အကယ်၍သာ...(၂)

in #myanmar7 years ago (edited)

အပိုင်း ၁ ဖတ်ရှုရန်

ထို့နောက်...

"ကိုဇေယျ ရှိပါသလားခင်ဗျာ..."
"ဟုတ်ကဲ့..ရှိပါတယ်.."ဟုပြန်ဖြေရင်း သူ့အားလှမ်းခေါ်သည့်ဝန်ထမ်းရှိရာထံ လျှောက်လာလိုက်သည်။အဆိုပါဝန်ထမ်းမှ အင်တာဗျူးဖြေဆိုရမည့် တစ်ဖက်အခန်းသို့ လမ်းညွှန်ပေးလေသည်။

"ဒေါက်.ဒေါက်.ဒေါက်..."
သူအင်တာဗျူးဖြေဆိုရမည့် အခန်းထဲသို့မ၀င်ခင် တံခါးခေါက်လိုက်ပြီး အထဲမှ ၀င်လာပါဟုပြောသောကြောင့် တံခါးကို အသာအယာဖွင့်ကာ အခန်းထဲသို့ဝင်လာခဲ့လိုက်သည်။

23-28-27-images.jpg
Photo credit - Google image

အခန်းတွင်းသို့ ထော့နဲ့ထော့နဲ့ဖြင့်ဝင်လာသော သူ့ကိုကြည့်ပြီး အင်တာဗျူးမေးမြန်းစစ်ဆေးမည့်သူနှစ်ဦးမှာ တယောက်မျက်နှာတယောက်
ကြည့်လိုက်ကြသည်ကို သူမြင်တွေ့လိုက်ရသည်။သို့သော် ဘာမှတော့ မပြော။ထို့နောက်သူ့ကို ခုံတွင်ထိုင်ရန် ညွှန်ပြပြီး ကိုယ်ရေးရာဇ၀င်နှင့်ပတ်သတ်၍သိလိုသော
အချက်အလက်များကို မေးမြန်းလေသည်။
ထို့နောက် မေးမြန်းသူနှစ်ဦးအနက်မှ တစ်ဦးက
"သား၊စိတ်တော့မရှိပါနဲ့.. ဦး တစ်ခုလောက်မေးချင်တယ်.."ဟု
ပြောလိုက်သောကြောင့် သူ့စိတ်ထဲတွင် ဘာများမေးမလဲဟူသောအတွေးဖြင့် ထိတ်ခနဲဖြစ်သွားမိသည်။
"သား..ခြေထောက်က ဘယ်လိုဖြစ်တာလဲ..ပြောပြလို့ရမလား.."
ဟုမေးလေသည်။
"အော်..ဟုတ်ကဲ့ပါ..ဦး။
ခြေထောက်က အကြောသေနေတာပါ။မွေးရာပါဖြစ်တာပါ..ဦး"
ဟူ၍ သူက ပြန်လည်ပြောဆိုလိုက်သည်။
"အင်း...ပြောရမှာလည်း အားတော့နာပါတယ်ကွာ။ဦးတို့ဆီမှာက သွက်သွက်လက်လက်နဲ့အလုပ်လုပ်နိုင်မဲ့လူတွေပဲ ဦးစားပေးခေါ်တာမို့ သားနဲ့ဆို အဆင်ပြေမယ်မထင်ဘူး။
အခုလိုပြောရတာလည်း စိတ်မကောင်းပါဘူးကွာ"ဟူ၍ပြောလေသည်။

23-38-57-2Q==.jpg
Photo credit - Google image

ဇေယျတစ်ယောက်လည်း
ထင်မှတ်မထားသော
စကားကိုကြားလိုက်ရသောကြောင့် ရုတ်တရက်
ဘာပြန်ပြောရမှန်းပင်မသိဖြစ်သွားသည်။
သူတွေးထားသည်က ခြေထောက်မသန်ပေမဲ့
သူ့အရည်အချင်းနှင့်ဆိုလျှင် ဒီအလုပ်ကို
ကောင်းကောင်းလုပ်နိုင်မည်။
အလုပ်ခေါ်သူများကလည်း အရည်အချင်းကိုသာ ဦးစားပေးခေါ်ယူမည်ဟူသော အတွေးဖြင့်သာ အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။
ယခုကြားလိုက်ရသောစကားကြောင့် သူ့မျှော်လင့်ချက်များ ပျက်စီးသွားသလို ခံစားလိုက်ရသည်။
သို့သော်..သူ တည်ငြိမ်စွာဖြင့်သာ တုန့်ပြန်ခဲ့ပါသည်။အင်တာဗျူးသူနှစ်ဦးကို ကျေးဇူးတင်စကားဆိုကာ နှုတ်ဆက်၍ပြန်လည်ထွက်ခွာလာခဲ့သည်။

ပထမဆုံးလျှောက်သည့်အလုပ်အတွက် ပထမဆုံးအင်တာဗျူးဖြစ်၍ သူ့အနေဖြင့် အများကြီးမျှော်လင့်ထားခဲ့သည်။
ကိုယ့်အရည်အချင်းကို ယုံကြည်သည်။မိမိအနေဖြင့် အကောင်းဆုံးလုပ်ဆောင်နိုင်မည်ဟု
ယုံကြည်ထားသော်လည်း ငြင်းခံရသည့် အကြောင်းပြချက်က ခြေထောက်မသန်သောကြောင့်ဖြစ်သည်တဲ့။

23-41-42-images.jpg
Photo credit - Google image

ဘာကြောင့်လဲ..။ခြေထောက်မသန်တာနဲ့ပဲ သူ့အရည်အချင်းတွေထုတ်ပြခွင့်မရတော့ဘူးလား..။သူတို့လို ဒုက္ခိတတွေအတွက် နေရာမရှိတော့ဘူးလား..။
အတွေးပေါင်းများစွာ၊ မေးခွန်းပေါင်းများစွာဖြင့်သာ သူ့ကိုယ်သူ ပြန်မေးရင်း အိမ်အပြန်လမ်းတလျှောက် စိတ်မကောင်းစွာဖြင့်သာ ပြန်လာခဲ့ရသည်။

နောက်ထပ် ထပ်မံကြိုးစားခွင့်များရှိသေးသည်ကိုသိသော်လည်း ပထမဆုံး ပွဲဦးထွက်အတွေ့အကြုံမှာပင် ခါးသီးသော ဒဏ်ရာဒဏ်ချက်များ ရရှိသလိုဖြစ်သွားသောကြောင့် သူ အတော်ပင်
စိတ်ပျက်သွားမိလေသည်။နောက်ထပ်လည်း ထပ်မံမကြိုးစားချင်တော့။နောက်ထပ် အလုပ်များလည်း ထပ်မလျှောက်ချင်တော့။

မျက်နှာမကောင်းပဲ အိမ်ပြန်ရောက်လာတော့ မိဘများက စိုးရိမ်ပူပန်စွာဖြင့်မေးမြန်းလေသည်။
သူလည်း အကြောင်းစုံကိုပြောပြလိုက်လေရာ မိဘနှစ်ပါးမှာလည်း သားဖြစ်သူအတွက် စိတ်မကောင်းကြပေ။သူလည်း စိတ်ပင်ပန်းသောကြောင့် ခနနားအုံးမည်ဟုဆြိုာ အခန်းထဲသို့ ၀င်လာခဲ့လေတော့သည်။
အခန်းထဲရောက်တော့ သူ့လွယ်အိတ်ထဲမှ အလုပ်လျှောက်လွှာလေးကိုထုတ်ရင်း တွေတွေကြီး စိုက်ကြည့်နေမိသည်။ပထမဆုံးအလုပ်အတွက် သူသေချာပြင်ဆင်ထားသည့် cv formလေး။

23-53-47-images.jpg
Photo credit - Google image

သို့သော် ယခုတော့ သူအငြင်းခံလာရသည်။ပြန်တွေးရင်းတွေရင်း မျက်ရည်များကျလာကာ ရှိုက်ကြီးတငင် ငိုမိလေတော့သည်။

(နောက်တစ်ပိုင်း မျှော်..)

@htetwaihin

MSC - 039

Sort:  

ဒုက္ခိတ​ပေမယ့်​ အရည်းအချင်းရှိတာကို တစ်​ချို့​တွေ မသိရှာတာ ဝမ်းနည်းစရာပဲ ​စောင့်​​မျှော်​အား​ပေး​နေမယ်​bro အခု​တော့ ဘုတ်​ပါဝါအရမ်းအားနည်း​နေလို့ ဘုတ်​မ​ပေးဖြစ်သွား​တာခွင့်​လွတ်​ပါဗျာ

လာရောက်အားပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်ဗျာ။

ဖတ်​ရတာဝမ်းနည်းစရာကြီးပဲslကြီး​ရေ

ဟုတ်ကဲ့ပါ ကိုဇော်မျိုးရေ။ဝမ်းနည်းစရာလေးပါ။

စာက ဖတ်​မရဘူးဗျာ comment​တွေအရ သနားစရာ​ကောင်းပြီး တုတ်​နဲ့ရိုက်​သင့်​တာကို​တွေ့ရပါတယ်​ဗျား

စာမရှည်မှာစိုးလို့လား... 😠😠
တုတ်နဲ့ရိုက်ရမဲ့အကွက် တကွက်မှမပါဘူး...ဟွင့်..

ကောင်းတဲ့သူတောင်ရဖို့မလွယ်ဘူးအလုပ်ကအာစိ။ကျိုးတဲ့သူဆိုတော့မရတာမဆန်းပါဘူး။တစ်ခုတော့ပြောလိုက်ပါကျွန်တော်အနိုင်ကျင့်ခဲ့တဲ့အတွက် အိမ်ဆိုင်လေးဖွင့်ပေးမယ်လို့ပြောပေးပါ။ကျွန်တော်အရင်းစိုက်ထုတ်မယ်။ထိုင်ရောင်းပစေတော့။

မသန်ပေမဲ့ စွမ်းတယ်ဆိုတာကို သိစေချင်တာလေ ဦ
လေးကလည်း။အရည်အချင်းရှိတာကို
အသိအမှတ်ပြုစေချင်တာ။မသန်စွမ်းဖြစ်လို့ အဲ့လိုမျိုး သူလိုကိုယ်လိုဘ၀နဲ့ပဲ အဆုံးသတ်စရာမလိုတဲ့
အကြောင်းလေးကို တင်ပြချင်တာပါ။မျှော်...

အိမ်ဆိုင်ရောင်းပါစေ။မိဘနဲ့လဲမခွဲရတော့ဘူးလေ။ဘယ်လောက်ကောင်းလဲ။ထိုင်နေအကောင်းထသွားမှအကျိုးမှန်းသိမှာ မထခိုင်းနဲ့လေရှက်မှာပေါ့ ကြာလာတော့။အိမ်ဆိုင်လေးပဲကောင်းတယ်။

ထိုင်နေလည်းမကောင်းဘူးလေဂျာ။နောက်ပါနက်၊လူကိုအားငယ်အောင်။
အိမ်ဆိုင်ဖွင့်ဘူး။သူ့ထက်ကောင်းတာလာမယ်။

SL ကြီးရေ
ညီမလေးပိုစ့် vc လေး take care ပေးပါ plz
B pyae ခရီးသွားနေသည်

ဟုတ်ပါပီ..လုပ်ထားလိုက်ပါမယ်။
Have a nice trip B Pyae..!!

တိုတယ် ခိုခို လူယုတ်မာတေကို တုတ်နဲ့သွားရိုက်သင့်တာနော် ခုကျမပါဘူး

သွသူတောင်အနိုင်နိုင်ကို၊ရိုက်လို့ရဘူးလေ။သနားစရာကောင်းအောင်ရေးနေပါတယ်ဆိုမှ၊ ခိုကျော်ကလည်းး..
စာသေချာမဖတ်ဖူး..

ကျော်လိပ်စာပေးလိုက် ကူရိုက်ပေးချင်လို့ဘာ :D

သတိတော့ထားနော် ခိုကျော်။သူက လက်မရွံ့လူမိုက်တဲ့။
received_1849710451996457.jpeg

ဟအောက်စီဂျင်တွေများတယ်။ပြေးမှဘာ။

ဘာခုမ ကြောက်ပါပီလဲ။မပြေးနက်။
စတော့်..

ဇွဲရှိသူတစ်ယောက်အတွက် ဒီထက်ကောင်းတဲ့အလုပ်တွေက စောင့်နေပါတယ်

ဟုတ်ပါတယ် အမ။စိတ်ပျက်လက်လျှော့မသွားဖို့ပဲလ်ုပါတယ်။

ကွကိုယ်တော့ သတ်မသေလောက်ပါဘူးနော် လူဆိုတာ မျှော်လင့်ချက်ပျောက်ဆုံးသွားရင် ဘာမဆိုဖြစ်နိုင်တယ်

ကံကြမ္မာ အလှည့်အပြောင်းတွေကြား ကောင်းတာတွေလည်းကြုံလာမှာပါ ဦးဇင်းး..ကွကိုယ်တော့သတ်မသေပါဘူး..ဟီးး...
နောက်တပိုင်းမှာ ဆက်လက်စောင့်မျှော်ပေးပါ။

ဂွတ်ဗျို ဇာတ်လမ်းလေးတော့မဆိုးဘူး တင်ပြချက်လေးကောင်းတယ်

wow..ပျော်ပီလေ..ဖတ်ရှုအားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..လိုအပ်တာလေးတွေရှိရင်လည်းပြောပြပေးပါအုံး...ကျေးဇူးပါဗျ။

ဖတ်​သူရင်​ကိုထိ​စေသလား

ဖတ်ရှုအားပေးတဲ့အတွက်ကျေးဇူးပါ ..ဦးထွေးးရေ..thanks for reading...

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54451.29
ETH 2281.47
USDT 1.00
SBD 2.33