တွေးမိတွေးရာ အတွေးလေးများ

in #myanmar6 years ago

image

ခုရက်ပိုင်း ရှရှားက အိမ်ရှင်အဖြစ်ကျင်းပသော ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကြီးကြောင့် မိမိတို့ ၏ တစ်ချို့သော စာသင် ၊ စာချအလုပ်များ အချိန်ပြောင်း နေရာပြောင်းဖြင့် ကမောက်ကမ နိုင်ခဲ့ရသည်။ ယခုတော့ ပုံမှန်အတိုင်းပင် စာဝါတွေ ပြန်ချလို့  မိမိတို့ လည်း မကြားရတာ ကြာပြီဖြစ်သော ဆရာသမား၏ သြဝါဒများ ဒဿနလေးများ ပြန်ကြားခဲ့ရသည် ။မိမိတို့ ၏ မြန်မာအသင်းမပါဝင်သော ကမ္ဘာဖလား ပြိုင်ပွဲကြီးကို အချိန်ကုန်ခံ အားပေးနေရခြင်းနှင့် ပတ်သတ်လို့  ပြောပြနေရင်းက ဆရာသမား၏ အားမလိုအားမရ ဖြစ်သော ဒဿနတစ်ချို့ ပေါ်ထွက်လာခဲ့သည် ။ မိမိတို့ အာရှတိုက်မှ ကမ္ဘာ့ဖလား အုပ်စုအဆင့် ကျော်သွားသည့် ဂျပန်နိုင်ငံ ဂျပန်အသင်းအကြောင်းက စပြောပါသည်
image
ဂျပန်အသင်းကား တစ်ခြားသော ဥရောပအသင်းကြီးများကို ခြေစွမ်း နည်းစနစ် အစစ အရာရာမယှဉ်နိုင်သော်လည်း စိတ်ဓာတ်နှင့် စုဖွဲ့မှုဆိုင်ရာ team work ကားတစ်ခြားနိုင်ငံတွေထက် သာလွန်သည် ။ထို့ ကြောင့် အနိုင်ရရှိခဲ့သည်ဟုထင်ပါသည်။ ပိုလန်နှင့်ပွဲကြည့်ဖူးရင် ပိုသိသာပါသည် ။ဂျပန်နိုင်ငံတွင် နိုင်ငံကြီးသားမပီသသော အမှိုက်ပစ်ခြင်း ၊ သဘာဝအလှကို ဖျက်စီးခြင်းစသည့် အပြုအမူများကို ကလေးငယ်ကစပြီး ရှောင်ကြဉ်သည် ထိုသို့ ပြုသူများကိုလည်း အများစုက ဝိုင်း၍ရှောင်ကြဉ်ပြီး ဒဏ်ပေးကြသည် ။ စည်းကမ်းကို လိုက်နာရိုသေတဲ့ သဘောပါ ။ တစ်ခါက မြန်မာနိုင်ငံက ကျောင်းသားတစ်ယောက် ဂျပန်နိုင်ငံလမ်းပေါ်က ဆီးနှင်းတွေအပေါ် ဆေးဗူးဖြင့်ဖြန်းခဲ့သောကြောင့် အရေးယူဖို့ ဖိအားပေးခံရသည် ။အများစုက လျှပ်ပေါ်လော်လီတဲ့ယဉ်ကျေးမှု ကိုသာ အတုခိုးလာကြသည် ။နိုင်ငံကြီးသားပီသသော စိတ်ဓာတ်များကိုကား အတုယူရကောင်းမှန်းမသိချေ။ ဂျပန်နိုင်ငံမှာ နေထိုင်သော မြန်မာနိုင်ငံသားများ အမိနိုင်ငံကို ပြန်လာတဲ့အခါ အရိုးစွဲနေတဲ့စိတ်ဓာတ်တစ်ချို့ ပေါ်လာကြတယ် ။ဘာလဲဆိုတော့ အမှိုက်ကို အလွယ်တကူပစ်လွှင့်တတ်တာပဲ ဒီတော့ကာ ဂျပန်မှာမွေးပြီး ဂျပန်မှာ ကြီးပြင်းလာတဲ့ သူတို့ သားငယ်လေးက လေတိုက်လို့ လွင့်သွားတဲ့ အမှိုက်ကိုရအောင် လိုက်ကောက်ပြီး အမှိုက်ပုံးထဲ ပြန်ထည့်ခဲ့ရဖူးတယ် ။ တစ်ချိန်က ဂျပန်ပညာရှင်တို့  မြန်မာနိုင်ငံ၏ တက္ကသိုလ်ကြီးမှာ လာရောက်ပညာသင်ကြားဖူးသည်တဲ့ ။သူတို့ ဘက်ကလည်း စိုက်ပျိုးရေးဆိုင်ရာ သုတေသနတွေ ပြန်လည် သင်ကြားပေးတာပေါ့ ။ သိုပေမဲ့ သူတို့ အားငယ်သွားတယ် မြန်မာနိုင်ငံသည် ရေခံ မြေခံကောင်းပြီး သယံဇာတ ပေါကြွယ်ဝလွန်းသော နိုင်ငံဖြစ်သည် ။ မိမိတို့  ဂျပန်နိုင်ငံက မည်သို့ မှ မယှဉ်သာအောင် ဖြစ်ရသည် ။ ထို့ ကြောင့် မိမိတို့ အကူအညီဆိုတာလည်း အယောင်ပြသာဖြစ်နေမည်ဆိုပြီး ပြန်ပြေးကြကုန်သည် ။ ဒီနေ့ တော့ မိမိတို့ က ဂျပန်ထုတ်ကုန်များသာ အဓိက အားထားသုံးနေရသည့် အထိဖြစ်ခဲ့ရသည်။ ဘာကြောင့်လဲတော့ မမေးချင်ပါ။ သိနေပြီးသားဖြစ်နေကြမည် ထင်သည်။
image
ဆရာကြီးဦးအောင်သင်း ပြောပြသလိုဆိုရင် မိမိတို့  နိုင်ငံက ကလေးအသက် ၃နှစ် ဆိုလျှင်မူကြိုပို့ ပြီး ကဗျာတွေ စာတွေသင်နေပေမဲ့ ဖွံ့ဖြိုးပြီးသား နိုင်ငံမှာတော့ ထမင်းစားတာ သောက်တာက စပြီးသင်သည် ။ နေမှုထိုင်မှု ပြောဆိုဆက်ဆံမှုစသည်တို့ ကို ဦးစားပေးသင်သည်။ ထို့ ကြောင့် ယဉ်ကျေးကြသည်။ လှုမှုဆက်ဆံရေးပြေပြစ်ကြသည်။ နောက်ထပ်အားသာချက်တစ်ခုက မိမိနိုင်ငံ မိမိလူမျိုး အပေါ် ချစ်မြတ်နိုးသောစိတ်များ သင်ကြားပေးနိုင်ခြင်းပင်ဖြစ်တော့သည် ။ သာဓက အနေနဲ့ ဟော်လန်နိုင်ငံ၏ အထိမ်းအမှတ်နေ့ လေးတစ်ခုရှိပါသည် ။ကလေးငယ်လေးကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်နေ့ ပေါ့ ​။သူုတို့ နိုင်ငံကို နယ်သာလန်နိုင်ငံ ဟုခေါ်လျှင်မကြိုက်ပေ ငရဲသားနိုင်ငံဟု အဓိပ္ပါယ် သက်ရောက်သည်ဟုဆိုပါသည်။ ပထဝီ အနေအထားအရဆိုလျှင် ဒယ်အိုးသဏ္ဌာန် ချိုင့်ဝှမ်းကြီးဖြစ်ပြီး ဘေးပတ်ပတ်လည်တွင် ရေများဖုံးလွှမ်းပြီး ရေကာတာများကာရံထားသော နိုင်ငံဖြစ်သည် ။တစ်နေ့  ထိုနိုင်ငံ၏ တောရွာကလေးမှ ကလေးငယ်တစ်ဦး ကျောင်းသွားရင်းမှ လက်သီးဆုပ်အရွယ် ရေစိမ့်နေသည့် နေရာတစ်ခုကို တွေ့ခဲ့သည်။ ငါနဲ့မဆိုင် နိုင်ငံတာဝန်ရှိသူတွေနဲ့သာဆိုင်သည်ဟု တွေးပြီးကျော်မသွားခဲ့ပေ။ ဒီအပေါက် မပိတ်ရင်တော့ ရေပေါက်ကျယ်လာပြီး ငါ့နိုင်ငံ ရေမြုပ်တော့မှာပဲ ဆိုတဲ့အတွေးနဲ့ မိမိလက်သီးဆုပ်ကလေးကို ထိုရေထွက်ပေါက်ထဲ ထိုးထည့်ပြီး တစ်နေ့ နဲ့ တစ်ည ပိတ်ထားနိုင်ခဲ့သည်။ နောက်တစ်နေ့  မိဘများကလိုက်ရှာသည့်အခါ ကလေးတော့တွေ့သည်​။သို့ သော် အသက်တော့ မရှိတော့ချေ ။ထိုအခါမှ တာဝန်ရှိသူများ သူတို့ ပေါ့ဆမှုကြောင့် ထိုကလေးငယ်အသက်ဆုံးရှုံးရသည်ဟုတွေကား ဂုဏ်ပြုသည့်အနေနဲ့ အထိမ်းအမှတ်နေ့ များ ထားခဲ့ပါသည် ။မိမိတို့ မြန်မာနိုင်ငံအနေနှင့်ဆိုလျှင်ကော မိမိလယ်ထဲ ရေလျှံနေလျှင် ဘယ်လယ်ထဲရောက်ရောက် ဘယ်အိမ်မြုပ်မြုပ် သိပ်တွေးသည်မဟုတ်ပေ။ ဖောက်ချလိုက်သည် ။တစ်ချို့ ရေကာတာတွေ ရေထိန်းမနိုင်လို့  ရေဖောက်ချရင်တောင် မိမိလယ်ရေမြုပ်မှာစိုးပြီး ရှေ့ကဖွင့် နောက်ကပြန်ပိတ်သောကြောင့် ရေကာတာကျိုးမှ ကူပါ ကယ်ပါဆိုသည့် ဖြစ်ရပ်များလည်း ရှိခဲ့ဖူးသည် ။
image
ထိုမျှ မက ရှရှားနိုင်ငံ၏ စစ်တပ်များအကြောင်း၊ သဲကန္တာရထဲမှာတောင် လေထုထဲက ရေရအောင် ထုတ်ယူနိုင်သည့် အစ္စရေး နိုင်ငံများအကြောင်း၊ ဖွံ့ဖြိုးတိုးတတ်သော နိုင်ငံများ၏ နိုင်ငံသားတိုင်းထားရှိသော စိတ်ဓာတ်များအကြောင်း၊ စုံလင်စွာ နားထောင်ရသည် ။မိမိနိုင်ငံက ဒီလောက် သယံဇာတပေါကြွယ်ဝပြီး နိုင်ငံတိုင်းအားကျရတဲ့ ပထဝီအနေအထားရှိပါလျက်နှင့် ဘာလို့ အောက်ကျနောက်ကျနိုင်နေရသလဲ တွေးမိဖူးသည်။ နိုင်ငံတကာမှာ ဈေးဝယ်စင်တာများ၊ လမ်းဘေးဆိုင်များ ရောင်းသူမဲ့များဖွင့်လှစ်ထားကြသည်။ ပျောက်ပျက်တာမျိုး ၊ ပျက်စီးဆုံးရှုံးတာမျိုး မကြားဖူးချေ။
image
မိမိတို့ မြန်မာနိုင်ငံ တစ်ခါက ပေါ်လိုက်ပါသည် ။ရောင်းသူမဲ့ အအေးဆိုင်တွေ ပိုက်ဆံဗူးကအစ ပျောက်သွားသည်တဲ့ ။တွေးရင်းတွေးရင်း ပြုံးတောင် ပြုံးမိပါသည်။ ဒါတောင် လွန်ခဲ့သော ၁၅ နှစ်က စစ်တမ်းတစ်ခုတွင် မြန်မာနိုင်ငံမပါခဲ့လို့  တော်သေးသည်ဟုပြောရမည်။ မဟုတ်ရင် အရှက်ဗြန်းဗြန်းကွဲရော့မည်။ အာရှနိုင်ငံတွေမှာ လူလတ်တန်းစား လစာအပြည့်ပါတဲ့ ပိုက်ဆံအိတ်တစ်လုံးကို ဆက်သွယ်ရမဲ့ လိပ်စာအပြည့်အစုံထည့်ပြီး လူစည်ကားရာ နေရာတွေမှာချလို့  စာရိတ္တပိုင်း စမ်းသပ်ကာ စစ်တမ်းကောက်ခဲ့ဖူးသည်။ ( မြန်မာနိုင်ငံမပါချေ ) ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပိုက်ဆံအိတ်ပြန်ရသောငြား ထိုင်းနိုင်ငံတွင်တော့ ပြန်မရဟုဆိုသည် ။ ထိုအချိန်က ထိုင်းနိုင်ငံ၏ အလွယ်လိုက် အချောင်သမားပေါများခြင်း ရပ်တည်မှုဟာ အဆင့် ၂ နေရာပင်ချိတ်ခဲ့သည်ဟုသိရပါသည် ။ မိမိတို့ မြန်မာနိုင်ငံမှာ လာစမ်းသပ်ရင်ဖြင့်တော့ စမ်းသပ်တဲ့ပိုက်ဆံအိတ်တွင်မက ခါးကြားက အိတ်ပါ အနှိုက်ခံထိပေရော့မည်ထင်ပါသည် ။ လွယ်​​တော့လွယ်​မည်​မထင်​ပါ ဒီအရိုးစွဲနေတဲ့ အချောင်သမားစိတ်ဓာတ်တွေကို ဘယ်လိုများပြုပြင်ရမလဲလို့ တွေးရင်း တွေးရင်း မိမိ ထိပ်လည်းပြောင်ပါပေါ့လား. . . . . .

မိမိအား ချစ်သူ ၊ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

MSC-181
Author by @gunapeya
Photo Credit Original Source,

Sort:  

ပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရား

ပြည့်မှာပါ ကမာဝက်သူရေ အဲ့ဘက်က ဘာသာ သာသနာ ဒီလောက်ထွန်းကားတာ

တင်ပါ့ဘုရားတနေ့အရှင်ဘုရားနဲ့ဆုံတဲ့အခါဟောပေးပါအုးံ

သိပ်လည်းမတွေးပါနဲ့ဘုရား
မရှိတဲ့ ဆံပင်လေးတွေလျော့ကုန်မှာစိုးရိမ်ပါတယ်ဘုရား

မတွေးဘဲ နေလို့ ရရင် အကောင်းပေါ့ ဆရာကတော်ရေ

ဦးဇင် ဘောပွဲကိုက်နေပြီ အောင်လပွဲကော မကြည့်ဘူးလား

ကြည့်တာပေါ့ ညက အားမလို အားမရဖြစ်နေတာ

စိတ်​ဓာတ်​​တွေအများကြီးပြင်​ကြရအုန်းမှာပါ

ဟုတ်တယ် ကွောင်ကြီးရေ မန်းလေးဆို ပိုဆိုးတယ်မလား လူငယ်အုပ်စုဖွဲ့တွေ

အင်းး😔😔😔😔

အကောင့်ပွားတွေ များလိုက်တာ @chitsone ပဲမလား အခုက

Well done @gunapeya! You successfully guessed the match result.

Round 16 - France vs Argentina
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard!

thank your comment

Well done @gunapeya! You successfully guessed the match result.

Round 16 - Uruguay vs Portugal
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post

Do not miss the last post from @steemitboard!

ဦးဇင်း YBS စီးရင် သတိထားစီးနော် ခါးပိုက်နိုက်ခံနေရဦးမယ်

ybs မစီးဘူး taxi ပဲစီးဒါ

တင်ပါ့ဘုရား အရိုးဆွဲကောင်းနေကြတုန်းပါ

Coin Marketplace

STEEM 0.16
TRX 0.14
JST 0.028
BTC 59117.70
ETH 2597.31
USDT 1.00
SBD 2.43