်။အယုတ်တမာကြီးတေ။မုန်းသယ်။
so sad
same here.. :(
Good တယ် နောင်တော်ကြီး ဆက်လက်မျှော်နေပါ
တယ် အားပေးနေပါတယ်ဗျ
ကျေးဇူးပါ...ကိုညီရေ...
အပိုင်းဆက် မျှော်နေပြီ
ဟုတ်ကဲ့အကို...ဖတ်ပေးတာ ကျေးဇူးပါ..
သူတို့ဘဝလေးကိုတင်ပြထားတာ ခံစားရတယ်ဗျာ
ဟုတ်ကဲ့ ဦးထွေး...ကျေးဇူးပါ..
မျှော်နေပါသည်
ဟုတ်ကဲ့...အားပေးပါအုံးအမ..
သနားစရာလေးဗျာ
နောက်တပိုင်း မျှော်နေပြီ အစ်ကိုရေ ..
အားပေးတာကျေးဇူးပါအကိုရေ...
နောက်တစ်ပိုင်းဆက်မရေးပါနဲ့လားအာစိရယ်။အနိုင်ကျင့်တဲ့ကောင်တွေကျနော်လိုက်သတ်မိမှာစိုးလို့ပါ။
သူပဲ နပန်ကျင်းသွားပီးတော့....😏 😏
မြေနိမ့်ရာ လှံစိုက်ချတဲ့သူတွေ တော်တော်ရွံ့စရာ ကောင်းပါတယ်
အမှန်ပါပဲ...ဦးဇင်း..
မျက်ရည်တောင်ဝဲမိသလိုလို
မငိုပါနဲ့ကွယ်...